စာလုံးအ ရွယ်အစား

က က

ပြန် သွား

Published: 24/06/2019 Last Edited: 03/01/2020

အ စဉ် မ ပြတ် ဝမ်း မြောက် ကြ လော့

“မြော် လင့် လျက် ဝမ်း မြောက် ကြ လော့။ ဆင်း ရဲ ဒုက္ခ ရောက် သော အ ခါ သည်း ခံ ကြ လော့” (ရော၊ ၁၂:၁၂)

“သ ခင် ဘု ရား ၌ အ စဉ် မ ပြတ် ဝမ်း မြောက် ခြင်း ရှိ ကြ လော့။ တ ဖန် ငါ ဆို သည် ကား ဝမ်း မြောက် ကြ လော့” (ဖိ၊ ၄:၄)

“အ စဉ် မ ပြတ် ဝမ်း မြောက် ခြင်း ရှိ ကြ လော့။ . . .  အ ကြောင်း မူ ကား၊ သင် တို့ သည် ထို သို့ ကျင့် စေ ခြင်း ငှါ၊ ယေ ရှု ခ ရစ် ၌ ဘု ရား သ ခင် အ လို တော် ရှိ ၏” (၁ သက်၊ ၅:၁၆-၁၈)

“သင် တို့ သည် ခ ရစ် တော် ၏ ဆင်း ရဲ ကို ဆက် ဆံ ကြ သည် ဖြစ် ၍၊ ဘုန်း တော် ပေါ် ထွန်း သော အ ခါ အ လွန် ဝမ်း မြောက် ရွှင် လန်း မည် အ ကြောင်း၊ ယ ခု ပင် ဝမ်း မြောက် ကြ လော့” (၁ ပေ၊ ၄:၁၃)

သမ္မာ ကျမ်း စာ က ယုံ ကြည် သူ ခ ရစ် ယာန် တွေ ကို အ မြဲ တမ်း ဝမ်း မြောက် နေ ဖို့ တိုက် တွန်း ထား ပါ တယ်။ ဒုက္ခ ဆင်း ရဲ နဲ့ ကြုံ တွေ့ နေ ရ တဲ့ အ ချိန် တွေ၊ ညှဉ်း ပန်း နှိပ် စက် ခံ ရ တဲ့ အ ချိန် တွေ မှာ တောင် ဝမ်း မြောက် နေ ဖို့ ပြော ထား တယ်။ တ ကယ် တမ်း လက် တွေ့ မှာ အဲ ဒါ ဖြစ် နိုင် ပါ့ မ လား။ ကျွန် တော် တို့ လူ သား တွေ အ နေ နဲ့ ကောင်း ကျိုး ခံ စား ရ တဲ့ အ ချိန် တွေ မှာ ဝမ်း မြောက် ကြ တာ ဓမ္မ တာ ပါ ဘဲ။ ဒါ ပေ မဲ့ ကောင်း ကျိုး ကို အ မြဲ တမ်း ခံ စား နေ ရ တာ မှ မ ဟုတ် ဘဲ။ အ ခါ များ စွာ မှာ အ ဆင် မ ပြေ တာ တွေ၊ စိတ် ညစ် စ ရာ တွေ၊ ဆုံး ရှုံး မှု တွေ ကို တွေ့ ကြုံ ရ စ မြဲ ပါ။ အဲ ဒီ အ ခါ တွေ မှာ ကျွန် တော် တို့ ဝမ်း မ မြောက် နိုင် ကြ ဘူး။

အဲ ဒီ တော့ ကာ ဘာ ကြောင့် ဘု ရား သ ခင် က ကျွန် တော် တို့ ကို အ မြဲ တမ်း ဝမ်း မြောက် နေ ဖို့ အ လို တော် ရှိ တာ လဲ။ လူ့ အ နေ နဲ့ မ ဖြစ် နိုင် တဲ့ အ ရာ ကို ဘာ ကြောင့် တောင်း ဆို ရ တာ လဲ။ သေ သေ ချာ ချာ စဉ်း စား သုံး သပ် ကြည့် ရင် ဘု ရား သ ခင် က ဖြစ် နိုင် တဲ့ အ ရာ ကို ဘဲ တောင်း ဆို တာ ဖြစ် ပါ တယ်။ ယုံ ကြည် သူ ခ ရစ် ယာန် တစ် ယောက် ဟာ အ ကောင်း နဲ့ ဘဲ တွေ့ တွေ့၊ အ ဆိုး နဲ့ ဘဲ ရင် ဆိုင် ရင် ဆိုင်၊ အ မြဲ တမ်း ဝမ်း မြောက် နိုင် ပါ တယ်။ ဘာ ကြောင့် ဆို တာ ကို ကျွန် တော် ဥ ပ မာ နဲ့ ရှင်း ပြ ပါ ရ စေ။

လော က ထီ ပေါက် သူ

ထီ ပေါက် တာ နဲ့ ဥ ပ မာ ပေး ပြီး တင် စား ချင် ပါ တယ်။ ဥ ပ မာ ပေး ရုံ သက် သက် ပါ။ ခ ရစ် ယာန် တွေ ကို ထီ ထိုး ဖို့ အား ပေး တာ မ ဟုတ် ပါ ဘူး။

ပြီး ခဲ့ တဲ့ ၂၀၁၈ ခု နှစ် က အ မေ ရိ ကန် ပြည် ထောင် စု မှာ Powerball ဆို တဲ့ ထီ ပေါက် တဲ့ အ မျိုး သ မီး ဟာ ဆု ကြေး ငွေ ဒေါ် လာ သန်း ပေါင်း ၉၀၀ လောက် ရ သွား ပါ တယ်။ အဲ ဒီ နှစ် အောက် တို ဘာ လ မှာ အဲ ဒီ ထီ ပေါက် တာ ဖြစ် ပါ တယ်။

ဒီ လို ထီ ပေါက် တဲ့ အ ကြောင်း ကြား ရ တဲ့ အ ခါ မှာ သူ မ ဟာ ဘယ် လောက် ဝမ်း သာ လိုက် မ လဲ။ အ မှန် တ ကယ် ဆု ကြေး ငွေ ပေါင်း ဟာ ဒေါ် လာ သန်း ပေါင်း ၁၅၀၀ လောက် ရှိ ပါ တယ်။ သူ မ က ဆု ကြေး ငွေ ကို အ ရစ် ကျ မ ယူ ဘဲ ငွေ သား နဲ့ လက် ငင်း ယူ လို့ သာ သန်း ၉၀၀ လောက် ရ တာ ဖြစ် တယ်။ ဘာ ဘဲ ပြော ပြော အဲ ဒီ ငွေ ကြေး ပ မာ ဏ ဟာ လော က သား အ မြင် နဲ့ ပြော ရ ရင် ဆယ် သက် တောင် စား လို့ မ ကုန် ဘူး ပေါ့။ အဲ ဒီ လောက် ငွေ ကြေး ပ မာ ဏ ကို တစ် ထိုင် တည်း နဲ့ ရ သွား တဲ့ သူ ဟာ မ ပျော် ဘဲ ဘယ် နေ လိမ့် မ လဲ။ အ ရမ်း ကို ပျော် မှာ ပေါ့။ အ ပျော် ဆို့ ပြီး တောင် သေ သွား နိုင် တယ်။ သူ မ ဟာ အဲ ဒီ ဆု ငွေ ကို ထီ ပေါက် ပြီး နောက် ငါး လ လောက် ကြာ ပြီး ၂၀၁၉ ခု မတ် လ ထဲ ကျ မှ ထုတ် ယူ ပါ တယ်။ သူ မ ရဲ့ ပျော် ရွှင် မှု ဟာ ငွေ ရ ပြီး မှ ပျော် ရွှင် ရ တာ မ ဟုတ် ဘူး။ ငွေ မ ရ ခင် ထီ ပေါက် ကြောင်း သိ ရ က တဲ က ပျော် ရွှင် နေ တာ ဖြစ် တယ်။

ထီ ပေါက် ကြောင်း သ တင်း  ရ တဲ့ အ ချိန် မှာ ဆု ကြေး ငွေ ဒေါ် လာ သန်း ပေါင်း ၉၀၀ လောက် ဟာ သူ မ ရဲ့ လက် ထဲ ကို မ ရောက် သေး ပါ ဘူး။ ဒါ ပေ မဲ့ သူ မ ရဲ့ ပျော် ရွှင် မှု ဟာ အဲ ဒီ သန်း ပေါင်း ၉၀၀ ကျော် ကို ပိုင် ဆိုင် ရ တဲ့ သူ ရဲ့ ပျော် ရွှင် မှု မျိုး ပါ။ တစ် စက် မှ မ လျော့ ဘူး။ ဘာ ကြောင့် လဲ လို့ မေး ရင် သူ မ ရဲ့ ယုံ ကြည် ခြင်း ကြောင့် ဖြစ် ပါ တယ်။ ဘာ ယုံ ကြည် ခြင်း လဲ လို့ မေး ရင် သူ မ ထီ ပေါက် ကြောင်း ကြေ ငြာ တဲ့ အဲ ဒီ ထီ အ ဖွဲ့ အ စည်း အ ပေါ် မှာ ထား တဲ့ ယုံ ကြည် ခြင်း ပါ ဘဲ။ ဘာ ကို ယုံ ကြည် တာ လဲ လို့ မေး ရင် အဲ ဒီ အ ဖွဲ့ အ စည်း ဟာ သူ တို့ ကြေ ငြာ တဲ့ အ တိုင်း သူ မ ကို ဒေါ် လာ သန်း ပေါင်း ၉၀၀ လောက် အ မှန် တစ် ကယ် ပေး လိမ့် မယ် ဆို တဲ့ ယုံ ကြည် ခြင်း ဖြစ် ပါ တယ်။ အဲ ဒီ ယုံ ကြည် ခြင်း တွေ ကြောင့် သူ မ ဟာ ထီ ပေါက် ကြောင်း သ တင်း ကြား ကြား ခြင်း ဘဲ ဆု ကြေး ငွေ တစ် ပြား မှ မ ရ သေး သော် လည်း ဆု ကြေး ငွေ အား လုံး ကို လက် ထဲ ရ ခဲ့ သ လို မျိုး အ ရမ်း ကို ပျော် ရွှင် ဝမ်း မြောက် နေ ခြင်း ဖြစ် ပါ တယ်။

ဆို ကြ ပါ စို့။ အဲ ဒီ ထီ ပေါက် ကြောင်း သ တင်း ရ ပြီး တဲ့ နောက် မှာ ဒေါ် လာ တစ် သိန်း လောက် တန် တဲ့ သူ မ ရဲ့ ကား အ ခိုး ခံ ရ တယ် ဆို ပါ စို့။ အဲ ဒီ အ ဖြစ် အ ပျက် ကြောင့် သူ မ ရဲ့ ဝမ်း မြောက် မှု ဟာ ပျောက် ကွယ် သွား မ လား။ ဒေါ် လာ သန်း ၉၀၀ လောက် ရ မယ့် သူ ဟာ တစ် သိန်း လောက် ဆုံး ရှုံး သွား ရုံ နဲ့ ပျော် ရွှင် မှု ပျောက် သွား မယ် မ ထင် ပါ ဘူး။ ဒီ ထက် ပို ပြီး ဒေါ် လာ တစ် သန်း လောက် တန် တဲ့ သူ မ ရဲ့ နေ အိမ် ဟာ မီး လောင် ပြာ ကျ သွား တာ တောင် မှ သူ မ ဟာ ပျော် ရွှင် နေ အုံး မှာ ဘဲ။ ထီ ပေါက် ကြောင်း သ တင်း ရ တဲ့ အ ချိန် က နေ ပြီး ဆု ကြေး ငွေ လက် ထဲ ရောက် တဲ့ အ ချိန် အ ထိ ဘယ် လို အ ဖြစ် အ ပျက် မျိုး က မှ၊ ဘယ် လို ဆုံး ရှုံး မှု မျိုး က မှ သူ မ ရဲ့ ပျော် ရွှင် မှု ကို မ ဖျက် ဆီး ပစ် နိုင် ဘူး။ အဲ ဒီ ကာ လ အ တော အ တွင်း မှာ သူ မ ဟာ အ စဉ် ဝမ်း မြောက် နေ သူ ဖြစ် ပါ လိမ့် မယ်။

ဝိ ညာဉ် ထီ ပေါက် သူ

ခ ရစ် တော် က ပြော ပါ တယ်။ ကျွန် တော် တို့ ရဲ့ အ သက် ဝိ ညာဉ် ဟာ စ ကြာ ဝ ဠာ ထက် မ က တန် ဖိုး ရှိ တယ် လို့ ပြော ပါ တယ်။

“လူ သည် ဤ စ ကြ ဝ ဠာ ကို အ ကြွင်း မဲ့ အ စိုး ရ ၍ မိ မိ အ သက် ဝိ ညာဉ် ရှုံး လျှင် အ ဘယ် ကျေး ဇူး ရှိ သ နည်း။ မိ မိ အ သက် ဝိ ညာဉ် ကို အ ဘယ် ဥစ္စာ နှင့် ရွေး နိုင် သ နည်း။” (မ၊ ၁၆:၂၆)

“လူ သည် ဤ စ ကြ ဝ ဠာ ကို အ ကြွင်း မဲ့ အ စိုး ရ ၍ မိ မိ အ သက် ဝိ ညာဉ် ရှုံး လျှင် အ ဘယ် ကျေး ဇူး ရှိ သ နည်း။” (မာ၊ ၈:၃၆)

လူ တိုင်း လူ တိုင်း ဟာ အ မေ မွေး တုံး က အ သက် ဝိ ညာဉ် ရှုံး ပြီး မွေး လာ တဲ့ သူ တွေ ဖြစ် ပါ တယ်။ ကိုယ် ခန္ဓာ ပိုင်း မှာ အ ရှင် မွေး ပေ မဲ့ ဝိ ညာဉ် ပိုင်း မှာ အ သေ မွေး က လေး တွေ ဖြစ် ကြ တယ်။ အဲ ဒီ သေ နေ တဲ့ ဝိ ညာဉ် ကြောင့် ကျွန် တော် တို့ ဟာ နံ ဝိ ညာဉ် ဖြစ် တဲ့ ဘု ရား သ ခင် နဲ့ အ ဆက် ပြတ် နေ ပြီး၊ ကိုယ် ခန္ဓာ သေ ပြီး တဲ့ နောက် မှာ ကျွန် တော် တို့ ရဲ့ ဝိ ညာဉ် ဟာ လည်း ဘု ရား နဲ့ အ ဆက် ပြတ် တဲ့ အ တွက် ထာ ဝ ရ င ရဲ ကို သွား ရ မှာ ဖြစ် တယ်။

အဲ ဒီ အ ဖြစ် က နေ ပြီး ခ ရစ် တော် ကို ကယ် တင် ရှင် သ ခင် အ ဖြစ် ယုံ ကြည် တဲ့ သူ တွေ ဟာ ဘု ရား သ ခင် ရဲ့ ဝိ ညာဉ် တော် သူ တို့ ရဲ့ ခန္ဓာ ကိုယ် ထဲ မှာ ကျိန်း ဝပ် ခြင်း အား ဖြင့် သေ နေ တဲ့ သူ တို့ ရဲ့ ဝိ ညာဉ် ဟာ လည်း ပြန် ပြီး အ သက် ရှင် လာ တယ်။ အဲ ဒါ ကို ဒု တိ ယ အ ကြိမ် မွေး ဖွား ခြင်း လို့ ကျမ်း စာ က ပြော ပါ တယ်။

“ယု ဒ လူ တို့ တွင် အ ရာ ရှိ ဖြစ် သော နိ ကော ဒင် အ မည် ရှိ သော ဖာ ရိ ရှဲ တ ယောက် သည်၊ ညဉ့် အ ခါ ယေ ရှု ထံ တော် သို့ လာ ၍၊ အ ရှင် ဘု ရား၊ ကိုယ် တော် သည် ပြ တော် မူ သော ဤ နိ မိတ် လက္ခ ဏာ တို့ ကို ဘု ရား သ ခင် ၏ အ ခွင့် မ ရှိ လျှင် အ ဘယ် သူ မျှ မ ပြ နိုင် သည် ကို အ ကျွန်ုပ် တို့ သည် ထောက် ၍၊ ကိုယ် တော် သည် ဘု ရား သ ခင့် အ ထံ တော် မှ ကြွ လာ တော် မူ သော ဆ ရာ ဖြစ် ကြောင်း ကို သိ ကြ ပါ ၏ ဟု လျှောက် သော်၊ ယေ ရှု က၊ ဒု တိ ယ မွေး ခြင်း ကို မ ခံ သော သူ မည် သည် ကား၊ ဘု ရား သ ခင် ၏ နိုင် ငံ တော် ကို မ မြင် ရ ဟု ငါ အ မှန် အ ကန် ဆို သည် ဟု ပြန် ၍ မိန့် တော် မူ ၏။ နိ ကော ဒင် က လည်း၊ အ သက် ကြီး သော သူ သည် မွေး ခြင်း ကို အ ဘယ် သို့ ခံ နိုင် ပါ မည် နည်း။ အ မိ ဝမ်း ထဲ သို့ တ ဖန် ဝင် ၍ မွေး ခြင်း ကို ခံ နိုင် ပါ မည် လော ဟု လျှောက် ၏။ ယေ ရှု က လည်း၊ ရေ နှင့် ဝိ ညာဉ် တော် မ မွေး သော သူ မည် သည် ကား၊ ဘု ရား သ ခင် ၏ နိုင် ငံ တော် သို့ မ ဝင် ရ ဟု ငါ အ မှန် အ ကန် ဆို ၏။ ဇာ တိ ပ က တိ မွေး သော အ ရာ သည် ဇာ တိ ပ က တိ ဖြစ် ၏။ ဝိ ညာဉ် တော် မွေး သော အ ရာ သည် ဝိ ညာဉ် ဖြစ် ၏။ ဒု တိ ယ မွေး ခြင်း ကို ခံ ရ မည် ဟု ငါ ဟော ပြော သည် ကို အံ့ ဩ ခြင်း မ ရှိ နှင့်။ လေ သည် အ လို ရှိ တိုင်း သွား လာ ၏။ လေ ၏ အ သံ ကို သင် သည် ကြား ရ သော် လည်း အ ဘယ် အ ရပ် က ဖြစ် သည်၊ အ ဘယ် အ ရပ် သို့ သွား သည် ကို မ သိ နိုင်။ ထို နည်း တူ ဝိ ညာဉ် တော် မွေး သော သူ ဖြစ် သည် ဟု မိန့် တော် မူ ၏။” (ယော၊ ၃:၁-၈)

“အ ကြောင်း မူ ကား၊ ထို သား တော် ကို ယုံ ကြည် သော သူ အ ပေါင်း တို့ သည် ပျက် စီး ခြင်း သို့ မ ရောက်၊ ထာ ဝ ရ အ သက် ကို ရ မည် အ ကြောင်း တည်း။ ဘု ရား သ ခင် ၏ သား တော် ကို ယုံ ကြည် သော သူ အ ပေါင်း တို့ သည် ပျက် စီး ခြင်း သို့ မ ရောက်၊ ထာ ဝ ရ အ သက် ကို ရ စေ ခြင်း ငှါ၊ ဘု ရား သ ခင် သည် မိ မိ ၌ တ ပါး တည်း သော သား တော် ကို စွန့် တော် မူ သည် တိုင် အောင် လော ကီ သား တို့ ကို ချစ် တော် မူ ၏။” (ယော၊ ၃:၁၅-၁၆)

“ထို မျှ မ က၊ ယေ ရှု ကို သေ ခြင်း မှ ထ မြောက် စေ တော် မူ သော ဘု ရား ၏ ဝိ ညာဉ် တော် သည် သင် တို့ အ ထဲ ၌ ကျိန်း ဝပ် တော် မူ လျှင်၊ ခ ရစ် တော် ကို သေ ခြင်း မှ ထ မြောက် စေ တော် မူ သော ဘု ရား သည် သင် တို့ အ ထဲ ၌ ကျိန်း ဝပ် သော မိ မိ ဝိ ညာဉ် တော် အား ဖြင့်၊ သေ တတ် သော သင် တို့ ၏ ကိုယ် ကာ ယ ကို ပင် ရှင် စေ တော် မူ မည်။” (ရော၊ ၈:၁၁)

အဲ ဒါ ကြောင့် ယုံ ကြည် သူ ခ ရစ် ယာန် တိုင်း ဟာ စ ကြ ဝ ဠာ ထက် မ က အ ဖိုး တန် တဲ့ ဝိ ညာဉ် ထီ ပေါက် သူ တွေ ဖြစ် ကြ တယ်။  ဒေါ် လာ သန်း ၉၀၀ ဆို တာ ဝိ ညာဉ် တန် ဘိုး နဲ့ နှိုင်း စာ ရင် မ ပြော စ လောက် ပါ။ ဆန် ကွဲ နဲ့ ဖွဲ လောက် တောင် မ ရှိ နိုင် ဘူး။ ခက် တာ က အဲ ဒီ တန် ဘိုး မ ဖြတ် နိုင် တဲ့ ဝိ ညာဉ် ထီ ပေါက် တဲ့ ခ ရစ် ယာန် တွေ ဟာ၊ မ ပြော ပ လောက် တဲ့ ဒေါ် လာ သန်း ၉၀၀ လောက် ပေါက် တဲ့ အ မျိုး သ မီး လောက် တောင် မ ပျော် ရွှင် နိုင် ကြ ဘူး။

အဲ ဒီ လော က ထီ ပေါက် တဲ့ အ မျိုး သ မီး ဟာ ခ ရစ် တော် ကို သာ လက် မ ခံ ဘဲ သေ ဆုံး သွား ခဲ့ ရင် ထာ ဝ ရ င ရဲ မှာ ထာ ဝ ရ ဒဏ် ခံ ရ မှာ ဖြစ် တယ်။ ဒါ ပေ မဲ့ ယုံ ကြည် သူ တွေ က တော့ သေ ဆုံး ပြီး နောက် မှာ လည်း ပြော မ ကုန် နိုင် တဲ့ ကောင်း ကင် ဘုန်း စည်း စိမ် တွေ ကို ထာ ဝ ရ စံ စား ရ မှာ ဖြစ် တယ်။ အဲ သ လို ခ ရစ် တော် ကို လက် ခံ တဲ့ အ ချိန် မှာ စ ကြ ဝ ဠာ ထက် မ က တန် ဘိုး ရှိ တဲ့ ဝိ ညာဉ် ထီ ပေါက် ပြီး နောက်၊ သေ တဲ့ အ ခါ မှာ လည်း သာ ၍ ကြီး မား တဲ့ ပြော မ ကုန် တဲ့ ကောင်း ကင် ဘုန်း စည်း စိမ် ကို ခံ စား ရ မယ့် ခ ရစ် ယာန် တွေ ဟာ အံ့ ဩ စိတ် ပျက် စ ရာ ကောင်း လောက် အောင် ဝမ်း မ သာ နိုင် ကြ ဘူး။ စိတ် ညစ် နေ ကြ တယ်။ သော က ဗျာ ဗါ ဒ တွေ နဲ့ လုံး ချာ လည် လိုက် နေ ကြ တယ်။

ဘာ ကြောင့် ဒီ လို ဖြစ် ရ တာ လဲ။ အ ဖြေ က တော့ လွယ် လွယ် လေး ပါ။ ယုံ ကြည် ခြင်း အား နည်း လို့၊ ဒါ မှ မ ဟုတ် ယုံ ကြည် ခြင်း မ ရှိ လို့ ပါ ဘဲ။ ဘာ ယုံ ကြည် ခြင်း လဲ လို့ မေး ရင် ဘု ရား သ ခင် ဟာ က တိ တည် တယ်၊ သူ ပေး တဲ့ က တိ တော် အ တိုင်း ပြု လုပ် မယ် ဆို တာ ကို မ ယုံ ကြည် ခြင်း ဖြစ် ပါ တယ်။ ယုံ ကြည် တယ် ဆို ရင် လည်း မ ဆို စ လောက် လေး ယုံ ကြည် တာ ဖြစ် ပါ လိမ့် မယ်။

ယုံ ကြည် ခြင်း

“ယုံ ကြည် ခြင်း သည် မြော် လင့် သော အ ရာ တို့ ကို မျက် မှောက် ပြု ခြင်း ဖြစ် ၏။ မ မြင် သေး သော အ ရာ တို့ ကို သိ မှတ် စွဲ လမ်း ခြင်း အ ကြောင်း ဖြစ် ၏။ ထို ပါ ရ မီ ကြောင့်၊ ရှေး လူ ဟောင်း တို့ သည် ချီး မွမ်း တော် မူ ခြင်း ကို ခံ ရ ကြ ၏။” (ဟေ ဗြဲ၊ ၁၁:၁-၂)

ကျွန် တော် တို့ ခ ရစ် တော် ကို မိ မိ ကယ် တင် ပိုင် ရှင် အ ဖြစ် ယုံ ကြည် လက် ခံ လိုက် တဲ့ အ ချိန် ဟာ အ မျိုး သ မီး ထီ ပေါက် ကြောင်း ကြား သိ ရ တဲ့ အ ချိန် လို ဖြစ် ပါ တယ်။ ကျွန် တော် တို့ အ သက် သေ ဆုံး ပြီး ကောင်း ကင် ဘုံ ဝင် စား တဲ့ အ ချိန် ဟာ အ မျိုး သ မီး ဆု ကြေး ငွေ ကို လက် ဝယ် လက် ခံ ရ ရှိ တဲ့ အ ချိန် လို ဖြစ် ပါ တယ်။ အဲ ဒီ အ မျိုး သ မီး ဟာ ထီ ပေါက် ကြောင်း သ တင်း ကြား သိ ရ ချိန် က စ ပြီး ဆု ကြေး ငွေ လက် ဝယ် ရောက် တဲ့ အ ထိ အ မြဲ တမ်း ပျော် ရွှင် ဝမ်း မြောက် သ လို ကျွန် တော် တို့ လည်း၊ သ ခင် ခ ရစ် တော် ကို ယုံ ကြည် လက် ခံ ချိန် က စ ပြီး လော က အ သက် သေ ဆုံး သည် အ ထိ ဝမ်း မြောက် ပျော် ရွှင် နေ သင့် တယ်။

ဘု ရား သ ခင် က ကျွန် တော် တို့ ကို မ ဖြစ် နိုင် တာ မ လုပ် ခိုင်း ပါ ဘူး။ ဖြစ် နိုင် တာ ကို ဘဲ လုပ် ခိုင်း ပါ တယ်။ အ မြဲ တမ်း ဝမ်း မြောက် ပျော် ရွှင် နေ ဖို့ ဆို တာ ဖြစ် နိုင် ပါ တယ်။ သော့ ချက် က တော့ ယုံ ကြည် ခြင်း ဖြစ် ပါ တယ်။ ယုံ ကြည် ခြင်း ရှိ ရင် မ ဖြစ် နိုင် တာ မ ရှိ ဘူး လို့ ခ ရစ် တော် ကိုယ် တိုင် က ပြော ခဲ့ ပါ တယ်။

“သင် တို့ သည် ယုံ ကြည် ခြင်း မ ရှိ သော ကြောင့် မ နှင် ထုတ် နိုင် ကြ။ ငါ အ မှန် ဆို သည် ကား၊ သင် တို့ သည် မုန် ညင်း စေ့ ခန့် မျှ လောက် သော ယုံ ကြည် ခြင်း ရှိ လျှင်၊ ထို တောင် ကို နေ ရာ မှ ရွေ့ လော့ ဟု ဆို ကြ သော်၊ နေ ရာ မှ ရွေ့ လိမ့် မည်။ ယုံ ကြည် ခြင်း ရှိ လျှင် သင် တို့ မ တတ် နိုင် သော အ မှု မ ရှိ။” (မ၊ ၁၇:၂၀)

“သ ခင် ဘု ရား က၊ သင် တို့ သည် မုန် ညင်း စေ့ ခန့် မျှ လောက် သော ယုံ ကြည် ခြင်း ရှိ လျှင် ထို သ ဖန်း ပင် ကို၊ အ ချင်း အ ပင်၊ သင် သည် အ မြစ် နှင့် တ ကွ နှုတ် ၍ ပင် လယ် ၌ စိုက် လျက် နေ လော့ ဟု ဆို ကြ သော် သင် တို့ စ ကား ကို နား ထောင် လိမ့် မည်။” (လု၊ ၁၇:၆)

နောက် တစ် ချက် က၊ ထီ ပေါက် တဲ့ အ မျိုး သ မီး ဟာ ဆုံး ရှုံး မှု တွေ နဲ့ ရင် ဆိုင် ရ သော် လည်း ဘဲ၊ သူ ပေါက် တဲ့ ထီ ဆု ငွေ နဲ့ နှိုင်း ယှဉ် လိုက် တဲ့ အ ခါ၊ အဲ ဒီ ဆုံး ရှုံး မှု တွေ က အ သေး အ မွှား ဖြစ် သွား လို့၊ ဆုံး ရှုံး မှု တွေ ကြား မှာ ဆက် လက် ဝမ်း မြောက် နေ နိုင် ခြင်း ဖြစ် ပါ တယ်။ အဲ သ လို ဘဲ ကျွန် တော် တို့ ယုံ ကြည် သူ တွေ လည်း၊ ထာ ဝ ရ ကာ လ မှာ ခ ရစ် တော် ၌ ကျွန် တော် တို့ ခံ စား ရ မဲ့ အ တိုင်း ထက် အ လွန် ကြီး မား တဲ့ ကောင်း ကင် ဆု ကျေး ဇူး ကောင်း ကြီး မင်္ဂ လာ တွေ ကို နား လည် သ ဘော ပေါက် ယုံ ကြည် မယ် ဆို ရင်၊ ဒီ လော က မှာ ခံ စား ရ တဲ့ ဘယ် လို ဒုက္ခ ဆင်း ရဲ မျိုး ကို မ ဆို၊ အ သေး အ မွှား လို့ သ ဘော ထား နိုင် ပြီး၊ ဆင်း ရဲ ဒုက္ခ ကြား မှာ ဆက် လက် ဝမ်း မြောက် ရွှင် လန်း နိုင် မှာ ဖြစ် ပါ တယ်။ ဆင်း ရဲ ဒုက္ခ မျိုး စုံ ကို ကိုယ် တိုင် အ ကြီး အ ကျယ် ခံ ခဲ့ ဘူး တဲ့ တ မန် တော် ကြီး ရှင် ပေါ လု က အဲ သ လို ဘဲ တိုက် တွန်း ထား ပါ တယ်။

“ငါ တို့ အား ပေါ် ထွန်း လ တံ့ သော ဘုန်း ကို ထောက် သော်၊ ယ ခု မျက် မှောက် ကာ လ ၌ ခံ ရ သော ဆင်း ရဲ ဒုက္ခ ကို ပ မာ ဏ မ ပြု ထိုက် ဟု ငါ သ ဘော ရှိ ၏” (ရော၊ ၈:၁၈)

ဒါ ကြောင့် ကျွန် တော် တို့ ယုံ ကြည် သူ ခ ရစ် ယာန် တွေ၊ သ ခင် ခ ရစ် တော် အ ပေါ် မှာ ယုံ ကြည် ခြင်း နဲ့ သွား လာ ပြီး အ မြဲ တမ်း ဝမ်း မြောက် ကြ ရ အောင် လား ခင် ဗျား။

“ငါ့ ကို ခွန် အား နှင့် ပြည့် စုံ စေ တော် မူ သော ခ ရစ် တော် အား ဖြင့် ခပ် သိမ်း သော အ မှု တို့ ကို ငါ တတ် စွမ်း နိုင် ၏။” (ဖိ၊ ၄:၁၃)