စာလုံးအ ရွယ်အစား

က က

ပြန် သွား

Published: 08/07/2019 Last Edited: 19/11/2020

Gap Theory

Gap Theory ဆို တာ ဘာ လဲ

Gap Theory ဆို တာ ကမ္ဘာ ဦး ကျမ်း အ ခန်း ကြီး ၁ ထဲ က အ ငယ် ၁ နဲ့ ၂ အ ကြား မှာ နှစ် သန်း ပေါင်း များ စွာ ကွာ ဟ နေ တယ် ဆို တဲ့ အ ယူ အ ဆ ဖြစ် ပါ တယ်။

YouTube က တ ရား ဟော ချက် တွေ ထဲ မှာ တစ် ခါ တစ် လေ Gap Theory အ ကြောင်း ပါ တတ် တယ်။ ကျွန် တော် ကြား ရ တဲ့ အ ခါ တိုင်း ဒီ သီ အို ရီ ကို အ မှန် တ ရား တစ် ခု လို တင် ပြ တာ တွေ့ ရ တယ်။ တစ် ချို့ အ သင်း တော် တွေ မှာ လည်း ဒီ သီ အို ရီ ကို ကျမ်း စာ သင် တန်း တွေ မှာ ရုပ် ပုံ ကား ချပ် တွေ နဲ့ ကျ ကျ န န သင် ပေး တာ ကျွန် တော် တွေ့ ဘူး တယ်။

ကျွန် တော် ဒီ Gap Theory ကို စ ကြား ဘူး တာ ၁၉၉၀ ခု နှစ် လောက် က ပါ။ ကျွန် တော် မ ပြောင်း လဲ သေး ခင် က ပါ ဝင် တက် ရောက် တဲ့ အ သင်း တော် မှာ၊ မ ယုံ ကြည် သူ က နေ ပြောင်း လဲ လာ တဲ့ ဧ ဝံ ဂေ လိ ဆ ရာ တစ် ယောက် က သင် ပေး တာ ပါ။ သူ သင် ပေး တာ ကို Gap Theory မှန်း လည်း အဲ ဒီ တုန်း က ကျွန် တော် မ သိ ပါ ဘူး။ နောက် ပိုင်း ကျ မှ သိ လာ တာ ပါ။ အဲ ဒီ တုန်း က ကျွန် တော် မိ ရိုး ဖ လာ ခ ရစ် ယာန် ဘ ဝ မှာ ဘဲ ရှိ နေ သေး တော့ သမ္မာ တ ရား နား မ လည် ဘူး။ စိတ် လည်း သိပ် မ ဝင် စား ဘူး။ ကျွန် တော် အ လေး အ နက် မ ထား သ လို၊ မှန် မ မှန် လည်း မ ခွဲ ခြား တတ် ဘူး။

Gap Theory ရဲ့ အ စ

အင် တာ နက် မှာ ကျွန် တော် လေ့ လာ သိ ရ သ လောက် ဆို ရင် Gap Theory ဟာ လွန် ခဲ့ တဲ့ နှစ် ပေါင်း ၂၀၀ လောက် (၁၉ ရာ စု နှစ် ဦး ပိုင်း) က ဥ ရော ပ မှာ စ တင် ခေတ် စား လာ တာ ဖြစ် ပါ တယ်။ Thomas Chalmers ဆို တဲ့ စ ကော့ တ လန် ဓမ္မ ဆ ရာ တစ် ဦး က စ ပြီး လူ သိ များ စေ တာ ဖြစ် ပါ တယ်။ သူ နဲ့ အ တူ အောက် စ ဖို့ဒ် တက္က သိုလ် က ဘူ မိ ဗေ ဒ ပါ မောက္ခ နဲ့ တစ် ခြား ပ ညာ ရှင် တွေ လည်း ပါ တယ်။ ပို ဆိုး တာ က ခ ရစ် ယာန် ဓမ္မ ပ ညာ လော က မှာ အ များ က လေး စား ခံ ရ တဲ့ Cyrus Ingerson Scofield ရဲ့ ၁၉၀၉ ခု နှစ် မှာ ပုံ နှိပ် ထုတ် ဝေ တဲ့ Scofield Reference Bible မှာ အဲ ဒီ Gap Theory ကို ထည့် သွင်း လိုက် တဲ့ အ ခါ ပို ပြီး လူ သိ များ ထင် ရှား လာ တယ်။

ကမ္ဘာ ဦး ကျမ်း ရဲ့ ဖန် ဆင်း ခြင်း အ ကြောင်း ဟာ က န ဦး ခ ရစ် ယာန် တွေ အ တွက် ပြဿ နာ မ ဟုတ် ခဲ့ သော် လည်း နောက် ပိုင်း သိပ္ပံ ပ ညာ တ ဖြည်း ဖြည်း တိုး တက် လာ တဲ့ အ ခါ မှာ မေး ခွန်း တွေ လည်း တ ဖြည်း ဖြည်း ထွက် လာ တယ်။ အဲ ဒီ မေး ခွန်း တွေ ရဲ့ အ ဖြေ ကို သမ္မာ ကျမ်း စာ ကိုး ကား ပြီး ကျေ နပ် အောင် မ ဖြေ နိုင် တဲ့ အ ခါ ခ ရစ် ယာန် သိပ္ပံ ပ ညာ ရှင် တွေ အ တွက် အ ကျဉ်း အ ကျပ် ဖြစ် လာ တယ်။ သူ တို့ ရဲ့ ယုံ ကြည် ခြင်း နဲ့ သူ တို့ ရဲ့ အ သိ ပ ညာ အ ကြား ပ ဋိ ပက္ခ ဖြစ် လာ တယ်။

အ ထူး သ ဖြင့် ဘူ မိ ဗေ ဒ ပ ညာ ရှင် အ သိုင်း အ ဝိုင်း အ တွက် ပို ဆိုး တယ်။ ၁၈ ရာ စု နှောင်း ပိုင်း မှာ ဘူ မိ ဗေ ဒ သိပ္ပံ ရဲ့ တွေ့ ရှိ ချက် တွေ အ ရ ကမ္ဘာ ကြီး ရဲ့ သက် တမ်း နှစ် သန်း ပေါင်း များ စွာ ကြာ ကြောင်း သိ ရ တာ တွေ၊ နှစ် သန်း ပေါင်း များ စွာ ကြာ တဲ့ ဒိုင် နို ဆော ကျောက် ဖြစ် ရုပ် ကြွင်း တွေ စ သ ဖြင့် တွေ့ ရှိ လာ ကြ တယ်။ ဒီ တွေ့ ရှိ ချက် တွေ ကို ကျမ်း စာ ရဲ့ ဖန် ဆင်း ခြင်း နဲ့ ဘယ် လို ဆက် စပ် ရ မ လဲ။ သမ္မာ ကျမ်း စာ ရဲ့ ဖေါ် ပြ ချက် နဲ့ သိပ္ပံ ပ ညာ တွေ့ ရှိ ချက် တွေ ကို ဘယ် လို ညှိ နှိုင်း နား လည် ရ မ လဲ။

ဒိုင် နို ဆော ပြဿ နာ ရဲ့ အ ဖြေ

ဒီ ပြဿ နာ ကို ဖြေ ရှင်း ဖို့ အ တွက် Gap Theory ပေါ် ပေါက် လာ တာ ဖြစ် ပါ တယ်။ အ ကျဉ်း ချုံး ပြီး ပြော ရ ရင် Gap Theory အ ရ ကမ္ဘာ ဦး ကျမ်း အ ခန်း ကြီး ၁ အ ငယ် ၁ မှာ ဘု ရား သ ခင် က ကောင်း ကင် နဲ့ မြေ ကြီး ကို ဖန် ဆင်း တယ်။ အဲ ဒီ ဖန် ဆင်း ထား တဲ့ မူ လ ကမ္ဘာ ကြီး ဟာ စာ တန် ရဲ့ ပုန် ကန် မှု ကြောင့် ပြန် ပြီး ပျက် စီး သွား တယ်။ အဲ ဒါ ကြောင့် အ ငယ် ၂ မှာ မြေ ကြီး ဟာ အ ဆင်း သဏ္ဍာန် မ ရှိ၊ လွတ် လပ် လ ဟာ ဖြစ် တာ တွေ၊ မှောင် မိုက် ဖုံး လွှမ်း တာ တွေ ဖြစ် လာ တယ်။ အဲ ဒီ နောက် အ ငယ် ၃ က စ ပြီး ဘု ရား သ ခင် က ကမ္ဘာ သစ် ကို ပြန် ဖန် ဆင်း ခြင်း ဖြစ် တယ် လို့ ဆို ပါ တယ်။ အ သေး စိတ် သိ ချင် ရင် တော့ အင် တာ နက် မှာ ရှာ ကြည့် ရင် ပြည့် ပြည့် စုံ စုံ သိ နိုင် ပါ တယ်။

Gap Theory က ကမ္ဘာ ကြီး ရဲ့ သက် တမ်း နှစ် သန်း ပေါင်း များ စွာ ကြာ တာ တွေ၊ ဒိုင် နို ဆော ကျောက် ဖြစ် ရုပ် ကြွင်း တွေ စ တာ တွေ ကို အဲ ဒီ ကမ္ဘာ ဦး ကျမ်း အ ခန်း ကြီး ၁ ရဲ့ အ ငယ် ၁ နဲ့ ၂ ကြား ထဲ ကို သွတ် သွင်း လိုက် တယ်။ တိုက် ကြီး တွေ ရွေ့ လျား တာ၊ တောင် တန်း ကြီး တွေ ဖြစ် ပေါ် လာ တာ၊ ဒိုင် နို ဆော တွေ၊ ကျောက် ခေတ် လူ သား တွေ၊ ကျောက် ဖြစ် ရုပ် ကြွင်း တွေ စ သ ဖြင့် ဖြေ ရှင်း မ ရ တဲ့ အ ရာ အား လုံး၊ နှစ် သန်း ပေါင်း ဘယ် လောက် ဘဲ ကြာ ကြာ၊ အဲ ဒီ အ ထဲ ရောက် ကို သွား တယ်။ အဲ သ လို လုပ် လိုက် တော့ ခ ရစ် ယာန် သိပ္ပံ ပ ညာ ရှင် တွေ အ တွက် အ ကျဉ်း အ ကျပ် ထဲ က ထွက် ပေါက် ရ သ လို ဖြစ် သွား တယ်။ သူ တို့ လက် ခံ တဲ့ သိပ္ပံ ပ ညာ နဲ့ သူ တို့ ယုံ ကြည် တဲ့ သမ္မာ ကျမ်း စာ ကြား မှာ ဝိ ရော ဓိ မ ရှိ တော့ ဘူး။

Gap Theory ဘာ ကြောင့် မှား သ လဲ

အင် တာ နက် ထဲ မှာ Gap Theory ရဲ့ အ ယူ အ ဆ မှား ယွင်း ကြောင်း ဖြေ ရှင်း ချက် တွေ အ များ ကြီး တွေ့ နိုင် ပါ တယ်။ ခ ရစ် ယာန် ဓမ္မ ပ ညာ ရှင် တွေ က သမ္မာ ကျမ်း စာ ကို ဘဲ ကိုး ကား ပြီး အ ခိုင် အ မာ ဖြေ ရှင်း ထား ကြ တာ ဖြစ် ပါ တယ်။

ကျွန် တော့် အ နေ နဲ့ Gap Theory မှား ယွင်း တယ် လို့ ပြော ရ ခြင်း အ ကြောင်း က ရိုး ရိုး လေး ပါ။ Gap Theory ဆို တာ လူ တွေ ရဲ့ သိပ္ပံ ပ ညာ နဲ့ ကိုက် ညီ အောင် ဘု ရား သ ခင် ရဲ့ သမ္မာ ကျမ်း စာ ကို အ ဓိပ္ပါယ် ဖွင့် ဆို ခြင်း ဖြစ် တဲ့ အ တွက်၊ အဲ ဒီ အ ချက် တစ် ခု တည်း နဲ့ ဘဲ Gap Theory မှား ယွင်း ကြောင်း ကျွန် တော် ပြော ချင် ပါ တယ်။ သိပ္ပံ ပ ညာ ဟာ မြေ ကြီး ပ ညာ၊ ဇာ တိ ပ က တိ ပ ညာ ဖြစ် ပြီး သမ္မာ ကျမ်း စာ က တော့ ဘု ရား သ ခင် ဆီ က လာ တဲ့ ပ ညာ ဖြစ် ပါ တယ်။ ဒါ ကြောင့် ဖြစ် သင့် တာ က သမ္မာ ကျမ်း စာ နဲ့ ကိုက် ညီ အောင် သာ သိပ္ပံ ပ ညာ ကို အ ဓိပ္ပါယ် ဖွင့် ဆို ရ မှာ ဖြစ် ပါ တယ်။

“ထို သို့ သော ပ ညာ သည် အ ထက် မှ သက် ရောက် သော ပ ညာ မ ဟုတ်။ မြေ ကြီး ပ ညာ၊ ဇာ တိ ပ က တိ ပ ညာ၊ နတ် ဆိုး ပ ညာ ဖြစ် ၏။ . . . အ ထက် မှ သက် ရောက် သော ပ ညာ မူ ကား၊ ရှေ့ ဦး စွာ စင် ကြယ် ၏။ ထို မှ တ ပါး၊ အ သင့် အ တင့် နေ တတ် ၏။ ဖြည်း ညှင်း သော သ ဘော ရှိ ၏။ သွေး ဆောင် လွယ် ၏။ က ရု ဏာ နှင့် ၎င်း၊ ကောင်း ကျိုး နှင့် ၎င်း ပြည့် စုံ ၏။ လျစ် လျူ သော စိတ် ရှိ ၏။ လျှို့ ဝှက် ခြင်း နှင့် ကင်း စင် ၏” (ယာ၊ ၃:၁၅၊ ၁၇)

ဒီ လို ပြော လို့ ကျွန် တော် သိပ္ပံ ပ ညာ မ မှန် ဘူး၊ မ ကောင်း ဘူး လို့ ဆို လို ချင် တာ မ ဟုတ် ပါ ဘူး။ သိပ္ပံ ပ ညာ အင် မ တန် ကောင်း ပါ တယ်။ လူ သား တွေ ရဲ့ စား ဝတ် နေ ရေး အ ဆင့် အ တန်း တိုး တက် ဖို့ အ တွက် အင် မ တန် အ သုံး ဝင် ပါ တယ်။ သို့  သော် လည်း မ စုံ လင် တဲ့ လူ သား တွေ ရဲ့ ပ ညာ ဖြစ် တဲ့ အ တွက် အ မှား အ ယွင်း ရှိ နိုင် တယ်။ ပြီး ရင် တစ် ချိန် ကျ တော့ ပျောက် ကွယ် သွား မဲ့ အ ရာ လည်း ဖြစ် တယ်။

“ထို သို့ ဆို သော်၊ လော ကီ ပ ညာ ကို မ ဆို လို။ ပြယ် ပျောက် တတ် သော လော ကီ မင်း တို့ ၏ ပ ညာ ကို မ ဆို လို” (၁ ကော၊ ၂:၆)

ဘု ရား သ ခင် ရဲ့ နှုတ် က ပတ် တော် က တော့ ထာ ဝ ရ တည် မှာ ဖြစ် ပါ တယ်။

“ထာ ဝ ရ ဘု ရား ၏ နှုတ် က ပတ် တ ရား မူ ကား၊ ကာ လ အ စဉ် အ မြဲ တည် ၏” (၁ ပေ၊ ၁:၂၅)

“ငါ အ မှန် ဆို သည် ကား၊ ကောင်း ကင် နှင့် မြေ ကြီး မ ပျက် စီး မှီ တိုင် အောင်၊ ပ ညတ္တိ ကျမ်း ၌ အ ငယ် ဆုံး သော စာ လုံး ဗိန္ဓု တ လုံး မျှ ပြည့် စုံ ခြင်း သို့ မ ရောက် မှီ မ ပျက် စီး ရ” (မ၊ ၅:၁၈)

ဒါ ကြောင့် ယာ ယီ သာ တည် မဲ့ လူ တွေ ရဲ့ သိပ္ပံ ပ ညာ နဲ့ ကိုက် ညီ အောင်၊ ထာ ဝ ရ တည် တဲ့ ဘု ရား သ ခင် ရဲ့ ပ ညာ ကို အ ဓိပ္ပါယ် ဖွင့် ဆို ရင် မှား ပါ လိမ့် မယ်။

သမ္မာ ကျမ်း စာ နဲ့ သိပ္ပံ ပ ညာ

လက် တွေ့ မှာ ဒီ က နေ့ ခေတ် သိပ္ပံ ပ ညာ ရဲ့ တွေ့ ရှိ ချက် များ စွာ ကို ကျမ်း စာ က နေ တိ တိ ကျ ကျ အ ဖြေ မ ပေး နိုင် ပါ ဘူး။ ဒါ ဟာ ဘာ ကြောင့် လဲ့ ဆို တော့ သမ္မာ ကျမ်း စာ ဟာ သိပ္ပံ ပ ညာ ရပ် နဲ့ ပတ် သက် တဲ့ စာ အုပ် မ ဟုတ် လို့ ဘဲ ဖြစ် ပါ တယ်။ အဲ ဒါ ကြောင့် သိပ္ပံ နဲ့ ပတ် သက် တာ ကို ကျမ်း စာ ထဲ မှာ အ တင်း ဇွတ် မ ရ မ က အ ဖြေ ရှာ ရင် မှား လိမ့် မယ် လို့ ကျွန် တော် ထင် ပါ တယ်။

သိပ္ပံ ပ ညာ ဟာ လူ သား တွေ က သူ တို့ လေ့ လာ တွေ့ ရှိ ချက် တွေ ကို မှတ် တမ်း တင် ထား တာ ဖြစ် တယ်။ သမ္မာ ကျမ်း စာ ကျ တော့ ဘု ရား သ ခင် က သူ့ ရဲ့ အ ကြောင်း၊ သူ ဖန် ဆင်း တဲ့ လူ သား တွေ ရဲ့ အ ကြောင်း၊ သူ နဲ့ လူ သား တွေ ရဲ့ ဆက် ဆံ ရေး အ ကြောင်း တွေ နဲ့ လူ သား တွေ ကို ထာ ဝ ရ င ရဲ က ကယ် တင် ဖို့ သူ့ ရဲ့ စီ မံ ကိန်း အ ကြောင်း တွေ ကို ရေး သား ထား တာ ဖြစ် ပါ တယ်။ ခေတ် အ ဆက် ဆက် မှာ ကျမ်း စာ ကို နား လည် တဲ့၊ ဘု ရား အ သုံး ပြု တဲ့ ပုဂ္ဂိုလ် တွေ အ များ ကြီး ရှိ ခဲ့ ပါ တယ်။ နောင် မှာ လည်း ဆက် ပေါ် လာ အုံး မှာ ပါ ဘဲ။ ဒါ ပေ မဲ့ ဘယ် သူ တစ် ဦး တစ် ယောက် က မှ သမ္မာ ကျမ်း စာ ကို အ စ အ ဆုံး လုံး ဝ ဥဿုံ နား လည် သ ဘော ပေါက် တယ် ဆို တာ မ ရှိ ခဲ့ ဘူး။ ရှိ ခဲ့ ရင် အဲ ဒီ ကျမ်း စာ ဟာ ဘု ရား သ ခင် ရေး တာ မ ဖြစ် နိုင် ဘူး။ လူ ရေး တာ ဘဲ ဖြစ် ရ မယ်။ ဘု ရား သ ခင် က မိတ် ဆွေ တစ် ဦး လို သတ် မှတ် ဆက် ဆံ တဲ့ မော ရှေ တောင် မှ ဘု ရား သ ခင် သူ့ ကို ဖွင့် ပြ တာ တွေ အ ထဲ မှာ သူ နား မ လည် တာ တွေ ရှိ တယ်။

“မ ထင် ရှား သော အ ရာ တို့ သည်၊ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ အ ငန်း အ တာ ဖြစ် ကြ ၏။ ဘော် ပြ တော် မူ သော အ ရာ တို့ သည် ကာ လ အ စဉ် မ ပြတ် ငါ တို့ နှင့် ငါ တို့ သား သ မီး များ တို့ ၏ အ ငန်း အ တာ ဖြစ် ၍၊ ဤ ပ ညတ် တ ရား စ ကား အ လုံး စုံ တို့ ကို စောင့် ရှောက် ရ မည် အ ကြောင်း တည်း” (တ ရား၊ ၂၉:၂၉)

“မ ထင် ရှား သော အ ရာ” ကို မူ ရင်း ဟေ ဗြဲ ကျမ်း စာ မှာ הַ֨נִּסְתָּרֹ֔ת (အ သံ ထွက် han-nis-ta-rot) လို့ ရေး ပြီး “လျှို့ ဝှက် သော အ ရာ” လို့ အ ဓိပ္ပါယ် ရ ပါ တယ်။ သမ္မာ ကျမ်း စာ ထဲ မှာ လူ တွေ မ သိ နား မ လည် နိုင် တဲ့ အ ရာ တွေ၊ လူ့ ဉာဏ် နဲ့ စဉ်း စား လို့ မ မီ နိုင် တာ တွေ အ များ ကြီး ရှိ ပါ လိမ့် မယ်။ ဒါ ကြောင့် ကျွန် တော် တို့ သေ သေ ချာ ချာ မ သိ နား မ လည် တဲ့ ကျမ်း စာ နဲ့ သိပ္ပံ တွေ့ ရှိ ချက် အား လုံး ကို အ ဖြေ ပေး ဖို့ မ ဖြစ် နိုင် ပါ ဘူး။ လို လည်း မ လို အပ် ပါ ဘူး လို့ ကျွန် တော် ထင် ပါ တယ်။

ကျွန် တော့် အ နေ နဲ့ က တော့ ကျမ်း စာ ဟာ ဘု ရား သ ခင် ရဲ့ လက် ရာ ဖြစ် တဲ့ အ တွက် အ စ အ ဆုံး အ မှား အ ယွင်း မ ရှိ ဘူး လို့ လုံး ဝ ယုံ ကြည် ပါ တယ်။ ကျမ်း စာ ထဲ မှာ ကျွန် တော် နား မ လည် တဲ့ အ ရာ ရှိ ရင် ဒီ အ တိုင်း ဘဲ ထား ပါ တယ်။ အ တင်း နား လည် အောင် မ လုပ် ပါ ဘူး။ ကျွန် တော် နား လည် ဖို့ ဟာ ဘု ရား သ ခင် ရဲ့ အ လုပ် ဘဲ ဖြစ် ပါ တယ်။ သူ က ကျွန် တော့် ကို နား လည် စေ ချင် ရင် ဆ ရာ တစ် ယောက် ယောက် ရဲ့ တ ရား ဟော ချက် က နေ ဖြစ် စေ၊ ဒါ မှ မ ဟုတ် ကျမ်း စာ ဖတ် ရင်း နဲ့ ဖြစ် စေ၊ ဒါ မှ မ ဟုတ် ရင် လည်း တစ် နည်း နည်း နဲ့ ကျွန် တော့် ကို အ လင်း ပေး ပြီး နား လည် သ ဘော ပေါက် စေ မှာ ဖြစ် ပါ တယ်။ ကျွန် တော့် အ လုပ် က တော့ ကျွန် တော် နား လည် သ လောက် နှုတ် က ပတ် သမ္မာ တ ရား အ တိုင်း လိုက် လျှောက် အ သက် ရှင် ဖို့ ပါ ဘဲ။

အဲ ဒါ ကြောင့် နိ ဂုံး ချုပ် အ နေ နဲ့ ပြော ရ ရင်၊ သမ္မာ ကျမ်း စာ ထဲ မှာ အ ဖြေ ရှာ လို့ မ တွေ့ နိုင် တဲ့ သိပ္ပံ တွေ့ ရှိ ချက် တစ် ခု ခု ကို တစ် ယောက် ယောက် က ပြော ခဲ့ ရင်၊ “အော်၊ ဟုတ် လား” လို့ ဘဲ ပြန် ပြော ပြီး မေ့ လိုက် ဖို့ ဘဲ ရှိ ပါ တယ် လို့ အ ကြံ ပေး ချင် ပါ တယ်။

နောက် ဆက် တွဲ

မ ကြား သေး ခင် က၊ Is Genesis History ဆို တဲ့ ခ ရစ် ယာန် မှတ် တမ်း တင် ‌အ ခဏ်း ဆက် တွေ ကို ကျွန် တော် Youtube မှာ ကြည့် ရ တယ်။ ဒီ အ စီ အ စဉ် တွေ ရဲ့ အ ဓိ က တင် ပြ ချက် က တော့ ကမ္ဘာ ဦး ကျမ်း ထဲ က အ ဖြစ် အ ပျက် တွေ ဟာ စိတ် ကူး ယဉ် ဒဏ္ဍာ ရီ ပုံ ပြင် ဇာတ် လမ်း တွေ မ ဟုတ် ဘဲ၊ ကမ္ဘာ့ သ မိုင်း မှာ အ မှန် တစ် ကယ် ဖြစ် ပျက် ခဲ့ တဲ့ အ ဖြစ် အ ပျက် တွေ ဖြစ် တယ် ဆို တဲ့ အ ကြောင်း ပါ ဘဲ။ ဘု ရား သ ခင် ရဲ့ ကျေး ဇူး တော် ကြောင့် ခ ရစ် ယာန် သိပ္ပံ ပ ညာ ရှင် တွေ က အ ထူး သ ဖြင့် နော ဧ လက် ထက် ရေ လွှမ်း မိုး ခြင်း ဟာ တစ် ကယ် ဖြစ် ပျက် ခဲ့ ကြောင်း အ ထောက် အ ထား တွေ တွေ့ရှိ လာ ကြ တယ်။

ဒီ ခေတ် ရဲ့ သိပ္ပံ ပ ညာ ရှင် လော က ကို ကြည့် ရင် paradigm လို့ ခေါ် တဲ့ အ ယူ အ ဆ အ မြင် ရှု ထောင့် အ ပေါ် မူ တည် ပြီး အ ဓိ က အား ဖြင့် Evolutionist အုပ် စု နဲ့ Creationist လို့ အုပ် စု နှစ် ခု ရှိ ကြောင်း သိ ရ တယ်။ Evolutionist အုပ် စု က Big Bang Theory (စ ကြာ ဝ ဠာ ကြီး ဟာ ပေါက် ကွဲ မှု ကြီး က နေ အ စ ပြု ခြင်း) နဲ့ Darwin Theory (သတ္တ ဝါ အား လုံး က လပ် စည်း က လေး တစ် ခု မှ ဆင့် ပွား ဖြစ် ပေါ် လာ ခြင်း) စ တာ တွေ ကို လက် ခံ ကြ တယ်။ သူ တို့ ဟာ လူ များ စု ဖြစ် ပြီး၊ သမ္မာ ကျမ်း စာ နဲ့ တ ကွ ဘု ရား သ ခင် ရဲ့ ဖန် ဆင်း ခြင်း ကို လက် မ ခံ ငြင်း ပယ် သူ တွေ ဖြစ် ကြ တယ်။ ကမ္ဘာ ကြီး ရဲ့ သက် တမ်း နှစ် သန်း ပေါင်း ထောင် နဲ့ ချီး ပြီး ကြာ တာ တွေ၊ ဒိုင် နို ဆော ကျောက် ဖြစ် ရုပ် ကြွင်း တွေ နှစ် သန်း နဲ့ ချီ ပြီး ကြာ တာ တွေ စ သ ဖြင့် ဟာ သူ တို့ ရဲ့ တင် ပြ ချက် တွေ ဖြစ် တယ်။ Creationist အုပ် စု က အ လွန် နည်း ပါး ပြီး ဖန် ဆင်း ခြင်း နဲ့ ရေ လွှမ်း မိုး ခြင်း စ တာ တွေ ကို ယုံ ကြည် ကြ တယ်။

သိပ္ပံ သု တေ သ န လုပ် တာ တွေ၊ ဆန်း စစ် လေ့ တာ တာ တွေ ဟာ ငွေ ကြေး အ ကုန် အ ကျ များ တယ်။ သိပ္ပံ ပ ညာ ရှင် တွေ ဟာ စီး ပွား ရေး သ မား တွေ မ ဟုတ် တဲ့ အ တွက် ချမ်း သာ ကြွယ် ဝ မှု မ ရှိ ကြ ဘူး။ သူ တို့ ရဲ့ သု တေ သ န ကုန် ကျ စ ရိတ် တွေ အ တွက် ထောက် ပံ့ ပေး တဲ့ sponsor တွေ လို တယ်။ အဲ ဒီ လို ထောက် ပံ့ တဲ့ အ ဖွဲ့ အ စည်း တွေ အ များ ကြီး ရှိ ပါ တယ်။ အဲ ဒီ အ ဖွဲ့ အ စည်း တွေ ကို သမ္မာ ကျမ်း စာ နဲ့ ဖန် ဆင်း ခြင်း ကို မ ယုံ ကြည် တဲ့ သူ တွေ က ထိန်း ချုပ် ထား ကြ တယ်။ အဲ ဒါ ကြောင့်၊ ပ ညာ ရှင် တစ် ဦး ဦး က Evolution အ ယူ အ ဆ ကို ချေ ဖျက် မဲ့ တွေ့ ရှိ မှု တစ် ခု ကို သု တေ သ လုပ် ချင် ရင် ထောက် ပံ ငွေ မ ရ တတ် ဘူး။ Evolution အ ယူ အ ဆ ဘောင် အ တွင်း က သု တေ သ န လုပ် တာ တွေ ကို ဘဲ ငွေ ကြေး ထောက် ပံ့ လေ့ ရှိ ကြ တယ်။ အဲ သ လို ဘဲ၊ media သ တင်း ဌာ န တွေ ကို လည်း၊ ဘု ရား မ ယုံ တဲ့ သူ တွေ က ထိန်း ချုပ် ထား တာ ဖြစ် တဲ့ အ တွက်၊ ဖန် ဆင်း ခြင်း ကို ထောက် ခံ တဲ့ သု တေ သ န တွေ့ ရှိ ချက် တွေ ကို အ လေး ထား ဖော် ပြ ခြင်း မ ရှိ ကြ ဘူး။ ဒီ က နေ့ သိပ္ပံ သ တင်း တွေ ကို ကြည့် ရင်၊ Evolution အ ယူ အ ဆ ကို ထောက် ခံ တဲ့ တွေ့ ရှိ ချက် သ တင်း တွေ ကို ဘဲ ဖတ် ရ မယ်။

နော ဧ လက် ထက် ရေ လွှမ်း မိုး ခြင်း ဟာ Evolutionist သိပ္ပံ ပ ညာ ရှင် တွေ ရဲ့ လှောင် ပြောင် ကဲ့ ရဲ့ စ ရာ ဖြစ် ခဲ့ တယ်။ ကမ္ဘာ ပေါ် က အ မြင့် ဆုံး တောင် တွေ ရဲ့ အ ပေါ် မှာ ၁၅ တောင် အ ထိ ရေ ကြီး ပြီး လွှမ်း မိုး ခဲ့ တာ သူ တို့ အ တွက် ယုံ နိုင် စ ရာ အ ကြောင်း မ ရှိ ဘူး။ တစ် ချို့ က ဒီ ရေ လွှမ်း မိုး ခြင်း ဟာ ကမ္ဘာ့ အ တိုင်း အ တာ နဲ့ ဖြစ် တာ မ ဟုတ် ဘဲ၊ အ ရှေ့ အ လယ် ပိုင်း ဒေ သ ကွက် ကွက် က လေး မှာ ဒေ သ အ လိုက် ဖြစ် ပွား တဲ့ ရေ လွှမ်း မိုး ခြင်း ဘဲ ဖြစ် တယ် လို့ ထင် မြင် ချက် ပေး ကြ တယ်။

လွန် ခဲ့ တဲ့ ၁၉၈၀ ခု နှစ် မေ လ ၁၈ ရက် နေ့ မှာ၊ အ မေ ရိ ကန် ပြည် ထောင် စု ဝါ ရှင် တန် ပြည် နယ် က Mount St. Helens ဆို တဲ့ မီး တောင် ပေါက် ကွဲ ခဲ့ တယ်။ လူ ၅၀ ကျော် သေ ဆုံး ပြီး အ ပျက် အ ဆီး တန် ဘိုး အ လွန် ကြီး မား တယ်။ အ ဆိုး ထဲ က နေ အ ကောင်း ဖြစ် စေ တတ် တဲ့ ဘု ရား သ ခင် ရဲ့ ကျေး ဇူး တော် ကြောင့်၊ ခ ရစ် ယာန် သိပ္ပံ ပ ညာ ရှင် တစ် ချို့ က၊ အဲ ဒီ မီး တောင် ပေါက် ကွဲ ခြင်း ကြောင့် မီး တောင် ပတ် ဝန်း ကျင် မှာ နောက် ဆက် တွဲ ဖြစ် ပေါ် လာ တဲ့ ဘူ မိ ဗေ ဒ ပြောင်း လဲ မှု တွေ ကို လေ့ လာ ရာ က နေ တစ် ဆင့် တွေ့ ရှိ ချက် အ သစ် တွေ အ များ ကြီး ရ ရှိ ခဲ့ ကြ တယ်။ အ မေ ရိ ကန် ပြည် ထောင် စု က Grand Canyon ဆို တဲ့၊ မိုင် ပေါင်း ၄၀၀ လောက် ရှည် လျား ကွေ့ ကောက် နေ တဲ့ ဧ ရာ မ တောင် ကြား ချိုင့် ဝှမ်း ကြီး အ မှန် တ ကယ် ဘယ် လို ဖြစ် ပေါ် လာ သ လဲ ဆို တာ တွေ၊ အဲ ဒီ ချိုင့် ဝှမ်း ကြီး မှာ တွေ့ ရ တဲ့ မြေ လွှာ အ ကြော တွေ ဘယ် လို ဖြစ် ပေါ် လာ သ လဲ ဆို တာ တွေ၊ ဒိုင် နို ဆော ရုပ် ကြွင်း တွေ တစ် နေ ရာ ထဲ မှာ အ စု လိုက် အ ပြုံ လိုက် ဘာ ကြောင့် တွေ့ ရ သ လဲ စ သ ဖြင့် မေး ခွန်း တွေ ကို ကောင်း ကောင်း ဖြေ ရှင်း နိုင် ကြ တယ်။ Evolution အ မြင် နဲ့ ကျေ နပ် အောင် အ ဖြေ မ ပေး နိုင် တာ တွေ ကို ကျေ နပ် အောင် အ ဖြေ ပေး နိုင် တယ်။

Creationist သိပ္ပံ ပ ညာ ရှင် တွေ ရဲ့ တွေ့ ရှိ ချက် အား ဖြင့် ကမ္ဘာ ဦး ကျမ်း ရဲ့ နော ဧ လက် ထက် ရေ လွှမ်း မိုး ခြင်း ဇာတ် လမ်း ဟာ ဒဏ္ဍာ ရီ ပုံ ပြင် မ ဟုတ် ဘဲ၊ အ မှန် တ ကယ် ဖြစ် ပျက် ခဲ့ ကြောင်း သက် သေ ပြ နိုင် ခဲ့ ပြီ ဖြစ် ပါ တယ်။ ဘု ရား သ ခင် ဘုန်း ကြီး ပါ စေ။ အာ မင်။