ဝိ ညာဉ် ပ က တိ အ ကျိုး
ဝိ ညာဉ် ပ က တိ အ ကျိုး
ဂ လာ တိ ဩ ဝါ ဒ စာ ထဲ မှာ ဝိ ညာဉ် ပ က တိ အ ကျိုး ကိုး မျိုး ကို ဖော် ပြ ထား ကြောင်း ခ ရစ် ယာန် အ များ စု က သိ ကြ ပါ လိမ့် မယ်။
“ဝိ ညာဉ် ပ က တိ ၏ အ ကျိုး မူ ကား၊ ချစ် ခြင်း၊ ဝမ်း မြောက် ခြင်း၊ ငြိမ် သက် ခြင်း၊ စိတ် ရှည် ခြင်း၊ ကျေး ဇူး ပြု ခြင်း၊ ကောင်း မြတ် ခြင်း၊ သစ္စာ စောင့် ခြင်း၊ နူး ညံ့ သိမ် မွေ့ ခြင်း၊ ကာ မ ဂုဏ် ချုပ် တည်း ခြင်း ပေ တည်း။ ထို သို့ သော အ ကျင့် ကို အ ဘယ် တ ရား မျှ မ မြစ် တား။” (ဂ လ ၅:၂၂-၂၃)
ဆ ရာ ယု ဒ သန် က “အ ကျိုး” လို့ ဘာ သာ ပြန် ထား တာ မူ ရင်း ဂ ရိ ဘာ သာ နဲ့ καρπὸς (အ သံ ထွက် karpós) လို့ ရေး ပြီး တိုက် ရိုက် ဆို ရင် “အ သီး” လို့ အ ဓိပ္ပာယ် ပေါက် ပါ တယ်။ ဝိ ညာဉ် တော် အ လို အ တိုင်း အ သက် ရှင် ခြင်း အား ဖြင့် ထွက် ပေါ် လာ တဲ့ “ရ လဒ်” “အ ကျိုး” ကို “အ သီး” လို့ တင် စား ခြင်း ဖြစ် ပါ တယ်။
မြန် မာ့ စံ မီ ကျမ်း မှာ တော့ “အ သီး အ ပွင့်” လို့ ဘာ သာ ပြန် ထား ပါ တယ်။
“ဝိ ညာဉ် တော် ၏ အ သီး အ ပွင့် မူ ကား ချစ် ခြင်း၊ ဝမ်း မြောက် ခြင်း၊ ငြိမ် သက် ခြင်း၊ စိတ် ရှည် ခြင်း၊ ကျေး ဇူး ပြု ခြင်း၊ ကောင်း မြတ် ခြင်း၊ သစ္စာ စောင့် ခြင်း၊ နူး ညံ့ သိမ် မွေ့ ခြင်း၊ မိ မိ ကိုယ် ကို ချုပ် တည်း ခြင်း ပေ တည်း။ ဤ အ ရာ များ ကို ဆန့် ကျင် သော တ ရား မ ရှိ။” (ဂ လ ၅:၂၂-၂၃) (မြန် မာ့ စံ မီ)
အဲ ဒီ အ သီး အ ပွင့် (အ ကျိုး) ကိုး မျိုး ဟာ ကျွန် တော် တို့ ခ ရစ် ယာန် တွေ ရဲ့ အ သက် တာ မှာ သီး ပွင့် ရ မှာ ဖြစ် ပါ တယ်။
ဝိ ညာဉ် အ သီး အ ပွင့် တွေ ဟာ ဘယ် သူ့ အ တွက် လဲ
ဒီ ဝိ ညာဉ် အ သီး အ ပွင့် တွေ အ ကြောင်း ကို စ တင် သိ ရှိ လေ့ လာ ရ တဲ့ အ ချိန် က စ ပြီး ဒါ တွေ ဟာ ဟာ ခ ရစ် ယာန် တစ် ဦး အ နေ နဲ့ ဝိ ညာဉ် တော် အ လို အ တိုင်း အ သက် ရှင် ခြင်း အား ဖြင့် ရ လာ တဲ့ အ ကျိုး ကျေး ဇူး တွေ လို့ ကျွန် တော် ခံ ယူ ခဲ့ ပါ တယ်။ အ ကျိုး ကျေး ဇူး ဆို တဲ့ အ တိုင်း ကိုယ့် အ တွက် ကောင်း ကျိုး ဖြစ် တယ် လို့ လဲ ယူ ဆ ပါ တယ်။ နှစ် ပေါင်း များ စွာ ကျွန် တော် ဒီ လို ဘဲ ခံ ယူ ခဲ့ ပါ တယ်။ ဝိ ညာဉ် ပ က တိ အ ကျိုး ဆို တာ ကိုယ့် အ သက် တာ အ တွက် ဘဲ လို့။
ဒါ ပေ မဲ့ အ ခု ကျွန် တော် ပြန် ဆင် ခြင် ကြည့် တဲ့ အ ခါ အဲ ဒီ ဝိ ညာဉ် အ သီး အ ပွင့် (အ ကျိုး) တွေ ဟာ ကိုယ့် အ တွက် မ ဟုတ် ဘူး ဆို တာ သိ လာ ရ ပါ တယ်။ ဘာ ဖြစ် လို့ လဲ ဆို တော့ ကျမ်း စာ က ဒီ အ ကျိုး ကျေး ဇူး ကို “အ သီး” လို့ တင် စား ထား တဲ့ အ တွက် ကြောင့် ပါ။ ဘု ရား သ ခင် က ဘာ ကြောင့် ဝိ ညာဉ် ပ က တိ အ တိုင်း အ သက် ရှင် ခြင်း ရဲ့ ရ လဒ် ကို “အ သီး” လို့ တင် စား ရ တာ လဲ။
အ သီး ဆို တာ အ ပင် က နေ ရ လာ တာ ဖြစ် တယ်။ အ ပင် တစ် ပင် ဟာ ကောင်း တဲ့ မြေ မှာ ပေါက် တယ်၊ ရေ ရ တယ်၊ မြေ ဩ ဇာ ရ တယ် ဆို ရင် အ ချိန် တန် တဲ့ အ ခါ မှာ အ သီး သီး ပါ လိမ့် မယ်။ မ သီး ဘဲ မ နေ ပါ ဘူး။ ဒါ ပေ မဲ့ အဲ ဒီ အ သီး ဟာ ဘယ် သူ့ အ တွက် လဲ။ ဘယ် သူ့ အ တွက် သီး တာ လဲ။ သ ရက် ပင် တစ် ပင် ကို ဥ ပ မာ ထား ပြီး ဆင် ခြင် ကြည့် ရ အောင်။
သ ရက် ပင် ဟာ အ သီး တွေ သီး ပြီး အဲ ဒီ အ သီး တွေ မှည့် ဝင်း လာ တဲ့ အ ခါ မှာ သ ရက် ပင် က အဲ ဒီ အ သီး တွေ ကို စား သ လား။ မ စား ပါ ဘူး။ မှည့် ဝင်း နေ တဲ့ သ ရက် သီး တွေ ကို လူ တွေ က စား တယ်။ လင်း နို့ လို တိ ရစ္ဆာန် တွေ၊ ငှက် တွေ က စား တယ်။ အင်း ဆက် ပိုး တွေ က စား တယ်။ အဲ ဒီ သ ရက် ပင် က သီး သ မျှ အ သီး တွေ အား လုံး ဟာ သ ရက် ပင် ရဲ့ ပတ် ဝန်း ကျင် မှာ နေ ထိုင် ကျက် စား ကြ တဲ့ လူ၊ တိ ရစ္ဆာန်၊ ပိုး မွှား တွေ အ တွက် ဘဲ ဖြစ် ပါ တယ်။ သ ရက် ပင် အ တွက် လုံး ဝ မ ဟုတ် ပါ ဘူး။ သ ရက် ပင် က သူ့ ရဲ့ အ သီး တစ် လုံး ကို မှ မ စား ပါ ဘူး။
အဲ ဒီ ဥ ပ မာ လို ဘဲ၊ ဝိ ညာဉ် အ သီး ဆို တာ ကျွန် တော် တို့ ကိုယ် တိုင် အ တွက် မ ဟုတ် ပါ ဘူး။ ကျွန် တော် တို့ ကိုယ် တိုင် အ တွက် အ ကျိုး ကျေး ဇူး မ ဟုတ် ပါ ဘူး။ တစ် ခြား လူ တွေ အ တွက် ပါ။ ကျွန် တော် တို့ ပတ် ဝန်း ကျင် မှာ နေ ထိုင် တဲ့ သူ တွေ၊ ကျွန် တော် တို့ နဲ့ တွေ့ ဆုံ ဆက် ဆံ ရ တဲ့ သူ တွေ အ တွက် သာ လျှင် ဖြစ် ပါ တယ်။
အဲ ဒီ လူ တွေ ဟာ ကျွန် တော် တို့ မှာ ရှိ တဲ့ ချစ် ခြင်း၊ ဝမ်း မြောက် ခြင်း၊ ငြိမ် သက် ခြင်း၊ စိတ် ရှည် ခြင်း၊ ကျေး ဇူး ပြု ခြင်း၊ ကောင်း မြတ် ခြင်း၊ သစ္စာ စောင့် ခြင်း၊ နူး ညံ့ သိမ် မွေ့ ခြင်း၊ ကာ မ ဂုဏ် ချုပ် တည်း ခြင်း စ တဲ့ အ ရည် အ သွေး များ အား ဖြင့် သူ တို့ ရဲ့ အ သက် တာ မှာ ကောင်း ကြီး မင်္ဂ လာ ခံ စား ရ ဖို့ ဖြစ် ပါ တယ်။ အ ကျိုး ကျေး ဇူး ခံ စား ရ ဖို့ ဖြစ် ပါ တယ်။
အဲ ဒါ ကြောင့် ဂ လာ တိ ဩ ဝါ ဒ စာ အ ခန်း ကြီး ၅ မှာ ဖော် ပြ ထား တဲ့ ဝိ ညာဉ် ပ က တိ အ ကျိုး (အ သီး အ ပွင့်) ဆို တာ ကိုယ့် အ တွက် မ ဟုတ် ဘဲ ကျွန် တော် တို့ နဲ့ ထိ တွေ့ ဆက် ဆံ ရ တဲ့ တစ် ခြား သူ တွေ အ တွက် သာ ဖြစ် တယ် ဆို တဲ့ အ ကြောင်း တင် ပြ လိုက် ရ ပါ တယ် ခင် ဗျား။
ဒီ ဆောင်း ပါး ဖတ် ရှု သူ တွေ ရဲ့ အ သက် တာ မှာ တစ် ခြား သူ တွေ အ တွက် ဝိ ညာဉ် အ သီး အ ပွင့် တွေ သီး ပွင့် ဖို့ ကျွန် တော် ဆန္ဒ ပြု လိုက် ပါ တယ်။