အ ချင်း မိန်း မ
အ ချင်း မိန်း မ
ကာ န မြို့ မင်္ဂ လာ ဆောင် ပွဲ မှာ စ ပျစ် ရည် ကုန် သွား လို့ မယ် တော် က သ ခင် ယေ ရှု ကို စ ပျစ် ရည် မ ရှိ တော့ တဲ့ အ ကြောင်း ပြော ပြ တော့ သ ခင် ယေ ရှု က မယ် တော် ကို “အ ချင်း မိန်း မ၊ သင် သည် ငါ နှင့် အ ဘယ် သို့ ဆိုင် သ နည်း။ ငါ့ အ ချိန် မ ရောက် သေး” လို့ ပြန် ပြော ခဲ့ တယ် (ယော ၂:၃-၄)။
ဒါ့ အ ပြင် သူ့ ရဲ့ နောက် ဆုံး အ ချိန်၊ ကား တိုင် ပေါ် မှာ သေ ဆုံး ကာ နီး မှာ တောင် သ ခင် ယေ ရှု က မယ် တော် ကို “အ ချင်း မိန်း မ၊ သင် ၏ သား ကို ကြည့် ပါ” လို့ ပြော ခဲ့ ပြန် တယ် (ယော ၁၉:၂၅-၂၆)။
သ ခင် ခ ရစ် တော် မယ် တော် မာ ရိ အ ပေါ် မှာ သုံး ခဲ့ တဲ့ “အ ချင်း မိန်း မ” ဆို တဲ့ အ သုံး အ နှုန်း ဟာ လူ့ သ ဘာ ဝ နဲ့ အင် မ တန် ဆန့် ကျင် ပါ တယ်။ ဘယ် ယဉ် ကျေး မှု မှာ မ ဆို ကိုယ့် မိ ခင် ဖ ခင် တို့ ကို လေး လေး စား စား ပြော ဆို ဆက် ဆံ ရ တာ လူ တွေ ရဲ့ ထုံး တမ်း စဉ် လာ ပါ။ ဒီ ထုံး တမ်း စဉ် လာ ကို ဖောက် ဖျက် ပြီး ကိုယ့် မိ ခင် ကို “အ ချင်း မိန်း မ” လို့ ခေါ် တာ မ သင့် တော် ပါ ဘူး။ ရိုင်း စိုင်း တယ် လို့ ဆို နိုင် ပါ တယ်။
ဒါ့ ထက် ပို ဆိုး တာ က ဒီ စ ကား လုံး တွေ ကို တစ် ခြား လူ တွေ သုံး နှုန်း မ ဟုတ် ဘဲ ကျွန် တော် တို့ ရဲ့ ကယ် တင် ရှင် သ ခင် ခ ရစ် တော် ကိုယ် တိုင် က ပြော ဆို သုံး နှုန်း ခဲ့ ခြင်း ဖြစ် ပါ တယ်။ ပို ၍ ပို ၍ ဆိုး တာ က ကျမ်း စာ ထဲ မှာ ခ ရစ် တော် က သူ ဟာ နူး ညံ့ သိမ် မွေ့ နှိမ့် ချ တဲ့ စိတ် သ ဘော ရှိ တဲ့ အ တွက် သူ့ ဆီ မှာ နည်း ခံ ဖို့၊ သင် ယူ ဖို့ ကျွန် တော် တို့ ကို မှာ ကြား ခဲ့ တယ်။ သူ့ အ ပြော နဲ့ သူ့ အ လုပ် ဟာ လုံး ဝ မ ကိုက် ညီ ဘူး လို့ ထင် ရ တယ်။
“ဝန် လေး ၍ ပင် ပန်း သော သူ အ ပေါင်း တို့၊ ငါ့ ထံ သို့ လာ ကြ လော့။ ငါ သည် ချမ်း သာ ပေး မည်။ ငါ့ ထမ်း ပိုး ကို တင် ၍ ထမ်း ကြ လော့။ ငါ့ ထံ ၌ နည်း ခံ ကြ လော့။ ငါ သည် နူး ညံ့ သိမ် မွေ့ နှိမ့် ချ သော စိတ် သ ဘော ရှိ ၏။ သင် တို့ စိတ် နှ လုံး သည် သက် သာ ခြင်း ကို ရ လိမ့် မည်။” (မ ၁၁:၂၈-၂၉)
ပြီး တော့ ရှင် ပေါ လု က လဲ ကျွန် တော် တို့ ကို ခ ရစ် တော် ရဲ့ စံ န မူ နာ အ တိုင်း အ သက် ရှင် ဖို့ ပြော ခဲ့ တယ်။
“ငါ သည် ခ ရစ် တော် နည်း တူ ကျင့် သ ကဲ့ သို့ သင် တို့ လည်း ငါ့ နည်း တူ ကျင့် ကြ လော့။” (၁ ကော ၁၁:၁)
ရှင် ပေ တ ရု က လည်း ကျွန် တော် တို့ ကို ခ ရစ် တော် ရဲ့ ခြေ တော် ရာ အ တိုင်း လျှောက် ကြ ဖို့ ပြော ခဲ့ တယ်။
“အ ကြောင်း မူ ကား၊ ထို သို့ အ လို ငှါ သင် တို့ ကို ခေါ် တော် မူ ပြီ။ ခ ရစ် တော် သည် ငါ တို့ အ တွက် ခံ တော် မူ သည် ဖြစ် ၍၊ ခြေ တော် ရာ ကို ရှောက် လိုက် စေ ခြင်း ငှါ ပုံ သက် သေ ကို ထား တော် မူ ပြီ။” (၁ ပေ ၂:၂၁)
အဲ သ လို ယုံ ကြည် သူ ခ ရစ် ယာန် တွေ အ သက် ရှင် တဲ့ နေ ရာ မှာ စံ န မူ နာ ထား ရ မယ်၊ အ တု ယူ ရ မယ် လို့ ဆို တဲ့၊ နူး ညံ သိမ် မွေ့ နှိမ့် ချ နဲ့ စိတ် သ ဘော ရှိ တဲ့ ယေ ရှု ခ ရစ် တော် ကိုယ် တိုင် က သူ့ ရဲ့ မိ ခင် မယ် တော် မာ ရိ ကို “အ ချင်း မိန်း မ” ခေါ် တာ ဟာ အ တော် လေး ကို ကြား မ ကောင်း တဲ့ အ ရာ ဖြစ် ပါ တယ်။ ခ ရစ် တော် ရဲ့ ခြေ တော် ရာ ကို လျှောက် လိုက် ရ မယ် ဆို ရင် ကျွန် တော် တို့ ယုံ ကြည် သူ တွေ ဟာ လည်း ကိုယ့် မိ ခင် ကို “အ ချင်း မိန်း မ” လို့ ခေါ် ရ မ လို ဖြစ် နေ ပြီ။
အဲ ဒါ ကြောင့်၊ ခ ရစ် တော် က မယ် တော် မာ ရိ ကို “အ ချင်း မိန်း မ” လို့ ခေါ် ရ ခြင်း အ ကြောင်း နဲ့ ပတ် သက် ပြီး ဖြေ ရှင်း ချက် တွေ ကို ဓမ္မ ပ ညာ ရှင် တွေ က ဖြေ ကြား ကြ တာ ကို မိတ် ဆွေ တို့ ကြား ဖူး၊ ဖတ် ဖူး ကြ ပါ လိမ့် မယ်။ အင် တာ နက် နဲ့ YouyTube စ တဲ့ မီ ဒီ ယာ တွေ မှာ လည်း ကြည့် ဖူး ပါ လိမ့် မယ်။ အဲ ဒီ ဖြေ ရှင်း ချက် တွေ ကို ကျွန် တော် မှား တယ် မှန် တယ် မ ပြော ချင် ပါ ဘူး။ ဒါ ပေ မဲ့ ဒီ ဆောင်း ပါး ထဲ မှာ တော့ သူ တို့ နဲ့ ကွဲ ပြား တဲ့ ကျွန် တော့် အ မြင် ကို တင် ပြ ချင် ပါ တယ်။
သ ခင် ယေ ရှု ၏ လူ့ ဘ ဝ ပ ထ မ ပိုင်း
သ ခင် ခ ရစ် တော် ဟာ လူ့ ဇာ တိ ခံ ယူ ပြီး လော က မှာ အ သက် ရှင် ကျင် လည် ခဲ့ တဲ့ အ သက် တာ ကို နှစ် ပိုင်း ခွဲ လို့ ရ တယ် လို့ ကျွန် တော် ခံ ယူ ပါ တယ်။ အဲ ဒီ နှစ် ပိုင်း ထဲ က ပ ထ မ ပိုင်း ဟာ သူ မွေး ဖွား ချိန် က နေ စ ပြီး သူ ဗတ္တိ ဇံ ခံ တဲ့ အ ချိန် အ ထိ ဖြစ် ပါ တယ်။ အဲ ဒါ က နှစ် ပေါင်း သုံး ဆယ် လောက် ကြာ တယ် လို့ ကျမ်း စာ အ ရ ကျွန် တော် တို့ သိ ရ ပါ တယ်။
“ထို အ ခါ ယေ ရှု သည် အ နှစ် သုံး ဆယ် ခန့် မျှ ရှိ တော် မူ ၏။ လူ များ အ ထင် အ မှတ် အား ဖြင့် ကိုယ် တော် ၏ အ ဘ ကား ယော သပ် တည်း။” (လု ၃:၂၃)
ဒီ ပ ထ မ ပိုင်း ကာ လ မှာ သ ခင် ခ ရစ် တော် ဟာ သာ မန် လူ သား တစ် ယောက် အ နေ နဲ့ ဘဲ အ သက် ရှင် ခဲ့ တယ် လို့ ကျွန် တော် မြင် ပါ တယ်။ သူ ဟာ သာ မန် လူ တစ် ဦး အ နေ နဲ့ အ သက် ရှင် ခဲ့ တဲ့ အ တွက် သူ့ မိ ဘ တွေ ကို လည်း သာ မန် လူ တွေ ဆက် ဆံ သ လို ဘဲ လက် ခံ ဆက် ဆံ ခဲ့ ပါ တယ်။ ဒါ ကို ဘာ ကြောင့် ပြော နိုင် သ လဲ ဆို ရင် ခ ရစ် တော် ၁၂ နှစ် သား လောက် တုန်း က ဗိ မာန် တော် မှာ ကျန် ခဲ့ လို့ သူ့ မိ ဘ တွေ က နေ ပြန် ရှာ တွေ့ တဲ့ အ ချိန် မှာ သူ ပြော ခဲ့ တဲ့ စ ကား တွေ ကြောင့် ဖြစ် ပါ တယ်။
“မိ ဘ တို့ သည် နှစ် တိုင်း အ စဉ် ပ သ ခါ ပွဲ ခံ ချိန် ရောက် လျှင်၊ ယေ ရု ရှ လင် မြို့ သို့ သွား ကြ ၏။ ယေ ရှု သည် တ ဆယ် နှစ် နှစ် ရှိ သော အ ခါ ပ သ ခါ ပွဲ ထုံး စံ အ တိုင်း ယေ ရု ရှ လင် မြို့ သို့ တက် ကြ ၍၊ ပွဲ နေ့ ရက် လွန် ပြီး မှ မိ ဘ တို့ သည် ပြန် ကြ လျှင်၊ သူ ငယ် ယေ ရှု သည် ယေ ရု ရှ လင် မြို့ ၌ နေ ရစ် လေ ၏။ ယော သပ် နှင့် မယ် တော် သည် ထို အ ကြောင်း ကို မ သိ ၍၊ အ ပေါင်း အ ဘော် စု ထဲ မှာ သူ ငယ် ပါ သည် ဟု စိတ် ထင် နှင့် တ နေ့ ခ ရီး သွား မိ လျှင်၊ အ ဆွေ အ မျိုး အ သိ အ ကျွမ်း တို့ တွင် ရှာ ၍၊ မ တွေ့ သော အ ခါ ယေ ရု ရှ လင် မြို့ သို့ ပြန် ၍ ရှာ ကြ ၏။ သူ ငယ် မူ ကား၊ ဗိ မာန် တော် ၌ ဆ ရာ များ အ လယ် မှာ ထိုင် ၍ ထို သူ တို့ နှင့် ဆွေး နွှေး မေး မြန်း လျက် ရှိ သည် ကို မိ ဘ တို့ သည် သုံး ရက် ကြာ မှ တွေ့ ကြ ၏။ သူ ၏ စ ကား ကို ကြား သော သူ အ ပေါင်း တို့ သည် သူ ၏ ပ ညာ ကို ၎င်း၊ စ ကား အ ဖြေ ကို ၎င်း အံ့ ဩ ကြ ၏။ မိ ဘ တို့ သည် သား ကို မြင် လျှင် မိန်း မော တွေ ဝေ ၍ မယ် တော် က၊ ငါ့ သား၊ အ ဘယ် ကြောင့် ငါ တို့ အား ဤ သို့ ပြု သ နည်း။ ညှိုး ငယ် ကြောင့် ကြ သော စိတ် နှင့် မိ ဘ တို့ သည် မောင် ကို ရှာ ကြ ပြီ ဟု ဆို သော်၊ ယေ ရှု က၊ မိ ဘ သည် အ ဘယ် ကြောင့် အ ကျွန်ုပ် ကို ရှာ ရ ပါ သ နည်း။ အ ကျွန်ုပ် သည် အ ဘ ၏ အိမ် ၌ နေ ရ သည် ကို မ သိ ပါ သ လော ဟု ပြော ဆို လျှင်၊ သူ တို့ သည် ထို စ ကား ကို နား မ လည် ကြ။” (လု ၂:၄၁-၅၀)
မိ ဘ တွေ က သူ့ ကို ပြန် တွေ့ ချိန် မှာ သူ တို့ ဘယ် လောက် စိတ် ပူ ရ တဲ့ အ ကြောင်း ပြော ပြ တော့ ယေ ရှု က “မိ ဘ သည် အ ဘယ် ကြောင့် အ ကျွန်ုပ် ကို ရှာ ရ ပါ သ နည်း” ဆို ပြီး တော့ သူ့ မိ ခင် ဖ ခင် တို့ ကို “မိ ဘ” လို့ ခေါ် ဆို ခဲ့ တယ်။ ဒါ့ အ ပြင် အဲ ဒီ နောက် ပိုင်း မှာ လည်း သူ တို့ စ ကား ကို နား ထောင် တယ် လို့ ကျမ်း စာ က ဖော် ပြ ခဲ့ တယ်။
“ထို နောက် ယေ ရှု သည် မိ ဘ တို့ နှင့် အ တူ သွား သ ဖြင့် နာ ဇ ရက် မြို့ သို့ ရောက် ၍ သူ တို့ စ ကား ကို နား ထောင် လျက် နေ လေ ၏။ ထို အ ကြောင်း အ ရာ အ လုံး စုံ တို့ ကို မယ် တော် သည် နှ လုံး ထဲ ၌ မှတ် ကျုံး လေ ၏။ ယေ ရှု သည် လည်း အ စဉ် အ တိုင်း ကြီး ၍ ပ ညာ တိုး ပွား လျက်၊ ဘု ရား သ ခင့် ရှေ့၊ လူ တို့ ရှေ့ မှာ မျက် နှာ ရ တော် မူ ၏။” (လု ၂:၅၁-၅၂)
မိ ဘ ကို မိ ဘ လို့ မ ဆက် ဆံ တဲ့ သူ ဟာ မိ ဘ စ ကား ကို နား ထောင် မှာ မ ဟုတ် ဘူး။ ပြီး တော့ မိ ဘ ကို မိ ဘ လို့ မ ဆက် ဆံ တဲ့ သူ ဟာ ဘု ရား သ ခင် ရှေ့ မ ပြော နဲ့ လူ တွေ ရှေ့ မှာ တောင် မျက် နှာ ရ မှာ မ ဟုတ် ဘူး။ ဒါ ကြောင့် ယေ ရှု ဟာ သူ့ ဘ ဝ ရဲ့ ပ ထ မ ပိုင်း မှာ သူ့ မိ ဘ တွေ ကို မိ ခင် ဖ ခင် လို သ ဘော ထား ပြီး ကောင်း မွန် စွာ ပြော ဆို ဆက် ဆံ ခဲ့ ကြောင်း ကျွန် တော် တို့ သိ နိုင် ပါ တယ်။
သ ခင် ယေ ရှု ၏ လူ့ ဘ ဝ ဒု တိ ယ ပိုင်း
သ ခင် ယေ ရှု ရဲ့ လူ့ ဘ ဝ ဒု တိ ယ ပိုင်း ဟာ သူ ဗတ္တိ ဇံ ခံ ပြီး ချိန် က နေ ပြီး စ တင် တယ် လို့ ကျွန် တော် မြင် ပါ တယ်။ ခ ရစ် တော် ရဲ့ ဗတ္တိ ဇံ ခံ ခြင်း ဟာ အင် မ တန် ထူး ခြား ပါ တယ်။ ထူး ခြား ဆန်း ကြယ် တဲ့ နိ မိတ် လက္ခ ဏာ တွေ ကို တွေ့ ရ တယ်။ သူ ရေ ထဲ က နေ ပြန် ပေါ် ချိန် မှာ သူ့ အ ပေါ် သန့် ရှင်း သော ဝိ ညာဉ် တော် ဆင်း သက် လာ ပြီး သူ ဟာ ဘု ရား သား တော် ဖြစ် တဲ့ အ ကြောင်း ကောင်း ကင် က နေ အ သံ တော် ကြား ရ ပါ တယ်။
“ယေ ရှု သည် ဗတ္တိ ဇံ ကို ခံ တော် မူ ပြီး လျှင်၊ ရေ မှ ပေါ် ထ စဉ် တွင်၊ ကောင်း ကင် ဖွင့် လှစ် သ ဖြင့်၊ ဘု ရား သ ခင် ၏ ဝိ ညာဉ် တော် သည် ချိုး ငှက် ကဲ့ သို့ ဆင်း သက် ၍ ကိုယ် တော် အ ပေါ် ၌ နား တော် မူ သည် ကို မြင် ရ ၍၊ ဤ သူ ကား ငါ နှစ် သက် မြတ် နိုး ရာ၊ ငါ ၏ ချစ် သား ပေ တည်း ဟု ကောင်း ကင် က အ သံ တော် ဖြစ် လေ ၏။” (မ ၃:၁၆-၁၇)
“ထို အ ခါ ယေ ရှု သည် ဂါ လိ လဲ ပြည် နာ ဇ ရက် မြို့ မှ ကြွ လာ ၍ ယော ဟန် လက် ဖြင့် ယော် ဒန် မြစ် ၌ ဗတ္တိ ဇံ ကို ခံ တော် မူ ၏။ ရေ မှ ပေါ် ထ စဉ် တွင် ကောင်း ကင် ကွဲ ၍ ဝိ ညာဉ် တော် သည် ချိုး ငှက် ကဲ့ သို့ ကိုယ် တော် အ ပေါ် သို့ ဆင်း သက် တော် မူ သည် ကို မြင် ရ ၍၊ သင် ကား ငါ နှစ် သက် မြတ် နိုး ရာ၊ ငါ ၏ ချစ် သား ပေ တည်း ဟု ကောင်း ကင် က အ သံ တော် ဖြစ် လေ ၏။” (မာ ၁:၉-၁၁)
“လူ အ ပေါင်း တို့ သည် ဗတ္တိ ဇံ ကို ခံ ကြ သော အ ခါ၊ ယေ ရှု သည် လည်း ဗတ္တိ ဇံ ကို ခံ တော် မူ ၍ ဆု တောင်း စဉ် တွင်၊ ကောင်း ကင် ဖွင့် လှစ် သ ဖြင့်၊ သန့် ရှင်း သော ဝိ ညာဉ် တော် သည် ချိုး ငှက် ကဲ့ သို့ ကိုယ် ထင် ရှား လျက် ကိုယ် တော် အ ပေါ် ၌ ဆင်း သက် တော် မူ ၍၊ သင် ကား၊ ငါ နှစ် သက် မြတ် နိုး ရာ၊ ငါ ၏ ချစ် သား ပေ တည်း ဟု ကောင်း ကင် က အ သံ တော် ဖြစ် လေ ၏။” (လု ၃:၂၁-၂၂)
“ထို မှ တ ပါး ဝိ ညာဉ် တော် သည် ကောင်း ကင် မှ ချိုး ငှက် ကဲ့ သို့ ဆင်း သက် ၍ ထို သူ ၏ အ ပေါ် ၌ နား တော် မူ သည် ကို ငါ မြင် ရ ပြီ။ အ စ က ထို သူ ကို ငါ မ သိ။ ရေ ၌ ဗတ္တိ ဇံ ကို ပေး စေ ခြင်း ငှါ ငါ့ ကို စေ လွှတ် တော် မူ သော သူ က၊ အ ကြင် သူ ၏ အ ပေါ် ၌ ဝိ ညာဉ် တော် ဆင်း သက် ၍ နား တော် မူ သည် ကို သင် သည် မြင် လျှင်၊ ထို သူ ကား၊ သန့် ရှင်း သော ဝိ ညာဉ် တော် ၌ ဗတ္တိ ဇံ ကို ပေး သော သူ ပေ တည်း ဟု မိန့် တော် မူ သည် နှင့် အ ညီ၊ ငါ သည် မြင် ၍ ဤ သူ သည် ဘု ရား သ ခင် ၏ သား တော် ဖြစ် တော် မူ ကြောင်း ကို သက် သေ ခံ သည် ဟု ယော ဟန် ဆို လေ ၏။” (ယော ၁:၃၂-၃၄)
ဒီ ကျမ်း ပိုဒ် တွေ အ ရ ယေ ရှု ဗတ္တိ ဇံ ခံ ယူ တဲ့ အ ချိန် မှာ သူ ဟာ သာ မာန် လူ မ ဟုတ် ဘဲ ဘု ရား သ ခင် ရဲ့ သား တော် ဖြစ် ကြောင်း ကောင်း ကင် ဘုံ က နေ ကြေ ငြာ တာ ကို အ ထင် အ ရှား တွေ့ ရ တယ်။ တစ် နည်း အား ဖြင့် အဲ ဒီ အ ချိန် က စ ပြီး သူ ဟာ သာ မန် လူ ဘ ဝ က နေ တ ရား ဝင် ဘု ရား သ ခင် ရဲ့ သား တော် အ နေ နဲ့ လော က မှာ စ တင် အ သက် ရှင် တယ် လို့ ကျွန် တော် ဆို ချင် ပါ တယ်။
ခ ရစ် တော် ရဲ့ လူ့ ဘ ဝ ဒု တိ ယ ပိုင်း ဟာ သူ ဗတ္တိ ဇံ ခံ ပြီး ချိန် က နေ ကား တိုင် ပေါ် မှာ အ သက် စွန့် တဲ့ အ ချိန် အ ထိ ဖြစ် ပြီး သုံး နှစ် ခွဲ လောက် ကြာ ပါ တယ်။ ဒီ သုံး နှစ် ခွဲ ဆို တဲ့ အ ချိန် ကို ရှင် ယော ဟန် ခ ရစ် ဝင် ထဲ မှာ ပ သ ခါ ပွဲ သုံး ခါ ကျင်း ပ တဲ့ အ ကြောင်း တွေ့ ရ တာ ကို အ ခြေ ခံ ပြီး တော့ မှ တစ် ခြား အ ဖြစ် အ ပျက် တွေ နဲ့ ပေါင်း စပ် ပြီး ရ လာ ခြင်း ဖြစ် ပါ တယ်။
သ ခင် ခ ရစ် တော် ဗတ္တိ ဇံ ခံ ပြီး တော့ မှ ဘု ရား သား တော် အ ဖြစ် အ သက် ရှင် ကြောင်း ပြော လို့ အဲ ဒီ ဗတ္တိ ဇံ ခံ ချိန် ကျ မှ သူ ဟာ ဘု ရား သား တော် ဖြစ် ကြောင်း သိ လာ တယ် လို့ ကျွန် တော် မ ဆို လို ပါ ဘူး။ သူ ငယ် စဉ် က လေး ဘ ဝ က တည်း က သူ့ အ ဖြစ် မှန် ကို သူ သိ ပြီး ဖြစ် ပါ တယ်။ သ ခင် ယေ ရှု ၁၂ နှစ် သား အ ရွယ် ဗိ မာန် တော် မှာ “မိ ဘ သည် အ ဘယ် ကြောင့် အ ကျွန်ုပ် ကို ရှာ ရ ပါ သ နည်း။ အ ကျွန်ုပ် သည် အ ဘ ၏ အိမ် ၌ နေ ရ သည် ကို မ သိ ပါ သ လော” လို့ ပြော ခဲ့ တဲ့ အ တွက် ကြောင့် သူ ဟာ သူ့ ကိုယ် သူ ဘု ရား သား တော် ဖြစ် ကြောင်း တစ် ချိန် လုံး သိ နေ တယ် လို့ ကျွန် တော် ဆို ချင် ပါ တယ်။
အဲ သ လို ငယ် စဉ် က လေး ဘ ဝ က တည်း က သူ ဟာ ဘု ရား သား တော် ဖြစ် ကြောင်း သိ ပေ မဲ့ လဲ သူ ဟာ ဘု ရား သား တော် အ နေ နဲ့ မ ဟုတ် ဘဲ သာ မန် လူ သား တစ် ယောက် အ နေ နဲ့ ဘဲ မိ ဘ စ ကား နား ထောင် ပြီး လိမ် လိမ် မာ မာ နေ ခဲ့ တယ်။ သူ ဗတ္တိ ဇံ ခံ ပြီး ချိန် ကျ တော့ မှ သာ မန် လူ သား လို မ ဟုတ် ဘဲ ကောင်း ကင် က ကြွ လာ တဲ့ ဘု ရား သ ခင် ရဲ့ သား တော် အ နေ နဲ့ ထင် ထင် ပေါ် ပေါ် နေ ခဲ့ တယ် လို့ ကျွန် တော် ထင် ပါ တယ်။
သ ခင် ယေ ရှု လူ့ ဘ ဝ ဒု တိ ယ ပိုင်း မှာ ဘာ ကြောင့် ဘု ရား သား အ ဖြစ် အ သက် ရှင် ခဲ့ ရ တာ လဲ
သ ခင် ယေ ရှု ခ ရစ် တော် ရဲ့ ဗတ္တိ ဇံ ခံ ခြင်း ဟာ အင် မ တန် ထူး ခြား ဆန်း ကြယ် တဲ့ အ ကြောင်း ကျွန် တော် ပြော ခဲ့ ပါ တယ်။ ဒီ ဗတ္တိ ဇံ ခံ ယူ ခြင်း ဟာ သူ့ ရဲ့ လူ့ ဘ ဝ ကို နှစ် ပိုင်း ပိုင်း ခြား စေ တာ တင် မ က ဘူး သူ့ ရဲ့ အ မှု တော် ဆောင် ဘ ဝ ကို စ တင် စေ ခဲ့ ခြင်း လည်း ဖြစ် ပါ တယ်။
ယေ ရှု ဟာ ဗတ္တိ ဇံ မ ခံ မီ မှာ သာ မန် လူ သား တစ် ယောက် အ နေ နဲ့ မိ ဘ ကို လုပ် ကျွေး ပြီး အ သက် ရှင် ခဲ့ ပေ မဲ့ ဗတ္တိ ဇံ ခံ ပြီး ချိန် မှာ တော့ ဘု ရား သား တော် အ နေ နဲ့ ခ မည်း တော် ပေး တဲ့ အ မှု တော် ကို ထမ်း ဆောင် ပြီး အ သက် ရှင် ခဲ့ ပါ တယ်။
“ယေ ရှု က၊ ငါ့ ကို စေ လွှတ် တော် မူ သော သူ ၏ အ လို တော် ကို ဆောင် ခြင်း၊ သူ ၏ အ မှု တော် ကို ပြီး စီး ခြင်း အ မှု သည် ငါ့ စား စ ရာ ဖြစ် ၏။” (ယော ၄:၃၄)
ဒီ အ ချက် ဟာ အင် မ တန် အ ရေး ကြီး ပါ တယ်။ ဘာ ဖြစ် လို့ လဲ ဆို တော့ ခ ရစ် တော် အ မှု တော် ဆောင် တာ ဟာ လူ သား တစ် ရပ် လုံး ကို ကယ် တင် ဖို့ ဖြစ် တယ်။ ခ ရစ် တော် ဟာ လူ တွေ ကို ကယ် တင် ချင် ရင် လူ တွေ ကို ကယ် တင် နိုင် တဲ့ သူ ဖြစ် ဖို့ လို တယ်။ လူ က လူ ကို မ ကယ် နိုင် ဘူး လို့ ကျမ်း စာ ထဲ မှာ အ တိ အ ကျ ပြော ထား တယ်။
“မိ မိ ညီ အစ် ကို ကို အ ဘယ် သူ မျှ အ လျှင်း မ ရွေး နိုင်။ ရွေး ရန် အ ဘိုး ကို ဘု ရား သ ခင် ၌ မ ပေး နိုင်။ သူ တို့ အ သက် ဝိ ညာဉ် ၏ ရွေး ရန် အ ဘိုး ကြီး လှ ပေ ၏။ သို့ ဖြစ် ၍ အ စဉ် ရှုံး လျက် နေ ရ မည်။” (ဆာ ၄၉:၇-၈)
ဒါ ကြောင့် လူ တွေ ကို ကယ် တင် ဖို့ ကိစ္စ ကို ဘု ရား သ ခင် က ဘဲ တတ် နိုင် တယ်။ ဒါ ကြောင့် လူ တွေ ကို ကယ် တင် ဖို့ လူ့ ဇာ တိ ကို ခံ ယူ ခဲ့ တဲ့ ယေ ရှု ဟာ ကယ် တင် ခြင်း အ မှု ကို ပြီး မြောက် စေ ဖို့ လူ တစ် ယောက် အ နေ နဲ့ မ ဟုတ် ဘဲ ဘု ရား သား တော် အ နေ နဲ့ လုပ် ဆောင် ဖို့ လို တယ်။ သူ ဟာ ဘု ရား သား တော် အ နေ နဲ့ ကား တိုင် ပေါ် မှာ အ သက် တော် စွန့် ဖို့ မ ဖြစ် မ နေ လို အပ် တယ်။
ဒါ ကြောင့် သ ခင် ယေ ရှု ဟာ ဗတ္တိ ဇံ ဆ ရာ ယော ဟန် ဆီ မှာ ဗတ္တိ ဇံ ခံ ယူ ပြီး ချိန် က စ ပြီး သာ မာန် လူ တစ် ယောက် အ နေ နဲ့ မ ဟုတ် ဘဲ၊ ဘု ရား သား တော် အ နေ နဲ့ အ သက် ရှင် လှုပ် ရှား ခဲ့ ပါ တယ်။ လူ သား တစ် ရပ် လုံး ကို ထာ ဝ ရ င ရဲ ထဲ က နေ ကယ် တင် မဲ့ အ မှု တော် လုပ် ငန်း ကြီး ကို စ တင် ထမ်း ဆောင် တယ်။ သူ့ ရဲ့ အ မှု တော် ဆောင် ကာ လ မှာ လည်း သူ ဟာ သာ မန် လူ သား လို မ ဟုတ် ဘဲ ဘု ရား သား တော် လို ဟော ပြော ခဲ့ တာ၊ အံ့ ဘွယ် တန် ခိုး နိ မိတ် လက္ခ ဏာ တွေ ပြ ခဲ့ တာ ကို ကျွန် တော် တို့ တွေ့ ရ တယ်။
ခြုံ ငုံ သုံး သပ် ချက်
အား လုံး ကို ခြုံ ပြီး ပြော ရ ရင်၊ ယေ ရှု ခ ရစ် တော် ဟာ ဗတ္တိ ဇံ မ ခံ မီ မှာ သာ မန် လူ သား တစ် ယောက် လို အ သက် ရှင် ပြီး သာ မန် လူ သား တစ် ယောက် လို ကျင့် ကြံ ပြော ဆို ခဲ့ ပေ မဲ့၊ ဗတ္တိ ဇံ ခံ အ ပြီး မှာ တော့ သူ ဟာ ဘု ရား သား တော် လို အ သက် ရှင် ပြီး ဘု ရား သား တော် လို ကျင့် ကြံ ပြော ဆို ခဲ့ တယ်။ ခ ရစ် ဝင် ကျမ်း တွေ ကို ကြည့် ရင် ဒီ အ ချက် တွေ ကို ထင် ထင် ရှား ရှား တွေ့ နိုင် ပါ တယ်။
သာ မန် လူ သား တိုင်း မှာ မိ ခင် ဆို တာ ရှိ ပေ မဲ့ ဘု ရား သ ခင် ဆီ မှာ မိ ခင် ဆို တာ မ ရှိ ဘူး။ ဒါ ကြောင့် သ ခင် ယေ ရှု ဟာ သာ မန် လူ သား တစ် ယောက် အ နေ နဲ့ အ သက် ရှင် ချိန် မှာ မယ် တော် မာ ရိ ကို မိ ခင် လို့ ခေါ် နိုင် ပေ မဲ့၊ ဘု ရား သား တော် အ နေ နဲ့ အ သက် ရှင် တဲ့ အ ချိန် မှာ ဘယ် မိန်း မ ကို မှ မိ ခင် လို့ ခေါ် ဖို့ မ ဖြစ် နိုင် ဘူး။ ဒါ ကြောင့် သူ ဟာ မယ် တော် မာ ရိ ကို တစ် ခြား မိန်း မ တွေ လို ဘဲ “အ ချင်း မိန်း မ” လို့ ပြော ဆို ဆက် ဆံ ခဲ့ ပါ တယ်။
ဒါ ကြောင့် သ ခင် ယေ ရှု က မယ် တော် မာ ရိ ကို “အ ချင်း မိန်း မ” လို့ ခေါ် တာ ဟာ ရိုင်း ပြ တာ မ ဟုတ် ပါ ဘူး၊ လူ့ ယဉ် ကျေး မှု ကို နား မ လည် တာ လည်း မ ဟုတ် ပါ ဘူး၊ လူ သား တစ် ရပ် လုံး ကို ကယ် တင် ဖို့ အ တွက် သူ့ ရဲ့ ရပ် တည် မှု အ နေ အ ထား နဲ့ လိုက် လျော ညီ ထွေ တဲ့ ပြော ဆို မှု သာ လျှင် ဖြစ် ကြောင်း ကျွန် တော် တင် ပြ ချင် ပါ တယ်။
ဒါ ဟာ ကျွန် တော် ရဲ့ ပုဂ္ဂ လိ က ခံ ယူ ချက် သာ လျှင် ဖြစ် ပါ တယ်။ မှား တယ် မှန် တယ် လို့ မ ပြော ချင် ပါ ဘူး။ မိတ် ဆွေ ဖာ သာ လေ့ လာ သုံး သပ် ရင်း အ ဖြေ မှန် ကို ရှာ ဖို့ တိုက် တွန်း လို ပါ တယ်။ စာ ဖတ် သူ မိတ် ဆွေ ကို ဘု ရား သ ခင် ကောင်း ချီး ပေး ပါ စေ။