ပြန် သွား
Published: 14/05/2022 Last Edited: 06/02/2024
မျှော် လင့် ခြင်း
ဒီ နှစ် ၂၀၂၂ ဖေ ဖော် ဝါ ရီ လ ၃ ရက် နေ့ မှာ ကျွန် တော့် ရဲ့ ဇ နီး သည် ဒေါ် ရွှေ ညှာရ်း ကွယ် လွန် သွား ခဲ့ ပါ တယ်။ အ ခု ကျွန် တော် ဒီ ဆောင်း ပါး ရေး နေ တဲ့ အ ချိန် က နေ ဆို ရင် သုံး လ လောက် ရှိ သွား ပြီ ပေါ့။ မ မျှော် လင့် ဘဲ ခေါ် တော် မူ ခြင်း ခံ ရ တယ် ဆို ရင် မ မှား ပါ ဘူး။ ပြီး ခဲ့ တဲ့ ၂၀၂၁ နို ဝင် ဘာ လ လောက် မှာ သူ လက် မောင်း နာ တာ ကို ဆေး ခန်း ပြ ရာ မှာ မ သက် တာ တာ က စ ပြီး နောက် ဆုံး အ ဆုပ် ထိ ခိုက် မှု ကြောင့် စင်္ကာ ပူ က Sengkang ဆေး ရုံ ကြီး ရဲ့ အ ရေး ပေါ် ဌာ န (ICU) မှာ ဆေး ကု သ ခံ ယူ ရင်း ကွယ် လွန် သွား ခြင်း ဖြစ် ပါ တယ်။ သူ ကွယ် လွန် ရ ခြင်း ရဲ့ အ ခြေ ခံ အ ကြောင်း ရင်း ကို အ ခု ကျွန် တော် ဒီ ဆောင်း ပါး ကို ရေး နေ တဲ့ အ ချိန် ထိ မ သိ ရ သေး ပါ ဘူး။ ဆေး ရုံ က နေ သေ ဆုံး ကြောင်း စာ ထုတ် တဲ့ အ ထဲ မှာ Covid 19 ကာ ကွယ် ဆေး ရဲ့ ပ ယော ဂ (complication) ပါ နိုင် တယ် လို့ မှတ် ချက် ပေး ထား ပါ တယ်။ ရင် ခွဲ ရုံ ရဲ့ post mortem အ ဖြေ ရ လဒ် ကို လည်း လဲ မ သိ ရ သေး ပါ ဘူး။ ဒါ ပေ မဲ့ ဒီ အ ကြောင်း အ ရာ တွေ ဟာ ကျွန် တော့် အ တွက် အ ရေး မ ကြီး တော့ ပါ ဘူး။ ဒီ ဆောင်း ပါး ကို ရေး တာ ဟာ လည်း ဒါ တွေ ကို ရှင်း ပြ ဖို့ မ ဟုတ် ပါ ဘူး။ ဒါ ဟာ စ ကား ပလ္လင် ခံ တာ ဘဲ ဖြစ် ပါ တယ်။ ကျွန် တော် အ ဓိ က ရေး ချင် တာ က တစ် ခြား အ ကြောင်း ပါ။
ပြီး ခဲ့ တဲ့ ဧ ပြီ လ ကုန် မှာ ကျွန် တော် နဲ့ ကြယ် ငါး ပွင့် မှာ အ တူ သင်္ဘော လိုက် ဘူး တဲ့ မိတ် ဆွေ တစ် ချို့ နဲ့ အ တူ ဟော် တယ် တစ် ခု မှာ ဘူ ဖေး ည စာ အ တူ စား ဖြစ် ကြ တယ်။ အဲ ဒီ မှာ ကို ထွန်း အေး ဆို တဲ့ သူ က ကျွန် တော့် ကို သူ အ ရမ်း မေး ချင် တဲ့ မေး ခွန်း တစ် ခု ရှိ တယ် လို့ ရုတ် တ ရက် ပြော ပြီး၊ အ ခု လို နှစ် ပေါင်း များ စွာ ပေါင်း သင်း လာ ခဲ့ တဲ့ ဇ နီး သည် ရုတ် တ ရက် ကွယ် လွန် သွား တာ ကို ဘယ် လို့ လုပ် ပြီး ကြံ့ ကြံ့ ခံ နိုင် တာ လဲ လို့ ဆက် မေး ပါ တယ်။ သူ နဲ့ ဖုံး ထဲ မှာ ပြော တဲ့ ကျွန် တော့် ရဲ့ လေ သံ၊ အ ခု လို စား သောက် ကြ တဲ့ အ ခါ မှာ လည်း ကျွန် တော် ပုံ မှန် အ တိုင်း ရှိ နေ တာ ကို ကြည့် ပြီး သူ အံ့ ဩ လို့ မေး တာ လို့ ပြော ပါ တယ်။ သူ တို့ နဲ့ ရင်း နှီး တဲ့ သူ တစ် ယောက် ဆို ရင်၊ ဇ နီး သည် ကွယ် လွန် သွား တာ နှစ် နဲ့ ချီ ကြာ ပေ မဲ့ အ ခု ထိ လွမ်း ဆွေး ပြီး တ သ သ ဖြစ် နေ တဲ့ အ ကြောင်း သူ တို့ သိ ထား တယ်။ တ ကယ် လို့ များ သူ လည်း ကျွန် တော့် လို ဘဲ ဇ နီး သည် ဆုံး ပါး သွား ခဲ့ ရင် ဘယ် လို မှ ခံ နိုင် မှာ မ ဟုတ် ဘူး လို့ လည်း ပြော ပြ ပါ တယ်။
အဲ သ လို မ မျှော် လင့် တဲ့ မေး ခွန်း ရုတ် တ ရက် အ မေး ခံ ရ တော့ ကျွန် တော် ချက် ချင်း တော့ ဘာ ပြန် ဖြေ ရ မှန်း မ သိ ဘူး။ နောက် မှ ကျွန် တော့် ဇ နီး သည် ဟာ ခ ရစ် တော် ကို ယုံ ကြည် လို့ ကောင်း ကင် ဘုံ ကို ရောက် နေ တာ ဖြစ် တဲ့ အ တွက် ဘာ မှ ဝမ်း နည်း စ ရာ မ ရှိ ဘူး။ ကျွန် တော် ကိုယ် တိုင် လည်း ခ ရစ် တော် ကို ယုံ ကြည် တဲ့ အ တွက် သေ ဆုံး ပြီး ရင် ကောင်း ကင် ဘုံ ရောက် မှာ ဖြစ် ပြီး ဇ နီး သည် နဲ့ ပြန် တွေ့ ရ မယ့် အ ကြောင်း စ သည် ဖြင့် ပြော ပြ ပါ တယ်။ ရောက် တတ် ရာ ရာ စ ကား တွေ ပြော ဆို ရင်း ကျွန် တော် ရှင်း ပြ တာ ဖြစ် တဲ့ အ တွက်၊ သူ ဘယ် လောက် အ တိုင်း အ တာ အ ထိ နား လည် သ ဘော ပေါက် မယ် ဆို တာ ကျွန် တော် မ သိ ဘူး။ ကျွန် တော့် ရှင်း ပြ ချက် ကို ကိုယ့် ကိုယ် ကို တော့ အား မ ရ တာ အ မှန် ဘဲ။
အိမ် ထောင် သက် တမ်း ၄၃ နှစ် ကျော် အ တွင်း မှာ ကျွန် တော် က သင်္ဘော သား ဆို တော့၊ ဇ နီး သည် နဲ့ ကျွန် တော် ခွဲ နေ ရ တာ များ တယ်။ ကျွန် တော် ခ ရီး ထွက် နေ တဲ့ အ ချိန် တွေ မှာ အိမ် ထောင် မိ သား စု ကို သူ အ ကောင်း ဆုံး ကြည့် ရှု တယ်။ အ ခက် အ ခဲ ပြဿ နာ တွေ ကို သူ ကိုယ် တိုင် ဖြေ ရှင်း တယ်။ ညည်း ညူ မ နေ ဘူး။ လက် ကြော တင်း တယ်။ ဇိမ် ခံ ဘော် ကျော့ မ နေ ဘူး။ ချွေ တာ စု ဆောင်း တယ်။ ကျွန် တော့် အ တွက် ဘု ရား သ ခင် ပေး တဲ့ အ ကောင်း ဆုံး အ ထောက် အ မ ဆို ရင် မ မှား ဘူး။ အဲ သ လို နှစ် ပေါင်း များ စွာ အိမ် ထောင် သည် ဘ ဝ ရဲ့ အ ခက် အ ခဲ ပြဿ နာ တွေ ကို အ တူ လက် တွဲ ရင် ဆိုင် ပြီး၊ နောက် ဆုံး ကျွန် တော် အ ငြိမ်း စား ယူ ပြီး နောက် အေး အေး ဆေး ဆေး အ တူ နေ ကြ ရ တော့ မယ် ဆို တဲ့ အ ခါ ကျ မှ ရုတ် တ ရက် ကွယ် လွန် သွား တဲ့ ဇ နီး သည် အ တွက် ကျွန် တော် ဝမ်း နည်း ကြေ ကွဲ မိ တာ အ မှန် ဘဲ။ အိမ် မှာ သူ့ လက် သူ့ ခြေ ချည်း ဘဲ ဆို တော့၊ ဘာ ဘဲ လုပ် လုပ် သူ့ ကို မြင် ယောင် မိ တယ်။ အ ပြင် ထွက် စျေး ဝယ် တာ ဖြစ် ဖြစ်၊ လမ်း လျှောက် တာ ဖြစ် ဖြစ်၊ ဘတ်စ် ကား နဲ့ မြေ အောက် ရ ထား စီး တာ ဖြစ် ဖြစ်၊ အ မြဲ တမ်း အ တူ သွား လာ လုပ် ကိုင် နေ ကျ မို့ သူ့ ကို သ တိ ရ စ ရာ ဖြစ် နေ တယ်။ အ ထူး သ ဖြင့် ဘု ရား ကျောင်း သွား ပြီ ဆို ရင် သူ့ ကို ပို ပြီး သ တိ ရ မိ တယ်။ ဘု ရား ကျောင်း က ထိုင် ခုံ မှာ ထိုင် တဲ့ အ ခါ ဆို ရင် ကျွန် တော့် ဘေး မှာ သူ မ ရှိ တော့ ဘူး။
ဒါ ပေ မဲ့ အဲ သ လို သ တိ ရ အောက် မေ့ နေ ရင်း နဲ့ ကို၊ ကျွန် တော် ပုံ မှန် အ တိုင်း နေ နိုင်၊ စား နိုင်၊ အိပ် နိုင် တယ်။ ကျွန် တော် လုပ် စ ရာ ရှိ တာ တွေ ကို ပုံ မှန် လုပ် နိုင် တယ်။ ပူ ဆွေး ဝမ်း နည်း ပြီး ငိုင် မ နေ ဘူး။ သ တင်း မေး တဲ့ သူ အား လုံး ကို ပြုံး ပြုံး ရွှင် ရွှင် ပြော ဆို ဆက် ဆံ နိုင် တယ်။ ကျွန် တော် ဝမ်း နည်း ကြေ ကွဲ ယူ ကျုံး မ ရ ဖြစ် နေ မယ် ထင် ပြီး အား ပေး စ ကား ပြော တဲ့ သူ တွေ ကို တောင် ကျွန် တော် ပြန် ပြီး ခွန် အား ပေး တိုက် တွန်း နိုင် တယ်။ တစ် ခါ တစ် လေ ကျွန် တော် ဘာ ကြောင့် ဒီ လို နေ နိုင် သ လဲ လို့ လည်း ကိုယ့် ကိုယ် ကို မေး ခွန်း ထုတ် မိ တယ်။ တစ် ချို့ သူ တွေ လို ဘာ ကြောင့် အ လူး အ လဲ မ ခံ စား ရ သ လဲ။ ငါ စိတ် မာ လွန်း လို့ ဘဲ လား။ အဲ ဒါ ကြောင့် တော့ မ ဟုတ် ဘူး ထင် တယ်။ ငါ့ မိန်း မ ကို ငါ မ ချစ် လို့ လား။ ကျွန် တော် သူ့ ကို အင် မ တန် ချစ် ပါ တယ်။ ကျွန် တော့် ဘေး သူ အိပ် ပျော် နေ တဲ့ အ ချိန် တွေ မှာ၊ သူ့ မျက် နှာ လေး ကို ကြည့် ပြီး ကျွန် တော့် အ ပေါ် သူ အ နွံ အ တာ ခံ တာ တွေ ကို တ စိမ့် စိမ့် တွေး ရင်း သူ့ အ ပေါ် ချစ် ခင် မြတ် နိုး တဲ့ စိတ် တွေ တစ် ဖွား ဖွား ခံ စား ရ လေ့ ရှိ တယ်။ ကျွန် တော် တို့ ဇ နီး မောင် နှံ စိတ် ဆိုး ရန် ဖြစ် တဲ့ အ ချိန် တွေ မှာ ဘယ် လို ဘဲ တစ် ယောက် ကို တစ် ယောက် စိတ် နာ အောင် ပြော ဆို ကြ ပေ မဲ့ သူ့ ကို ကျွန် တော် အင် မ တန် ချစ် တယ်။ လူ သား တွေ ရဲ့ ချစ် ခြင်း မေတ္တာ နဲ့ တင် မ က ဘု ရား သ ခင် ရဲ့ ချစ် ခြင်း မေတ္တာ နဲ့ ပါ သူ့ ကို အ ရမ်း ချစ် တယ် လို့ ကျွန် တော် ခိုင် ခိုင် မာ မာ ပြော နိုင် တယ်။ ဒါ ဆို ရင် သူ ကွယ် လွန် သွား ချိန် မှာ ဘာ ဖြစ် လို့ တစ် ခြား လူ တွေ က တောင် မေး ယူ ရ လောက် အောင် ကျွန် တော် တည် ငြိမ် နေ နိုင် တာ လဲ။
သူ ICU ရောက် ပြီး တစ် ပတ် လောက် နေ တော့၊ တာ ဝန် ကျ ဆ ရာ ဝန် မ တစ် ဦး က ဖုံး ဆက် ပြီး သူ့ ရဲ့ ရော ဂါ ကို Interstitial lung disease (ILD) လို မျိုး ဖြစ် တယ် လို့ ကျွန် တော့် ကို ပြော ပြ ပါ တယ်။ အင် တာ နက် မှာ ကျွန် တော် ရှာ ကြည့် တော့၊ ဒါ ဟာ အ ကြောင်း ရင်း မ သိ ရ ဘဲ အ ဆုပ် ကို ပျက် စီး စေ တဲ့ ရော ဂါ ဖြစ် ပြီး၊ ဒီ ရော ဂါ ရ တဲ့ သူ ရဲ့ သက် တမ်း ဟာ ၃ နှစ် ခွဲ လောက် ဘဲ ရှိ တယ် လို့ သိ ရ တယ်။ အဲ ဒါ ကို သိ လိုက် တော့ ကျွန် တော့် ရင် ထဲ မှာ ဒိန်း က နဲ ဖြစ် သွား တယ်။ သူ့ ကို ကျွန် တော် ခွဲ ရ တော့ မှာ ပါ လား။ သူ့ ကို ငါ လက် လွှတ် ဆုံး ရှုံး ရ တော့ မှာ ပါ လား။ ဒါ ပေ မဲ့ ဒီ လို ခံ စား မှု ကြား ထဲ က နေ ပြီး ဘု ရား သ ခင် က တစ် ဖက် က နေ တည် ငြိမ် အေး ချမ်း မှု ကို ပေး တယ်။ ငါ တို့ ရဲ့ ခွဲ ခွာ ခြင်း ဟာ ထာ ဝ ရ ခွဲ ခွာ ခြင်း မ ဟုတ် ဘူး။ ဒီ လို နဲ့ သူ့ ကို တာ ဝန် ခံ ကု သ တဲ့ ဆ ရာ ဝန် က နေ ပြီး သူ့ ရဲ့ ရော ဂါ ဇစ် မြစ် ကို သေ သေ ချာ ချာ မ သိ ရ တဲ့ အ တွက် သူ တို့ ဇွဲ မ လျော့ ဘဲ အ စွမ်း ကုန် ကု သ ပေး ပေ မဲ့ ပြန် ကောင်း ဖို့ မျှော် လင့် ချက် သိပ် မ ရှိ တဲ့ အ ကြောင်း ပြော ပြ တော့ လည်း ကျွန် တော် အေး အေး ဆေး ဆေး နား ထောင် နိုင် တယ်။ ဆေး ရုံ က သူ နာ ပြု တွေ က လည်း ICU အ ခန်း ထဲ မှာ ကျွန် တော့် ဇ နီး သည် နား မှာ နေ ပြီး သူ့ ကို ပြု စု ပုံ၊ ကျွန် တော့် ပြု မူ နေ ထိုင် ပုံ တွေ ကို ကြည့် ပြီး “Uncle, you are very strong” လို့ ပြော ကြ တယ်။
ကျွန် တော် အဲ သ လို ခံ နိုင် ရည် ရှိ တာ ဘာ ကြောင့် လဲ ဆို တာ ကျွန် တော့် မိတ် ဆွေ ကို ထွန်း အေး က မေး လိုက် တဲ့ အ ချိန် မှာ တော့ ရုတ် တ ရက် ကျွန် တော် အ ဖြေ မှန် မ ပေး နိုင် ခဲ့ ဘူး။ အဲ ဒီ အ ကြောင်း ကို စဉ်း စား ရင်း အ ခု တော့ ကျွန် တော် ကောင်း ကောင်း နား လည် သွား ပြီ။ အ ခု တော့ ကျွန် တော် သ ဘော ပေါက် သွား ပြီ။ အ ဖြေ မှန် က တော့ “မျှော် လင့် ခြင်း” ဆို တဲ့ အ ရာ ကြောင့် ပါ ဘဲ။ ကျွန် တော့် မှာ မျှော် လင့် ခြင်း ရှိ တယ်။ ကောင်း ကင် ဘုံ မှာ ဒေါ် ရွှေ ညှားရ် နဲ့ သေ ချာ ပေါက် ပြန် တွေ့ ရ မယ် ဆို တဲ့ မျှော် လင့် ခြင်း ရှိ တယ်။ အဲ ဒီ မျှော် လင့် ခြင်း ကြောင့် ကျွန် တော် အ ခု လို နေ နိုင် ခြင်း ဖြစ် ပါ တယ်။
“မျှော် လင့် ခြင်း” ဟာ လူ ကို အင် မ တန် လွှမ်း မိုး စေ စား နိုင် တယ်။ ကျွန် တော် တို့ ငယ် ရွယ် တုန်း ကျောင်း သား ဘ ဝ က စာ ကို ကြိုး စား ကျက် မှတ် ကြ တယ်။ စာ သင် ရ တာ ဘယ် လောက် စိတ် ပျက် စ ရာ ကောင်း သ လဲ။ စာ ကြိုး စား ရ တာ အင် မ တန် ခက် ခဲ တယ်။ ဆော့ ချင် တိုင်း ဆော့ လို့ မ ရ ဘူး။ က လေး ဘ ဝ တုန်း က တော့ ကြိမ် လုံး ကို ကြောက် လို့ စာ ကြိုး စား ရ တယ်။ တ ဖြည်း ဖြည်း ကြီး ပြင်း လာ တော့ ကြိမ် လုံး ကို ကြောက် လို့ စာ ကြိုး စား တာ မ ဟုတ် တော့ ဘူး။ စာ ကြိုး စား ရင် အ မှတ် ကောင်း မယ်။ အောင် ချက် ကောင်း မယ်။ ဘွဲ့ ထူး ဂုဏ် ထူး တွေ ရ မယ်။ အ လုပ် အ ကိုင် ကောင်း ရ မယ်။ ဝင် ငွေ လ စာ ကောင်း မယ်။ ဘ ဝ လူ နေ မှု အ ဆင် ပြေ မယ် ဆို တဲ့ မျှော် လင့် ချက် တွေ ကြောင့် အ ပင် ပန်း ခံ ပြီး စာ ကြိုး စား ကြ တယ်။ ရုံး က အ ပြန် ဘတ်စ် ကား ကို တိုး ကြိတ် ပြီး ချွေး တ လုံး လုံး နဲ့ ဒုက္ခ ခံ စီး တာ ဘာ ကြောင့် လဲ။ ဘတ်စ် ကား ခ ရီး စဉ် ရဲ့ လမ်း ဆုံး မှာ ကိုယ့် အိမ် ကို ပြန် ရောက် ပြီး မိ သား စု နဲ့ ပြန် တွေ့ ရ မယ်၊ အ နား ယူ ရ မယ် ဆို တဲ့ မျှော် လင့် ချက် ကြောင့် ဖြစ် တယ်။ အ လုပ် ကို ဘာ ကြောင့် အ ပင် ပန်း ခံ ကြိုး စား လုပ် ကိုင် နေ ကြ သ လဲ။ ဆု ကြေး ငွေ ရ မယ်၊ ရာ ထူး တိုး မယ် သို့ မ ဟုတ် လုပ် ငန်း အောင် မြင် ကျယ် ပြန့် မယ် ဆို တဲ့ မျှော် လင့် ချက် တွေ ကြောင့် ဖြစ် တယ်။
မျှော် လင့် ချက် မ ရှိ ရင် လူ ဟာ အ သက် ရှင် နေ ထိုင် ရ တာ ဘာ အ ဓိပ္ပါယ် မှ မ ရှိ တော့ ဘူး။ ဒါ ဟာ ကျွန် တော့် ကိုယ် တွေ့ ပါ။ ကျွန် တော် မော် လ မြိုင် ကော လိပ် မှာ တ တိ ယ နှစ် တက် နေ တုန်း ကျွန် တော့် ရှေ့ ရေး ကို လေး လေး နက် နက် စ ပြီး စဉ်း စား သုံး သပ် မိ တယ်။ အဲ ဒီ အ ချိန် မှာ ကျွန် တော် ဒေါ် ရွှေ ညှာရ်း နဲ့ သ မီး ရည်း စား ဖြစ် ခါ က ဆို တော့ ရှေ့ ရေး ကို စ တွေး ရ ပြီ ပေါ့။ သူ နဲ့ အိမ် ထောင် ပြု ပြီး ရင် သူ့ ကို ဘယ် လို့ လုပ် ကျွေး မ လဲ။ ကျွန် တော် ဘွဲ့ ရ ပြီး ရင် ဘာ အ လုပ် လုပ် ရ မ လဲ။ အ သက် မွေး ဝမ်း ကျောင်း အ တွက် ဘာ လုပ် ရ မ လဲ။ ကျွန် တော့် မှာ အ ဖြေ မ ရှိ ဘူး။ အဲ ဒီ တုန်း က တိုင်း ပြည် ရဲ့ စီး ပွား ရေး လုပ် ငန်း မှန် သ မျှ ကို စစ် တပ် က ထိန်း ချုပ် ထား တော့ လူ ငယ် တွေ အ တွက် အ လုပ် အ ကိုင် ကောင်း ရ ဖို့ အ ခွင့် အ လမ်း သိပ် နည်း တယ်။ ကျွန် တော် အ လွန် ဆုံး ရ ရင် ရုံး တစ် ရုံး ရုံး မှာ လက် နှိပ် စက် စာ ရေး အ လုပ် ပေါ့။ အဲ ဒီ တုန်း က ကျွန် တော် က ရူ ပ ဗေ ဒ အ ဓိ က ယူ ထား တယ်။ သင် ယူ နေ ရ တဲ့ ဘာ သာ ရပ် တွေ ဟာ အ ဆင့် မြင့် ပြီး ခက် ခဲ တယ်။ ဒီ ခက် ခဲ တဲ့ ဘာ သာ ရပ် တွေ ဟာ စာ ရေး အ လုပ်၊ လက် နှိပ် စက် ရိုက် တဲ့ အ လုပ် နဲ့ ဘာ မှ မ ဆိုင် ဘူး။ ဒီ ဘွဲ့ ဒီ ဂ ရီ တွေ က နေ ပြီး ကျွန် တော့် ဘ ဝ ရှေ့ ရေး အ တွက် ဘာ မျှော် လင့် ချက် မှ မ ပေး နိုင် ဘူး ဆို တာ ကို တွေ့ လာ ရ တယ်။ အဲ သ လို မျှော် လင့် ချက် မဲ့ တဲ့ ကျွန် တော် ဟာ စာ ကို ကြိုး စား ချင် တဲ့ စိတ် လုံး ဝ ပျောက် ကွယ် သွား တော့ တယ်။ ကျွန် တော် သူ ငယ် တန်း ကျောင်း သား ဘ ဝ က စ ပြီး အ ခု တက္က သိုလ် တ တိ ယ နှစ် အ ထိ အ တန်း တင် စာ မေး ပွဲ တစ် ခါ မှ မ ကျ ဖူး ဘူး။ ဒါ ပေ မဲ့ အ ခု တော့ တ တိ ယ နှစ် စာ မေး ပွဲ ကျ တော့ မယ်။ စာ တွေ က မြင့် တဲ့ အ ပြင် မျှော် လင့် ချက် ကင်း မဲ့ တဲ့ ကျွန် တော့် မှာ စာ သင် ချင် စိတ် ကုန် ခမ်း နေ တဲ့ အ တွက် သေ ချာ ပေါက် ကျ မှာ ဘဲ။ မျှော် လင့် ချက် ရှိ တဲ့ သူ ဟာ အ ရာ ရာ ကို ရင် ဆိုင် ကျော် လွှား နိုင် ပေ မဲ့ မျှော် လင့် ချက် ကုန် ဆုံး နေ တဲ့ သူ အ တွက် ကျ တော့ ဘ ဝ ကို ရေ စုန် မျှော ပြီး သွား ဖို့ ဘဲ ရှိ တော့ တယ်။
လော ကီ သား တွေ ရဲ့ မျှော် လင့် ခြင်း ဟာ လူ တွေ အ ပေါ် အဲ သ လောက် လွှမ်း မိုး မှု ရှိ ရင်၊ ဘု ရား သ ခင် ပေး တဲ့ မျှော် လင့် ခြင်း ဟာ လူ တွေ အ ပေါ် ပို ပြီး လွှမ်း မိုး အ ကျိုး သက် ရောက် မှု ရှိ ရ မှာ ပေါ့။ ဘာ ဖြစ် လို့ လဲ ဆို တော့ လော ကီ သား တွေ ပေး တဲ့ မျှော် လင့် ခြင်း ဟာ တို တောင်း လှ တဲ့ လူ့ ဘ ဝ တစ် ခ ဏ တာ နဲ့ သာ သက် ဆိုင် ပြီး၊ ဘု ရား သ ခင် ပေး တဲ့ မျှော် လင့် ခြင်း ကျ တော့ အ ဆုံး မ ရှိ တဲ့ ထာ ဝ ရ ကာ လ နဲ့ ဆိုင် တယ် မ ဟုတ် ဘူး လား။ ကျွန် တော် ဟာ ဇ နီး သည် ဒေါ် ရွှေ ညှားရ် နဲ့ အ ခု ခ ဏ တာ ခွဲ ခွာ ရ ပေ မဲ့၊ တစ် ချိန် ကျ တော့ ကောင်း ကင် ဘုံ မှာ ပြန် တွေ့ ပြီး ထာ ဝ ရ အ တူ နေ ရ မယ် ဆို တဲ့ မျှော် လင့် ချက် ရှိ တယ်။ ဒီ ထာ ဝ ရ ကာ လ နဲ့ ဆိုင် ပြီး ဘု ရား သ ခင် ပေး တဲ့ မျှော် လင့် ခြင်း ကြောင့် သာ လျှင် အင် မ တန် ချစ် ရ တဲ့ ဇ နီး သည် ကို ဆုံး ရှုံး ရ တဲ့ ကျွန် တော် ဟာ အ ခု လို ငြိမ် သက် စွာ နေ နိုင် ခြင်း ဖြစ် တယ် လို့ သက် သေ ခံ လို ပါ တယ်။ ဒီ ဆောင်း ပါး ဖတ် သူ အား လုံး လည်း ဘဲ ကျွန် တော့် လို ဘဲ ထာ ဝ ရ ကာ လ နဲ့ ဆိုင် တဲ့ မျှော် လင့် ခြင်း ရှိ သူ တွေ ဖြစ် ဖို့ ဆန္ဒ ပြု ပါ တယ်။
“ငြိမ် သက် ခြင်း ကို သင် တို့ ၌ ငါ ထား ခဲ့ ၏။ ငါ ၏ ငြိမ် သက် ခြင်း ကို သင် တို့ အား ငါ ပေး ၏။ လော ကီ သား တို့ ပေး သ ကဲ့ သို့ ငါ ပေး သည် မ ဟုတ်။ သင် တို့ စိတ် နှ လုံး ပူ ပန် ခြင်း၊ စိုး ရိမ် တုန် လှုပ် ခြင်း မ ရှိ စေ နှင့်။” (ယော၊ ၁၄:၂၇)
“ညီ အစ် ကို တို့၊ မြော် လင့် ခြင်း မ ရှိ သော အ ခြား သူ တို့ သည် ဝမ်း နည်း သ ကဲ့ သို့၊ သင် တို့ သည် ဝမ်း မ နည်း မည် အ ကြောင်း၊ အိပ် ပျော် သော သူ တို့ ၏ အ မှု အ ရာ ကို မ သိ ဘဲ နေ စေ ခြင်း ငှါ ငါ တို့ အ လို မ ရှိ။” (၁ သက်၊ ၄:၁၃)
“မြော် လင့် ခြင်း အ ကြောင်း ကို ဝန် ခံ ၍ မ တိမ်း ယိမ်း မ ရွေ့ လျော့ ဘဲ တည် ကြည် ကြ ကုန် အံ့။ အ ကြောင်း မူ ကား၊ ဂ တိ ထား တော် မူ သော သူ သည် သစ္စာ နှင့် ပြည့် စုံ တော် မူ ၏။” (ဟေ ဗြဲ၊ ၁၀:၂၃)
“စိတ် နှ လုံး ထဲ ၌ ထာ ဝ ရ အ ရှင် ဘု ရား သ ခင် ကို ရို သေ ခြင်း ရှိ ကြ လော့။ သင် တို့ မြော် လင့် ခြင်း ၏ အ ကြောင်း ကို မေး မြန်း သော သူ ရှိ သ မျှ တို့ အား၊ နူး ညံ့ သော သ ဘော၊ ကြောက် ရွံ့ သော သ ဘော နှင့် ပြန် ပြော ခြင်း ငှါ၊ ကာ လ အ စဉ် မ ပြတ် အ သင့် ရှိ နေ ကြ လော့။” (၁ ပေ၊ ၃:၁၅)