စာလုံးအ ရွယ်အစား

က က

ပြန် သွား

Published: 10/07/2024 Last Edited: 10/07/2024

တစ် ရေး နိုး သော် အ ကြံ ပေါ် (၁) – “အ လင်း နှင့် အ မှောင်”

“တစ် ရေး နိုး သော် အ ကြံ ပေါ်၊ ပေါ် သော အ ကြံ ပြန် အိပ် ရန်။”

ဒီ စ ကား လေး ဟာ ကျွန် တော် တို့ ငယ် ငယ် တုန်း က ရီ စ ရာ မော စ ရာ အ နေ နဲ့ ပြော ကြ တဲ့ စ ကား လေး ပါ။ ရယ် မော စ ရာ အ နေ နဲ့ ပေါ့ ပေါ့ တန် တန် ပြော ကြ ပေ မဲ့ ဒီ စ ကား လေး ထဲ မှာ အ မှန် တ ရား ပါ တယ် လို့ ကျွန် တော် ထင် ပါ တယ်။ ဘာ အ မှန် တ ရား လည်း ဆို တော့ တစ် ရေး နိုး လာ တဲ့ အ ချိန် မှာ လူ ဟာ ခါ တိုင်း ထက် ပို နက် နက် နဲ နဲ စဉ်း စား နိုင် ပြီး အ ရင် က မ သိ နား မ လည် တာ တွေ သိ နား လည် လာ တတ် တယ်၊ အ ရင် က မ စဉ်း စား မိ တာ တွေ ကို စဉ်း စား မိ လာ တတ် တယ် ဆို တာ ပါ ဘဲ။ ဘာ ကြောင့် ပြော နိုင် သ လဲ ဆို ရင် ကျွန် တော် ကိုယ် တိုင် ဒီ လို အ ဖြစ် မျိုး ကြုံ ရ တတ် လို့ ပါ။ တစ် ရေး နိုး ချိန် မှာ လူ ဟာ အိပ် ရေး ဝ ပြီး ဦး နှောက် ကြည် လင် နေ တဲ့ အ တွက် ဒီ လို စဉ်း စား ဆင် ခြင် နိုင် တာ ဖြစ် ပါ လိမ့် မယ်။

သမ္မာ ကျမ်း စာ ထဲ မှာ ဒါ ဝိဒ် မင်း ကြီး လည်း ဒီ လို အ ဖြစ် မျိုး ကြုံ ရ တယ် လို့ ကျွန် တော် ထင် ပါ တယ်။ ၆၃ ခု မြောက် သော ဆာ လံ မှာ ဒါ ဝိဒ် က ဒီ လို စပ် ဆို ခဲ့ ပါ တယ်။

“အိပ် ရာ ပေါ် မှာ ကိုယ် တော် ကို အောက် မေ့ ၍၊ ညဉ့် ယံ တို့ ၌ ကိုယ် တော် ကို ဆင် ခြင် လျက် နေ သော အ ခါ၊ ဆီ ဥ ကို ၎င်း၊ ဆူ သော အ သား ကို ၎င်း စား ၍ ဝ သ ကဲ့ သို့၊ အ ကျွန်ုပ် ၏ ဝိ ညာဉ် သည် ဝ ၍ ရွှင် လန်း သော နှုတ် ခမ်း နှင့် အ ကျွန်ုပ် ၏ နှုတ် သည် ကိုယ် တော် ကို ချီး မွမ်း ပါ မည်။” (ဆာ ၆၃:၅-၆)

ဒါ ဝိဒ် ဟာ တစ် ရေး နိုး တဲ့ အ ချိန် တွေ မှာ ဘု ရား သ ခင် ရဲ့ အ ကြောင်း ကို ပို ပြီး လေး လေး နက် နက် ဆင် ခြင် စဉ်း စား မိ တော့ သူ့ စိတ် ဝိ ညာဉ် ဟာ အင် မ တန် အား ရ ရွှင် လန်း ခြင်း ခံ စား ရ တဲ့ အ ကြောင်း ကို သီ ချင်း ရေး သား စပ် ဆို ထား ခြင်း ဖြစ် ပါ တယ်။

အ ခု ကျွန် တော် လည်း သမ္မာ ကျမ်း စာ ထဲ က ဖန် ဆင်း ခြင်း အ ကြောင်း နဲ့ ပတ် သက် လို့ တစ် ရေး နိုး ဆင် ခြင် မိ တဲ့ အ ရာ တွေ ကို “တစ် ရေး နိုး သော် အ ကြံ ပေါ်” ဆို တဲ့ ခေါင်း စဉ် နဲ့ အ ခန်း ဆက် ဆောင်း ပါး တွေ ရေး သား တင် ဆက် လိုက် ပါ တယ်။ ကမ္ဘာ ဦး ကျမ်း ထဲ မှာ ပါ တဲ့ ဖန် ဆင်း ခြင်း အ ကြောင်း အ ရာ တွေ ဟာ သာ မန် ဖတ် ရုံ နဲ့ တင် ထူး ခြား မှု ကို ခံ စား ရ ပေ မဲ့ ပို ပြီး အ လေး အ နက် ဆင် ခြင် သုံး သပ် ကြည့် ရင် ပို ပြီး ထူး ဆန်း အံ့ ဩ ဖို့ ကောင်း တယ် လို့ ကျွန် တော် ထင် ပါ တယ်။

အ လင်း နဲ့ အ မှောင်

“အ စ အ ဦး ၌ ဘု ရား သ ခင် သည် ကောင်း ကင် နှင့် မြေ ကြီး ကို ဖန် ဆင်း တော် မူ ၏။ မြေ ကြီး သည် အ ဆင်း သဏ္ဌာန် မ ရှိ၊ လွတ် လပ် လ ဟာ ဖြစ် ၏။ နက် နဲ ရာ အ ရပ် ကို မှောင် မိုက် ဖုံး လွှမ်း ၍ ဘု ရား သ ခင် ၏ ဝိ ညာဉ် တော် သည် ရေ မျက် နှာ ပြင် ပေါ် မှာ လှုပ် ရှား တော် မူ ၏။ ဘု ရား သ ခင် က လည်း၊ အ လင်း ဖြစ် စေ ဟု အ မိန့် တော် ရှိ ၍ အ လင်း ဖြစ် လေ ၏။ ထို အ လင်း ကောင်း သည် ကို ဘု ရား သ ခင် မြင် ၍၊ အ လင်း နှင့် မှောင် မိုက် ကို ပိုင်း ခြား ခွဲ ထား တော် မူ ၏။ အ လင်း ကို နေ့ ဟူ သော အ မည် ဖြင့် ၎င်း၊ မှောင် မိုက် ကို ညဉ့် ဟူ သော အ မည် ဖြင့် ၎င်း၊ ခေါ် ဝေါ် သ မုတ် တော် မူ ၍၊ ည ဦး နှင့် နံ နက် သည် ပ ဌ မ နေ့ ရက် ဖြစ် လေ ၏။” (က ၁:၁-၅)

ကမ္ဘာ ဦး ကျမ်း အ ခန်း ကြီး ၁ ပ ထ မ နေ့ ရက် မှာ ကောင်း ကင် နဲ့ မြေ ကြီး ကို ဘု ရား သ ခင် က ပ ထ မ ဆုံး ဖန် ဆင်း ပြီး နောက် မှာ ဒု တိ ယ ဖန် ဆင်း တာ က အ လင်း ဖြစ် ပါ တယ်။ ဒီ မှာ ထူး ခြား တာ က အ လင်း ကို မ ဖန် ဆင်း မီ အ မှောင် က ရှိ နေ ပြီး သား ဆို တာ ပါ ဘဲ။ အ လင်း ကို ဘု ရား သ ခင် ဖန် ဆင်း တယ် လို့ ကျမ်း စာ မှာ အ တိ အ ကျ ရေး ထား သော် လည်း ဘဲ အ မှောင် ကို ဘု ရား သ ခင် ဖန် ဆင်း တယ် လို့ တော့ ကျမ်း စာ မှာ အ တိ အ ကျ ဖော် ပြ မ ထား ဘူး။ အ မှောင် ဟာ ဘု ရား သ ခင် က စ ကြာ ဝ ဠာ ကို ဖန် ဆင်း က တည်း က တွဲ ပြီး ပါ လာ ခြင်း ဖြစ် မယ် လို့ ယူ ဆ ရ တယ်။

ဒီ က နေ ကျွန် တော် ဘာ ဆင် ခြင် မိ သ လဲ ဆို ရင် အ လင်း ဆို တာ လုပ် ယူ ရ ပေ မဲ့ အ မှောင် ကို တော့ လုပ် ယူ စ ရာ မ လို ဘူး။ ဒါ ကြောင့် လူ့ အ သက် တာ မှာ အ လင်း ဆို တဲ့ ဘု ရား သ ခင် မ ပါ ရင် လူ ဟာ အ လို လို နေ ရင်း နဲ့ အ မှောင် ထဲ ရောက် သွား မှာ ဖြစ် တယ်။ အ မှောင် ထဲ ရောက် ဖို့ လူ ဟာ ဘယ် ဒု စ ရိုက် ကို မှ ကြိုး စား ကျူး လွန် နေ စ ရာ မ လို ဘူး။ သူ့ အ သက် တာ ထဲ က နေ၊ အ လင်း ဖြစ် တဲ့ ဘု ရား သ ခင် ကို ငြင်း ပယ် လိုက် ရုံ နဲ့ အ လို လို အ မှောင် လော က ထဲ ရောက် သွား မှာ ပါ။ ဒါ ကြောင့် လော ကီ သား တွေ ဟာ ဘယ် လောက် ဘဲ ကိုယ် ကျင့် တ ရား ကောင်း ပြီး စိတ် ထား မွန် မြတ် ပါ လေ စေ သူ တို့ အ သက် တာ ထဲ မှာ ဘု ရား သ ခင် မ ရှိ ရင် အ မှောင် လော က သား တွေ သာ လျှင် ဖြစ် နေ ပါ လိမ့် မယ်။

ဒီ မှာ ဆက် ပြီး ကျွန် တော် ဆင် ခြင် မိ တဲ့ ကျမ်း ချက် က “နက် နဲ ရာ အ ရပ် ကို မှောင် မိုက် ဖုံး လွှမ်း ၍ ဘု ရား သ ခင် ၏ ဝိ ညာဉ် တော် သည် ရေ မျက် နှာ ပြင် ပေါ် မှာ လှုပ် ရှား တော် မူ ၏” လို့ ဆို တဲ့ ကျမ်း ချက် ဖြစ် ပါ တယ်။ ဒီ ကျမ်း ချက် မှာ အ မှောင် ထု ဖုံး လွှမ်း နေ တဲ့ ဖန် ဆင်း ကာ စ ကမ္ဘာ ကြီး ရဲ့ ရေ မျက် နှာ ပြင် ပေါ် မှာ ဘု ရား သ ခင် ရဲ့ ဝိ ညာဉ် တော် လှုပ် ရှား တယ် လို့ တွေ့ ရ တယ်။

ဒါ ကြောင့် ဒီ ကျမ်း ချက် က နေ အ မှောင် ထု ထဲ ရောက် နေ တဲ့ လော ကီ သား တွေ ကြား မှာ ဘု ရား သ ခင် အ လုပ် လုပ် နေ တယ် လို့ ကျွန် တော် ဆင် ခြင် မိ ပါ တယ်။ ဘာ ကြောင့် ကျွန် တော် ဒီ လို ယူ ဆ သ လဲ ဆို ရင် ကျမ်း စာ ထဲ မှာ လူ သား တွေ ကို ရေ ထု နဲ့ တင် စား တတ် လို ပါ။ ဗျာ ဒိတ် ကျမ်း ထဲ မှာ ဒီ အ ချက် ကို တွေ့ ရ ပါ တယ်။

“ယ ခု မြင် ၍ ပြည် တန် ဆာ ထိုင် သော ရေ ကား၊ အ သီး အ သီး ဘာ သာ စ ကား ကို ပြော သော လူ အ မျိုး မျိုး အ စု စု ဖြစ် သ တည်း” (ဗျာ ၁၇:၁၅)

 ဒါ ကြောင့် ဘု ရား သ ခင် ဟာ ခ ရစ် တော် ကို မ သိ တဲ့ သူ တွေ၊ ဧ ဝံ ဂေ လိ တ ရား ကို မ ကြား ဘူး တဲ့ သူ တွေ ကြား မှာ အ လုပ် လုပ် နေ ကြောင်း ကျွန် တော် ဆင် ခြင် မိ ပါ တယ်။ ဘု ရား သ ခင် ဟာ ဧ ဝံ ဂေ လိ တ ရား ကို မြေ ကြီး စွန်း တိုင် အောင် ဟော ပြော ဖို့ ယုံ ကြည် သူ တွေ ကို မှာ ကြား ရုံ တင် မ က သူ ကိုယ် တိုင် လည်း အေး အေး ဆေး ဆေး မ နေ ဘဲ အ မှောင် ကမ္ဘာ ထဲ က ဘု ရား ကို မ သိ တဲ့ သူ တွေ ကြား မှာ သူ့ ကို သိ စေ ဖို့ လုပ် ဆောင် လျှက် ရှိ ပါ တယ်။ ဒါ ကို ၁၉ ခု မြောက် သော ဆာ လံ မှာ ဖော် ပြ ထား ပါ တယ်။

“မိုယ်း ကောင်း ကင် သည် ဘု ရား သ ခင် ၏ ဘုန်း အ သ‌ ရေ တော် ကို ကြား ပြော ၍၊ မိုယ်း မျက် နှာ ကြက် သည် လက် တော် နှင့် လုပ် သော အ ရာ များ ကို ပြ သ ၏။ တ နေ့ ကို တ နေ့ မြွက် ဆို ၍၊ တ ညဉ့် ကို တ ညဉ့် သွန် သင် ၏။ နှုတ် မြွက် ခြင်း၊ စ ကား ပြော ခြင်း မ ရှိ၊ သူ တို့ နှုတ် ထွက် သံ ကို မ ကြား ရ သော် လည်း၊ သူ တို့ ၏ အ သံ သည် မြေ တ ပြင် လုံး ၌ နှံ့ ပြား ၍၊ သူ တို့ ၏ စ ကား သည် မြေ ကြီး စွန်း တိုင် အောင် ရောက် လေ ၏။” (ဆာ ၁၉:၁-၄)

ရှင် ပေါ လု က လည်း ရော မ ဩ ဝါ ဒ စာ မှာ ဒီ လို ပြော ထား ပါ တယ်။

“သို့ ရာ တွင် လူ အ ပေါင်း တို့ သည် မ ကြား ကြား ရ ကြ ပြီ လော။ အ မှန် ကြား ရ ကြ ပြီ။ သူ တို့ ၏ အ သံ သည် မြေ တ ပြင် လုံး ၌ နှံ့ ပြား ၍၊ သူ တို့ ၏ စ ကား သည် မြေ ကြီး စွန်း တိုင် အောင် ရောက် လေ ပြီ ဟု ငါ ဆို ၏။” (ရော ၁၀:၁၈)

ဒါ ကြောင့် အ မှောင် ထဲ ရောက် နေ တဲ့ လော ကီ သား အ မျိုး မျိုး အ တွက် မျှော် လင့် ချက် ရှိ တယ် လို့ ဆို နိုင် ပါ တယ်။ ဘု ရား သ ခင် ဟာ အ မှောင် ထဲ မှာ ရှိ နေ တဲ့ လော ကီ သား တွေ ကို ပစ် ပယ် မ ထား ပါ ဘူး။ သူ တို့ တစ် တွေ ဘု ရား သ ခင် ကို သိ ရှိ အောင်၊ အ မှောင် လော က ထဲ က နေ အ လင်း ထဲ ကို ရောက် လာ အောင် ဘု ရား သ ခင် ရဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် ဟာ အ လုပ် လုပ် နေ ပါ တယ်။

“လူ အ ပေါင်း တို့ သည် ကယ် တင် ခြင်း သို့ ရောက် ၍ သမ္မာ တ ရား ကို သိ စေ ခြင်း ငှါ၊ ဘု ရား သ ခင် အ လို တော် ရှိ ၏။” (၁ တိ ၂:၄)

လူ သား လုံး အ ပေါ် ချစ် ခြင်း မေတ္တာ ထား တဲ့ ဘု ရား သ ခင် ရဲ့ နာ မ တော် ကို ချီး မွမ်း ကြ ပါ စို့။