စာလုံးအ ရွယ်အစား

က က

ပြန် သွား

Published: 09/06/2019 Last Edited: 01/01/2020

အ ရာ ရာ တိုင်း ၌ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့

“အ ဘယ် အ မှု ကို မျှ စိုး ရိမ် ခြင်း မ ရှိ ဘဲ အ ရာ ရာ ၌ ကျေး ဇူး တော် ကို ချီး မွမ်း ခြင်း နှင့် တ ကွ ဆု တောင်း ပ ဌ နာ ပြု သော အား ဖြင့်၊ သင် တို့ တောင်း ပန် လို သော အ ရာ များ တို့ ကို ဘု ရား သ ခင် အား ကြား လျှောက် ကြ လော့” (ဖိ၊ ၄:၆)

“အ ရာ ရာ ၌ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။ အ ကြောင်း မူ ကား၊ သင် တို့ သည် ထို သို့ ကျင့် စေ ခြင်း ငှါ၊ ယေ ရှု ခ ရစ် ၌ ဘု ရား သ ခင် အ လို တော် ရှိ ၏” (၁ သက်၊ ၅:၁၈)

အ ရာ ရာ ၌ ကျေး ဇူး တော် ချီး မွမ်း ပါ ဆို တဲ့ ကျမ်း ချက် ဟာ ခ ရစ် ယာန် တွေ လက် တွေ့ မှာ အ မြဲ တမ်း လိုက် နာ ဖို့ ရာ ခက် ခဲ တဲ့ သွန် သင် ချက် တစ် ခု ဖြစ် ပါ တယ်။ အ ရာ ရာ တိုင်း ဆို တဲ့ အ တွက် ကောင်း တာ ရော မ ကောင်း တာ ရော အ ကုန် ပါ ပါ တယ်။ ကောင်း ကျိုး ခံ စား ရ တဲ့ အ ချိန် မှာ တင် မ က ဆိုး ကျိုး ခံ စား ရ တဲ့ အ ချိန် တွေ မှာ ပါ ဘု ရား သ ခင် ကို ကျေး ဇူး တင် ဖို့ ပြော ထား တယ်။ ကိုယ် ကောင်း ကျိုး ခံ စား ရ တဲ့ အ ချိန် မှာ ကျေး ဇူး တော် ချီး မွမ်း ဖို့ လွယ် ပေ မဲ့၊ ချီး မွမ်း နိုင် ပေ မဲ့၊ ဆိုး ကျိုး အ နိဋ္ဌ ရုံ ကျ ရောက် တဲ့ အ ခါ ကျေး ဇူး တော် ချီး မွမ်း ဖို့ ရာ အင် မ တန် ခက် ခဲ ပါ တယ်။ ကျေး ဇူး တော် မ ချီး မွမ်း နိုင် ကြ ဘူး။ လက် တွေ့ မှာ မ ဖြစ် နိုင် ဘူး လို့ ထင် ရ တယ်။

ဒီ လို ဆို ရင် လက် တွေ့ မ ဖြစ် နိုင် တဲ့ အ ရာ ကို ဘာ ကြောင့် ကျမ်း စာ က လုပ် ခိုင်း ရ တာ လဲ။ ဘု ရား သ ခင် က မ ဖြစ် နိုင် တဲ့ အ ရာ တွေ ကို လုပ် ခိုင်း ပါ့ မ လား။ အဲ ဒီ ကျမ်း ချက် ကို ဘယ် လို နား လည် ရ မ လဲ။

ကျွန် တော့် အ ယူ အ ဆ က တော့ “အ ရာ ရာ တိုင်း” ဆို တဲ့ အ ခါ မှာ ဖြစ် ရပ် တစ် ခု တည်း ကို သာ ဆို လို ခြင်း မ ဟုတ် ဘဲ၊ အဲ ဒီ ဖြစ် ရပ် နဲ့ အ တူ နောက် ဆက် တွဲ အ ကျိုး ဆက် ကို ပါ အား လုံး ခြုံ ပြီး ဆို လို တာ လို့ ယူ ဆ ရ မှာ ဖြစ် တယ်။ အဲ ဒီ လို ခံ ယူ မှ လည်း ဒီ ကျမ်း ချက် ဟာ အ ဓိပ္ပါယ် ရှိ လာ မယ်။ ဘာ ကြောင့် လဲ ဆို တော့ ကိစ္စ ရပ် တိုင်း မှာ အ ကြောင်း နဲ့ အ ကျိုး ဆို တာ ရှိ တယ်။ အဲ ဒီ အ ကြောင်း နဲ့ အ ကျိုး ကို ခွဲ ခြား လို့ မ ရ ဘူး။ အ ကြောင်း ရှိ ရင် အ ကျိုး ရှိ ရ မယ်။ အ ကျိုး ရှိ ရင် အဲ ဒီ အ ကျိုး ကို ဖြစ် စေ တဲ့ အ ကြောင်း ရှိ ရ မယ်။ ဥ ပ မာ – ဘု ရား သ ခင် ရဲ့ ချစ် ခြင်း မေတ္တာ ဆို တဲ့ အ ကြောင်း ကြောင့် လူ သား အား လုံး ကို ကယ် တင် ဖို့ ခ ရစ် တော် လော က ကို ကြွ ရောက် လာ ခြင်း ဆို တဲ့ အ ကျိုး ဖြစ် ပေါ် ခဲ့ တယ်။ ပြီး တော့ ခ ရစ် တော် ကို ယုံ ကြည် ခြင်း ဆို တဲ့ အ ကြောင်း ကြောင့် အ ပြစ် အား လုံး ကို ခွင့် လွှတ် ခြင်း ဆို တဲ့ အ ကျိုး ကို ခံ စား ရ တယ်။ အ ပြစ် ခွင့် လွှတ် ခြင်း ဆို တဲ့ အ ကြောင်း ကြောင့် သေ ဆုံး ပြီး နောက် မှာ ထာ ဝ ရ င ရဲ က နေ လွတ် မြောက် ပြီး ကောင်း ကင် ဘုံ မှာ စံ စား ရ မယ် ဆို တဲ့ အ ကျိုး ဆက် ကို ရ လာ တယ်။ အ ကြောင်း နဲ့ အ ကျိုး တွေ ဟာ အ မြဲ တမ်း ဆက် စပ် နေ တယ်။

ဒါ ကြောင့် ဆိုး ကျိုး တစ် ခု သက် ရောက် လာ တဲ့ အ ခါ မှာ အဲ ဒီ ဆိုး ကျိုး တစ် ခု တည်း ကို မ ကြည့် ဘဲ၊ အဲ ဒီ ဆိုး ကျိုး က နေ ဆင့် ပွါး ဖြစ် ပေါ် လာ မယ့် နောက် ဆက် တွဲ အ ကျိုး ဆက် တွေ ကို ထည့် စဉ်း စား ဖို့ လို ပါ တယ်။ လူ ဖြစ် တဲ့ ကျွန် တော် တို့ အ နေ နဲ့ ဆိုး ကျိုး ရဲ့ အ ကျိုး ဆက် ကို ကြို တင် မ သိ နိုင် ပေ မဲ့ အ ရာ ခပ် သိမ်း ကို သိ တဲ့ သဗ္ဗ ညု တ ဉာဏ် တော် ရှင် ဘု ရား သ ခင် က တော့ သိ တယ်။ ဘု ရား သ ခင် ကို ယုံ ကြည် တဲ့ သူ တစ် ယောက် အ တွက် တော့ အ ခု ခံ ရ တဲ့ ဆိုး ကျိုး ရဲ့ အ ကျိုး ဆက် ဟာ အ မြဲ တမ်း ကောင်း တယ် လို့ ကျမ်း စာ က ပြော ပါ တယ်။

“ဘု ရား သ ခင် ကို ချစ် သော သူ တည်း ဟူ သော ကြံ စည် တော် မူ ခြင်း အ တိုင်း ခေါ် တော် မူ သော သူ တို့ ၏ အ ကျိုး ကို ခပ် သိမ်း သော အ ရာ တို့ သည် တ ညီ တ ညွတ် တည်း ပြု စု ကြ သည် ကို ငါ တို့ သိ ကြ ၏” (ရော၊ ၈:၂၈)

ကျွန် တော် မော် လ မြိုင် မှာ ဆယ် တန်း အောင် ပြီး တော့ မေ မြို့ စစ် တက္က သိုလ် ဗိုလ် လောင်း သင် တန်း ဝင် ခွင့် ရ ဖို့ လျှောက် ပါ တယ်။ ရန် ကုန် လာ ပြီး တော့ အဲ ဒီ တုန်း က မြေ နီ ကုန်း မှာ ရှိ တဲ့ ဗိုလ် ရွေး တပ် ဖွဲ့ ကို သွား ပြီး စာ တွေ့ လက် တွေ့ အ စစ် ခံ ရ တယ်။ ကျွန် တော် အ ရွေး မ ခံ ရ ပါ ဘူး။ ကျွန် တော် က စစ် တိုက် တာ ဝါ သ နာ ပါ တဲ့ အ ပြင် စစ် တပ် က တိုင်း ပြည် ကို အုပ် ချုပ် တဲ့ ကာ လ ဖြစ် တော့ စစ် တပ် အ ရာ ရှိ ဖြစ် ရင် ကောင်း စား မယ် ဆို တဲ့ ယုံ ကြည် ချက် လည်း ကျွန် တော့ လို့ လူ ငယ် အ များ စု မှာ ရှိ တယ်။ ဒါ ကြောင့် အ ရွေး မ ခံ ရ တော့ တော် တော် လေး ကို စိတ် ပျက် မိ ပါ တယ်။ ဒါ ပေ မဲ့ အဲ ဒီ စစ် တက္က သိုလ် ဗိုလ် လောင်း အ ရွေး မ ခံ ရ ခြင်း ရဲ့ အ ကျိုး ဆက် အ နေ နဲ့ နောက် နှစ် နှစ် လောက် ကြာ တော့ ကျွန် တော် ဆင် မ လိုက် က ရေ ကြောင်း သိပ္ပံ မှာ ရေ ကြောင်း အ ရာ ရှိ လောင်း သင် တန်း ဝင် ခွင့် ရ ဖို့ ဖြစ် လာ တယ်။ အဲ ဒီ က နေ တစ် ဆင့် ပြီး တစ် ဆင့် အ ခု လက် ရှိ ဘ ဝ ကို ရောက် လာ ရ တာ ဖြစ် တယ်။ အ ခု နေ နောက် ကြောင်း ပြန် ကြည့် တော့ ကျွန် တော် စစ် တက္က သိုလ် ဝင် ခွင့် မ ရ တာ ကို ဝမ်း မ နည်း တော့ ဘူး။ အ ရွေး မ ခံ ရ တဲ့ အ တွက် တောင် ဘု ရား သ ခင် ကို ကျေး ဇူး တင် မိ တယ်။ ကျွန် တော် သာ စစ် တပ် ထဲ ကို ရောက် ခဲ့ မယ် ဆို ရင် ကျွန် တော့ ရဲ့ စိတ် နေ သ ဘော ထား အ ရ သူ ပုန် ဖြစ် ဖို့ အင် မ တန် နီး စပ် ပါ တယ်။

မ ကြာ သေး ခင် က စင်္ကာ ပူ က သ တင်း တစ် ခု မှာ ငါး နှစ် သား က လေး လေး ရှစ် ထပ် ရုံး ခန်း ပြ တင်း ပေါက် က နေ ပြုတ် ကျ ပြီး သေ တဲ့ သ တင်း ဖတ် ရ တယ်။ မိ ဘ တွေ က ရုံး ခန်း ပိတ် ပြီး ပြန် တဲ့ အ ခါ က လေး ကို ရုံး ခန်း ထဲ မေ့ ကျန် ခဲ့ တယ်။ တံ ခါး ပိတ် ထား တော့ က လေး က ပြ တင်း ပေါက် က နေ အ ပြင် ထွက် ဖို့ ကြိုး စား တဲ့ အ ခါ မှာ ပြုတ် ကျ ပြီး သေ ဆုံး တာ ဖြစ် တယ်။ မိ ဘ တွေ ကား မောင်း ပြီး အိမ် ပြန် တော့ အိမ် ရောက် တော့ မှ က လေး မေ့ ကျန် တာ ကို သ တိ ရ ပြီး ပြန် ခေါ် ဖို့ ရုံး ခန်း ကို ပြန် သွား တော့ အောက် ကျ ပြီး သေ နေ တဲ့ သား လေး ရဲ့ အ လောင်း ကို ဘဲ တွေ့ ရ တော့ တယ်။ မိ ဘ တွေ ကို မ ပြော နဲ့ သ တင်း ဖတ် ရ ရဲ့ ကျွန် တော် တို့ တောင် အင် မ တန် မှ ကြေ ကွဲ ရ တယ်။ မိ ဘ တွေ ဆို ဘယ် လောက် ရင် ထု မ နာ ဖြစ် လိမ့် မ လဲ။ ကိုယ့် ပေါ့ ဆ မှု ကြောင့် ကိုယ် အင် မ တန် ချစ် တဲ့ သား ငယ် လေး ဆုံး သွား ရ ရှာ တယ်။

အဲ သ လို အ ဖြစ် အ ပျက် မျိုး မှာ ခ ရစ် ယာန် မိ ဘ တွေ ဆို ရင် ဘု ရား သ ခင် ရဲ့ ကျေး ဇူး တော် တွေ ကို ချီး မွမ်း နိုင် မ လား။ ကိုယ် အင် မ တန် ချစ် တဲ့ သား လေး ပိုး စိုး ပက် စက် သေ ရ တာ ကို ကျေး ဇူး တင် တယ် ဘု ရား သ ခင် လို့ ဘယ် လို လုပ် ပြီး ပြော နိုင် မှာ လဲ။ မ ဖြစ် နိုင် ပါ ဘူး။

သို့ သော် ကျွန် တော် တို့ သ တိ ပြု ရ မှာ က အဲ ဒီ ငါး နှစ် သား က လေး ငယ် သေ ဆုံး ခြင်း ရဲ့ အ ကျိုး ဆက် ကို ဘု ရား သ ခင် က လွဲ ရင် ဘယ် သူ မှ မ သိ နိုင် ဘူး ဆို တာ ဘဲ။ မိ ဘ တွေ က မ သိ နိုင် ဘူး။ တစ် ခြား ဘယ် သူ က မှ လည်း မ သိ နိုင် ဘူး။ ဘု ရား သ ခင် တစ် ပါး တည်း က ဘဲ အ စ က နေ အ ဆုံး တိုင် အောင် သိ တာ ဖြစ် တယ်။ ဘု ရား သ ခင် က သူ တစ် ဦး တည်း သာ သိ တဲ့ အ နာ ဂတ် အ ပေါ် မူ တည် ပြီး လက် ရှိ ဖြစ် ရပ် တွေ ကို ဖြစ် ပွား စေ တာ၊ ဖြစ် ခွင့် ပြု တာ ဖြစ် ပါ တယ်။

အဲ ဒီ က လေး၊ ငယ် ငယ် ရွယ် ရွယ် နဲ့ မ သေ ဆုံး ခဲ့ ရင် သူ အ ရွယ် ရောက် ကြီး ပြင်း လာ ချိန် မှာ ဘယ် လို လူ စား မျိုး ဖြစ် လာ မ လဲ ဆို တာ ဘု ရား သ ခင် က လွဲ ပြီး ဘယ် သူ မှ မ သိ နိုင် ဘူး။ မိ ဘ ကို ပြန် ပြီး စော် ကား ပြစ် မှား တဲ့ သူ ဖြစ် လာ မ လား၊ လူ ပေါင်း များ စွာ ကို သတ် ဖြတ် တဲ့ အ ကြမ်း ဖက် သ မား ဖြစ် လာ မ လား၊ လူ ပေါင်း များ စွာ ကို သမ္မာ တ ရား က နေ လမ်း လွဲ စေ တဲ့ မိစ္ဆာ ပ ရော ဖက် ဖြစ် လာ မ လား၊ မိန်း က လေး ပေါင်း များ စွာ ကို အ ဓမ္မ ပြု ကျင့် ပြီး မှ ရက် ရက် စက် စက် သတ် ဖြတ် တဲ့ ရာ ဇ ဝတ် ကောင် ဖြစ် လာ မ လား၊ ဘယ် သူ မှ မ သိ နိုင် ဘူး။ ဒီ က လေး ဒီ လို ဖြစ် လာ နိုင် တယ် လို့ ကျွန် တော် ဆို လို တာ မ ဟုတ် ပါ ဘူး။ ဘယ် လို ဖြစ် လာ မယ် ဆို တာ ကျွန် တော် တို့ မ သိ တဲ့ အ ကြောင်း ကို ကျွန် တော် ပြော ချင် တာ ဖြစ် ပါ တယ်။

အဲ ဒါ တွေ ကို ကျွန် တော် တို့ သာ ကြို ပြီး သိ ခဲ့ ရင် အ ခု လို က လေး ငယ် သေ ဆုံး တာ ဟာ အ နာ ဂတ် မှာ တစ် ခြား သူ တွေ အ တွက် ကောင်း ဖို့ ဖြစ် တယ် ဆို တာ ကို နား လည် သ ဘော ပေါက် ပြီး လက် ခံ နိုင် မှာ ဖြစ် တယ်။ အဲ သ လို ကြို မ သိ တဲ့ အ တွက် ကြောင့် လည်း ဆိုး ရွား တဲ့ အ ဖြစ် အ ပျက် တွေ နဲ့ ကြုံ တွေ့ ရ တိုင်း ကျွန် တော် တို့ ခ ရစ် ယာန် တွေ ဟာ ဝမ်း နည်း ပက် လက် ဖြစ် ရ ပြီး ကျေး ဇူး တော် မ ချီး မွမ်း နိုင် တာ ဖြစ် ပါ တယ်။

ဘု ရား သ ခင် က ကိစ္စ အား လုံး ကို တ ရား သ ဖြင့် သာ လျှင် လုပ် ဆောင် တာ၊ ဖြစ် ပွါး စေ တာ ဖြစ် ပါ တယ်။ ပို တာ မ ရှိ ဘူး။ လျော့ တာ မ ရှိ ဘူး။ ကွက် တိ ဘဲ လုပ် ပါ တယ်။

“ဘု ရား သ ခင် သည် မူ လ အ မြစ် ဖြစ် ၍၊ အ မှု တော် သည် စုံ လင် ပေ ၏။ စီ ရင် တော် မူ သ မျှ တို့ သည် တ ရား နှင့် ညီ လျက်၊ သစ္စာ စောင့် သော ဘု ရား၊ အ ပြစ် ကင်း လွတ် ၍ ဟုတ် မှန် ဖြောင့် မတ် သော ဘု ရား ဖြစ် တော် မူ ၏” (တ ရား၊ ၃၂:၄)

“ကိုယ် တော် မူ ကား အ ကျွန်ုပ် တို့ အ ပေါ် သို့ ရောက် စေ သ မျှ သော အ မှု ၌ တ ရား တော် မူ ၏။ အ ကျွန်ုပ် တို့ သည် မ တ ရား သ ဖြင့် ပြု ကြ ပါ ပြီ။ ကိုယ် တော် သည် တ ရား သ ဖြင့် သာ စီ ရင် တော် မူ ပြီ” (နေ၊ ၉:၃၃)

“ထာ ဝ ရ ဘု ရား ၏ စီ ရင် တော် မူ ချက် တို့ သည် သစ္စာ တ ရား နှင့် ညီ ၍၊ တ ညီ တ ညွတ် တည်း ဖြောင့် မတ် ကြ ၏” (ဆာ၊ ၁၉:၉)

“အ ကြောင်း မူ ကား၊ ထာ ဝ ရ ဘု ရား ၏ နှုတ် က ပတ် တော် သည် ဖြောင့် မတ် ပေ ၏။ စီ ရင် တော် မူ သ မျှ သော အ မှု တို့ သည် လည်း သစ္စာ တ ရား နှင့် ညီ ကြ ၏” (ဆာ၊ ၃၃:၄)

“ဘု ရား သ ခင် သည် ထို သို့ ပြု သော သူ တို့ ကို စီ ရင် တော် မူ ခြင်း အ ရာ သည် သမ္မာ တ ရား နှင့် ညီ သည် ကို ငါ တို့ သိ ကြ ၏” (ရော၊ ၂:၂)

ဒါ ကြောင့် ခြုံ ငုံ ပြီး ပြော ရ ရင်၊ အ ရာ ခပ် သိမ်း ရဲ့ အ ဆုံး ကို ကြို တင် သိ မြင် တဲ့ ဘု ရား သ ခင် ရဲ့ စီ မံ မှု ကို ကျွန် တော် တို့ ဝန် ခံ တတ် မယ် ဆို ရင် အ ရာ ရာ တိုင်း မှာ ကျေး ဇူး တော် ကို ချီး မွမ်း နိုင် ပါ လိမ့် မယ်။ ဘု ရား သ ခင် က မ ဖြစ် နိုင် တာ ကို လိုက် နာ ဖို့ ကျွန် တော် တို့ ကို မ ပြော ပါ ဘူး။ ကျွန် တော် တို့ လုပ် နိုင် တာ ကို ဘဲ ခိုင်း တတ် ပါ တယ်။ သူ့ အ မိန့် ကို လိုက် နာ ချင် တဲ့ သူ တွေ အ တွက် လုပ် ကိုင် နိုင် စွမ်း ကို လည်း သူ က ဘဲ ပေး ပါ တယ်။ ဒါ ကြောင့် ကောင်း ကောင်း ဆိုး ဆိုး အ ရာ ရာ တိုင်း မှာ ကျေး ဇူး တော် ကို ချီး မွမ်း ကြ ပါ စို့။

“လူ ၌ ဖြစ် တတ် သော စုံ စမ်း နှောင် ရှက် ခြင်း ကို သာ သင် တို့ သည် ခံ ရ ကြ ၏။ ဘု ရား သ ခင် သည် သစ္စာ နှင့် ပြည့် စုံ တော် မူ သည် ဖြစ် ၍၊ သင် တို့ မ ခံ နိုင် သော စုံ စမ်း နှောင့် ရှက် ခြင်း ကို သင် တို့ ၌ ရောက် စိမ့် သော ငှါ အ ခွင့် ပေး တော် မ မူ။ သင် တို့ သည် ခံ နိုင် မည် အ ကြောင်း စုံ စမ်း နှောင့် ရှက် ခြင်း အ ရာ နှင့် တ ကွ၊ ထွက် မြောက် သော လမ်း ကို လည်း စီ ရင် ပြု ပြင် တော် မူ လိမ့် မည်” (၁ ကော၊ ၁၀:၁၃)

“ငါ့ ကို ခွန် အား နှင့် ပြည့် စုံ စေ တော် မူ သော ခ ရစ် တော် အား ဖြင့် ခပ် သိမ်း သော အ မှု တို့ ကို ငါ တတ် စွမ်း နိုင် ၏” (ဖိ၊ ၄:၁၃)