စာလုံးအ ရွယ်အစား

က က

ပြန် သွား

Published: 04/11/2019 Last Edited: 25/02/2020

အ တိတ် ရဲ့ အ ရိပ်

အ မျိုး သ မီး အ ဆို တော် တစ် ဦး သီ ဆို တဲ့ ‘အ ရိပ် များ’ ဆို တဲ့ လော က သီ ချင်း တစ် ပုဒ် ကျွန် တော် နား ထောင် ရ တယ်။ နား ထောင် လို့ ကောင်း ပါ တယ်။ အ သံ ရော ဆို တာ ရော ကောင်း တယ်။ သူ့ ဘ ဝ မှာ အ တိတ် က အ ရိပ် ဆိုး တွေ လွှမ်း မိုး နေ တဲ့ အ ကြောင်း ကို ဆို ထား တာ ဖြစ် တယ်။ သီ ချင်း ရေး တဲ့ ဆ ရာ က အ တိတ် ရဲ့ အ ဖြစ် ဆိုး တွေ က သူ့ ရဲ့ လက် ရှိ ဘ ဝ ကို ချုပ် ကိုင် ထား တဲ့ အ တွက် သူ ဟာ အ တိတ် ရဲ့ ကြိုး ဆွဲ ရာ က နေ ရ တဲ့ ရုပ် သေး ရုပ် တစ် ရုပ် သာ ဖြစ် ကြောင်း ရေး ဖွဲ့ ထား တယ်။ အ တိတ် က အ ဖြစ် အ ပျက် တွေ ကြောင့် သူ့ ရဲ့ လက် ရှိ ဘ ဝ ပန်း ချီ ကား ဟာ အ ရုပ် ဆိုး အ ကျည်း တန် နေ ကြောင်း၊ အဲ ဒီ အ တိတ် ရဲ့ အ ရိပ် က နေ မ လွတ် မြောက် နိုင် တဲ့ အ ကြောင်း စ သ ဖြင့် တင် ပြ ထား တယ်။

ဒါ ဟာ လော က သား တွေ ရဲ့ သီ ချင်း ဖြစ် ပေ မဲ့ ဒီ က နေ့ ခ ရစ် ယာန် တွေ တော် တော် များ များ ဟာ အဲ ဒီ သီ ချင်း ထဲ က လို ဘဲ အ တိတ် ရဲ့ အ ရိပ် အောက် မှာ အ သက် ရှင် နေ ကြ တယ် လို့ ကျွန် တော် ထင် ပါ တယ်။ အ တိတ် ဘ ဝ က နာ ကျည်း ချက် တွေ ဟာ အ ခု ထက် ထိ လတ် လတ် ဆတ် ဆတ် ဖြစ် နေ တုန်း ဘဲ။ လော ကီ သား ဘ ဝ တုံး က အ ဖြစ် တွေ ကို မ ကြာ ခ ဏ ပြန် ပြောင်း သ တိ ရ ပြီး ခံ စား နေ တတ် တဲ့ ယုံ ကြည် သူ တစ် ယောက် ဟာ ဘု ရား သား သ မီး တစ် ယောက် ရဲ့ ဝမ်း မြောက် မှု ကို အ ပြည့် အ ဝ ခံ စား ရ မှာ မ ဟုတ် ဘူး။ မ ဖြစ် သင့် တဲ့ အ ရာ လို့ ကျွန် တော် မြင် ပါ တယ်။ လော က သား တွေ အ တွက် သူ တို့ အ ရွယ် မ ရောက် ခင်၊ မ ရင့် ကျက် ခင် အ ချိန် က ကြုံ ဆုံ ခဲ့ ရ တဲ့ အ ဖြစ် အ ပျက် တွေ၊ အ တွေ့ အ ကြုံ တွေ၊ သူ တို့ လုပ် ခဲ့ တဲ့ အ ရာ ဟာ သူ တို့ ရဲ့ လက် ရှိ ဘ ဝ ကို အ တိုင်း အ တာ တစ် ခု အ ထိ ချုပ် ကိုင် ထား တာ ဟာ ဓမ္မ တာ ပါ ဘဲ။ ဘာ ဖြစ် လို့ လဲ ဆို တော့ သူ တို့ ရဲ့ ဘ ဝ ဟာ၊ မွေး တဲ့ အ ချိန် က နေ စ ပြီး အ ခု ပစ္စပ္ပုန် အ ချိန် ထိ၊ တစ် သ မတ် တည်း အ ပြတ် အ တောက် မ ရှိ၊ ဆက် စပ် နေ လို့ ဖြစ် ပါ တယ်။ အဲ ဒါ ကြောင့် အ တိတ် က ဖြစ် ရပ် တွေ ရဲ့ အ ကျိုး ဆက် ဟာ အ ခု ပစ္စုပ္ပန် ကာ လ အ ထိ လိုက် လာ နေ တုန်း ဘဲ။ အ တိတ် နဲ့ ပစ္စုပ္ပန် အ ကြား အ ဆက် အ သွယ် ပြတ် တောက် စေ တဲ့ အ ဖြစ် အ ပျက် အ တွေ့ အ ကြုံ သူ တို့ မှာ မ ရှိ ဘူး။

ကျွန် တော် တို့ ယုံ ကြည် သူ တွေ မှာ တော့ အဲ သ လို မ ဟုတ် ဘူး။ စစ် မှန် တဲ့ ခ ရစ် ယာန် တိုင်း မှာ အ တိတ် ကာ လ နဲ့ ပစ္စုပ္ပန် ကာ လ ကို ဖြတ် တောက် ပေး တဲ့ အင် မ တန် ထူး ခြား တဲ့ အ ဖြစ် အ ပျက် တစ် ခု ရှိ တယ်။ အဲ ဒါ ကို သမ္မာ ကျမ်း စာ ထဲ မှာ “ဒု တိ ယ အ ကြိမ် မွေး ဖွား ခြင်း” လို့ ခေါ် တယ်။ လူ တစ် ယောက် ဟာ မိ ခင် ဝမ်း ထဲ က နေ ပြီး မွေး လာ တဲ့ အ ခါ မှာ ပ ထ မ အ ကြိမ် မွေး ဖွား ခြင်း ဖြစ် ပါ တယ်။ အဲ ဒီ လူ ဟာ ရုပ် ခန္ဓာ ပိုင်း မှာ အ သက် ရှင် သန် နေ ပေ မဲ့ သူ့ ရဲ့ အ ထဲ က ဝိ ညာဉ် ဟာ အ ပြစ် ကြောင့် ဘု ရား သ ခင် နဲ့ အ ဆက် ပြတ် ပြီး သေ နေ ပါ တယ်။ ဝိ ညာဉ် သေ နေ တဲ့ သာ မန် လော က သား တစ် ယောက် ဟာ ကယ် တင် ခြင်း သို့ ရောက် ရှိ စေ တဲ့ ဧ ဝံ ဂေ လိ တ ရား ကို ကြား နာ ရ ပြီး၊ သ ခင် ယေ ရှု ခ ရစ် တော် ကို နှ လုံး သား ထဲ က နေ အ မှန် တစ် ကယ် ယုံ ကြည် လက် ခံ တဲ့ အ ခါ မှာ၊ ဘု ရား သ ခင် ရဲ့ အ ပြစ် လွှတ် ခြင်း ကျေး ဇူး ကို ခံ ရ တဲ့ အ ပြင် ဘု ရား သ ခင် ရဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် ဟာ သူ့ ရဲ့ ကိုယ် ခန္ဓာ အ ထဲ ကို ကျိန်း ဝပ် လာ တယ်။ အဲ ဒီ ကျိန်း ဝပ် လာ တဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် ကြောင့် အဲ ဒီ လူ ရဲ့ အ တွင်း က သေ နေ တဲ့ သူ့ ဝိ ညာဉ် ဟာ ပြန် လည် ရှင် သန် လာ တဲ့ အ ခါ မှာ အဲ ဒီ လူ ဟာ ဒု တိ ယ အ ကြိမ် မွေး ဖွား ခြင်း ကို ခံ စား ရ တယ်။ ဒါ ဟာ ဝိ ညာဉ် ရေး ရာ အ ဖြစ် အ ပျက် ဖြစ် ပါ တယ်။ အ သွေး အ သား နဲ့ မ ဆိုင် တဲ့ အ တွက် အ ပြင် က နေ ကြည့် ရင် ဘာ ထူး ခြား မှု မှ တွေ့ ရ မှာ မ ဟုတ် ဘူး။ ဒါ ပေ မဲ့ အဲ ဒီ ဒု တိ ယ အ ကြိမ် မွေး ဖွား ခြင်း က လူ တစ် ယောက် ရဲ့ အ သက် တာ ကို လုံး ဝ ပြောင်း လဲ သွား စေ ပါ တယ်။

ကျွန် တော် လည်း ခ ရစ် တော် ကို မ ယုံ ကြည် ခင် တစ် ချိန် တုန်း က လော က သား တွေ ရဲ့ အ ကြား မှာ လော က သား တွေ ရဲ့ ထုံး စံ အ တိုင်း နေ ထိုင် ခဲ့ ပါ တယ်။ သင်္ဘော သား လည်း ဖြစ် တော့ မ ဟုတ် တာ တွေ၊ မ ကောင်း တာ တွေ တော် တော် များ များ လုပ် ဘူး တယ်။ အဲ ဒါ တွေ ကို အ ခု နေ ပြန် ပြောင်း တွေး ကြည့် ရင် တော် တော် ရွံ စ ရာ ကောင်း ပါ တယ်။ ရှက် စ ရာ လည်း ကောင်း တယ်။ လူ မ ဆန် တဲ့ အ လုပ် လည်း ပါ တယ်။ တ ရား ဥ ပ ဒေ ချိုး ဖေါက် ပြီး ထောင် ကျ နိုင် တဲ့ အ လုပ် လည်း ပါ တယ်။ ဂုဏ် သိက္ခာ အင် မ တန် နိမ့် ကျ တဲ့ အ လုပ် တွေ လည်း ပါ တယ်။ အဲ ဒီ အ ဖြစ် အ ပျက် တွေ အ တွေ့ အ ကြုံ တွေ ရဲ့ လွှမ်း မိုး မှု အောက် မှာ ကျွန် တော် သာ အ ခု အ သက် ရှင် နေ ရ ရှင် ကျွန် တော့ ဘ ဝ ဟာ မျက် နှာ ဖော် လို့ တောင် ရ နိုင် မှာ မ ဟုတ် ဘူး။ ရှက် စိတ်၊ သိမ် ငယ် တဲ့ စိတ်၊ ကိုယ့် ကို ကိုယ် ရွံ ရှာ တဲ့ စိတ် နဲ့ နိမ့် နိမ့် ကျ ကျ အ သက် ရှင် ရ မှာ ဖြစ် တယ်။ နိမ့် နိမ့် ကျ ကျ ဆို တာ ပစ္စည်း ဥစ္စာ ဆင်း ရဲ တာ ကို ကျွန် တော် ဆို ချင် တာ မ ဟုတ် ဘူး။ ဂုဏ် သိက္ခာ ကိုယ် ကျင့် တ ရား ပိုင်း စိတ် ဓါတ် ပိုင်း မှာ နိမ့် ကျ တာ ကို ပြော ချင် တာ ပါ။

ဒါ ပေ မဲ့ ဘု ရား သ ခင် ရဲ့ ကျေး ဇူး တော် ကြောင့် ကျွန် တော် သ ခင် ခ ရစ် တော် ကို ကျွန် တော့် အ သက် တာ ရဲ့ ကယ် တင် ပိုင် ရှင် သ ခင် အ ဖြစ် ယုံ ကြည် လက် ခံ ပြီး “ဒု တိ ယ မွေး ခြင်း” ကို ခံ စား ရ ပါ တယ်။ အဲ ဒီ အ ဖြစ် အ ပျက် က ကျွန် တော့် ဘ ဝ ကို လုံး ဝ ပြောင်း လဲ သွား စေ ပါ တယ်။

“လူ မည် သည် ကား၊ ခ ရစ် တော် ၌ ရှိ လျှင် အ သစ် ပြု ပြင် သော သတ္တ ဝါ ဖြစ် ၏။ ဟောင်း သော အ ရာ တို့ သည် ပြောင်း လဲ ၍ ခပ် သိမ်း သော အ ရာ တို့ သည် အ သစ် ဖြစ် ကြ ပြီ” (၂ ကော၊ ၅:၁၇)

“မှောင် မိုက် တန် ခိုး မှ လည်း ငါ တို့ ကို နှုတ် ၍၊ ချစ် တော် မူ သော သား တော် ၏ နိုင် ငံ ထဲ သို့ သွင်း တော် မူ ၏” (ကော၊ ၁:၁၃)

“ဒု တိ ယ မွေး ခြင်း” ကြောင့် ကျွန် တော် မှောင် မိုက် လွှမ်း မိုး တဲ့ လော ကီ နိုင် ငံ ထဲ က နေ ဘု ရား သ ခင် ရဲ့ ကောင်း ကင် နိုင် ငံ ထဲ ကို ရောက် သွား ပါ ပြီ။ ဝိ ညာဉ် ရေး ရာ ပိုင်း မှာ ပြော တာ ပါ။ ခန္ဓာ ကိုယ် က တော့ လော က ထဲ မှာ ရှိ နေ တုန်း ပါ ဘဲ။ ကျွန် တော် သေ ဆုံး တဲ့ အ ခါ မှ ကောင်း ကင် ကို ရောက် မှာ ပါ။ အ ခု လက် ရှိ ခန္ဓာ ကိုယ် က တော့ လူ ဟောင်း ပါ ဘဲ။ ဒါ ပေ မဲ့ ကျွန် တော့် ရဲ့ စိတ် နဲ့ ဝိ ညာဉ် က လူ သစ် ဖြစ် သွား ပါ တယ်။ ကျွန် တော့် ရဲ့ သေ နဲ့ တဲ့ ဝိ ညာဉ် ပြန် ပြီး ရှင် လာ တယ်။ အ ရင် လော က သား ရဲ့ စိတ် သ ဘော တွေ နေ ရာ မှာ ကောင်း ကင် သား ရဲ့ စိတ် သ ဘော တွေ အ စား ထိုး ဝင် ရောက် လာ တယ်။ အ ရင် က အ ပြစ် နဲ့ ပြည့် နှက် နေ တဲ့ ကျွန် တော် ဟာ ဘု ရား သ ခင် ရဲ့ အ ပြစ် လွှတ် ခြင်း ကျေး ဇူး တော် ကြောင့် အ ခု အ ပြစ် ကင်း စင် တဲ့ သူ ဖြစ် သွား ပြီ။ အ ရင် တုန်း က စာ တန် ရဲ့ အုပ် စိုး မှု အာ ဏာ စက် အောက် မှာ နေ တဲ့ ကျွန် တော် ဟာ အ ခု ဘု ရား သား သ မီး ဖြစ် သွား ပြီ။ အ ရင် တုန်း က ဘု ရား သ ခင် ရဲ့ ရန် သူ ဖြစ် တဲ့ ကျွန် တော် ဟာ အ ခု ဘု ရား သ ခင် ရဲ့ အ မွေ ခံ ဖြစ် လာ ပြီ။ ဒါ တွေ အ ပြင် တစ် ခြား ပြောင်း လဲ မှု တွေ လည်း အ များ ကြီး ရှိ တယ်။

“သင် တို့ မူ ကား၊ မှောင် မိုက် ထဲ မှ အံ့ ဘွယ် သော အ လင်း တော် သို့ ခေါ် သွင်း တော် မူ သော သူ ၏ ဂုဏ် ကျေး ဇူး များ ကို ဘော် ပြ စေ ခြင်း ငှါ၊ ရွေး ချယ် တော် မူ သော အ မျိုး ဖြစ် ကြ ၏။ မင်း စည်း စိမ် ရှိ သော ယဇ် ပု ရော ဟိတ် မျိုး၊ သန့် ရှင်း သော လူ မျိုး၊ ပိုင် ထိုက် တော် မူ သော အ ပေါင်း အ သင်း၊ ဖြစ် ကြ ၏။ အ ထက် က အ ပေါင်း အ သင်း မ ဟုတ်၊ ယ ခု တွင် ဘု ရား သ ခင် ၏ ပေါင်း အ သင်း ဖြစ် ကြ ၏။ က ရု ဏာ ကျေး ဇူး တော် ကို အ ထက် က မ ခံ ရ သော် လည်း ယ ခု တွင် ခံ ရ ကြ ၏” (၁ ပေ၊ ၂:၉-၁၀)

“ထို ကြောင့် ငါ တို့ သည် ခ ရစ် တော် ၏ သံ တ မန် ဖြစ် ကြ ၏” (၂ ကော၊ ၅:၂၀)

ကောင်း ကင် နဲ့ မြေ ကြီး ကို ဖန် ဆင်း တဲ့ ဘု ရား သ ခင် က သူ့ ရဲ့ ဂုဏ် ကျေး ဇူး တော် ကို လော ကီ သား များ ထံ ဖေါ် ပြ ဖို့ ကျွန် တော့် ကို ရွေး ချယ် လိုက် တယ်။ ခ ရစ် တော် ဘု ရား က ကျွန် တော့် ကို သူ့ ရဲ့ သံ တ မန် အ ဖြစ် ခန့် အပ် လိုက် တယ်။ အင် မ တန် ဂုဏ် သိက္ခာ မြင့် မား တဲ့ ရာ ထူး အ ဆင့်  တန်း ဖြစ် ပါ တယ်။ အဲ ဒီ မြင့် မား တဲ့ ရာ ထူး နေ ရာ နဲ့ ထိုက် တန် အောင် ကျွန် တော် အ သက် ရှင် ရ ပါ တော့ မယ်။

အဲ ဒီ လော ကီ နိုင်ငံ သား အ ဖြစ် က နေ ကောင်း ကင် နိုင် ငံ သား အ ဖြစ် ကို ရောက် ရှိ သွား ခြင်း က ကျွန် တော့ ကို အ တိတ် က လုပ် ရပ် တွေ အား လုံး က နေ လုံး ဝ အ ဆက် ပြတ် သွား စေ ပါ တယ်။ အဲ ဒါ တွေ နဲ့ ကျွန် တော် မ ဆိုင် တော့ ဘူး။ အ တိတ် ကာ လ ကျွန် တော့ ဆိုး မိုက် မှု တွေ၊ ကျူး လွန် ခဲ့ တဲ့ အ ပြစ် တွေ၊ မ ကောင်း မှု တွေ ရဲ့ လွှမ်း မိုး မှု အား လုံး ကို အဲ ဒီ အ ဖြစ် အ ပျက် က ဖြတ် တောက် ပစ် လိုက် တယ်။ အဲ ဒီ အ ပြစ် တွေ အား လုံး ကို သ ခင် ခ ရစ် တော် ကြောင့် ဘု ရား သ ခင် က ခွင့် လွှတ် ပြီး ဖြစ် တဲ့ အ တွက် ကျွန် တော် နဲ့ လုံး ဝ မ ဆိုင် တော့ ဘူး။ အဲ သ လို ပြော လို့ ကျွန် တော် လုပ် ခဲ့ တဲ့ မ ကောင်း မှု တွေ ကို မေ့ ပစ် လိုက် တာ မ ဟုတ် ပါ ဘူး။ ကျွန် တော် သူ တော် ကောင်း ကြီး ဖြစ် သွား ပြီ လို့ ပြော ချင် တာ မ ဟုတ် ဘူး။ အဲ ဒါ တွေ ကို ကျွန် တော် ကောင်း ကောင်း မှတ် မိ သ တိ ရ နေ တုန်း ပါ ဘဲ။ မ ဟုတ် တာ လုပ် ချင် တဲ့ စိတ် လည်း လုံး ဝ ပျောက် သွား တာ မ ဟုတ် ဘူး။ ဒါ ပေ မဲ့ အဲ ဒီ စိတ် တွေ ကို ချိုး နှိမ် နိုင် လာ တယ်။ အ တိတ် က အ ရိပ် တွေ က ကျွန် တော့  ပစ္စုပ္ပန် ဘ ဝ ကို လုံး ဝ လွှမ်း မိုး မှု မ ရှိ တော့ ဘူး လို့ ဆို ချင် တာ ဖြစ် ပါ တယ်။ အဲ ဒါ ကြောင့် အ ခု ကျွန် တော် ဟာ အ ပြစ် သား တစ် ယောက် ရဲ့ သ ဘော ထား မျိုး နဲ့ အ သက် မ ရှင် ဘဲ၊ ဘု ရား သ ခင် ရဲ့ သား တစ် ယောက်၊ အ ပြစ် ကင်း စင် တဲ့ သူ တစ် ယောက် လို၊ ဂုဏ် သိက္ခာ မြင့် မား တဲ့ သူ တစ် ယောက် လို အ သက် ရှင် နေ နိုင် ပါ တယ်။

“သမ္မာ တ ရား ကို လည်း သိ ကြ သ ဖြင့်၊ ထို တ ရား သည် သင် တို့ ကို လွှတ် လိမ့် မည်” (ယော၊ ၈:၃၂)

ကျွန် တော် နဲ့ ဇ နီး သည် ကြား မှာ အ တိတ် က ကြီး ကြီး ကျယ် ကျယ် စ ကား များ ရန် ဖြစ် ခဲ့ တာ တွေ ရှိ ပါ တယ်။ ကျွန် တော် တို့ နှစ် ယောက် တစ် ယောက် ကို တစ် ယောက် နာ ကျည်း အောင် ပြော တာ တွေ ရှိ ခဲ့ တယ်။ အ ရင် တုံး က အဲ ဒါ တွေ တွေး မိ တိုင်း ထ ရံ ကို တော့ လက် သီး နဲ့ မ ထိုး ဖြစ် ပါ ဘူး၊ ဒါ ပေ မဲ့ စိတ် ထဲ မှာ တ နုံ့ နုံ့ ခံ စား နေ ရ တာ ပေါ့။ သို့ သော် ကျွန် တော် ပြောင်း လဲ ပြီး တဲ့ နောက် အဲ ဒီ ခံ စား ချက် တွေ မ ရှိ တော့ ဘူး။ တစ် ခါ တစ် လေ သ တိ ရ ရင် လည်း ခ ဏ ပါ ဘဲ၊ ပြန် ပျောက် သွား တယ်။ ကျွန် တော့ ဇ နီး သည် ရဲ့ ကောင်း ချက် တွေ ကို ဘဲ မြင် လာ တယ်။ အိမ် ထောင် ကို နှစ် ယောက် သား လက် တွဲ ညီ ညီ တည် ထောင် ခဲ့ တာ တွေ၊ ကျွန် တော့ အ ပေါ် အ နွံ တာ ခံ တာ တွေ၊ အိမ် ထောင် ကျ ကာ စ စီး ပွါး ရေး မ ပြေ လည် တုန်း က သူ မ ငြီး မ ငြူ အ ပင် ပန်း ခံ ဒုက္ခ ခံ ပြီး တစ် ဖက် တစ် လမ်း က ကူ ညီ တာ တွေ၊ သား သ မီး တွေ ကို ကောင်း ကောင်း မွန် မွန် ပြု စု ပျိုး ထောင် တာ တွေ ကို ကျွန် တော် ပြန် သ တိ ရ ရင်း သူ့ ကို ပို ပြီး ပို ပြီး ချစ် လာ တယ်။ သူ့ အ ပေါ် မ ကျေ နပ် တဲ့ စိတ် တွေ ဒေါ သ စိတ် တွေ မ ရှိ တော့ ဘူး။

ကျွန် တော် တို့ အိမ် ထောင် မှာ မိ သား စု ည ပိုင်း ဆု တောင်း တာ လုပ် လေ့ ရှိ တယ်။ အ များ အား ဖြင့် တော့ ကျွန် တော် တို့ ဇ နီး မောင် နှံ နဲ့ သ မီး ရယ် သား ငယ် ရယ် လေး ယောက် ဘဲ ရှိ တတ် တယ်။ ကျွန် တော် က ကျမ်း စာ ဖတ် ပြီး ဝေ ငှ၊ ပြီး တော့ ဆု တောင်း လေ့ ရှိ ကြ တယ်။ တစ် ခါ တော့ ဇ နီး သည် ရဲ့ နှစ် ၆၀ မြောက် မွေး နေ့ မှာ ထုံး စံ အ တိုင်း ည ပိုင်း မိ သား စု ဆု တောင်း ပွဲ လုပ် တယ်။ ကျွန် တော် က သုတ္တံ ၃၁ ထဲ က သီ လ ရှိ သော မိန်း မ အ ကြောင်း ကျမ်း ပိုဒ် ကို ဖတ် ပြီး တော့၊ အိမ် ထောင် ကျ တဲ့ အ ချိန် က စ ပြီး ဇ နီး သည် ရဲ့ မိ သား စု အ တွက် အ နစ် နာ ခံ၊ စိတ် ဆင်း ရဲ ခံ၊ အ ပင် ပန်း ခံ ပြီး လုပ် ဆောင် ခဲ့ တာ တွေ အား လုံး အ တွက် ဇ နီး သည် ကို ကျေး ဇူး တင် တယ် ဆို တဲ့ အ ကြောင်း ကို သ မီး နဲ့ သား ငယ် တို့ ရှေ့ မှာ သူ့ ကို ပြော ပြ တယ်။ ပြီး တော့ ကျွန် တော် သူ့ အ ပေါ် အ ထင် အ မြင် သေး ခဲ့ တာ တွေ၊ သူ့ ကို စိတ် ဆိုး ပြီး စော် ကား ပြော ဆို ခဲ့ တာ တွေ၊ ကျွန် တော် ခင် ပွန်း ကောင်း မ ပီ သ ခဲ့ တာ တွေ၊ သူ့ အ ပေါ် လုပ် မိ ခဲ့ တဲ့ အ ပြစ် တွေ အား လုံး အ တွက် ကျွန် တော့ ကို ခွင့် လွှတ် ဖို့ သား ငယ် နဲ့ သ မီး တို့ ရှေ့ မှာ ကျွန် တော် သူ့ ကို တောင်း ပန် စ ကား ပြော ခဲ့ တယ်။ အဲ ဒီ အ ခါ ဇ နီး သည် က ငို ပြီး ကျွန် တော့် ကို ထ ဖက် ပါ တယ်။ ကျွန် တော် လည်း မျက် ရည် ကျ ပြီး သူ့ ကို ပြန် ဖက် တယ်။ အ ဖိုး ကြီး နဲ့ အ ဖွား ကြီး နှစ် ယောက် စ လုံး သူ ငယ် ပြန် ပြီး ထ ဖက် တာ မ ဟုတ် ပါ ဘူး။ ချစ် ခြင်း မေတ္တာ ကြောင့် ဘု ရား သ ခင် ရဲ့ အ ပြစ် လွှတ် ခြင်း က နေ တစ် ဆင့်၊ အ ချင်း ချင်း အ ပြစ် လွှတ် ခြင်း ကြောင့် ခံ စား ရ တဲ့ ကြည် နူး မှု နဲ့ ဝမ်း မြောက် မှု နဲ့ မျက် ရည် ကျ ပြီး ဖက် ကြ တာ ပါ။ ကျမ်း စာ ထဲ မှာ ရှင် ယာ ကုပ် ၅:၁၆ က ယုံ ကြည် သူ အ ချင်း ချင်း အ ပြစ် ဖေါ် ပြ ပြီး တောင်း ပန် ဖို့ ပြော ထား တဲ့ အ တွက် ကျွန် တော် ဇ နီး သည် ကို တောင်း ပန် ခြင်း ဖြစ် ပါ တယ်။ အဲ သ လို တောင်း ပန် ပြီး တဲ့ နောက် မှာ အ တိတ် က နှောင် ကြိုး တွေ ရဲ့ ချည် နှောင် ခြင်း က နေ လုံး ဝ လွတ် မြောက် သွား တဲ့ အ ရ သာ ကို ကျွန် တော် ကောင်း ကောင်း ကြီး ခံ စား ရ တယ်။ အ မှန် တော့ ကျွန် တော် ဒု တိ ယ မွေး ခြင်း ခံ ပြီး ပြီး ခြင်း မှာ ဘဲ တောင်း ပန် သင့် တာ ပေါ့။ ဒါ ပေ မဲ့ အ ခု လို နှစ် ပေါင်း နှစ် ဆယ် ကျော် နောက် ကျ ပြီး မှ တောင်း ပန် တာ တောင် သမ္မာ ကျမ်း စာ သွန် သင် မှု ကို လိုက် နာ တာ ဟာ အင် မ တန် ကောင်း တဲ့ အ ရ သာ ဖြစ် ကြောင်း ကျွန် တော် သက် သေ ခံ ချင် ပါ တယ်။

ယုံ ကြည် သူ ခ ရစ် ယာန် တွေ အား လုံး သမ္မာ တ ရား ကို သိ ပြီး၊ အ တိတ် က အ ရိပ် ရဲ့ လွှမ်း မိုး ချည် နှောင် မှု တွေ က နေ လွတ် မြောက် ကာ၊ ဘု ရား သ ခင် ရဲ့ ဘုန်း တော် ထင် ရှား စေ တဲ့ အ သက် တာ၊ အ မြဲ တမ်း ဝမ်း မြောက် ပျော် ရွှင် တဲ့ အ သက် တာ နဲ့ အ သက် ရှင် နိုင် ကြ ဖို့ ဆန္ဒ ပြု ပါ တယ်။

“ငါ့ ကိုယ် အင်္ဂါ များ ၌ ရှိ သော တ ရား တ ပါး သည် စိတ် ဝိ ညာဉ် တ ရား ကို ဆိုင် ပြိုင် တိုက် လှန် သ ဖြင့်၊ ငါ့ ကိုယ် အင်္ဂါ များ ၌ ရှိ သော အ ပြစ် တ ရား လက် သို့ ငါ့ ကို ဘမ်း သွား အပ် နှံ သည် ကို ငါ မြင် ၏။ ငါ သည် ငြို ငြင် သော သူ ဖြစ် ပါ သည် တ ကား။ ဤ အ သေ ကောင် မှ ငါ့ ကို အ ဘယ် သူ ကယ် လွှတ် မည် နည်း။ ငါ တို့ သ ခင် ယေ ရှု ခ ရစ် အား ဖြင့် ကယ် လွှတ် တော် မူ သော ဘု ရား သ ခင် ၏ ကျေး ဇူး တော် ကြီး လှ ပါ ၏” (ရော၊ ၇:၂၃-၂၅)