စာလုံးအ ရွယ်အစား

က က

ပြန် သွား

Published: 30/12/2019 Last Edited: 31/12/2019

သမ္မာ တ ရား သည် သင် တို့ ကို လွှတ် လိမ့် မည်

“သမ္မာ တ ရား ကို လည်း သိ ကြ သ ဖြင့်၊ ထို တ ရား သည် သင် တို့ ကို လွှတ် လိမ့် မည်” (ယော၊ ၈:၃၂)

ရှင် ယော ဟန် ခ ရစ် ဝင် ကျမ်း ထဲ မှာ ဒီ အ ချက် ကို သ ခင် ခ ရစ် တော် က သူ့ ကို ယုံ ကြည် တဲ့ ယု ဒ လူ တွေ ကို ပြော ပြ တာ လို့ မှတ် တမ်း တင် ထား ပါ တယ်။ ဒါ ပေ မဲ့ အဲ ဒီ ယုံ ကြည် တယ် ဆို တဲ့ ယု ဒ လူ တွေ က ဘဲ၊ သူ တို့ ဟာ အာ ဗြ ဟံ အ မျိုး ဖြစ် ပြီး၊ လွှတ် တယ် လို့ ပြော ရ အောင် ဘယ် သူ့ လက် အောက် မှာ တစ် ခါ မှ ကျွန် မ ခံ ဘူး ဘူး လို့ ပြန် ပြော ကြ တယ်။ အဲ ဒီ တော့ ခ ရစ် တော် က ဒု စ ရိုက် ကို ပြု တဲ့ သူ ဟာ ဒု စ ရိုက် ရဲ့ ကျွန် ဖြစ် ကြောင်း ရှင်း ပြ ရ တယ်။ ဆို လို တာ က၊ လူ ဟာ တစ် စုံ တစ် ရာ သို့ မ ဟုတ် တစ် စုံ တစ် ဦး ရဲ့ အ လို အ တိုင်း လုပ် ရ တယ် ဆို ရင်၊ အဲ ဒီ လူ ဟာ အဲ ဒီ တစ် စုံ တစ် ရာ သို့ မ ဟုတ် တစ် စုံ တစ် ဦး ရဲ့ လက် အောက် မှာ ကျွန် ခံ နေ ရ ခြင်း ဘဲ ဖြစ် ပါ တယ်။ ပြီး တော့ အဲ ဒီ ကျွန် အ ဖြစ် က နေ လွတ် မြောက် စေ နိုင် တဲ့ အ ရာ ဟာ လည်း “သမ္မာ တ ရား ကို သိ ခြင်း” အား ဖြင့် လို့ ဘဲ ဖြစ် ပါ တယ်။ သမ္မာ တ ရား ကို သိ ခြင်း ဟာ၊ လော က နဲ့ သာ သက် ဆိုင် တဲ့ ဇာ တိ အ တွေး အ ခေါ် ခံ ယူ ချက် တွေ အား လုံး က နေ လွတ် မြောက် စေ နိုင် တယ်။

ပြီး ခဲ့ တဲ့ ၂၀၁၉ ဒီ ဇင် ဘာ လ လယ် လောက် တုန်း မှာ၊ အ မေ ရိ ကန် ပြည် New York မြို့ က ယုံ ကြည် သူ သ မီး ငယ် တစ် ယောက် နဲ့ ကျွန် တော် Viber က နေ တစ် ဆင့် စ ကား ပြော ဖြစ် တယ်။ သာ ကြောင်း မာ ကြောင်း မေး ပြီး တဲ့ နောက် သူ တက် နေ တဲ့ အ သင်း တော် ရဲ့ အ ကြောင်း ကျွန် တော် မေး ကြည့် တယ်။ တ နင်္ဂ နွေ နေ့ ဘု ရား ကျောင်း တက် တဲ့ လူ ဘယ် လောက် များ သ လဲ လို့ မေး တော့ သူ က လူ ဘယ် လောက် လောက် ရှိ တယ် ပြန် ပြော ရင်း အ ရင် က ဒီ ထက် များ တယ်၊ ဒါ ပေ မဲ့ အ ခု လူ မျိုး စု တစ် စု က သူ တို့ လူ မျိုး စ ကား နဲ့ ဟော တဲ့ အ သင်း တော် ခွဲ ထောင် လိုက် တော့ လူ နည်း သွား တယ် လို့ သူ က ပြော ပြ တယ်။ အဲ ဒီ တော့ ကျွန် တော် က သူ တို့ တစ် တွေ မြန် မာ စ ကား ကောင်း ကောင်း မ တတ် တဲ့ အ တွက် သူ တို့ ကျွမ်း ကျင် တဲ့ ဘာ သာ စ ကား နဲ့ ဘု ရား ရှိ ခိုး ချင် လို့ ဆို ရင် အ ပြစ် ပြော စ ရာ မ ရှိ ပါ ဘူး လို့ ပြော တော့၊ အဲ ဒီ သ မီး ငယ် က မ ဟုတ် ဘူး၊ သူ တို့ မြန် မာ စ ကား ကောင်း ကောင်း နား လည် တယ်၊ ပြော တတ် တယ် လို့ ပြန် ပြော တော့ ကျွန် တော် စိတ် ထဲ မှာ မ ကောင်း ဘူး။ မြန် မာ စ ကား ကောင်း ကောင်း နား လည် ပြော တတ် ရက် နဲ့ ခွဲ ထွက် တယ် ဆို ရင် လူ မျိုး ရေး ကြောင့် ဘဲ ဖြစ် ပါ လိမ့် မယ်။ ယုံ ကြည် သူ အ ချင်း ချင်း တစ် လုံး တစ် ဝ တည်း ဖြစ် ကြ ဖို့ ခ ရစ် တော် ရဲ့ မှာ ကြား ချက် (ယော၊ ၁၇:၁၁, ၂၁-၂၃) ကို ငြင်း ပယ် ပြီး၊ လူ မျိုး တူ အ ချင်း ချင်း တစ် လုံး တစ် ဝ ဖြစ် ဖို့ ဦး စား ပေး တာ ဟာ မ ဖြစ် သင့် ပါ ဘူး။ ယုံ ကြည် သူ တွေ အ ချင်း ချင်း ဘု ရား မေတ္တာ နဲ့ ချစ် ကြ ဖို့ ခ ရစ် တော် ရဲ့ ပ ညတ် ချက် (ယော၊ ၁၅:၁၂, ၁၇) ကို ဘေး ဖယ် ပြီး၊ ကိုယ့် လူ မျိုး အ ချင်း ချင်း ကို ပို ချစ် တာ မှား ပါ လိမ့် မယ်။

ကျွန် တော် တို့ ယုံ ကြည် သူ ခ ရစ် ယာန် တွေ စု ဝေး ဝတ် ပြု ကိုး ကွယ် ရ ခြင်း ရဲ့ အ ဓိ က ပင် မ ဗ ဟို ချက် ဟာ သ ခင် ခ ရစ် တော် ဘဲ ဖြစ် ပါ တယ်။ တစ် ခြား ဘာ အ ကြောင်း ကြောင့် မှ မ ဟုတ် ဘူး။ သ ခင် ခ ရစ် တော် ကို ယုံ ကြည် လို့၊ သူ့ စ ကား ကို နား ထောင် လို့၊ သူ့ ရဲ့ သွန် သင် ချက် တွေ ကို ကြား ချင် လို့၊ သူ့ ကို ချစ် လို့၊ သူ့ ကို ယုံ ကြည် တဲ့ ခ ရစ် ယာန် တွေ အ တူ တ ကွ စည်း ဝေး ကိုး ကွယ် ကြ တာ ဖြစ် တယ်။ အဲ သ လို အ တူ တ ကွ စု ဝေး ကိုး ကွယ် ရာ က နေ၊ လူ မျိုး ရေး ကြောင့် ခွဲ ထွက် တာ ဆို ရင် ကိုယ် စု ဝေး ကိုး ကွယ် တဲ့ အ ကြောင်း ရင်း ဗ ဟို ချက် ဟာ ခ ရစ် တော် မ ဟုတ် တော့ ဘူး။ လူ မျိုး ရေး ဖြစ် သွား ပြီ။ လူ မျိုး ကို ချစ် လို့၊ လူ မျိုး ကို ကိုး ကွယ် တာ ဖြစ် သွား လိမ့် မယ်။

ကိုယ့် လူ မျိုး ကို ချစ် တာ အ ပြစ် မ ဟုတ် ပါ ဘူး။ သို့ သော် ခ ရစ် တော် ထက် ကိုယ့် လူ မျိုး၊ ကိုယ့် မိ ဘ၊ ကိုယ့် သား သ မီး ကို ပို ပြီး ချစ် ခဲ့ ရင် အဲ ဒါ အ ပြစ် ဖြစ် ပါ တယ်။ ကျမ်း စာ က အဲ ဒီ လူ ဟာ ခ ရစ် တော် နဲ့ မ ထိုက် တန် ဘူး လို့ ရှင်း ရှင်း လေး ပြော ထား လို့ ပါ။

“အ ကြင် သူ သည် ငါ့ ကို ချစ် သည် ထက် မိ ဘ ကို သာ ၍ ချစ် ၏၊ ထို သူ သည် ငါ နှင့် မ ထိုက် မ တန်။ အ ကြင် သူ သည် ငါ့ ကို ချစ် သည် ထက် သား သ မီး ကို သာ ၍ ချစ် ၏၊ ထို သူ သည် ငါ နှင့် မ ထိုက် မ တန်” (မ၊ ၁၀:၃၇)

ကျွန် တော် မ ပြောင်း လဲ ခင် တုန်း က လူ မျိုး ရေး စိတ် တော် တော် လေး ပြင်း ထန် ခဲ့ ဘူး တယ်။ ကျွန် တော် တို့ ချင်း လူ မျိုး တွေ ဟာ မြန် မာ လူ မျိုး တွေ ရဲ့ လက် အောက် မှာ ကျွန် ဖြစ် နေ ရ တယ် ဆို တဲ့ အ သိ နဲ့ တော် လှန် ပုန် ကန် ချင် တဲ့ စိတ် တွေ ဖြစ် ခဲ့ တယ်။ ကျွန် တော် မြန် မာ လူ မျိုး တွေ ကို မ မုန်း ပါ ဘူး။ ကျွန် တော့် အ ခင် ဆုံး သူ ငယ် ချင်း တွေ ဟာ လည်း မြန် မာ လူ မျိုး တွေ ဘဲ ဖြစ် ကြ ပါ တယ်။ ဒါ ပေ မဲ့ လူ မျိုး ရေး စိတ် ဓာတ် က ကျွန် တော့် ကို ဖိ စီး ခဲ့ ဘူး တယ်။ ကျွန် တော် ဆယ် တန်း အောင် ပြီး တော့ စစ် တက္က သိုလ် လျှောက် တာ ဘု ရား ကျေး ဇူး တော် ကြောင့် မ ရ ခဲ့ ဘူး။ ရ ခဲ့ ရင် ကျွန် တော် စစ် တပ် ထဲ က နေ တော ခို ပြီး သူ ပုန် ဖြစ် ဖို့ လမ်း များ တယ်။

“လူ မည် သည် ကား၊ ခ ရစ် တော် ၌ ရှိ လျှင် အ သစ် ပြု ပြင် သော သတ္တ ဝါ ဖြစ် ၏။ ဟောင်း သော အ ရာ တို့ သည် ပြောင်း လဲ ၍ ခပ် သိမ်း သော အ ရာ တို့ သည် အ သစ် ဖြစ် ကြ ပြီ” (၂ ကော၊ ၅:၁၇)

ကျွန် တော် ပြောင်း လဲ ပြီး နောက် တော့ သမ္မာ တ ရား သိ လာ တဲ့ အ ခါ မှာ၊ အဲ ဒီ လူ မျိုး ရေး စိတ် တွေ တစ် ဖြည်း ဖြည်း လျော့ နည်း လာ တယ်။ အ ရင် လို မ ပြင်း ထန် တော့ ဘူး။ ခ ရစ် တော် ၌ ရှိ တဲ့ သူ ဟာ အား လုံး အ သစ် ပြု ပြင် ခံ ရ တယ် ဆို တဲ့ ကျမ်း ချက် အ တိုင်း ကျွန် တော့် အ သက် တာ မှာ အ သစ် ပြု ပြင် ခြင်း ခံ ရ တယ်။ သ ခင် ခ ရစ် တော် ကို မ ယုံ ကြည် ခင် က ကျွန် တော် ဟာ ချင်း လူ မျိုး ဖြစ် သော် လည်း ဘဲ၊ သ ခင် ခ ရစ် တော် ကို ယုံ ကြည် ပြီး တဲ့ ကျွန် တော် ဟာ အ ခု အာ ဗြ ဟံ အ မျိုး ဖြစ် လာ ပြီ ဆို တာ ကို သိ ရ တယ်။ အဲ ဒါ အ ပြင် ကျွန် တော့် ရဲ့ အာ ဗြ ဟံ အ မျိုး ဖြစ် ခြင်း ဟာ ထာ ဝ ရ၊ အ ဓိ က ကျ ပြီး၊ ချင်း လူ မျိုး ဖြစ် ခြင်း ဟာ သာ မ ည၊ ယာ ယီ သာ ဖြစ် တယ် ဆို တာ ကို လည်း ကျွန် တော် နား လည် သ ဘော ပေါက် လာ တယ်။ မြန် မာ အ စိုး ရ က ချင်း လူ မျိုး တွေ ကို အုပ် စိုး နေ ခြင်း ဟာ လည်း ဘု ရား သ ခင် က အ လို တူ ခွင့် ပြု ထား လို့ သာ ဖြစ် တယ် ဆို တာ သိ လာ ရ တယ်။ ဘု ရား သ ခင် ရဲ့ အ ကြံ အ စည် တော် နဲ့ လုပ် ဆောင် မှု တွေ ကို ဆန့် ကျင် ပြီး မြန် မာ အ စိုး ရ ကို တော် လှန် ပုန် ကန် ဖို့ ဆို တာ မ ဖြစ် သင့် ဘူး။ ဘု ရား သ ခင် ဟာ သူ ကြိုက် တဲ့ အ စိုး ရ ကို တင် နိုင် တယ်၊ ဖြုတ် ချ နိုင် တယ်။ အ စိုး ပိုင် ခြင်း အ ခွင့် အာ ဏာ အား လုံး ဟာ ဘု ရား သ ခင် လက် ထဲ မှာ ဘဲ ရှိ ပါ တယ်။

ကျွန် တော် တို့ မိ သား စု စင်္ကာ ပူ ပြောင်း ကာ စ မှာ၊ စင်္ကာ ပူ က ကျွန် တော် တို့ ချင်း မျိုး နွယ် စု ရဲ့ ဝတ် ပြု စည်း ဝေး မှာ ပါ ဝင် ဖို့ ခေါ် ဖိတ် ခံ ခဲ့ ရ ဘူး ပါ တယ်။ ဒါ ပေ မဲ့ ကျွန် တော် တို့ မိ သား စု မ သွား ကြ ပါ ဘူး။ လူ မျိုး ရေး ကို အ ခြေ ခံ တဲ့ ခ ရစ် ယာန် ဝတ် ပြု ကိုး ကွယ် ခြင်း တွေ မှာ ခ ရစ် တော် ဟာ အ ဓိ က မ ဟုတ် တဲ့ အ တွက် ကျွန် တော် တို့ မ ပါ ဝင် လို ဘူး။

ကျွန် တော့် ကို လွှတ် ခြင်း အ ခွင့် ပေး တဲ့ သ ခင် ခ ရစ် တော် ကို ကျွန် တော် အ ရမ်း ကျေး ဇူး တင် တယ်။ ခပ် သိမ်း သော အ ရာ ဟာ အ သစ် ဖြစ် တယ် ဆို တဲ့ အ တိုင်း ဘဲ၊ ကျွန် တော် ခံ စား ရ တဲ့ လွှတ် ခြင်း အ ခွင့် ဟာ လူ မျိုး ရေး တစ် ခု တည်း တင် မ ဟုတ် ဘူး။ ဘာ သာ ရေး၊ အိမ် ထောင် ရေး၊ စီး ပွါး ရေး၊ မိ သား စု၊ အ လုပ် အ ကိုင်၊ ဝါ သ နာ၊ လူ မှု ပေါင်း သင်း ဆက် ဆံ ရေး၊ စ သ ဖြင့် အ ရာ အား လုံး ပါ ဝင် တယ်။ အ သင်း တော် မှာ ပါ ဝင် ပြီး လူ တွေ တီ ထွင် တဲ့ လွဲ မှား တဲ့ ဘာ သာ ရေး အ ယူ အ ဆ တွေ က နေ လွတ် မြောက် ခွင့် ရ တာ၊ အိမ် ထောင် ရေး မှာ ဇ နီး သည် အ ပေါ် အုပ် စိုး ချယ် လှယ် ချင် စိတ် က နေ လွတ် မြောက် ခွင့် ရ တာ၊ စီး ပွါး ရေး မှာ အိမ် ခြံ မြေ တွေ ကား တွေ ပိုင် ဆိုင် လို စိတ် က နေ လွတ် မြောက် ခွင့် ရ တာ၊ အ သက် တာ မှာ တို တောင်း တဲ့ မြေ ကြီး အ သက် တာ ကို ဦး စား ပေး နေ ခြင်း က နေ လွတ် မြောက် ခွင့် ရ တာ၊ အ လုပ် အ ကိုင် မှာ လည်း ကိုယ့် ရဲ့ အ နာ ဂတ် အ တွက် စိတ် ပူ ပန် နေ ရ ခြင်း က နေ လွတ် မြောက် ခွင့် ရ တာ၊ ပေါင်း သင်း ဆက် ဆံ ရေး မှာ လည်း တစ် ခြား သူ တွေ အ ပေါ် မ လို လား စိတ်၊ အ မြင် ကပ် စိတ်၊ မ ကောင်း မြင် တဲ့ စိတ်၊ ပြိုင် ဆိုင် လို တဲ့ စိတ် စ တာ တွေ က နေ လွတ် မြောက် ခွင့် ရ တာ၊ စ သ ဖြင့် လွှတ် ခြင်း အ ခွင့် ဟာ အင် မ တန် ကျယ် ပြန့် ပြီး အင် မ တန် ကောင်း မွန် လှ ပါ တယ်။ အဲ ဒါ တစ် ကယ့် လွတ် လပ် ရေး အ စစ် အ မှန် ဖြစ် ပါ တယ်။ အဲ ဒီ ကြီး မား ကောင်း မွန် လှ တဲ့ လွှတ် ခြင်း အ ခွင့် ကို ခံ စား ရ ဖို့ လို အပ် ချက် က တော့ တစ် ခု တည်း ပါ။ သ ခင် ခ ရစ် တော် ဆို တဲ့ သမ္မာ တ ရား ကို သိ နား လည် ဖို့ ဘဲ ဖြစ် ပါ တယ်။

ယုံ ကြည် သူ တွေ အား လုံး သ ခင် ခ ရစ် တော် တည်း ဟူ သော သမ္မာ တ ရား ကို သိ နား လည် ပြီး တော့ လော က အ ရာ တွေ ရဲ့ အုပ် စိုး မှု က နေ လွတ် မြောက် ကြ ဖို့ ကျွန် တော် ဆန္ဒ ပြု ပါ တယ်။