စာလုံးအ ရွယ်အစား

က က

ပြန် သွား

Published: 22/11/2019 Last Edited: 14/06/2020

သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် စုံ ခြင်း

“လွန် ကျူး စေ တတ် သော စ ပျစ် ရည် နှင့် ယစ် မူး ခြင်း ကို ရှောင် ၍ ဝိ ညာဉ် တော် နှင့် ပြည့် စုံ လျက် ရှိ ကြ လော့” (ဧ၊ ၅:၁၈)

သမ္မာ ကျမ်း စာ ထဲ မှာ ခ ရစ် ယာန် တွေ ကို သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ပြည့် စုံ ဖို့ တိုက် တွန်း ထား တာ တွေ့ ရ ပါ တယ်။ ဓမ္မ ဟောင်း ကာ လ မှာ ရော ဓမ္မ သစ် ကာ လ မှာ ပါ ဘု ရား သ ခင် အ သုံး ပြု ခဲ့ တဲ့ ပ ရော ဖက် တွေ၊ တ မန် တော် တွေ ဟာ လည်း ဝိ ညာဉ် တော် နဲ့ ပြည့် တဲ့ အ ကြောင်း မ ကြာ ခ ဏ ဖေါ် ပြ တာ တွေ့ ရ မယ်။ တ မန် တော် တွေ ဖြစ် ကြ တဲ့ ပေ တ ရု တို့ ပေါ လု တို့ ဟာ လည်း ဝိ ညာဉ် တော် နဲ့ ပြည့် ဝ တဲ့ သူ တွေ ဖြစ် ကြောင်း သိ ရ တယ်။ ကျွန် တော် တို့ ရဲ့ ကယ် တင် ရှင် သ ခင် ခ ရစ် တော် ကိုယ် တိုင် လည်း ဝိ ညာဉ် တော် နဲ့ ပြည့် ဝ တဲ့ သူ ဖြစ် ကြောင်း ကျမ်း စာ က မှတ် တမ်း တင် ထား တယ်။

“ယေ ရှု သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် စုံ လျက်၊ ယော် ဒန် မြစ် နား မှ ပြန် စဉ် တွင် ဝိ ညာဉ် တော် သည် တော သို့ ပို့ ဆောင် တော် မူ ၏” (လု၊ ၄:၁)

ဒါ ကြောင့် သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ပြည့် စုံ ဖို့ ဟာ ခ ရစ် ယာန် တွေ မှာ မ ရှိ မ ဖြစ် တဲ့ အ ရာ တစ် ခု ဖြစ် ပါ တယ်။ ဘာ ဖြစ် လို့ လဲ ဆို တော့ ဝိ ညာဉ် တော် နဲ့ ပြည့် ဝ တဲ့ ယုံ ကြည် သူ သာ လျှင် ဘု ရား သ ခင် ရဲ့ ဘုန်း တော် ကို ထင် ရှား စေ တဲ့ အ သက် တာ နဲ့ အ သက် ရှင် နိုင် မှာ မို့ လို့ ပါ။ ခ ရစ် ဝင် ကျမ်း တွေ ထဲ က သ ခင် ခ ရစ် တော် ရဲ့ လုပ် ဆောင် ချက် ‌တွေ ကို ကြည့် ရင် ဘု ရား သ ခင် ဘုန်း တော် ထင် ရှား စေ တဲ့ အ ကြောင်း နဲ့ အ မြဲ တမ်း လို လို အ ဆုံး သတ် သွား တာ တွေ့ ရ မယ်။ ပေ တ ရု တို့၊ ပေါ လု တို့ လည်း အဲ ဒီ လို ပါ ဘဲ။ သူ တို့ ရဲ့ လုပ် ဆောင် မှု တွေ အား ဖြင့် လူ တွေ ခ ရစ် တော် ကို ယုံ ကြည် ပြီး ဘု ရား သ ခင် ဆီ ပြောင်း လဲ လာ ကြ တယ်။

သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ပြည့် စုံ တဲ့ သူ ဟာ ဘာ ကြောင့် ဘု ရား ဘုန်း တော် ထင် ရှား စေ နိုင် သ လဲ။ ပြော စ ရာ အ များ ကြီး ရှိ နိုင် ပေ မဲ့ ကျွန် တော် သိ သ လောက် အ ချက် သုံး ချက် ကို ဘဲ တင် ပြ ချင် ပါ တယ်။

သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ပြည့် စုံ ခြင်း ၏ အ ကျိုး များ

၁) လော ကီ သွေး ဆောင် မှု များ ကို တွန်း လှန် နိုင် ခြင်း

ရှင် ယော ဟန် ဩ ဝါ ဒ စာ ပ ထ မ စောင် ထဲ မှာ ယုံ ကြည် သူ ခ ရစ် ယာန် တွေ ကို စုံ စမ်း သွေး ဆောင် တဲ့ မာရ် နတ် ရဲ့ လက် နက် သုံး မျိုး ကို ဖေါ် ပြ ထား တယ်။

လော က ရှိ မျှ သော ရာ တည်း ဟူ သော ကိုယ် ကာ တပ် မက် ခြင်း၊ မျက် စိ တပ် မက် ခြင်း၊ လော ကီ စည်း စိမ် ဝါ ကြွား ခြင်း တို့ သည် မည်း တော် နှင့် စပ် ဆိုင်၊ လော က နှင့် သာ စပ် ဆိုင် ကြ ၏” (၁ ယော၊ ၂:၁၆)

ကိုယ် ကာ ယ တပ် မက် ခြင်း ဆို တာ အ သွေး အ သား နဲ့ ဆိုင် တယ်။ မျက် စိ တပ် မက် ခြင်း ဆို တာ ပစ္စည်း ဥစ္စာ နဲ့ ဆိုင် တယ်။ လော ကီ စည်း စိမ် ၌ ဝါ ကြွား ခြင်း ဆို တာ ဂုဏ် ပ ကာ သ န နဲ့ ဆိုင် တယ် လို့ အ ကြမ်း ဖျဉ်း ယူ ဆ နိုင် ပါ တယ်။ ကျွန် တော် တို့ ကို ကျမ်း စာ သင် ပေး တဲ့ ဆ ရာ/မ တွေ က အဲ ဒါ ကို မာရ် နတ် ပစ် လိုက် တဲ့ ကျည် ဆံ သုံး တောင့် လို့ တင် စား လေ့ ရှိ ကြ တယ်။ တ မန် တော် ကြီး ရှင် ယော ဟန် က လော က ကြီး ရဲ့ ဖျား ယောင်း သွေး ဆောင် မှု အား လုံး ကို စစ် ကြည့် လိုက် ရင် အဲ ဒီ သုံး ခု ဘဲ ရှိ တယ် လို့ အ ပြတ် ပြော ထား တယ်။ မှန် လည်း မှန် ပါ တယ်။ လော က သား တွေ ဟာ အဲ ဒီ သုံး ချက် ထဲ မှာ ဘဲ နစ် မွန်း နေ ကြ တယ်။ အဲ ဒီ သုံး ချက် အ တွက် ရုန်း ကန် လှုပ် ရှား နေ ကြ တယ်။ အဲ ဒီ သုံး ချက် ထဲ က တစ် ချက် ချက် ကြောင့် လမ်း လွဲ သွား တဲ့၊ နာ မည် ပျက် သွား တဲ့ အ မှု တော် ဆောင် တွေ၊ ယုံ ကြည် သူ တွေ အ များ ကြီး ရှိ ခဲ့ တယ်။ နောက် လည်း ရှိ နေ အုံး မှာ ဘဲ။ အဲ ဒီ အ ထဲ မှာ ကိုယ် မ ပါ ဖို့ အ ရေး ကြီး တယ်။

ကိုယ် မ ပါ ဖို့ တော့ ဟုတ် ပါ ပြီ။ ဘယ် လို လုပ် ပြီး အဲ ဒီ မာရ် နတ် ရဲ့ ကျည် ဆံ ကြောင့် ကျ ဆုံး သွား တဲ့ သူ တွေ ရဲ့ စာ ရင်း ထဲ မှာ ကိုယ် မ ပါ အောင် လုပ် ရ မ လဲ။ အင် မ တန် ဆွဲ ငင် အား ကောင်း တဲ့ လော ကီ သွေး ဆောင် မှု တွေ (ငွေ ကြေး၊ ကာ မ ဂုဏ်၊ မူး ယစ် ဆေး ဝါး၊ တန် ခိုး အာ ဏာ၊ ဂုဏ် စည်း စိမ်) ကို ဘယ် လို ရင် ဆိုင် တွန်း လှန် မ လဲ။ အ ဖြေ က တော့ သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ပြည့် ဝ ဖို့ ပါ ဘဲ။ အဲ ဒါ ကို သ ခင် ခ ရစ် တော် က အ ကောင်း ဆုံး ပုံ သက် သေ ပြ ခဲ့ ပါ တယ်။ သူ တော ထဲ မှာ ရက် ပေါင်း လေး ဆယ် အ စာ ရှောင် ပြီး နောက် ဆာ လောင် နေ တဲ့ အ ချိန် မှာ မာရ် နတ် က သွေး ဆောင် ပါ တယ်။ မာရ် နတ် က အင် မ တန် လည် တယ်။ ပါး နပ် တယ်။ ခ ရစ် တော် ထ မင်း စား ပြီး အား ရ ကျေ နပ် နှစ် သိမ့် နေ တဲ့ အ ချိန်၊ ခွန် အား ပြည့် ဝ နေ တဲ့ အ ချိန်၊ တ ပည့် တ ပန်း တွေ ဝိုင်း ရံ နေ တဲ့ အ ချိန် တွေ မှာ မ သွေး ဆောင် ဘူး။ ရက် လေး ဆယ် အ စာ ရှောင် ပြီး ဆာ နေ တဲ့ အ ချိန်၊ အား နည်း နေ တဲ့ အ ချိန်၊ သူ တစ် ယောက် တည်း အ ထီး ကျန် နေ တဲ့ အ ချိန် မှာ သွေး ဆောင် တယ်။ သွေး ဆောင် တဲ့ အ ခါ မှာ လည်း နည်း လမ်း တစ် မျိုး နှစ် မျိုး ထဲ မ ဟုတ် ဘူး။ သူ့ ရဲ့ ကျည် ဆံ သုံး တောင့် စ လုံး နဲ့ ပစ် ပြီး ခ ရစ် တော် ကို ကျ ရှုံး စေ ဖို့ ကြိုး စား တယ်။ သမ္မာ ကျမ်း စာ ကို ဘဲ ကိုး ကား ပြီး ခ ရစ် တော် ကို ပြန် ချည် တယ်။ ပ ထ မ ဦး ဆုံး အ နေ နဲ့ ကိုယ် ကာ ယ ပိုင်း မှာ ဗိုက် ဆာ နေ တဲ့ ခ ရစ် တော် ကို ကျောက် ခဲ ကို မုန့် ဖြစ် စေ ဖို့ ပြော တယ်။ အဲ ဒါ ပြီး တော့ ဒီ လော က ရဲ့ စည်း စိမ် ဥစ္စာ အား လုံး ကို ခ ရစ် တော် ကို မျက် မြင် ကိုယ် တွေ့ ပြ ပြီး သွေး ဆောင် တယ်။ နောက် ဆုံး ကျ တော့ ခ ရစ် တော် ကို သူ့ ရဲ့ ဘု ရား သား ဖြစ် ခြင်း အ ပေါ် ကြွား ဝါ နိုင် ဖို့၊ ဗိ မာန် တော် ပေါ် က နေ ခုန် ချ ဖို့  တိုက် တွန်း တယ်။ နည်း လမ်း အ ကုန် သုံး ပြီး သွေး ဆောင် တယ် လို့ ကျမ်း စာ က မှတ် တမ်း တင် ထား တယ်။

“ထို သို့ မာရ် နတ် သည် စုံ စမ်း သွေး ဆောင် ခြင်း အ မှု အ လုံး စုံ ကို အ ကုန် အ စင် ပြု ပြီး လျှင်၊ . . .” (လု၊ ၄:၁၃)

ရှင် မဿဲ ၄:၁-၁၁ နဲ့ ရှင် လု ကာ ၄:၁-၁၃ ကို ဖတ် ကြည့် ရင် မာရ် နတ် ရဲ့ သွေး ဆောင် မှု အား လုံး ကို ကျမ်း စာ အ ကိုး အ ကား နဲ့ ဘဲ သ ခင် ခ ရစ် တော် က တွန်း လှန် နိုင် ခဲ့ ကြောင်း တွေ့ ရ မှာ ပါ။ ဒီ က နေ့ မာရ် နတ် ပစ် လိုက် တဲ့ ကျည် ဆံ သုံး တောင့် မှန် ပြီး ကျ ဆုံး သွား တဲ့ ကျွန် တော် တို့ ခ ရစ် ယာန် တွေ အ တွက် စဉ်း စား စ ရာ ဖြစ် လာ တယ်။ ကျွန် တော် တို့ လည်း ခ ရစ် တော် သုံး တဲ့ အဲ ဒီ ကျမ်း စာ အ ကိုး အ ကား တွေ ကို သိ ကြ တာ ပါ ဘဲ။ ခ ရစ် တော် လို ဘဲ ကျမ်း စာ သွန် သင် ချက် တွေ ကို သိ ကြ ပေ မဲ့ လော ကီ သွေး ဆောင် မှု တွေ ကို ဘာ ကြောင့် ခ ရစ် တော် လို မ လွန် ဆန် နိုင် ကြ သ လဲ။ ကျွန် တော် တို့ ဟာ ခ ရစ် တော် လို နည်း လမ်း စုံ နဲ့ အ သွေး ဆောင် ခံ ရ တာ မ ဟုတ် သေး ဘူး။ တစ် နည်း လောက် နဲ့ တင် ဘိုင်း က နဲ အ လဲ ထိုး ခံ လိုက် ရ တယ်။ ဘာ ကြောင့် ပါ လဲ။ ကျွန် တော့် အ တွက် အ ဖြေ က တော့ သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ မ ပြည့် ဝ ခြင်း ကြောင့် ဘဲ လို့ ဖြစ် ပါ တယ်။ သ ခင် ခ ရစ် တော် ဟာ ယော် ဒန် မြစ် ထဲ မှာ ဗတ္တိ ဇံ ဆ ရာ ယော ဟန် ရဲ့ နှစ် ခြင်း ကို ခံ ပြီး တဲ့ နောက်၊ သူ့ အ ပေါ် သန့် ရှင်း သော ဝိ ညာဉ် တော် ဟာ ချိုး ငှက် အ သွင် နဲ့ ဆင်း သက် ပါ တယ်။ အဲ ဒီ နောက် ယော် ဒန် မြစ် က နေ ပြန် လာ ချိန် မှာ ဝိ ညာဉ် တော် နဲ့ ပြည့် နေ တယ် လို့ ကျမ်း စာ က မှတ် တမ်း တင် ထား ပါ တယ်။ အဲ သ လို သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ပြည့် စုံ နေ လို့ လည်း သူ ဟာ စာ တန် မာရ် နတ် ရဲ့ စုံ စမ်း သွေး ဆောင် မှု တွေ အား လုံး ကို အောင် မြင် စွာ တွန်း လှန် နိုင် တာ ဖြစ် ပါ တယ်။ သာ မန် ကြည့် ရင် သူ ဟာ ကျမ်း စာ ကို သိ လို့၊ ကျမ်း စာ နား လည် လို့ မာရ် နတ် သွေး ဆောင် မှု ကို တွန်း လှန် နိုင် တယ် ထင် ရ ပေ မဲ့၊ တစ် ကယ် တမ်း ခ ရစ် တော် ကို ခိုင် ခံ့ တည် ကြည် စေ တာ၊ မာရ် နတ် ရဲ့ သွေး ဆောင် မှု ကို ကြံ့ ကြံ့ ခံ စေ နိုင် တာ သန့် ရှင်း သော ဝိ ညာဉ် တော် သာ လျှင် ဖြစ် ပါ တယ်။ ကျွန် တော် တို့ ကျ တော့ သ ခင် ခ ရစ် တော် ကိုး ကား တဲ့ ကျမ်း ချက် တွေ ကို သိ ပေ မဲ့၊ သ ခင် ခ ရစ် တော် လို့ ဝိ ညာဉ် တော် နဲ့ မ ပြည့် ဝ တဲ့ အ တွက် လော က သွေး ဆောင် မှု တွေ ကို မ ခံ ရပ် နိုင် ကြ ဘူး။ ခ ရစ် ယာန် တစ် ယောက် ကို အ ကျင့် စာ ရိတ္တ ကောင်း မွန် ခိုင် ခံ့ တည် ကြည် စေ တာ သန့် ရှင်း သော ဝိ ညာဉ် တော် ဖြစ် ပါ တယ်။

“ဆု တောင်း သော အ ချက် ဟူ မူ ကား၊ ဝိ ညာဉ် တော် အား ဖြင့် သင် တို့ ၏ အ တွင်း လူ ကို ခွန် အား နှင့် မြဲ မြံ ခိုင် ခံ့ စေ ၍၊” (ဧ၊ ၃:၁၆)

ဒါ ကြောင့် ပ ထ မ အ ချက် အ နေ နဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ပြည့် စုံ တဲ့ ခ ရစ် ယာန် တစ် ဦး ဟာ လော ကီ သွေး ဆောင် မှု တွေ အား လုံး ကို ခု ခံ တွန်း လှန် ပြီး ဖြောင့် မတ် သန့် ရှင်း ဖြူ စင် တဲ့ အ သက် တာ နဲ့ အ သက် ရှင် နိုင် မယ်၊ ခ ရစ် တော် ရဲ့ ခြေ တော် ရာ နောက် ကို လျှောက် လိုက် နိုင် မယ် လို့ ကျွန် တော် ပြော ချင် ပါ တယ်။

စ ကား ချပ် – ဒီ နေ ရာ မှာ ထူး ခြား တာ လေး တစ် ခု ကျွန် တော် သ တိ ထား မိ တာ ရှိ ပါ တယ်။ ဗတ္တိ ဇံ ဆ ရာ ယော ဟန် ကို အ မိ ဝမ်း ထဲ မှာ ရှိ နေ စဉ် က ပင် သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ပြည့် ဝ တယ် လို့ ပြော ပါ တယ် (လု၊ ၁:၁၅)။ ဘု ရား သ ခင် ရဲ့ သား တော် ဖြစ် တဲ့ ယေ ရှု ခ ရစ် တော် ကို ကျ တော့ အ မိ ဝမ်း ထဲ မှာ ဝိ ညာဉ် တော် နဲ့ ပြည့် ဝ တယ် လို့ မ ပြော ဘူး။ ယော် ဒန် မြစ် မှာ နှစ် ခြင်း ခံ ပြီး သန့် ရှင်း သော ဝိ ညာဉ် တော် သက် ရောက် ပြီး မှ ဝိ ညာဉ် တော် နဲ့ ပြည့် စုံ တယ် လို့ ပြော ပါ တယ်။ ကျမ်း စာ က ဘာ ကြောင့် ဒီ လို မှတ် တမ်း တင် ထား သ လဲ ဆို တာ ကျွန် တော် မ သိ ပါ ဘူး။ အ ကြောင်း တော့ ရှိ ပါ လိမ့် မယ်။ ကျွန် တော် ထင် တာ က တော့ နောက် ပိုင်း ယုံ ကြည် သူ ဖြစ် လာ မယ့် ကျွန် တော် တို့ တစ် တွေ န မူ နာ ယူ နိုင် အောင် လို့ ဖြစ် ပါ လိမ့် မယ်။

၂) ယုံ ကြည် ခြင်း အား ကြီး ခြင်း

ဒီ နေ ရာ မှာ ကျွန် တော် တင် ပြ လို တဲ့ ယုံ ကြည် ခြင်း ဟာ၊ ကယ် တင် ခြင်း သို့ ရောက် စေ တဲ့ ယုံ ကြည် ခြင်း မျိုး မ ဟုတ် ဘဲ၊ ခ ရစ် ယာန် အ သက် တာ ကို တန် ခိုး နဲ့ လျှောက် လှမ်း စေ နိုင် တဲ့ ယုံ ကြည် ခြင်း မျိုး ဖြစ် ပါ တယ်။ ကျမ်း စာ ပ ညာ ရှင် တွေ ရဲ့ အ ဆို အ ရ ယုံ ကြည် ခြင်း နှစ် မျိုး ရှိ တယ် လို့ ဆို ပါ တယ်။ ပ ထ မ က တော့ ခ ရစ် ယာန် တစ် ယောက် အ ဖြစ် ကို ရောက် စေ တဲ့၊ ဒါ မှ မ ဟုတ်၊ ကယ် တင် ခြင်း ကို ဖြစ် စေ တဲ့ ယုံ ကြည် ခြင်း မျိုး နဲ့ နောက် တစ် ခု က တော့ ခ ရစ် ယာန် ဖြစ် ပြီး တဲ့ နောက် မှာ အ သက် တာ ကို ဘု ရား သ ခင် အ လို တော် အ တိုင်း လျှောက် လှမ်း စေ နိုင် တဲ့ ယုံ ကြည် ခြင်း မျိုး ဖြစ် ပါ တယ်။ ဒီ လို ပြော လိုက် လို့ အဲ ဒီ ယုံ ကြည် ခြင်း နှစ် ခု ဟာ သီး ခြား ကွဲ ပြား ပြီး မ တူ ညီ တဲ့ ယုံ ကြည် ခြင်း တွေ လို့ မ ထင် စေ ချင် ပါ ဘူး။ အဲ ဒီ ယုံ ကြည် ခြင်း နှစ် ခု ဟာ အ တူ တူ ဘဲ ဖြစ် ပါ တယ်။ သ ခင် ခ ရစ် တော် အ ပေါ် ကို ယုံ ကြည် ခြင်း ဖြစ် ပါ တယ်။

ကယ် တင် ခြင်း သို့ ရောက် စေ တဲ့ ယုံ ကြည် ခြင်း ဆို တာ ဟာ သ ခင် ခ ရစ် တော် ကို စ တင် ပြီး ယုံ ကြည် လာ တာ ဖြစ် ပါ တယ်။

ထို သူ တို့ က လည်း၊ ခင် ယေ ရှု ရစ် ကို ယုံ ကြည် လော့။ ယုံ ကြည် လျှင် သင် နှင့် သင် အိမ် သူ အိမ် သား တို့ သည် ကယ် တင် ခြင်း သို့ ရောက် ကြ လိမ့် မည် ဟု ပြော ဆို လျက်၊ . . .” (တ၊ ၁၆:၃၁)

“အ ဘယ် သို့ နည်း ဟူ မူ ကား၊ သင် သည် ခင် ယေ ရှု ကို နှုတ် ဖြင့် ဝန် ခံ ၍၊ ဘု ရား ခင် သည် သူ့ ကို သေ ခြင်း မှ မြောက် စေ တော် မူ ပြီ ဟု စိတ် နှ လုံး ထဲ ယုံ ကြည် လျှင်၊ ကယ် တင် ခြင်း သို့ ရောက် လိမ့် မည်” (ရော၊ ၁၀:၉)

ခ ရစ် ယာန် အ သက် တာ ကို တန် ခိုး နဲ့ လျှောက် လှမ်း စေ နိုင် တဲ့ ယုံ ကြည် ခြင်း မျိုး ကြ တော့ သ ခင် ခ ရစ် တော် ကို ဆက် လက် ပြီး ယုံ ကြည် တာ ဖြစ် ပါ တယ်။ ခ ရစ် ယာန် ဖြစ် ပြီး နောက် မှာ (ခ ရစ် တော် ကို ယုံ ကြည် ပြီး နောက် မှာ)၊ ဘု ရား သ ခင် ဟာ က တိ တော် အ တိုင်း လုပ် ပေး လိမ့် မယ်၊ သူ မ တတ် နိုင် တဲ့ အ မှု မ ရှိ ဘူး လို့ ဆက် လက် ပြီး ယုံ ကြည် တာ ဖြစ် ပါ တယ်။

ယုံ ကြည် ခြင်း သည် မြော် လင့် သော ရာ တို့ ကို မျက် မှောက် ပြု ခြင်း ဖြစ် ၏။ မြင် သေး သော ရာ တို့ ကို သိ မှတ် စွဲ လမ်း ခြင်း ကြောင်း ဖြစ် ၏” (ဟေ ဗြဲ၊ ၁၁:၁)

ယုံ ကြည် ခြင်း ရှိ လျှင်၊ ဘု ရား ခင် စိတ် တော် နှင့် တွေ့ နိုင်။ ကြောင်း မူ ကား၊ ဘု ရား ခင့် ထံ တော် သို့ ချဉ်း ကပ် သော သူ သည်၊ ဘု ရား ခင် ရှိ တော် မူ သည် ကို ၎င်း၊ ကိုယ် တော် ကို ရှာ သော သူ အား ကျိုး ပေး တော် မူ သည် ကို ၎င်း၊ ယုံ ကြည် မည်” (ဟေ ဗြဲ၊ ၁၁:၆)

ဒီ နေ ရာ မှာ သန့် ရှင်း သော ဝိ ညာဉ် တော် ပြည့် ဝ တာ နဲ့ ယုံ ကြည် ခြင်း နဲ့ ဘာ ဆိုင် သ လဲ လို့ စော ဒ က တက် စ ရာ ရှိ ပါ တယ်။ ကျွန် တော် က တော့ ကျွန် တော် တို့ ရဲ့ ယုံ ကြည် ခြင်း အ တိုင်း အ တာ ဟာ ကျွန် တော် တို့ သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ဘယ် လောက် ပြည့် ဝ သ လဲ ဆို တာ နဲ့ တိုက် ရိုက် သက် ဆိုင် တယ် လို့ ထင် ပါ တယ်။

ယုံ ကြည် ခြင်း လို့ ပြော တဲ့ အ ခါ အာ ဗြ ဟံ ကို ယုံ ကြည် ခြင်း ရဲ့ ဖ ခင် လို့ ကျွန် တော် တို့ နား လည် လက် ခံ ကြ တယ်။ ဒါ ပေ မဲ့ ဒီ နေ ရာ မှာ ကျွန် တော် က တော့ သ ခင် ခ ရစ် တော် ကို ဘဲ စံ ထား ချင် ပါ တယ်။ သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ပြည့် ဝ တဲ့ ခ ရစ် တော် ဟာ အင် မ တန် မှ အံ့ ဘွယ် ကောင်း တဲ့ အ မှု တွေ ကို ပြု ခဲ့ တယ်။ မျက် စိ ကန်း တဲ့ သူ တွေ၊ နား မ ကြား တဲ့ သူ တွေ၊ ဆွံ့ အ တဲ့ သူ တွေ ကို မြင် စေ၊ ကြား စေ၊ စ ကား ပြော စေ တယ်။ ကိုယ် အင်္ဂါ ချို့ တဲ့ သူ တွေ ကို အ ကောင်း ပ က တိ ပြန် ဖြစ် စေ တယ်။ သေ တဲ့ သူ တွေ ကို ပြန် ရှင် စေ တယ်။ ရာ သီ ဥ တု ကို ထိန်း ချုပ် အ မိန့် ပေး နိုင် တယ်။ စား စ ရာ တွေ ကို ဖန် တီး ပေး နိုင် တယ်။ အဲ သ လို ဘဲ သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ပြည့် ဝ တဲ့ ပေ တ ရု တို့ ပေါ လု တို့ လည်း လုပ် နိုင် ကြ တယ် ဆို တာ ကို ကျမ်း စာ က မှတ် တမ်း တင် ထား တယ်။ အဲ သ လို လုပ် နိုင် ဖို့ ဟာ ယုံ ကြည် ခြင်း တစ် ခု ဘဲ လို တယ် လို့ ခ ရစ် တော် က ပြော ပါ တယ်။

“ငါ အ မှန် ဆို သည် ကား၊ သင် တို့ သည် မုန် ညင်း စေ့ ခန့် မျှ လောက် သော ယုံ ကြည် ခြင်း ရှိ လျှင်၊ ထို တောင် ကို နေ ရာ မှ ရွေ့ လော့ ဟု ဆို ကြ သော်၊ နေ ရာ မှ ရွေ့ လိမ့် မည်။ ယုံ ကြည် ခြင်း ရှိ လျှင် သင် တို့ မ တတ် နိုင် သော အ မှု မ ရှိ” (မ၊ ၁၇:၂၀)

“ယေ ရှု က လည်း၊ ငါ အ မှန် ဆို သည် ကား၊ သင် တို့ သည် ယုံ မှား ခြင်း နှင့် ကင်း သော ယုံ ကြည် ခြင်း ရှိ လျှင်၊ သင်္ဘော သ ဖန်း ပင် ၌ ပြု သ ကဲ့ သို့ သင် တို့ ပြု နိုင် သည် သာ မ က၊ ထို တောင် ကို ပင် နေ ရာ မှ ရွေ့ လော့၊ ပင် လယ် ၌ ကျ လော့ ဟု ဆို လျှင် ဆို သည် အ တိုင်း ဖြစ် လိမ့် မည်။ ယုံ ကြည် ခြင်း ပါ လျက် ပ ဌ နာ ပြု ၍ ဆု တောင်း သ မျှ တို့ ကို သင် တို့ သည် ရ ကြ လိမ့် မည် ဟု မိန့် တော် မူ ၏” (မ၊ ၂၁:၂၁-၂၂)

“ငါ အ မှန် အ ကန် ဆို သည် ကား၊ ငါ့ ကို ယုံ ကြည် သော သူ သည် ငါ ပြု သော အ မှု တို့ ကို ပြု လိမ့် မည်။ ထို အ မှု တို့ ထက် သာ ၍ ကြီး သော အ မှု တို့ ကို လည်း ပြု လိမ့် မည်” (ယော၊ ၁၄:၁၂)

ပြီး တော့၊ ခ ရစ် ယာန် အ သက် တာ ကို တန် ခိုး နဲ့ ရင့် ကျက် ခိုင် ခံ့ စေ တဲ့ ယုံ ကြည် ခြင်း မျိုး ကို သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ရ ရှိ ကြောင်း ကျမ်း စာ က ပြော ပါ တယ်။

ဘယ် သို့ နည်း ဟူ မူ ကား၊ . . . ထို ဝိ ညာဉ် တော် အား ဖြင့် ယောက် သော သူ အား ယုံ ကြည် ခြင်း ကို ပေး တော် မူ ၏။  . . . ခွင့် ရှိ မျှ တို့ ကို ပါး တည်း သော ဝိ ညာဉ် တော် သည် ပြု ပြင် လူ သီး သီး တို့ အား သီး သီး ခံ သော ခွင့် ကို လို တော် ရှိ သည် တိုင်း ဝေ ငှ ပေး တော် မူ ” (၁ ကော၊ ၁၂:၈-၁၁)

. . . ဘု ရား သ ခင် သည် လူ အ သီး အ သီး တို့ အား ယုံ ကြည် ခြင်း ကို ဝေ ပေး တော် မူ သည် နှင့် အ ညီ၊ ကိုယ် ကို လျောက် ပတ် စွာ ထင် ရ မည် အ ကြောင်း . . .” (ရော၊ ၁၂:၃)

အဲ ဒီ ကျမ်း ပိုဒ် တွေ ကို ကြည့် ရင်၊ ယုံ ကြည် ခြင်း ဆို တာ ကိုယ့် ဖာ သာ ကိုယ် အ တင်း လိုက် ယုံ ပြီး ရ နိုင် တဲ့ အ ရာ မျိုး မ ဟုတ် ဘူး ဆို တာ သိ ရ တယ်။ ဒီ နေ ရာ မှာ ကျွန် တော် ရှင်း အောင် ပြော ပြ ချင် တာ က တော့၊ ခ ရစ် ယာန် တစ် ဦး ဟာ အ စ ပ ထ မ မှာ သ ခင် ခ ရစ် တော် ကို ယုံ ကြည် ဖို့ အ တွက် ကိုယ် တိုင် နှ လုံး သား ထဲ က နေ ဆုံး ဖြတ် ပြီး မှ ယုံ ကြည် လက် ခံ ဖို့ ဖြစ် ပါ တယ်။ ခ ရစ် တော် ကို လက် ခံ ယုံ ကြည် ပြီး တဲ့ အ ခါ မှာ သန့် ရှင်း သော ဝိ ညာဉ် တော် က ကိုယ့် အ ထဲ မှာ ကျိန်း ဝပ် လာ ပြီး အဲ ဒီ ဝိ ညာဉ် တော် က ယုံ ကြည် ခြင်း ကို ဆက် လက် ဖြစ် ပေါ် စေ တာ ဖြစ် ပါ တယ်။ သို့ သော် လည်း၊ စိတ် မ ကောင်း စ ရာ အ ဖြစ် က တော့ ကျွန် တော် တို့ ဟာ ဝိ ညာဉ် တော် နဲ့ မ ပြည့် ဝ တဲ့ အ ခါ မှာ၊ ကျွန် တော် တို့ ရ ရှိ တဲ့ ယုံ ကြည် ခြင်း ဟာ လည်း မ ပြည့် ဝ နိုင် ဘူး။ အ ရမ်း နည်း လွန်း ပြီး မုန် ညင်း စေ့ လောက် တောင် မှ မ ရှိ ဘူး။

ဒါ ကြောင့် ဒု တိ ယ အ ချက် အ နေ နဲ့၊ ဘု ရား သ ခင် ရဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် က သာ ယုံ ကြည် ခြင်း ကို ဖြစ် စေ ပြီး၊ သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ပြည့် စုံ တဲ့ သူ ဟာ၊ ပြည့် စုံ တဲ့ အ တိုင်း အ တာ ပ မာ ဏ အ လျှောက် ယုံ ကြည် ခြင်း အ တိုင်း အ တာ လည်း ကြီး မား ပြီး သ ခင် ခ ရစ် တော် လို ဘဲ အံ့ ဩ ဘွယ် အ မှု တွေ ကို ပြု နိုင် မှာ ဖြစ် ကြောင်း ကျွန် တော် ပြော ချင် ပါ တယ်။

၃) ချစ် ခြင်း မေတ္တာ ရှိ ခြင်း

ဒီ နေ ရာ မှာ လည်း ချစ် ခြင်း မေတ္တာ လို့ ပြော တဲ့ အ ခါ မှာ ဘု ရား မေတ္တာ ကို ပြော ချင် တာ ပါ။ လူ တွေ ရဲ့ အ ချင်း ချင်း ချစ် ကြ တဲ့ မေတ္တာ မျိုး ကို မ ဆို လို ပါ ဘူး။ လူ တွေ ရဲ့ မေတ္တာ ဟာ အ ကြောင်း ရင်း ခံ တစ် ခု ခု အ ပေါ် မူ တည် ပြီး မှ ဖြစ် လာ တဲ့ ချစ် ခြင်း မေတ္တာ ပါ။ မိ ဘ နဲ့ သား သ မီး ကြား က မေတ္တာ၊ မိတ် ဆွေ အ ချင်း ချင်း တစ် ယောက် အ ပေါ် တစ် ယောက် ထား တဲ့ မေတ္တာ၊ သ မီး ရည်း စား လင် မ ယား ကြား က မေတ္တာ စ တာ တွေ မှာ အ ရင်း ခံ အ ကြောင်း တ ရား ကိုယ် စီ ရှိ ကြ ပါ တယ်။ အဲ ဒီ အ ရင်း ခံ အ ကြောင်း တ ရား တွေ ရှိ နေ သ ရွေ့ ချစ် ခြင်း မေတ္တာ လည်း ရှိ နေ မှာ ဖြစ် ပြီး၊ အ ရင်း ခံ အ ကြောင်း တ ရား ပျက် စီး သွား တဲ့ အ ခါ လူ တွေ ရဲ့ မေတ္တာ လည်း ပျက် စီး တတ် ပါ တယ်။ ဒါ ကြောင့် သား သ မီး အ ဖြစ် က နေ အ မွေ ပြတ် စွန့် လွှတ် တာ တွေ၊ သ မီး ရည်း စား ကွဲ တာ တွေ၊ လင် မ ယား ကွာ ရှင်း ကြ တာ တွေ၊ စီး ပွါး ဖက် တွေ တစ် ယောက် နဲ့ တစ် ယောက် တ ရား စွဲ ဆို ကြ တာ တွေ ဖြစ် နေ တာ ပေါ့။

ဘု ရား မေတ္တာ က တော့ အ ရင်း ခံ အ ကြောင်း တ ရား မ ရှိ တဲ့ အ တွက် ဘယ် တော့ မှ ဆုတ် ယုတ် ပျောက် ကွယ် မ သွား တတ် ဘူး။ ဘယ် လို အ ခြေ အ နေ မျိုး မှာ ဖြစ် ဖြစ် အ မြဲ တမ်း ချစ် နေ တတ် တယ်။ အင် မ တန် မှ ထူး ခြား မြင့် မြတ် တဲ့ ချစ် ခြင်း မေတ္တာ ပါ။ သာ မန် လူ သား တွေ မှာ ဒီ လို မေတ္တာ မျိုး မ ပိုင် ဆိုင် ကြ ဘူး။ မ ရှိ နိုင် ဘူး။ ယုံ ကြည် သူ ခ ရစ် ယာန် တွေ မှာ သာ သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ဘု ရား မေတ္တာ ကို ရ ရှိ နိုင် ကြ တယ်။

“အ ဘယ် ကြောင့် နည်း ဟူ မူ ကား၊ ငါ တို့ အား ပေး တော် မူ သော သန့် ရှင်း သော ဝိ ညာဉ် တော် သည် ဘု ရား ခင် မေတ္တာ တော် ကို ငါ တို့ စိတ် နှ လုံး ထဲ သို့ သွန်း လောင်း တော် မူ ၏” (ရော၊ ၅:၅)

ဒါ ကြောင့် တ တိ ယ အ ချက် အ နေ နဲ့၊ သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ပြည့် စုံ တဲ့ သူ ဟာ ဘု ရား သ ခင် ရဲ့ ချစ် ခြင်း မေတ္တာ မျိုး နဲ့ ပြည့် စုံ မှာ ဖြစ် ကြောင်း ကျွန် တော် ပြော ချင် ပါ တယ်။ သူ ဟာ သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ပြည့် ဝ တဲ့ အ တိုင်း အ တာ ပ မာ ဏ အ လျှောက် သူ့ ရဲ့ ချစ် ခြင်း မေတ္တာ ပ မာ ဏ လည်း ကြီး မား မှာ ဖြစ် ပါ တယ်။ အဲ ဒီ လို ဘု ရား မေတ္တာ မျိုး နဲ့ ပြည့် စုံ တဲ့ အ ခါ မှာ အ ခါ မှာ၊ သူ ဟာ သူ့ အ ပေါ် မ လို မုန်း ထား ရန် လို တဲ့ သူ တွေ ကို ချစ် တတ် လာ တယ်။ သူ့ ကို စော် ကား တဲ့ သူ တွေ ကို ခွင့် လွှတ် တတ် လာ တယ်။ ကြင် နာ သ နား တတ် မယ်။ နှိမ့် ချ တတ် မယ်။ ကိုယ် ချင်း စာ တတ် မယ်။ ပေး ကမ်း စွန့် ကြဲ တတ် မယ်။ ကူ ညီ မ စ တတ် မယ်။ အ နစ် နာ ခံ တတ် မယ်။ ဘ ဝင် မ မြင့် တတ် ဘူး။ မ ပြစ် မ မြင် တတ် ဘူး။ မာ န မ ကြီး တတ် ဘူး။ သူ နဲ့ ဆက် ဆံ ရ တဲ့ သူ တိုင်း ဟာ သူ့ ရဲ့ အ ပြု အ မူ တွေ က နေ တစ် ဆင့် ဘု ရား သ ခင် ရဲ့ ကောင်း မြတ် ခြင်း တွေ ကို သိ မြင် ကြ ရ တယ်။ ဘု ရား မေတ္တာ ရဲ့ ကောင်း မြတ် ခြင်း တွေ ကို ကော ရိန္သု ဩ ဝါ ဒ စာ ပ ထ မ စောင် ၁၃:၄-၈ မှာ ဖတ် ကြည့် ရင် တွေ့ ရ ပါ လိမ့် မယ်။

ဒါ ကြောင့် အား လုံး ကို ပြန် ချုပ် ပြီး ပြော ရ ရင် သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ပြည့် စုံ တဲ့ သူ ဟာ –

– ပ ထ မ အ နေ နဲ့ လော ကီ သွေး ဆောင် မှု တွေ ကို ခု ခံ တွန်း လှန် နိုင် မယ်၊
– ဒု တိ ယ အ နေ နဲ့ ယုံ ကြည် ခြင်း အား ကြီး မယ်၊
– တ တိ ယ အ နေ နဲ့ ဘု ရား သ ခင် ရဲ့ ချစ် ခြင်း မေတ္တာ မျိုး ရှိ မယ် – လို့ ကျွန် တော် ဆို ချင် ပါ တယ်။

သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ပြည့် စုံ အောင် ဘာ လုပ် ရ မ လဲ

ဒီ တော့ ကာ သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ပြည့် စုံ ဖို့ ဘာ လို အပ် သ လဲ။ ဘာ တွေ လုပ် ဖို့ လို သ လဲ။ သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ပြည့် ဝ ဖို့ ဘယ် လို လုပ် ရ မ လဲ။ သ ခင် ခ ရစ် တော် ရဲ့ သက် တော် စဉ် ကို ပြန် ကြည့် တဲ့ အ ခါ မှာ၊ သူ ဟာ ယော် ဒန် မြစ် မှာ ဗတ္တိ ဇံ ဆ ရာ ယော ဟန် ရဲ့ နှစ် ခြင်း ခံ ပြီး တဲ့ အ ချိန် မှာ သန့် ရှင်း သော ဝိ ညာဉ် တော် သူ့ အ ပေါ် သက် ရောက် ပြီး ဝိ ညာဉ် တော် နဲ့ ပြည့် စုံ ကြောင်း ကျမ်း စာ က မှတ် တမ်း တင် ထား ပါ တယ်။

ကျွန် တော် တို့ ယုံ ကြည် သူ တွေ လည်း သ ခင် ခ ရစ် တော် ကို ယုံ ကြည် လက် ခံ ပြီး တဲ့ အ ခါ မှာ သန့် ရှင်း သော ဝိ ညာဉ် တော် ကျွန် တော် တို့ အ ထဲ မှာ ဝင် ရောက် ကျိန်း ဝပ် ပါ တယ်။

“သင် တို့ သည် ဘု ရား သ ခင် ၏ ဗိ မာန် တော် ဖြစ် ကြ သည် ကို ၎င်း၊ ဘု ရား သ ခင် ၏ ဝိ ညာဉ် တော် သည် သင် တို့ ၏ ထဲ ၌ ကျိန်း ဝပ် တော် မူ သည် ကို ၎င်း မ သိ ကြ သ လော” (၁ ကော၊ ၃:၁၆)

“အ ဘယ် သို့ နည်း။ သင် တို့ ကိုယ် ခန္ဓာ သည် ဘု ရား သ ခင် ပေး သ နား တော် မူ သော ဝိ ညာဉ် တော် တည်း ဟူ သော၊ သင် တို့ အ ထဲ ၌ ကျိန်း ဝပ် ၍ သန့် ရှင်း သော ဝိ ညာဉ် တော် ၏ ဗိ မာန် ဖြစ် ကြောင်း ကို ၎င်း၊ မိ မိ တို့ ကို မိ မိ တို့ မ ပိုင် ကြောင်း ကို ၎င်း၊ မ သိ ကြ သ လော” (၁ ကော၊ ၆:၁၉)

“သင် ၌ အပ် ထား သော အ ရာ မြတ် ကို ငါ တို့ ၌ ကျိန်း ဝပ် တော် မူ သော သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် စောင့် ရှောက် လော့” (၂ တိ၊ ၁:၁၄)

“အ ကြောင်း မူ ကား၊ ဘု ရား သ ခင် ၏ ဘုန်း ကြီး သော ဝိ ညာဉ် တော် သည် သင် တို့ အ ပေါ် မှာ ကျိန်း ဝပ် တော် မူ ၏” (၁ ပေ၊ ၄:၁၄)

ဒီ တော့ ကာ သန့် ရှင်း သော ဝိ ညာဉ် တော် ကျိန်း ဝပ် တဲ့ ကျွန် တော် တို့ တစ် တွေ လည်း သန့် ရှင်း သော ဝိ ညာဉ် တော် ကျိန်း ဝပ် တဲ့ သ ခင် ခ ရစ် တော် လို ဘဲ လုပ် နိုင် ရ မှာ ပေါ့။ တန် ခိုး နိ မိတ် လက္ခ ဏာ တွေ ကို ပြ နိုင် ရ မှာ ပေါ့။ ဆေး ရုံ တွေ ကို သွား ပြီး လူ နာ တွေ ကို ကျန်း မာ ပ က တိ ဖြစ် စေ နိုင် ရ မှာ ပေါ့။ သင်္ချိုင်း တွေ ကို သွား ပြီး အ လောင်း ကောင် တွေ ကို အ သက် ပြန် သွင်း နိုင် ရ မှာ ပေါ့။ လေ မုန် တိုင်း တွေ၊ ဆူ နာ မီ ရေ လှိုင်း တွေ ကို ငြိမ်း စေ နိုင် ရ မှာ ပေါ့။ လက် တွေ့ မှာ ကျ တော့ ကျွန် တော် တို့ ဟာ လူ သေ ကို အ သက် ပြန် ရှင် စေ ဖို့ နေ နေ သာ သာ၊ နှာ စေး ချောင်း ဆိုး လေး ကို တောင် ပျောက် အောင် မ လုပ် ပေး နိုင် ကြ ဘူး။ ဘာ ကြောင့် သ ခင် ခ ရစ် တော် လို အံ့ ဩ ဘွယ် တွေ မ လုပ် နိုင် ရ တာ လဲ။ ဘာ ကြောင့် ကျွန် တော် တို့ ရဲ့ ယုံ ကြည် ခြင်း ဟာ မုန် ညင်း စေ့ လောက် တောင် မှ မ ရှိ ရ တာ လဲ။ ခ ရစ် တော် အ ပေါ် ကျိန်း ဝပ် တဲ့ ဝိ ညာဉ် တော် နဲ့ ကျွန် တော် တို့ အ ပေါ် ကျိန်း ဝပ် တဲ့ ဝိ ညာဉ် တော် ဟာ အ တူ တူ ဘဲ ဖြစ် ပါ တယ်။ သူ့ ဝိ ညာဉ် တော် က ထူး ရှယ် ဖြစ် ပြီး ကျွန် တော် တို့ ရ ထား တဲ့ ဝိ ညာဉ် တော် က ရေ ရော ထား တဲ့ အ ပျော့ စား ဝိ ညာဉ် မျိုး ဖြစ် နေ တာ မ ဟုတ် ဘူး။ အ တူ တူ ပါ ဘဲ။

“ထို မျှ မ က၊ ယေ ရှု ကို သေ ခြင်း မှ ထ မြောက် စေ တော် မူ သော ဘု ရား ၏ ဝိ ညာဉ် တော် သည် သင် တို့ အ ထဲ ၌ ကျိန်း ဝပ် တော် မူ လျှင်၊ ခ ရစ် တော် ကို သေ ခြင်း မှ ထ မြောက် စေ တော် မူ သော ဘု ရား သည် သင် တို့ အ ထဲ ၌ ကျိန်း ဝပ် သော မိ မိ ဝိ ညာဉ် တော် အား ဖြင့်၊ သေ တတ် သော သင် တို့ ၏ ကိုယ် ကာ ယ ကို ပင် ရှင် စေ တော် မူ မည်” (ရော၊ ၈:၁၁)

ကျွန် တော် ယူ ဆ တာ က ဝိ ညာဉ် တော် ကျိန်း ဝပ် တာ ခြင်း တူ ပေ မဲ့၊ ဝိ ညာဉ် တော် ရဲ့ လွှမ်း မိုး မှု ခြင်း မ တူ လို့ ဘဲ ဖြစ် ပါ တယ်။ သ ခင် ခ ရစ် တော် ဟာ သူ့ အ ထဲ မှာ ကျိန်း ဝပ် တဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် က ခြေ ဆုံး ခေါင်း ဆုံး ရိုး တွင်း ခြင် ဆီ အ ထိ လုံး ဝ ဥဿုံ စိမ့် ဝင် လွှမ်း မိုး နေ ပါ လိမ့် မယ်။ ဒါ ကြောင့် သူ့ ရဲ့ ဝိ ညာဉ် တော် နဲ့ ပြည့် ဝ ခြင်း ဟာ တစ် ရာ မှာ တစ် ရာ၊ ရာ ခိုင် နှုန်း ပြည့် ဖြစ် ပါ တယ်။ ကျွန် တော် တို့ ကျ တော့ ဝိ ညာဉ် တော် ကျိန်း ဝပ် ပေ မဲ့ ဝိ ညာဉ် တော် ရဲ့ လွှမ်း မိုး မှု ဟာ ၀.၀၀၀၁ ရာ ခိုင် နှုန်း တောင် ရှိ ပါ့ မ လား မ သိ ဘူး။ အဲ သ လို ဝိ ညာဉ် တော် က မ စိမ့် ဝင် မ လွှမ်း မိုး ထား တဲ့ အ တွက် ဝိ ညာဉ် တော် က ပေး တဲ့ ကျွန် တော် တို့ ရဲ့ ယုံ ကြည် ခြင်း ဟာ လည်း အင် မ တန် နည်း ပါး ပြီး မုန် ညင်း စေ့ လောက် တောင် မှ မ ရှိ တဲ့ အ တွက် တန် ခိုး မ ပြ နိုင် တာ ဖြစ် လိမ့် မယ် လို့ ကျွန် တော် ထင် ပါ တယ်။ ဝိ ညာဉ် တော် က ပေး တဲ့ ဘု ရား မေတ္တာ လည်း ကျွန် တော် တို့ အ ထဲ မှာ အ ရမ်း နည်း လွန်း လို့ ရန် သူ ကို အ သာ ထား၊ ယုံ ကြည် သူ အ ချင်း ချင်း ကို တောင် မှ မ ချစ် နိုင် ကြ ဘူး။ ဝိ ညာဉ် တော် က ပေး တဲ့ ခိုင် ခံ့ တည် ကြည် မှု လည်း နည်း ပါး လွန်း တဲ့ အ တွက် လော ကီ သွေး ဆောင် မှု တွေ ကို လည်း နည်း နည်း လေး မှ တောင့် မ ခံ နိုင် ဘဲ အ လွယ် တစ် ကူ ပြို လဲ သွား ကြ တာ ဖြစ် ပါ တယ်။

ကျွန် တော် တို့ အ ထဲ မှာ ဝိ ညာဉ် တော် ရှိ ပေ မဲ့၊ ဝိ ညာဉ် တော် ရဲ့ လွှမ်း မိုး မှု က မ ရှိ သ လောက် ဖြစ် နေ တယ်။ ဒါ ကြောင့် ကျွန် တော် တို့ ရဲ့ ခ ရစ် ယာန် အ သက် တာ ဟာ ကြီး ထွား ရင့် ကျက် မ လာ ဘဲ၊ ဘု ရား ဘုန်း ရှုံ့ ချ စ ရာ တွေ ဖြစ် လာ တယ်။ ဥ ပ မာ ပြ ရ ရင်၊ တိုင်း နိုင် ငံ တစ် ခု မှာ တ ရား ဥ ပ ဒေ နဲ့ အုပ် ချုပ် တဲ့ အ စိုး ရ ရဲ့ အုပ် စိုး မှု အာ ဏာ ဟာ နယ် စွန် နယ် ဖျား တိုင် အောင် သက် ရောက် မယ် ဆို ရင် တိုင်း နိုင် ငံ ဟာ ငြိမ်း ချမ်း သာ ယာ ပြီး စည် ပင် ဖွံ့ ဖြိုး မှာ ဖြစ် ပါ တယ်။ အဲ သ လို မ ဟုတ် ခဲ့ ရင်၊ နေ ရာ တ ကာ မှာ သူ ပုန် တွေ နဲ့ ရာ ဇ ဝတ် ဂိုဏ်း တွေ ကြီး စိုး လွှမ်း မိုး ပြီး၊ ငြိမ်း ချမ်း သာ ယာ တိုး တက် မှု မ ဖြစ် နိုင် ဘူး။

ဒီ တော့ ကာ၊ ဝိ ညာဉ် တော် က ကျွန် တော် တို့ ကို လွှမ်း မိုး အုပ် ချုပ် ဖို့ ဘယ် လို လုပ် ရ မ လဲ။ သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ပြည့် စုံ ဖို့ ဘာ တွေ လို အပ် သ လဲ။ ဘယ် လို နည်း လမ်း နဲ့ ကျွန် တော် တို့ တစ် တွေ သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ပြည့် ဝ နိုင် မ လဲ။

ကျွန် တော် မြင် တာ က တော့ လို အပ် ချက် တစ် ခု ထဲ ပါ ဘဲ။

နူး ညံ့ သိမ် မွေ့ နှိမ့် ချ သော စိတ် သ ဘော

“ငါ့ ထမ်း ဘိုး ကို တင် ၍ ထမ်း ကြ လော့။ ငါ့ ထံ ၌ နည်း ခံ ကြ လော့။ ငါ သည် နူး ညံ့ သိမ် မွေ့ နှိမ့် ချ သော စိတ် သ ဘော ရှိ ၏” (မ၊ ၁၁:၂၉)

“သူ တ ပါး သည် ကိုယ် ထက် သာ ၍ ကောင်း မြတ် သည် ဟု နှိမ့် ချ သော စိတ် ရှိ ၍ တ ယောက် ကို တ ယောက် ထင် မှတ် ကြ လော့။ ကိုယ် အ မှု အ ရာ ကို သာ မ ရှု မ မှတ် ဘဲ၊ သူ့ အ မှု အ ရာ ကို အ ချင်း ချင်း ရှု မှတ် ကြ လော့။ ယေ ရှု ခ ရစ် ၌ ရှိ သော ထို စိတ် သ ဘော ကို သင် တို့ ၌ လည်း ရှိ စေ ကြ လော့” (ဖိ၊ ၂:၃-၅)

ကျွန် တော် တို့ အ သက် တာ ထဲ မှာ ဝိ ညာဉ် တော် နဲ့ ပြည့် စုံ ဖို့ တစ် ခု တည်း သော လို အပ် ချက် က တော့ ဝိ ညာဉ် တော် နဲ့ ပြည့် စုံ တဲ့ ယေ ရှု ခ ရစ် တော် လို ဘဲ နူး ညံ့ သိမ် မွေ့ နှိမ့် ချ တဲ့ စိတ် သ ဘော ရှိ ဖို့ ဖြစ် ပါ လိမ့် မယ်။ အဲ ဒီ နူး ညံ့ သိမ် မွေ့ နှိမ့် ချ တဲ့ စိတ် သ ဘော ကြောင့် ဘဲ သန့် ရှင်း သော ဝိ ညာဉ် တော် ဟာ သ ခင် ခ ရစ် တော် ကို ရာ နှုန်း ပြည့် လွှမ်း မိုး နိုင် တာ ဖြစ် ပါ တယ်။ အဲ ဒီ နူး ညံ့ သိမ် မွေ့ နှိမ့် ချ တဲ့ စိတ် သ ဘော မ ရှိ တဲ့ ကျွန် တော် တို့ ကို ကျ တော့ ဝိ ညာဉ် တော် က မ လွှမ်း မိုး နိုင် ဘူး။ ကျွန် တော် တို့ ရဲ့ အတ္တ စိတ် တွေ၊ မာန် မာ န တွေ၊ ဇာ တိ သ ဘော တွေ က ဝိ ညာဉ် တော် ကို ဆီး တား နေ တယ်။ ဝိ ညာဉ် တော် က ကျွန် တော် တို့ ကို မ လွှမ်း မိုး နိုင် အောင် ဟန့် တား နေ တယ်။

အဲ ဒီ ဇာ တိ သ ဘော မာန် မာ န ထောင် လွှား ခြင်း ဟာ ဘု ရား သ ခင် အင် မ တန် မှ ရွံ မုန်း စက် ဆုပ် တဲ့ အ ရာ ဖြစ် ပါ တယ်။

“ထာ ဝ ရ ဘု ရား မုန်း တော် မူ သော အ ရာ ခြောက် ပါး မ က၊ စက် ဆုပ် ရွံ ရှာ တော် မူ သော အ ရာ ခု နစ် ပါး ဟူ မူ ကား၊ ထောင် လွှား သော မျက် နှာ တ ပါး၊ . . . “ (သု၊ ၆:၁၆-၁၇)

စ ကြာ ဝ ဠာ ၌ ပ ထ မ ဦး ဆုံး အ ပြစ် – မာ န ထောင် လွှား ခြင်း

မာ န ထောင် လွှား မှု ကို ဘု ရား သ ခင် ဘာ ဖြစ် လို့ ဒါ လောက် တောင် ရွံ မုန်း ရ သ လဲ ဆို တော့၊ သူ ဖန် ဆင်း တဲ့ စ ကြာ ဝ ဠာ ကြီး ထဲ မှာ ပ ထ မ ဦး ဆုံး စ တင် ကျူး လွန် တဲ့ အ ပြစ် ဟာ မာန် မာ န ထောင် လွှား ခြင်း ဖြစ် နေ လို့ ပါ ဘဲ။ ကျူး လွန် သူ ဟာ စာ တန် မာရ် နတ် ကိုယ် တိုင် ဖြစ် ပါ တယ်။

“မာ န နှင့် ယစ် မူး လျက်၊ မာရ် နတ် ၏ အ ပြစ် ရောက် မည် ဟု စိုး ရိမ် စ ရာ ရှိ ၍၊ . . .” (၁ တိ၊ ၃:၆)

အဲ ဒီ အ ပြစ် ကျူး လွန် တဲ့ အ ချိန် တုန်း က သူ ဟာ စာ တန် မာရ် နတ် မ ဖြစ် သေး ဘူး။ ဘု ရား သ ခင် ရဲ့ ကောင်း ကင် တ မန် တွေ ကို အုပ် ချုပ် ရ တဲ့ ခေ ရု ဗိမ် လို့ ခေါ် တဲ့ ကောင်း ကင် တ မန် မင်း ဖြစ် ပါ တယ်။ ကောင် ကင် တ မန် မင်း ဘ ဝ မှာ သူ ခံ စား ရ တဲ့ တန် ခိုး အာ ဏာ ဂုဏ် စည်း စိမ် တွေ က နေ မာန် မာ န ထောင် လွှား လာ ပြီး သူ့ ရဲ့ လက် ရှိ အ ဆင့် အ တန်း ထက် ပို ကြီး မြင့် ချင် တယ်။ ဘု ရား သ ခင် လို ဘဲ ကောင်း ကင် တ မန် တွေ ရဲ့ ကိုး ကွယ် မှု ကို ခံ ယူ ချင် စိတ် ပေါက် လာ တယ်။ အဲ ဒီ မာန် ထောင် မှု ကြောင့် သူ ဟာ ဘု ရား သ ခင် ကို ပုန် ကန် မိ လို့ သူ ရော သူ့ နောက် လိုက် တဲ့ ကောင်း ကင် တ မန် တွေ ပါ ကောင်း ကင် ဘုံ က နေ နှင် ချ ခံ လိုက် ရ တာ ဖြစ် ပါ တယ်။

“အို နံ နက် သား၊ မိုဃ်း သောက် ကြယ်၊ သင် သည် ကောင်း ကင် က ကျ လေ ပြီ တ ကား။ အ ပြည် ပြည် တို့ ကို နှိပ် စက် သော သင် သည်၊ မြေ တိုင် အောင် ခုတ် လှဲ ခြင်း ကို ခံ ရ လေ ပြီ တ ကား။ သင် က လည်း၊ ကောင်း ကင် ပေါ် သို့ ငါ တက် မည်။ ဘု ရား သ ခင် ၏ ကြယ် တို့ အ ပေါ် မှာ ငါ့ ပလ္လင် ကို ငါ ချီး မြှောက် မည်။ မြောက် မျက် နှာ ဘက်၊ ဗျာ ဒိတ် တော် တောင် ပေါ် မှာ ငါ ထိုင် မည်။ မိုဃ်း တိမ် ထိပ် ပေါ် သို့ ငါ တက် မည်။ အ မြင့် ဆုံး သော ဘု ရား ကဲ့ သို့ ငါ နေ မည် ဟု စိတ် အ ကြံ ရှိ လေ ပြီ။ သို့ သော် လည်း၊ သင် သည် မ ရ ဏာ နိုင် ငံ၊ သင်္ချိုင်း တွင်း ထဲ သို့ နှိမ့် ချ ခြင်း ကို ခံ ရ လေ ပြီ” (ဟေ ရှာ၊ ၁၄:၁၂-၁၅)။

“အ ချင်း လူ သား၊ တု ရု ရှင် ဘု ရင် တွက် မြည် တမ်း သော ကား ကို မြွက် ၍၊ ရှင် ထာ ဘု ရား မိန့် တော် ကို ဆင့် ဆို မည် မှာ၊ သင် သည် ထူး ဆန်း သော တံ ဆိပ် ဖြစ် ၏။ ညာ နှင့် ပြည့် စုံ တင့် တယ် ခြင်း ရေ လည်း စုံ လင် လျက် ရှိ ၏။ ဒင် ရပ်၊ ဘု ရား ခင် ယျာဉ် တော် နေ ပြီ။ သင် ခေါင်း ပေါ် မှာ ကျောက် နီ၊ ဥဿ ရား၊ စိန်၊ မျက် ရွဲ၊ ကြောင်၊ ဂါး သွဲ့၊ နီ လာ၊ မြ၊ ပတ္တ မြား ရှိ သော ကျောက် မြတ် မျိုး မျိုး တို့ ကို ဆောင်း လေ ၏။ ရွှေ ဖြင့် လုပ် သော ပတ် သာ၊ ပု လွေ တို့ သည် လည်း၊ သင် ဘွား သော နေ့ ပင် သင့် ဘို့ ပြင် ဆင် လျက် ရှိ ကြ ၏။ သင် သည် ဖြန့် လွှမ်း မိုး သော ခေ ရု ဗိမ် ဖြစ် လျက်၊ ငါ့ ခွင့် နှင့် ဘု ရား ခင် သန့် ရှင်း သော တောင် ပေါ် မှာ နေ ရာ ကျ မီး တောက် သော ကျောက် တို့ တွင် သွား လာ ၏။ ဘွား သော နေ့ မှ သင့် ပြစ် ထင် ရှား သော နေ့ တိုင် အောင်၊ ပြု လေ ရာ ရာ စုံ လင် လျက် ရှိ ၏။ သို့ ရာ တွင်၊ ကုန် သွယ် ခြင်း များ ပြား သော အား ဖြင့် ဓမ္မ မှု တို့ နှင့် ပြည့် စုံ ပြစ် မှား သော ပြစ် ရောက် လေ ပြီ။ ထို ကြောင့်၊ ဆိုး ယုတ် သော သူ ကဲ့ သို့၊ သင့် ကို ဘု ရား ခင် တောင် တော် ပေါ် က ငါ နှင် ထုတ် မည်။ အို လွှမ်း မိုး သော ခေ ရု ဗိမ်၊ မီး တောက် သော ကျောက် တို့ ထဲ က သင့် ကို ငါ ပယ် ရှင်း မည်။ သင် သည် ကိုယ် တင့် တယ် ခြင်း ရေ ကြောင့်၊ ဝါ ကြွား သော စိတ် ရှိ လျက် ဂုဏ် ထွန်း တောက် သော ကြောင့်၊ သင် ညာ သည် ဖောက် ပြန် လျက် ရှိ လေ ပြီ။ ငါ သည် သင့် ကို မြေ တိုင် အောင် နှိမ့် ချ မည်” (ယေ ဇ၊ ၂၈:၁၂-၁၇)

ကမ္ဘာ ဦး ကျမ်း မှာ ကြည့် ရင် ဘု ရား သ ခင် က သူ ဖန် ဆင်း တဲ့ အ ရာ တွေ ကို ကြည့် ပြီး “ထို အ မှု အ ရာ ကောင်း သည်” လို့ မှတ် တမ်း တင် ထား တာ ကို အ ကြိမ် ကြိမ် တွေ့ ရ မှာ ပါ။ ဘု ရား သ ခင် ဖန် ဆင်း တဲ့၊ အင် မ တန် ကောင်း မွန် တဲ့ စ ကြာ ဝ ဠာ ကြီး ဟာ မာ န ထောင် လွှား တဲ့ မာရ် နတ် ရဲ့ ပုန် ကန် မှု ကြောင့် ယို ရွင်း ပြီး ဖြူ စင် သန့် ရှင်း မှု မ ရှိ တော့ ဘူး။ ဒါ ကြောင့် အ နာ ဂတ် တစ် ချိန် မှာ ဘု ရား သ ခင် က သူ ဖန် ဆင်း တဲ့ လော က ကြီး ကို ဖျက် ဆီး ပစ် ပြီး ကောင်း ကင် သစ် နဲ့ မြေ ကြီး သစ် ကို ပြန် ပြီး ဖန် ဆင်း ရ တော့ မှာ ဖြစ် ပါ တယ်။

သူ ခိုး သည် ညဉ့် ခါ လာ ကဲ့ သို့၊ ထာ ဘု ရား နေ့ ရက် သည် လာ လိမ့် မည်။ ထို နေ့ မိုဃ်း ကောင်း ကင် သည် ကြီး စွာ သော သံ နှင့် ကွ ပျောက် သွား လိမ့် မည်။ လော က ဓာတ် တို့ သည် ပူ အား ကြီး ပျက် ကြ လိမ့် မည်။ မြေ ကြီး ကိုယ် မှ ၍၊ မြေ ကြီး ပေါ် မှာ ပြု လုပ် မျှ သော ရာ တို့ သည် ကျွမ်း လောင် ကြ လိမ့် မည်။  သို့ ဖြစ် ၍၊ ရာ လုံး စုံ တို့ သည် ကုန် စင် မည် မှန် သော ကြောင့်၊ မိုဃ်း ကောင်း ကင် သည် မီး နှင့် ပျက် လော က ဓာတ် တို့ သည် ပူ အား ကြီး လျက်၊ ရည် ကျို ခြင်း ကို ခံ သော နေ့ တည်း ဟူ သော ဘု ရား ခင် နေ့ ရောက် လိမ့် မည် ဟု သင် တို့ သည် မြော် လင့် တောင့် လျက်၊ သန့် ရှင်း သော ကျင့် ကို ကျင့် ခြင်း၊ ဘု ရား ဝတ် မွေ့ လျော် ခြင်း အား ဖြင့်၊ ဘယ် သို့ သော သူ ဖြစ် အပ် ကြ နည်း။ ခု ရှိ မျှ သော ရာ တို့ သည် ပျက် သော် လည်း၊ ဖြောင့် မတ် ခြင်း ရား တည် နေ ရာ မိုဃ်း ကောင်း ကင် သစ် နှင့် မြေ ကြီး သစ် ကို ငါ တို့ သည် တိ တော် နှင့် ညီ မြော် လင့် ကြ ၏” (၂ ပေ၊ ၃:၁၀-၁၂)

ကောင်း ကင် သစ် နှင့် မြေ ကြီး သစ် ကို လည်း ငါ မြင် ၏။ ဘယ် သို့ နည်း ဟူ မူ ကား၊ ရှေး ကောင်း ကင် နှင့် ရှေး မြေ ကြီး သည် ရွေ့ သွား ကြ ပြီ။ ထို ခါ မှ မုဒ္ဒ ရာ ရှိ” (ဗျာ၊ ၂၁:၁)

“ပလ္လင် တော် ပေါ် မှာ ထိုင် တော် မူ သော သူ က လည်း၊ ငါ သည် ခပ် သိမ်း သော အ ရာ တို့ ကို အ သစ် ဖန် ဆင်း သည် ဟု မိန့် တော် မူ ၏” (ဗျာ၊ ၂၁:၅)

အဲ ဒါ ကြောင့် ဘု ရား သ ခင် ဟာ သူ့ ရဲ့ လက် အောက် ကောင်း ကင် တ မန် မင်း ကို ရန် သူ စာ တန် မာရ် နတ် ဖြစ် သွား စေ တဲ့၊ သူ အ ကောင်း ဆုံး ဖန် ဆင်း ထား တဲ့ စ ကြာ ဝ ဠာ ကြီး ကို အ သစ် ပြန် ပြီး ဖန် ဆင်း ရ လောက် အောင် ယို ယွင်း သွား စေ တဲ့၊ သူ ဖန် ဆင်း တဲ့ လူ သား တွေ ကို အ ပြစ် သား ဖြစ် သွား စေ တဲ့၊ အဲ ဒီ မာန် မာ န ကို အင် မ တန် ရွံ မုန်း တာ ဖြစ် ပါ တယ်။ ဘု ရား သ ခင် ရဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် ဟာ လည်း သူ ရွံ ရှာ တဲ့ မာန် မာ န ကြောင့် ကျွန် တော် တို့ ကို မ လွှမ်း မိုး နိုင် ဘူး။ သ ခင် ခ ရစ် တော် ကို ကျွန် တော် တို့ ယုံ ကြည် တဲ့ အ ချိန် မှာ၊ ကျွန် တော် တို့ ဟာ ဘု ရား သား သ မီး တွေ ဖြစ် ကြောင်း ကို သက် သေ ခံ တံ ဆိပ် ခတ် ဖို့ အ တွက် ကျွန် တော် တို့ အ ထဲ ကို က တိ တော် အ တိုင်း သူ ဝင် ရောက် ကျိန်း ဝပ် လာ တယ်။ ဘု ရား သား သ မီး တွေ အ နေ နဲ့ ကျွန် တော် တို့ အ သက် ရှင် နိုင် ဖို့ အ တွက် လို အပ် တဲ့ ဆု ကျေး ဇူး တွေ ကို လည်း သူ က ဘဲ ပေး တယ်။ ကျွန် တော် တို့ အ သက် တာ ကို ပြု ပြင် ထိန်း ကျောင်း ပြီး ဘု ရား ဘုန်း ထင် ရှား စေ ဖို့ ဖြစ် တယ်။ လက် တွေ့ မှာ တော့ အဲ သ လို ဖြစ် မ လာ ဘူး။ ကျွန် တော် တို့ အ ထဲ မှာ သူ ကျိန်း ဝပ် ပေ မဲ့ ကျွန် တော် တို့ ကို သူ မ ထိန်း ချုပ် နိုင် ဘူး။ ကျွန် တော် တို့ ရဲ့ မာန် မာ န က သူ့ ကို ပုန် ကန် နေ တယ်။ ဆန့် ကျင် နေ တယ်။ ဘု ရား သ ခင် ဆီ က လာ တဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့၊ ဘု ရား သ ခင် ရဲ့ ရန် သူ စာ တန် မာရ် နတ် ဆီ က လာ တဲ့ မာန် မာ န နဲ့ ခန္ဓာ ကိုယ် တစ် ခု ထဲ မှာ အ တူ တူ မ နေ နိုင် ဘူး။ ဝိ ညာဉ် တော် က မ လွှမ်း မိုး ချင် တာ၊ မ ထိန်း ချုပ် ချင် တာ မ ဟုတ် ဘူး။ မာ န ကြီး တဲ့ ကျွန် တော် တို့ က အ လွှမ်း မိုး မ ခံ တာ၊ အ ထိန်း ချုပ် မ ခံ တာ ဖြစ် ပါ တယ်။

“. . . သင် တို့ မာ န ကြောင့်၊ ငါ့ စိတ် ဝိ ညာဉ် သည် မ ထင် ရှား သော အ ရပ် ၌ ငို ကြွေး မည်” (ယေ၊ ၁၃:၁၇)

“မ ထင် ရှား သော အ ရပ်” ကို မူ ရင်း ဟေ ဗြဲ ကျမ်း စာ မှာ בְּמִסְתָּרִ֥ים (အ သံ ထွက် ba-mis-ta-rim) လို့ ရေး ပြီး “လျှို့ ဝှက် စွာ” လို့ အ ဓိပ္ပါယ် ရ ပါ တယ်။ ကျွန် တော် တို့ ရဲ မာန် မာ န ကြောင့် ကျွန် တော် တို့ အ ထဲ မှ ကျိန်း ဝပ် တဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် ငို ကြွေး တာ ကို ကျွန် တော် တို့ မ သိ ရ ဘူး။ ကျွန် တော် တို့ မ ခံ စား ရ ဘူး။ မာ န ကို အ ခြေ ခံ တဲ့ ကျွန် တော် တို့ ရဲ့ ငြင်း ဆန် မှု တွေ၊ မ နာ ခံ မှု တွေ၊ ရန် တွေ့ မှု တွေ က ဘု ရား သ ခင် ရဲ့ ဝိ ညာဉ် တော် ကို အင် မ တန် စိတ် ထိ ခိုက် စေ ပါ တယ်။ ကျွန် တော် တို့ တစ် တွေ ဘယ် လောက် ဘဲ ဆိုး သွမ်း နေ ပါ စေ၊ သန့် ရှင်း သော ဝိ ညာဉ် တော် က ကျွန် တော် တို့ ကို စွန့် ပစ် ပြီး ပြန် ထွက် မ သွား ဘူး။ ကျွန် တော် တို့ ရဲ့ ပုပ် စပ် နေ တဲ့ မာန် မာ န တွေ အ ကြား မှာ ဆက် လက် ကျိန်း ဝပ် တယ်။ ကျွန် တော် တို့ ဆို ရင် နံ စော် တဲ့ အိမ် သာ ထဲ မှာ တစ် မိ နစ် တောင် နေ ချင် စိတ် မ ရှိ ဘူး။ ဝိ ညာဉ် တော် ဘု ရား ကျ တော့ ကျွန် တို့ ရဲ့ ပုပ် စပ် နံ ဟောင် နေ တဲ့ ကိုယ် အ ထဲ မှာ ကျွန် တော် တို့ မြေ ကြီး အ သက် တာ ကုန် ဆုံး တဲ့ အ ထိ နေ မှာ ဖြစ် ပါ တယ်။ ဘု ရား သ ခင် ရဲ့ ချစ် ခြင်း မေတ္တာ တော် ဟာ အင် မ တန် အံ့ ဩ ဖို့ ကောင်း လောက် အောင် ကြီး မား မြင့် မြတ် လှ ပါ တယ်။ ဒါ ကြောင့် တ မန် တော် ကြီး ရှင် ပေါ လု က ကျွန် တော် တို့ ကို ဒီ လို သ တိ ပေး ခဲ့ ပါ တယ် . . .

“ရွေး နှုတ် ခြင်း နေ့ ရက် တိုင် အောင် သင် တို့ ကို တံ ဆိပ် ခတ် တော် မူ သော ဘု ရား သ ခင် ၏ သန့် ရှင်း သော ဝိ ညာဉ် တော် ကို စိတ် မ နာ စေ ကြ နှင့်” (ဧ၊ ၄:၃၀)

ဒါ ကြောင့် ကျွန် တော် တို့ ဟာ သန့် ရှင်း သော ဝိ ညာဉ် တော် ကို စိတ် မ နာ စေ ချင် ဘူး ဆို ရင်၊ သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ပြည့် ဝ ချင် တယ် ဆို ရင်၊ သန့် ရှင်း သော ဝိ ညာဉ် တော် ကို စိတ် နာ စေ တဲ့၊ သန့် ရှင်း သော ဝိ ညာဉ် တော် ကို ဆီး တား နေ တဲ့ ကျွန် တော် တို့ ရဲ့ မာန် မာ န တွေ ကို ဖျောက် ဖျက် ပစ် ဖို့ လို တယ်။ အဲ ဒီ မာန် မာ န တွေ ကို စွန့် လွှတ် ပစ် ရ မယ်။

မာန် မာ န ကို ဘယ် လို စွန့် လွှတ် ရ မ လဲ

မာန် မာ န ကို ဘယ် လို စွန့် လွှတ် မ လဲ။ ကျွန် တော် တို့ မွေး က တည်း က ပါ လာ တဲ့ မာန် မာ န တွေ ကို ဘယ် လို ဖျောက် ဖျက် ပစ် ရ မ လဲ။ မာ န မ ရှိ တဲ့ လူ တစ် ယောက် ဖြစ် အောင် ဘယ် လို လုပ် ရ မ လဲ။ အ ဖြေ က တော့ စော စော ပိုင်း က ဖေါ် ပြ ထား တဲ့ ကျမ်း ချက် တွေ ထဲ မှာ ပါ ပြီး သား ဖြစ် ပါ တယ်။ ခ ရစ် တော် ရဲ့ နူး ညံ့ သိမ် မွေ့ နှိမ့် ချ တဲ့ စိတ် သ ဘော ကို အ တု ယူ ပြီး အ သက် ရှင် ဖို့ ဖြစ် ပါ တယ်။ တစ် ခြား လူ တွေ ကို ကိုယ့် ထက် ပို ပြီး ကောင်း မြတ် တယ် လို့ လက် ခံ ယူ ဆ ဖို့ ဖြစ် ပါ တယ်။ ခ ရစ် တော် ရဲ့ ခြေ တော် ရာ ကို လိုက် လျှောက် ဖို့ အင် မ တန် ခက် ပါ လိမ့် မယ်။ ခ ရစ် တော် လို ဘဲ နူး ညံ့ သိမ် မွေ့ နှိမ့် ချ တဲ့ စိတ် သ ဘော ရှိ ဖို့ အ လွန် ခက် ပါ လိမ့် မယ်။ ဒါ ပေ မဲ့ မာန် မာ န ကို စွန့် လွှတ် ချင် ရင် ဒီ တစ် နည်း ဘဲ ရှိ တယ် လို့ ကျွန် တော် ထင် ပါ တယ်။ လော ကီ အ တွေး အ ခေါ်  တွေ၊ အ သိ ပ ညာ တွေ နဲ့ မာန် မာ န ကို စွန့် လွှတ် ဖို့ မ ဖြစ် နိုင် ဘူး။ ဒီ က နေ့ လော ကီ သွန် သင် ချက်၊ ဘ ဝ အောင် မြင် ရေး အ တွက် နည်း လမ်း တွေ ကို ကြည့် ရင် မာ န ကို ချိုး နှိမ် ဖို့ နေ နေ သာ သာ၊ ပို ပြီး မာ န ထောင် လွှား ဖို့ တောင် အား ပေး နေ တယ် လို့ ကျွန် တော် ထင် ပါ တယ်။

ဘု ရား သ ခင် ရဲ့ ဝိ ညာဉ် တော် ဟာ မာရ် နတ် ဆီ က လာ တဲ့ မာန် မာ န နဲ့ မ တည့် ပေ မဲ့၊ သ ခင် ခ ရစ် တော် ဆီ က လာ တဲ့ နူး ညံ့ သိမ် မွေ့ နှိမ့် ချ တဲ့ စိတ် သ ဘော နဲ့ ကျ တော့ အင် မ တန် သင့် မြတ် ပါ တယ်။ ဘု ရား ရဲ့ ဝိ ညာဉ် တော် နဲ့ ခ ရစ် တော် ရဲ့ နှိမ့် ချ တဲ့ စိတ် သ ဘော ဟာ ကျွန် တော် တို့ ရဲ့ ခန္ဓာ ကိုယ် ထဲ မှာ အ လွန် လိုက် ဖက် စွာ နေ နိုင် ကြ ပါ တယ်။ တစ် ကိုယ် လုံး ကို လွှမ်း မိုး အုပ် ချုပ် နိုင် ကြ ပါ တယ်။

“ထာ ဝ ရ ဘု ရား သည် ကျိုး ပဲ့ သော စိတ် ရှိ သော သူ တို့ နှင့် နှ လုံး ကြေ ကွဲ သော သူ တို့ ကို နီး တော် မူ ၏။ နောင် တ ရှိ ၍ စိတ် နှိမ့် ချ သော သူ တို့ ကို လည်း ကယ် တင် တော် မူ ၏” (ဆာ၊ ၃၄:၁၈)

“. . . သန့် ရှင်း ခြင်း ဟု နာ မ ရှိ တော် မူ ထ သော၊ အ နန္တ ကာ လ တည်း ဟူ သော ဘုံ ဗိ မာန် ၌ စံ တော် မူ ထ သော၊ အ ထွဋ် အ မြတ် ဖြစ် တော် မူ သော ဘု ရား မိန့် တော် မူ သည် ကား၊ ငါ သည် မြင့် မြတ် သန့် ရှင်း သော အ ရပ် ၌ နေ ၏။ စိတ် နှိမ့် ချ သော သူ နှင့်၊ နှ လုံး ကြေ ကွဲ သော သူ တို့ ၏ စိတ် ဝိ ညာဉ် အ သက် ရှင် စေ ခြင်း ငှါ၊ ကြေ ကွဲ နှိမ့် ချ သော စိတ် သ ဘော ရှိ သော သူ တို့ ၌ လည်း ငါ နေ ၏” (ဟေ ရှာ၊ ၅၇:၁၅)

“ဤ အ ရာ အ လုံး စုံ တို့ သည် ငါ ကိုယ် တိုင် ဖန် ဆင်း သော ကြောင့် ဖြစ် ကြ ၏။ စိတ် နှိမ့် ချ ခြင်း၊ နှ လုံး ကြေ ကွဲ ခြင်း၊ ငါ့ စ ကား ကြောင့် တုန် လှုပ် ခြင်း ရှိ သော သူ ကို သာ ငါ ကြည့် ရှု မည်” (ဟေ ရှာ၊ ၆၆:၂)

ဒီ တော့ ကာ၊ ကျွန် တော် တို့ ယုံ ကြည် သူ တွေ ဟာ လည်း ကိုယ့် ရဲ့ မာန် မာ န တွေ ကို စွန့် လွှတ် ပြီး၊ သ ခင် ခ ရစ် တော် လို ဘဲ နူး ညံ့ သိမ် မွေ့ နှိမ့် ချ တဲ့ စိတ် သ ဘော ထား ခဲ့ ရင်၊ ဘု ရား သ ခင် ရဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် ဟာ ကျွန် တော် တို့ အ ထဲ မှာ ကျိန်း ဝပ် တဲ့ အ ပြင်၊ ကျွန် တော် တို့ တစ် ကိုယ် လုံး ကို ပြည့် ပြည့် ဝ ဝ လွှမ်း မိုး အုပ် စိုး ပြီး၊ ကျွန် တော် တို့ ဟာ သ ခင် ခ ရစ် တော် လို ဘဲ ဘု ရား သ ခင် ရဲ့ ဘုန်း တော် ထင် ရှား စေ တဲ့ အ သက် တာ နဲ့ အ သက် ရှင် နိုင် မှာ ဖြစ် ပါ တယ်။

ဒီ လို ဖြစ် ဖို့ အ ပြော လွယ် ပေ မဲ့ လက် တွေ့ မှာ ခက် ခဲ ပါ လိမ့် မယ်။ ခက် တယ် လို့ ထင် ရ ပေ မဲ့ တစ် ကယ် လုပ် ချင် ရင် ဖြစ် နိုင် ပါ တယ်။

George Muller

George Muller ဆို တဲ့ ပုဂ္ဂိုလ် ဟာ ဂျာ မန် လူ မျိုး သာ သ နာ ပြု ဆ ရာ တစ် ဦး ဖြစ် ပါ တယ်။ လွန် ခဲ့ တဲ့ နှစ် ၁၅၀ လောက် တုန်း က အင်္ဂ လန် နိုင် ငံ Bristol မြို့ မှာ မိ ဘ မဲ့ က လေး ဂေ ဟာ ဖွင့် ပြီး အ မှု တော် ဆောင် ခဲ့ ပါ တယ်။ ယုံ ကြည် ခြင်း ရှိ တဲ့ အ တွက် လုံး ဝ အ လှူ လိုက် မ ခံ ဘူး။ ဂေ ဟာ အ တွက်၊ က လေး တွေ အ တွက် လို အပ် တာ မှန် သ မျှ ကို ဘု ရား သ ခင် ဆီ မှာ ဘဲ ဆု တောင်း တယ်။ ဘု ရား သ ခင် က လည်း လို အပ် တဲ့ အ တိုင်း အ တာ ကို ကွက် တိ အ မြဲ ထောက် ပံ့ ပေး တယ်။ အ ပို အ လို မ ရှိ ဘူး။ အ ချိန် စော တာ နောက် ကျ မ ရှိ ဘူး။ သူ့ အ ကြောင်း ရေး ထား တဲ့ စာ အုပ် တွေ ကို ယုံ ကြည် သူ တွေ ဖတ် ကြည့် ဖို့ ကျွန် တော် တိုက် တွန်း ချင် ပါ တယ်။

တစ် ခါ မှာ တော့ သူ SS Sardinian ဆို တဲ့ သင်္ဘော နဲ့ အင်္ဂ လန် နိုင် ငံ က နေ အတ္တ လန် တိတ် သ မုဒ္ဒ ရာ ကို ဖြတ် ပြီး က နေ ဒါ နိုင် ငံ ကို ခ ရီး သွား တဲ့ အ ခါ နှင်း တွေ ပိတ် နေ လို့ သင်္ဘော အ ရှိန် လျှော့ ပြီး ဖြေး ဖြေး ဘဲ မောင်း နေ ရ တယ်။ အဲ ဒီ အ ချိန် တုန်း က အ ခု ခေတ် မှာ လို့ ရေ ဒါ တွေ၊ ခေတ် မှီ ရေ ကြောင်း လမ်း ပြ က ရိ ယာ တွေ မ ပေါ် သေး ဘူး။ အဲ သ လို နှင်း တွေ ပိတ် နေ လို့ ခ ရီး ကြန့် ကြာ တော့ သူ တက် ရောက် ရ မဲ့ အ စီ အ စဉ် တွေ ကို မ မီ မှာ စိုး ရ တယ်။ အဲ ဒါ နဲ့ သူ ပဲ့ စင် ပေါ် မှာ သင်္ဘော ကပ္ပ တိန် ကို သွား တွေ့ ပြီး အ ခြေ အ နေ မေး တယ်။ သင်္ဘော ကပ္ပ တိန် က နှင်း ကွဲ သွား မှ စက် ရှိန် တင် ပြီး ခ ရီး ပြန် ဆက် နိုင် မယ့် အ ကြောင်း ပြော တော့၊ ဒါ ဆို နှင်း ကွဲ ဖို့ ဆု တောင်း ရ အောင် လို့ George Muller က ပြော ပြီး မြေ ပုံ ခန်း ထဲ ကို သွား တယ်။ ကပ္ပ တိန် က စိတ် မ သက် မ သာ နဲ့ အ လ ကား အ ချိန် ကုန် တာ ဘဲ အ ဖတ် တင် မယ် လို့ ရေ ရွတ် ပြီး George Muller နောက် ကို လိုက် ဝင် တယ်။ George Muller က အ ရင် ဆု တောင်း တယ်။ သူ ရိုး ရိုး လေး ဘဲ ဆု တောင်း ပါ တယ်။ သူ ဆု တောင်း ပြီး တော့ ကပ္ပ တိန် လုပ် တဲ့ သူ က လည်း စ ဆု တောင်း မယ် လုပ် တော့ George Muller က တား တယ်။ ကပ္ပ တိန် ရဲ့ မ ယုံ ကြည် မှု ကို သူ သိ လို့ တား တာ ဖြစ် ပေ မဲ့၊ အ ဓိ က က သူ ဆု တောင်း တာ ကို ဘု ရား သ ခင် အ ဖြေ ပေး မယ် လို့ ယုံ ကြည် တဲ့ အ တွက် ကြောင့် ဘဲ ဖြစ် ပါ တယ်။ George Muller က “ကပ္ပ တိန်၊ ကျွန် တော့်  ရဲ့ သ ခင် ကို ကျွန် တော် သိ ကျွမ်း လာ တာ နှစ် ငါး ဆယ် ကျော် အ တွင်း မှာ၊ အ ထံ တော် ပါး ကို တိုး ဝင် ချဉ်း ကပ် ခွင့် မ ရ တာ တစ် ခါ မှ မ ရှိ ဘူး ဘူး။ ထ ပြီး ကြည့် ပါ။ နှင်း တွေ မ ရှိ တော့ တာ ကို ခင် ဗျား မြင် ရ မယ်” လို့ ပြော လိုက် တယ်။ သူ တို့ နှစ် ယောက် သင်္ဘော ပဲ့ စဉ် ပြန် ရောက် တဲ့ အ ခါ နှင်း တွေ မ ရှိ တော့ ဘူး။ ပိန်း ပိတ် အောင် နှင်း ကျ နေ ရာ က နေ ချက် ချင်း ရာ သီ ဥ တု ကြည် လင် သွား တယ်။ သင်္ဘော ခ ရီး ဆက် ထွက် ပြီး ဆိပ် ကမ်း ကို အ ချိန် မီ ရောက် သွား ကြ တယ်။ အဲ ဒီ အ တွေ့ အ ကြုံ က သင်္ဘော ကပ္ပ တိန် ရဲ့ ဘ ဝ ကို ပြောင်း လဲ စေ ပြီး တစ် ကယ့် ယုံ ကြည် သူ ဖြစ် စေ ခဲ့ ပါ တယ်။

ယုံ ကြည် သူ ခ ရစ် ယာန် အား လုံး သန့် ရှင်း သော ဝိ ညာဉ် တော် နဲ့ ပြည့် စုံ ပြီး ဘု ရား သ ခင် ရဲ့ ဘုန်း တော် ထင် ရှား စေ တဲ့ သူ တွေ ဖြစ် ဖို့ ဆန္ဒ ပြု ပါ တယ်။

“ငါ့ ကို ခွန် အား နှင့် ပြည့် စုံ စေ တော် မူ သော ရစ် တော် အား ဖြင့် ခပ် သိမ်း သော မှု တို့ ကို ငါ တတ် စွမ်း နိုင် ၏” (ဖိ၊ ၄:၁၃)