စာလုံးအ ရွယ်အစား

က က

ပြန် သွား

Published: 13/04/2020 Last Edited: 30/04/2021

သင် ၏ ယုံ ကြည် ခြင်း ကို စစ် ဆေး ပါ

“သင် တို့ သည် ယုံ ကြည် ခြင်း ၌ တည် သ လော၊ မ တည် လော ဟု ကိုယ် ကို ကိုယ် စစ် ကြော ကြ လော့။ ကိုယ် ကို ကိုယ် စုံ စမ်း ကြ လော့” (၂ ကော၊ ၁၃:၅)

သမ္မာ ကျမ်း စာ က ယုံ ကြည် သူ ခ ရစ် ယာန် တွေ ကို၊ ကိုယ့် ယုံ ကြည် ခြင်း ကို ကိုယ် တိုင် စစ် ဆေး စုံ စမ်း ဖို့ တိုက် တွန်း ထား ပါ တယ်။ ဆို လို တာ က ခ ရစ် ယာန် တစ် ယောက် ဟာ၊ သူ သ ခင် ယေ ရှု ခ ရစ် တော် ကို အ မှန် တစ် ကယ် ဘဲ ယုံ ကြည် လက် ခံ လို့ ခ ရစ် ယာန် ဖြစ် နေ တာ လား၊ ဒါ မှ မ ဟုတ် တစ် ခြား အ ကြောင်း ကြောင်း တွေ ကြောင့် ခ ရစ် ယာန် ဖြစ် နေ သ လား ဆို တာ ကို ကိုယ့် ဖါ သာ ကိုယ် သေ သေ ချာ ချာ လေ့ လာ ဆန်း စစ် ကြည့် ဖို့ ပါ ဘဲ။

ဒါ ဟာ ခ ရစ် ယာန် တိုင်း အ ရေး ထား လိုက် နာ သင့် တဲ့၊ အင် မ တန် အ ရေး ကြီး တဲ့၊ သွန် သင် ချက် တစ် ခု လို့ ကျွန် တော် ထင် ပါ တယ်။ ဘာ ဖြစ် လို့ လဲ ဆို တော့ ခ ရစ် တော် ကို တစ် ကယ် ယုံ ကြည် တဲ့ သူ တွေ သာ လျှင်၊ အ ပြစ် ခွင့် လွှတ် ခြင်း ခံ စား ရ လို့ ကယ် တင် ခြင်း သို့ ရောက် ရှိ ပြီး၊ သေ တဲ့ အ ခါ ကောင်း ကင် ဘုံ ကို ဝင် စား ရ မှာ ဖြစ် တယ်။

“ယုံ ကြည် သော အား ဖြင့် ကျေး ဇူး တော် ကြောင့် ကယ် တင် ခြင်း သို့ ရောက် ရ ၏။ ကိုယ် အ လို အ လျောက် ရောက် သည် မ ဟုတ်။ ဘု ရား သ ခင် သ နား တော် မူ ရာ ဖြစ် သ တည်း” (ဧ၊ ၂:8)

ဟန် ဆောင် ခ ရစ် ယာန် တွေ ကျ တော့ ခ ရစ် တော် ကို အ မှန် တစ် ကယ် ယုံ ကြည် တာ မ ဟုတ် တဲ့ အ တွက်၊ ကယ် တင် ခြင်း သို့ မ ရောက် ဘဲ၊ သေ တဲ့ အ ခါ ထာ ဝ ရ င ရဲ ထဲ ကျ မှာ မို့ လို့ ပါ။ ခ ရစ် ယာန် လို့ အ မည် ခံ တိုင်း ကောင်း ကင် ဘုံ ကို ရောက် မှာ မ ဟုတ် ဘူး ဆို တာ ကို သ ခင် ခ ရစ် တော် ကိုယ် တိုင် သေ သေ ချာ ချာ ပြော ခဲ့ ပါ တယ်။

“သ ခင်၊ သ ခင် ဟု ငါ့ ကို လျှောက် သော သူ တိုင်း ကောင်း ကင် နိုင် ငံ တော် သို့ ဝင် ရ လိမ့် မည် မ ဟုတ်။ ကောင်း ကင် ဘုံ ၌ ရှိ တော် မူ သော ငါ့ ခ မည်း တော် ၏ အ လို တော် ကို ဆောင် သော သူ သာ လျှင် ဝင် ရ လိမ့် မည်” (မ၊ ၇:၂၁)

ခ ရစ် တော် ကို “သ ခင်၊ သ ခင်” လို့ ခေါ် တဲ့ သူ တွေ ဟာ ခ ရစ် ယာန် တွေ ပါ။ တစ် ခြား ဘာ သာ ဝင် တွေ၊ ဘု ရား မဲ့ တွေ က ခ ရစ် တော် ကို သ ခင် လို့ မ ခေါ် ကြ ပါ ဘူး။ ဒါ ပေ မဲ့ အဲ ဒီ လို ခ ရစ် တော် ကို သ ခင် လို့ ခေါ် တဲ့ ခ ရစ် ယာန် လို့ အ မည် ခံ သူ အား လုံး ကောင်း ကင် ဘုံ ရောက် မှာ မ ဟုတ် ဘူး လို့ သ ခင် ခ ရစ် တော် ကိုယ် တော် တိုင် သေ သေ ချာ ချာ မိန့် မှာ ခဲ့ ပါ တယ်။ ခ မည်း တော် ဘု ရား သ ခင် ရဲ့ အ လို တော် ကို ဆောင် တဲ့ သူ သာ လျှင် ဝင် ရ မှာ ဖြစ် ပါ တယ်။ ခ မည်း တော် ရဲ့ အ လို တော် ဟာ ဘာ လဲ လို့ မေး ရင် သား တော် ယေ ရှု ခ ရစ် တော် ကို ယုံ ကြည် ဖို့ ဘဲ ဖြစ် ပါ တယ်။

“ထို သူ တို့ က လည်း၊ ဘု ရား သ ခင် ၏ အ လို တော် နှင့် ညီ သော အ ကျင့် ကို ကျင့် ခြင်း ငှါ အ ဘယ် သို့ ပြု ရ ပါ မည် နည်း ဟု မေး လျှောက် ကြ ၏။ ယေ ရှု က လည်း၊ ဘု ရား သ ခင် စေ လွှတ် တော် မူ သော သူ ကို ယုံ ကြည် ခြင်း အ ကျင့် ကား၊ အ လို တော် နှင့် ညီ သော အ ကျင့် တည်း ဟု မိန့် တော် မူ ၏” (ယော၊ ၆:၂၈-၂၉)

ဒါ ကြောင့် ခ ရစ် ယာန် တွေ က ငါ ခ ရစ် တော် ကို ယုံ ကြည် တယ်၊ ဒါ ကြောင့် သေ ရင် ငါ င ရဲ မ ကျ တော့ ဘူး၊ ကောင်း ကင် ဘုံ ရောက် မယ် လို့ တစ် ထစ် ချ ယူ ဆ လို့ မ ရ ဘူး။ အ မှန် တစ် ကယ် ယုံ ကြည် တဲ့ သူ တွေ သာ လျှင် ကောင်း ကင် ဘုံ ဝင် ရ မှာ ဖြစ် ပြီး၊ အ မည် ခံ ခ ရစ် ယာန် တွေ က တော့ င ရဲ သွား ရ မှာ ဖြစ် တယ်။

ပို ပြီး ထိတ် လန့် စ ရာ ကောင်း တာ က၊ ကောင်း ကင် ဘုံ ရောက် မဲ့ ခ ရစ် ယာန် တွေ ဟာ အ နည်း စု သာ ဖြစ် ပြီး၊ ထာ ဝ ရ င ရဲ ထဲ ကျ မဲ့ ခ ရစ် ယာန် တွေ ဟာ အ များ စု ဖြစ် နေ ခြင်း ပါ ဘဲ။ ရာ ခိုင် နှုန်း အ နေ နဲ့ တော့ ကျွန် တော် မ သိ ပါ ဘူး။ သေ ချာ တာ က တော့ ခ ရစ် ယာန် ထက် ဝက် ကျော် ဟာ င ရဲ ထဲ ကျ မယ် ဆို တဲ့ အ ဖြစ် ပါ ဘဲ။ အဲ ဒီ အ များ စု ခ ရစ် တွေ ထဲ မှာ ကိုယ် မ ပါ ဖို့ အ လွန် အ ရေး ကြီး ပါ တယ်။

“ကျဉ်း သော တံ ခါး ကို ဝင် ကြ လော့။ ပျက် စီး ခြင်း သို့ ရောက် သော လမ်း နှင့် တံ ခါး သည် ကျယ် ဝန်း သည် ဖြစ် ၍ ဝင် သော သူ တို့ သည် များ ကြ ၏။ အ သက် ရှင် ခြင်း သို့ ရောက် သော လမ်း နှင့် တံ ခါး သည် အ လွန် ကျဉ်း မြောင်း သည် ဖြစ် ၍၊ တွေ့ ဝင် သော သူ တို့ သည် နည်း ကြ ၏” (မ၊ ၇:၁၃-၁၄)

“ထို နေ့ ၌ ကား၊ သ ခင်၊ သ ခင်၊ အ ကျွန်ုပ် တို့ သည် ကိုယ် တော် အ ခွင့် နှင့် ဆုံး မ ဩ ဝါ ဒ ပေး ပါ ပြီ မ ဟုတ် လော။ ကိုယ် တော် အ ခွင့် နှင့် နတ် ဆိုး တို့ ကို နှင် ထုတ် ပါ ပြီ မ ဟုတ် လော။ ကိုယ် တော် အ ခွင့် နှင့် များ စွာ သော တန် ခိုး တို့ ကို ပြ ပါ ပြီ မ ဟုတ် လော ဟု အ များ သော သူ တို့ သည် လျှောက် ကြ လိမ့် မည်။ ထို သို့ လျှောက် ကြ သော အ ခါ သင် တို့ ကို ငါ အ လျှင်း မ သိ။ အ ဓမ္မ အ မှု ကို ပြု သော သူ တို့၊ ငါ့ ထံ မှ ဖယ် ကြ ဟု ထို သူ တို့ အား အ တည့် အ လင်း ငါ ပြော မည်” (မ၊ ၇:၂၂-၂၃)

ဒီ အ ကြောင်း တွေ ကြောင့် ရှင် ပေါ လု က ယုံ ကြည် သူ တွေ ကို ကိုယ့် ယုံ ကြည် ခြင်း ကို သေ သေ ချာ ချာ စစ် ဆေး ဖို့ တိုက် တွန်း ရ ခြင်း ဖြစ် ပါ တယ်။ ခ ရစ် တော် ကို မ ယုံ ကြည် တဲ့ သူ သေ တဲ့ အ ခါ င ရဲ ထဲ ကျ ရင် သူ့ အ ပြစ် နဲ့ သူ ကျ တာ ဖြစ် လို့ ဖြေ သာ သေး တယ်။ ဒါ ပေ မဲ့ ခ ရစ် ယာန် လုပ် နေ ပြီး တော့ သေ တဲ့ အ ခါ င ရဲ ထဲ ကျ ရင် ဘယ် လောက် ရင် နာ စ ရာ ကောင်း လိုက် မ လဲ။ ကယ် တင် ရှင် သ ခင် ခ ရစ် တော် ကို ယုံ ကြည် ပါ တယ် ဆို ပြီး ဗတ္တိ ဇံ ခံ တယ်၊ ခ ရစ် ယာန် ဖြစ် လာ တယ်၊ ဘု ရား ကျောင်း မှန် မှန် တက် တယ်၊ အ လှူ ငွေ မှန် မှန် ထည့် တယ်၊ ကျမ်း စာ မှန် မှန် ဖတ် တယ်၊ ပုံ မှန် ဆု တောင်း တယ်၊ အ စာ ရှောင် တယ်၊ ပြီး တော့ သေ တဲ့ အ ခါ င ရဲ လား တယ် ဆို တာ လောက် အ ဖြစ် ဆိုး တာ ရှိ မယ် မ ထင် ဘူး။ အဲ သ လို အ ဖြစ် ဆိုး မျိုး နဲ့ သူ့ ရဲ့ ယုံ ကြည် သူ တွေ ကို မ တွေ့ ကြုံ စေ ချင် လို့ တ မန် တော် ကြီး ရှင် ပေါ လု က သူ တို့ ရဲ့ ယုံ ကြည် ခြင်း မှန် တယ် မ မှန် တယ် ကို စစ် ဆေး ဖို့ တိုက် တွန်း ရ ခြင်း ဖြစ် ပါ တယ်။

ကိုယ့် ရဲ့ ယုံ ကြည် ခြင်း ကို စစ် ကြော စုံ စမ်း ဖို့ ဆို တာ တော့ ဟုတ် ပါ ပြီ၊ ဘယ် လို့ စစ် ကြော စုံ စမ်း မ လဲ။ အ ဖြေ က တော့ ကျမ်း စာ ထဲ မှာ ပါ ဘဲ။ ဘု ရား သ ခင် က တစ် ခု ခု လုပ် ခိုင်း ရင်၊ ဘယ် လို လုပ် ရ မလဲ ဆို တဲ့ အ ဖြေ ကို လည်း တစ် ခါ တည်း ပေး လေ့ ရှိ ပါ တယ်။ သမ္မာ ကျမ်း စာ ထဲ မှာ ဘဲ ယုံ ကြည် ခြင်း ကို စစ် ကြော စုံ စမ်း ဖို့ အ ချက် အ လက် တွေ ကို တိ တိ ကျ ကျ သွန် သင် ထား ပါ တယ်။

ယုံ ကြည် ခြင်း ကို စစ် ကြော နည်း

ကိုယ့် ယုံ ကြည် ခြင်း မှန် မ မှန် ကို စစ် ဆေး ဖို့ က တော့ သိပ် မ ခက် ပါ ဘူး။ ကျမ်း စာ ထဲ မှာ ပါ တဲ့၊ ယုံ ကြည် သူ နဲ့ မ ယုံ ကြည် သူ တို့ ရဲ့ အ ကြား မှာ ဘာ ကွာ ခြား သ လဲ ဆို တဲ့ အ ချက် ကို နား လည် မယ် ဆို ရင် အ ဖြေ က လွယ် လွယ် လေး ပါ။ ကျွန် တော့် အ တွက် က တော့ ယုံ ကြည် သူ နဲ့ မ ယုံ ကြည် သူ အ ကြား မှာ ခြား နား ချက် က တစ် ခု ဘဲ ရှိ တယ် လို့ မြင် ပါ တယ်။ အဲ ဒါ က တော့ ခ ရစ် တော် ကို ယုံ ကြည် သူ ရဲ့ အ ထဲ မှာ ဘု ရား သ ခင် ရဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် ဝင် ရောက် ကျိန်း ဝပ် လာ ခြင်း ပါ ဘဲ။ မ ယုံ ကြည် သူ ရဲ့ အ ထဲ မှာ တော့ သန့် ရှင်း သော ဝိ ညာဉ် တော် မ ရှိ ဘူး။

“သင် တို့ သည် ဘု ရား သ ခင် ၏ ဗိ မာန် တော် ဖြစ် ကြ သည် ကို ၎င်း၊ ဘု ရား သ ခင် ၏ ဝိ ညာဉ် တော် သည် သင် တို့ အ ထဲ ၌ ကျိန်း ဝပ် တော် မူ သည် ကို ၎င်း မ သိ ကြ သ လော” (၁ ကော၊ ၃:၁၆)

အဲ ဒီ အ ချက် တစ် ခု ထဲ နဲ့ ဘဲ လူ တစ် ယောက် ကို စစ် မှန် တဲ့ ယုံ ကြည် သူ ဟုတ် မ ဟုတ် ခွဲ ခြား နိုင် ပါ တယ်။ အဲ ဒီ အ ချက် က ဘဲ လူ တစ် ယောက် ဟာ ကောင်း ကင် သွား မ လား၊ င ရဲ ကျ မ လား လို့ အ ဆုံး အ ဖြတ် ပေး မှာ ဖြစ် ပါ တယ်။ ဘာ ဖြစ် လို့ လဲ ဆို တော့ လူ ရဲ့ အ ထဲ မှာ ရှိ တဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် ဟာ ယုံ ကြည် သူ စစ် မှန် ကြောင်း ကို သက် သေ ထူ တဲ့ ဘု ရား သ ခင် ရဲ့ တံ ဆိပ် ခပ် နှိပ် ခြင်း ဖြစ် နေ လို့ ပါ ဘဲ။

“ရွေး နှုတ် ခြင်း နေ့ ရက် တိုင် အောင် သင် တို့ ကို တံ ဆိပ် ခတ် တော် မူ သော ဘု ရား သ ခင် ၏ သန့် ရှင်း သော ဝိ ညာဉ် တော် ကို စိတ် မ နာ စေ ကြ နှင့်” (ဧ၊ ၄:၃၀)

ဒီ တော့ ကာ၊ ကိုယ် တစ် ကယ် ဘဲ စစ် မှန် တဲ့ ယုံ ကြည် သူ ဟုတ် မ ဟုတ် ကို ဆန်း စစ် ဖို့ အ တွက်၊ ကိုယ့် အ ထဲ မှာ သန့် ရှင်း သော ဝိ ညာဉ် တော် ကျိန်း ဝပ် နေ မ နေ ဆို တာ နဲ့ တိုက် ဆိုင် စစ် ဆေး ရ မှာ ဖြစ် ပါ တယ်။ ဒါ ပေ မဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် ကို ဘယ် သူ မှ မျက် စိ နဲ့ ကြည့် မြင် လို့ မှ မ ရ တာ။ ဒါ ကြောင့် သန့် ရှင်း သော ဝိ ညာဉ် တော် ရှိ မ ရှိ ကို၊ သန့် ရှင်း သော ဝိ ညာဉ် တော် ရှိ တဲ့ လူ တစ် ယောက် ရဲ့ အ သက် တာ မှာ ဘာ တွေ ထူး ခြား လာ သ လဲ ဆို တာ နဲ့ တစ် ခါ ပြန် ပြီး ဆန်း စစ် ရ မှာ ဖြစ် ပါ တယ်။

အောက် က အ ချက် တွေ ဟာ သမ္မာ ကျမ်း စာ ထဲ က သွန် သင် ချက် တွေ ထဲ က ကျွန် တော် သိ ရ သ လောက်၊ ယုံ ကြည် သူ မှန် မ မှန် စစ် ဆေး နည်း တွေ ဖြစ် ပါ တယ်။ အ ချက် တွေ ကို နံ ပါတ် စဉ် တပ် ထား ပေ မဲ့၊ ဘယ် ဟာ ပို အ ရေး ကြီး တယ်၊ ဘယ် ဟာ သိပ် အ ရေး မ ပါ ဘူး လို့ ဆို လို တာ မ ဟုတ် ပါ ဘူး။ အ ဆင် ပြေ သ လို တပ် ထား တာ ဘဲ ဖြစ် ပါ တယ်။

၁) ငါ့ မှာ သမ္မာ ကျမ်း စာ ကို လေ့ လာ ဖတ် ရှု ချင် တဲ့ စိတ် ဆန္ဒ ပြင်း ပြ မှု ရှိ သ လား?

ပ ထ မ ဦး ဆုံး အ နေ နဲ့၊ စစ် မှန် တဲ့ ယုံ ကြည် သူ ခ ရစ် ယာန် တစ် ယောက် ဟာ သမ္မာ ကျမ်း စာ ကို လေး လေး နက် နက် ဖတ် ရှု လေ့ လာ ချင် တဲ့ စိတ် တွေ၊ သမ္မာ ကျမ်း စာ ထဲ မှာ ဘု ရား သ ခင် ဘာ တွေ ဖေါ် ပြ ထား သ လဲ ဆို တာ သိ ချင် စိတ် တွေ၊ တစ် ဖွား ဖွား ဖြစ် ပေါ် လာ ပါ လိမ့် မယ် လို့ ကျွန် တော် ဆို ချင် ပါ တယ်။ ပြီး တော့၊ ငါ့ အ သက် တာ ထဲ မှာ ဘု ရား သ ခင် ဘာ အ လို တော် ရှိ သ လဲ ဆို တာ သိ ချင် တဲ့ စိတ်၊ လော က ကြီး မှာ ကိုယ် တိုင် ကြား သိ မြင် တွေ့ ဖြစ် ပျက် နေ တဲ့ အ ရာ တွေ နဲ့ ပတ် သက် ပြီး သမ္မာ ကျမ်း စာ ထဲ မှာ ဘု ရား သ ခင် ဘာ ပြော ထား သ လဲ ဆို တာ သိ ချင် စိတ် တွေ၊ အ ငမ်း မ ရ ဖြစ် လာ လိမ့် မယ်။

ဒါ ဟာ ဘာ ကြောင့် လဲ ဆို တော့ အဲ ဒီ လူ ရဲ့ အ ထဲ မှာ ကျိန်း ဝပ် တဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် ကြောင့် ဖြစ် ပါ တယ်။ သန့် ရှင်း သော ဝိ ညာဉ် တော် ဝင် ရောက် ကျိန်း ဝပ် လာ တဲ့ အ တွက်၊ အ ကျိန်း ဝပ် ခံ ရ တဲ့ သူ ရဲ့ အ ထဲ က သေ နေ တဲ့ ဝိ ညာဉ် ဟာ လည်း ပြန် လည် အ သက် ရှင် သန် လာ ပါ တယ်။

“သို့ သော် လည်း ဘု ရား သ ခင် ၏ ဝိ ညာဉ် တော် သည် သင် တို့ အ ထဲ ၌ ကျိန်း ဝပ် တော် မူ လျှင်၊ . . . ကိုယ် ကာ ယ သည် အ ပြစ် ကြောင့် အ သေ ဖြစ် သော် လည်း ဝိ ညာဉ် မူ ကား ဖြောင့် မတ် ခြင်း ကြောင့် အ သက် ရှင် လျက် ရှိ ၏” (ရော ၈:၉-၁၀)

ဒါ ကို သမ္မာ ကျမ်း စာ က ဒု တိ ယ မွေး ခြင်း လို့ ခေါ် ပါ တယ်။

“. . . ယေ ရှု က၊ ဒု တိ ယ မွေး ခြင်း ကို မ ခံ သော သူ မည် သည် ကား၊ ဘု ရား သ ခင် ၏ နိုင် ငံ တော် ကို မ မြင် ရ ဟု ငါ အ မှန် အ ကန် ဆို သည် ဟု ပြန် ၍ မိန့် တော် မူ ၏။ နိ ကော ဒင် က လည်း၊ အ သက် ကြီး သော သူ သည် မွေး ခြင်း ကို အ ဘယ် သို့ ခံ နိုင် ပါ မည် နည်း။ အ မိ ဝမ်း ထဲ သို့ တ ဖန် ဝင် ၍ မွေး ခြင်း ကို ခံ နိုင် ပါ မည် လော ဟု လျှောက် ၏။ ယေ ရှု က လည်း၊ ရေ နှင့် ဝိ ညာဉ် တော် မ မွေး သော သူ မည် သည် ကား၊ ဘု ရား သ ခင် ၏ နိုင် ငံ တော် သို့ မ ဝင် ရ ဟု ငါ အ မှန် အ ကန် ဆို ၏။ ဇာ တိ ပ က တိ မွေး သော အ ရာ သည် ဇာ တိ ပ က တိ ဖြစ် ၏။ ဝိ ညာဉ် တော် မွေး သော အ ရာ သည် ဝိ ညာဉ် ဖြစ် ၏။ ဒု တိ ယ မွေး ခြင်း ကို ခံ ရ မည် ဟု ငါ ဟော ပြော သည် ကို အံ့ ဩ ခြင်း မ ရှိ နှင့်။ လေ သည် အ လို ရှိ တိုင်း သွား လာ ၏။ လေ ၏ အ သံ ကို သင် သည် ကြား ရ သော် လည်း အ ဘယ် အ ရပ် က ဖြစ် သည်၊ အ ဘယ် အ ရပ် သို့ သွား သည် ကို မ သိ နိုင်။ ထို နည်း တူ ဝိ ညာဉ် တော် မွေး သော သူ ဖြစ် သည် ဟု မိန့် တော် မူ ၏” (ယော၊ ၃:၃-၈)

အ မိ ဝမ်း ထဲ က နေ အ သက် ရှင် ပြီး မွေး လာ တဲ့ က လေး ငယ် ဟာ မိ ခင် နို့ ကို တမ်း တ သ လို ဘဲ၊ ခ ရစ် ယာန် တစ် ယောက် ရဲ့ ပြန် လည် ရှင် သန် လာ တဲ့ ဝိ ညာဉ် ဟာ လည်း ဘု ရား သ ခင် ရဲ့ နှုတ် က ပတ် တ ရား ကို ဆာ ငတ် တောင့် တ ပါ တယ်။

“ထို ကြောင့်၊ သင် တို့ သည် သ ခင် ဘု ရား ၏ ကျေး ဇူး တော် ကို မြည်း စမ်း ကြ သည် ဖြစ် ၍၊ . . . ကယ် တင် ခြင်း အ လို ငှါ နှုတ် က ပတ် တ ရား ၏ နို့ စစ် အား ဖြင့် ကြီး ပွါး မည် အ ကြောင်း၊ ဘွား စ သော သူ ငယ် ကဲ့ သို့၊ ထို တ ရား နို့ ကို အ လွန် လို ချင် သော စိတ် ရှိ ကြ လော့” (၁ ပေ၊ ၂:၂)

အ သေ မွေး တဲ့ က လေး ငယ် ဟာ၊ အ သက် မ ရှင် တဲ့ အ တွက် နို့ ဆာ လို့ မ ငို တတ် ပါ ဘူး။ ဟန် ဆောင် ခ ရစ် ယာန် တစ် ယောက် ရဲ့ အ ထဲ က သေ နေ တဲ့ ဝိ ညာဉ် ဟာ လည်း နှုတ် က ပတ် တော် ကို ဆာ ငတ် မှု မ ရှိ ပါ ဘူး။ ကျမ်း စာ ကို ဖတ် ပေ မဲ့၊ နှ လုံး သား ထဲ က နေ ပြင်း ပြ တဲ့ စိတ် ဆန္ဒ နဲ့ ဖတ် တာ မ ဟုတ် ဘဲ၊ ဦး နှောက် အ သိ နဲ့ ဖတ် တာ ဖြစ် ပါ လိမ့် မယ်။

အဲ ဒါ ကြောင့် စစ် မှန် တဲ့ ယုံ ကြည် သူ တစ် ဦး ရဲ့ သိ သာ ထင် ရှား တဲ့ လက္ခ ဏာ တစ် ခု ဟာ သမ္မာ ကျမ်း စာ ကို ဖတ် ရှု လေ့ လာ လို စိတ်၊ ကျမ်း စာ သင် တန်း တွေ ကို တက် လို တဲ့ စိတ် ပြင်း ပြ လာ ခြင်း ဖြစ် ပါ တယ်။

၂) ငါ ဟာ ကျမ်း စာ ဖတ် တဲ့ အ ခါ မှာ ဘု ရား သ ခင် ရဲ့ သွန် သင် ချက် ဩ ဝါ ဒ တွေ ကို နား လည် လွယ် သ လား?

သမ္မာ ကျမ်း စာ ဟာ လူ တွေ ဘယ် လို အ သက် ရှင် သွား လာ ရ မယ် ဆို တာ နဲ့ ပတ် သက် ပြီး ဘု ရား သ ခင် ရဲ့ သွန် သင် လမ်း ညွှန် ချက် လည်း ဖြစ် ပါ တယ်။ ပြီး တော့၊ ဘု ရား သ ခင် ရဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် က မှုတ် သွင်း ထား တာ ဖြစ် တဲ့ အ တွက်၊ ယုံ ကြည် သူ ရဲ့ အ ထဲ မှာ ရှိ တဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် က ဘဲ နား လည် စေ မှာ ဖြစ် ပါ တယ်။

“ဥ ပဇ္ဈာယ် ဆ ရာ သည် ရောက် လာ လျှင်၊ ဒု စ ရိုက် အ ပြစ် ကို ၎င်း၊ အ ပြစ် ကင်း ခြင်း ကို ၎င်း၊ အ ပြစ် စီ ရင် ခြင်း ကို ၎င်း၊ လော ကီ သား တို့ အား ထင် ရှား စွာ ဘော် ပြ မည်။ ငါ့ ကို မ ယုံ ကြည် ကြ သော ကြောင့် ဒု စ ရိုက် အ ပြစ် ကို ဘော် ပြ မည်။ ငါ သည် ခ မည်း တော် ထံ သို့ သွား မည် ဖြစ် ၍၊ သင် တို့ သည် နောက် တ ဖန် ငါ့ ကို မ တွေ့ မ မြင် ရ သော ကြောင့် အ ပြစ် ကင်း ခြင်း ကို ဘော် ပြ မည်။ ဤ လော က ကို အ စိုး ရ သော မင်း သည် အ ပြစ် စီ ရင် ခြင်း ကို ခံ ရ သော ကြောင့် အ ပြစ် စီ ရင် ခြင်း ကို ဘော် ပြ မည်” (ယော၊ ၁၆:၈-၁၁)

ဒါ ကြောင့် သန့် ရှင်း သော ဝိ ညာဉ် တော် အ ထဲ မှာ ကျိန်း ဝပ် တဲ့ ခ ရစ် ယာန် တစ် ယောက် ဟာ၊ ကျမ်း စာ ဖတ် ရင်း အ ပြစ် အ ကြောင်း တွေ ကို နား လည် သ ဘော ပေါက် လာ မယ်။ သူ့ ရဲ့ အ သက် တာ သွား လာ ကျင် လည် ပုံ ထဲ မှာ ဘယ် အ ချက် ဟာ သမ္မာ တ ရား နဲ့ မ ညီ ဘူး ဆို တာ ကို သိ နား လည် လာ မယ်။ ဘု ရား သ ခင် ကိုယ့် ကို ဘယ် လို အ သက် ရှင် စေ ချင် သ လဲ ဆို တာ ကို သ ဘော ပေါက် လာ မယ်။ ဖြောင့် မတ် ခြင်း တ ရား နဲ့ အ ညီ ဘယ် လို သွား လာ ကျင် လည် ရ မ လဲ ဆို တာ ကို သိ လာ မယ်။

အ မည် ခံ ခ ရစ် ယာန် တစ် ယောက် က တော့၊ သူ့ အ ထဲ မှာ သန့် ရှင်း သော ဝိ ညာဉ် တော် မ ရှိ တဲ့ အ တွက် အဲ သ လို သိ နား လည် နိုင် မှာ မ ဟုတ် ဘူး။ လော က အ သိ အ မြင် နဲ့ ကျမ်း စာ ကို ဖတ် တဲ့ အ ခါ မှာ ကျမ်း စာ ထဲ က ဘု ရား သ ခင် ရဲ့ နက် နဲ့ တဲ့ သွန် သင် ချက် တွေ ကို သ ဘော မ ပေါက် နိုင် ဘူး။ ကောင်း မှန်း တော့ သိ ပေ မဲ့၊ ဘာ ကောင်း မှန်း ကို သိ မှာ မ ဟုတ် ဘူး။

၃) ငါ ဟာ သမ္မာ ကျမ်း စာ သွန် သင် ချက် အ တိုင်း ဖြောင့် မတ် မှန် ကန် စွာ အ သက် ရှင် လို စိတ် ရှိ သ လား?

“ထို ကျမ်း စာ ရှိ သ မျှ သည် ဘု ရား သ ခင် မှုတ် သွင်း တော် မူ သော အား ဖြင့် ဖြစ် ၍၊ ဘု ရား သ ခင် ၏ လူ သည် စုံ လင် သော သူ၊ ကောင်း သော အ မှု အ မျိုး မျိုး တို့ ကို ပြု စု ခြင်း အ လို ငှါ ပြင် ဆင် သော သူ ဖြစ် မည် အ ကြောင်း၊ ဩ ဝါ ဒ ပေး ခြင်း၊ အ ပြစ် ကို ဘော် ပြ ခြင်း၊ ဖြောင့် မတ် စွာ ပြု ပြင် ခြင်း၊ တ ရား ကို သွန် သင် ခြင်း ကျေး ဇူး များ ကို ပြု တတ် ၏” (၂ တိ၊ ၃:၁၆-၁၇)

ယုံ ကြည် သူ တစ် ဦး ဟာ သမ္မာ ကျမ်း စာ ကို စ တင် ဖတ် ရှု ရင်း၊ ကျမ်း စာ ထဲ သူ လေ့ လာ သိ ရှိ ရ တဲ့ ဘု ရား သ ခင် ရဲ့ သွန် သင် ချက် တွေ ကို နား လည် သ ဘော ပေါက် လာ တဲ့ အ ခါ မှာ၊ အဲ ဒီ မှာ ဘဲ ရပ် မ နေ ဘူး။ အ သိ သက် သက် ဖြစ် မ နေ ဘူး။ သူ့ အ ထဲ မှာ ကျိန်း ဝပ် တဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် က နေ ပြီး အဲ ဒီ အ တိုင်း အ သက် ရှင် ဖို့ နှိုး ဆော် သွေး ဆောင် ပါ တယ်။

ဟန် ဆောင် ခ ရစ် ယာန် က တော့ ကျမ်း စာ ဖတ် တဲ့ အ ခါ က တော့ အဲ ဒီ သွန် သင် ချက် တွေ ကို သိ မှာ ဖြစ် ပေ မဲ့ နား လည် မှာ မ ဟုတ် တဲ့ အ တွက်၊ အ လေး မ ထား ဂ ရု မ စိုက် ဘဲ ဥ ပေက္ခာ ပြု ပါ လိမ့် မယ်။ ကျမ်း စာ မ ဖတ် တဲ့ ခ ရစ် ယာန် က တော့ ပို ဆိုး တာ ပေါ့။ သွန် သင် ချက် တွေ ကို လုံး ဝ သိ မှာ မ ဟုတ် ဘူး။

ဒါ ကို ပို ပြီး ရှင်း ရှင်း လင်း လင်း သိ နား လည် ဖို့၊ ကျွန် တော် ဥ ပ မာ လေး တွေ ပေး ချင် ပါ တယ်။

ဥ ပ မာ ၁ – သင် ဟာ အ ခွန် ပေး ဖို့ အ တွက် ဝင် ငွေ ကြေ ငြာ စာ ရင်း သွင်း တဲ့ အ ခါ၊ ရိုး ရိုး သား သား မှန် မှန် ကန် ကန် ဖြည့် သ လား? ဒါ မှ မ ဟုတ် အ ခွန် ပေး ရ သက် သာ အောင် ပြု ပြင် ပြီး ဖြည့် သ လား? သမ္မာ ကျမ်း စာ က တော့ အ ခွန် မှန် မှန် ကန် ကန် ပေး ဖို့ ပြော ပါ တယ်။

“ယေ ရှု က လည်း၊ ကဲ သာ ဘု ရင် ၏ ဥစ္စာ ကို ကဲ သာ ဘု ရင် အား ဆက် ပေး ကြ လော့။ ဘု ရား သ ခင် ၏ ဥစ္စာ ကို ကား ဘု ရား သ ခင် အား ဆက် ပေး ကြ လော့ ဟု မိန့် တော် မူ ၏” (မ၊ ၂၂:၂၁။ မာ၊ ၁၂:၁၇။ လု၊ ၂၀:၂၅။

“ထို အ ကြောင်း ကြောင့် အ ခွန် အ တုပ် ကို ပေး ကြ လော့။ မင်း တို့ သည် ဘု ရား သ ခင် ၏ အ မှု စောင့် ဖြစ် ၍၊ အ မှု တော် ကို အ မြဲ ထမ်း ကြ ၏။ ထို ကြောင့်၊ လူ အ သီး အ သီး ခံ ထိုက် သည် အ တိုင်း ပေး ကြ လော့။ အ ခွန် ကို ခံ ထိုက် သော သူ အား အ ခွန် ကို ၎င်း၊ အ ကောက် ကို ခံ ထိုက် သော သူ အား အ ကောက် ကို ၎င်း ပေး ကြ လော့” (ရော၊ ၁၃:၆-၇)

ဥ ပ မာ ၂ – သင် ဟာ အုပ် ချုပ် တဲ့ အ စိုး ရ ကို နိုင် ငံ ရေး အ ရ မ ကျေ နပ် လို့ တော် လှန် ပုန် ကန် နေ သ လား? အ စိုး ရ ကို ဖြုတ် ချ ဖို့ ကြိုး စား နေ သ လား? ဒါ မှ မ ဟုတ် လဲ အ စိုး ရ ရဲ့ လုပ် ရပ် တွေ အ ပေါ် မ ကျေ မ နပ် နဲ့ ဝေ ဖန် ပြစ် တင် နေ သ လား? ကျမ်း စာ က တော့ အ စိုး ရ တဲ့ မင်း အာ ဏာ ရဲ့ အုပ် စိုး မှု ကို ဝန် ခံ ဖို့ သွန် သင် ထား ပါ တယ်။

“အ စိုး ရ သော မင်း အာ ဏာ စက် ၏ အုပ် စိုး ခြင်း ကို လူ တိုင်း ဝန် ခံ စေ။ အ ကြောင်း မူ ကား၊ ဘု ရား သ ခင် ၏ အ ခွင့် မ ရှိ လျှင်၊ မင်း အာ ဏာ စက် မ ရှိ။ အာ ဏာ စက် ရှိ သ မျှ သည် ဘု ရား သ ခင် ခန့် ထား တော် မူ ရာ ဖြစ် သ တည်း။ ထို ကြောင့်၊ မင်း အာ ဏာ ကို ဆန် သော သူ သည် ဘု ရား သ ခင် စီ ရင် တော် မူ ရာ ကို ဆန် သော သူ ဖြစ် ၏။ ထို သို့ ဆန် သော သူ သည် ရာ ဇ ဝတ် ကို ခံ ရ မည်။ မင်း မူ ကား၊ ကောင်း သော အ ကျင့် ကို ကျင့် သော သူ ကြောက် ဘို့ ဖြစ် သည် မ ဟုတ်။ မ ကောင်း သော အ ကျင့် ကို ကျင့် သော သူ ကြောက် ဘို့ ဖြစ် ၏။ မင်း အာ ဏာ ကို မ ကြောက် ဘဲ နေ ချင် သ လော။ ကောင်း သော အ ကျင့် ကို ကျင့် လော့။ ကျင့် လျှင် မင်း အာ ဏာ ကြောင့် ချီး မွမ်း ခြင်း ကို ခံ ရ လိမ့် မည်။ မင်း သည် ကား၊ သင် ၏ အ ကျိုး အ လို ငှါ ဘု ရား သ ခင် ၏ အ စေ ခံ ဖြစ် ၏။ မ ကောင်း သော အ ကျင့် ကို ကျင့် လျှင်၊ ကြောက် ခြင်း ရှိ စေ လော့။ အ ကြောင်း မူ ကား၊ မင်း သည် အ ချည်း နှီး ထား ကို ဆောင် သည် မ ဟုတ်။ မ ကောင်း သော အ ကျင့် ကို ကျင့် သော သူ တို့ ကို အ ပြစ် တ ရား စီ ရင် ၍ ရာ ဇ ဝတ် ပေး ပိုင် သော သူ တည်း ဟူ သော ဘု ရား သ ခင် ၏ အ စေ ခံ ဖြစ် သ တည်း” (ရော၊ ၁၃:၁-၄)

“ယေ ရှု က၊ ငါ ၏ နိုင် ငံ သည် ဤ လော က နှင့် မ စပ် ဆိုင်။ ငါ ၏ နိုင် ငံ သည် ဤ လော က နှင့် စပ် ဆိုင် လျှင်၊ ငါ သည် ယု ဒ လူ တို့ လက် သို့ မ ရောက် စေ ခြင်း ငှါ ငါ ၏ လူ တို့ သည် တိုက် လှန် ကြ လိမ့် မည်။ ယ ခု မူ ကား ငါ ၏ နိုင် ငံ သည် ဤ ဒေ သ အ ရပ် နှင့် မ စပ် ဆိုင် ဟု မိန့် တော် မူ ၏” (ယော၊ ၁၈:၃၆)

ယေ ရှု ခ ရစ် တော် ကိုယ် တိုင် ဂျူး လူ မျိုး ဖြစ် သော် လည်း ဂျူး လူ မျိုး တွေ ကို ရော မ အ စိုး ရ လက် အောက် ခံ ဘ ဝ နေ လွတ် မြောက် အောင် တော် လှန် ပုန် ကန် မှု မ လုပ် ခဲ့ ဘူး။ ရော မ အ စိုး ရ ဟာ ရက် စက် ကြမ်း ကြုတ် တဲ့ စစ် အာ ဏာ ရှင် အ စိုး ရ ဖြစ် တယ်။ ရော မ အင် ပါ ယာ ထဲ မှာ အ ဂ တိ လိုက် စား မှု ဟာ လည်း ကပ် ရော ဂါ လို ဘဲ့ ပျံ့ နှံ့ တယ် လို သ မိုင်း ဆ ရာ တွေ က ပြော ပါ တယ်။ အဲ ဒီ ရက် စက် ကြမ်း ကြုတ် ပြီး ကိုယ့် ကျင့် တ ရား ပျက် ပြား တဲ့ အ စိုး ရ ရဲ့ အုပ် ချုပ် မှု ကို ခ ရစ် တော် က လက် ခံ ခဲ့ တယ်။ အဲ ဒါ ကြောင့် စစ် မှန် တဲ့ ခ ရစ် ယာန် တစ် ယောက် အ နေ နဲ့ ကိုယ့် ကို အုပ် ချုပ် နေ တဲ့ အ စိုး ရ ကို၊ အာ ဏာ ရှင် အ စိုး ရ ဖြစ် လို့၊ အ ဂ တိ လိုက် စား လို့၊ ငါ တို့ ကို ကျွန် ပြု နေ လို့ စ သ ဖြင့်၊  အ ကြောင်း ပြ ချက် မျိုး စုံ နဲ့ အ စိုး ရ အ ပြောင်း အ လဲ ဖြစ် အောင် ကြိုး ပမ်း လုပ် ဆောင် နေ မယ် ဆို ရင် မှား ပါ လိမ့် မယ်။

ဒါ့ အ ပြင် ကျမ်း စာ က၊ အ စိုး ရ မင်း ဆို တာ ဘု ရား သ ခင် ရဲ့ အ ခွင့် တော် နဲ့ အုပ် ချုပ် နေ သူ ဖြစ် တဲ့ အ တွက် တော် လှန် ပုန် ကန် ဖို့ နေ နေ သာ သာ၊ ကြောက် ရွံ့ ရို သေ ဖို့ တောင် ပြော နေ ပါ တယ်။

“ကြောက် ထိုက် သော သူ ကို ကြောက် ကြ လော့။ ရို သေ ထိုက် သော သူ ကို ရို သေ ကြ လော့” (ရော၊ ၁၃:၇)

ခ ရစ် တော် ၌ ရှိ တဲ့ ကျွန် တော် တို့ ယုံ ကြည် သူ တွေ ဟာ လည်း လော ကီ အ စိုး ရ ရဲ့ အုပ် စိုး မှု ကို ဝန် ခံ ရင်း၊ လော က ထဲ မှာ အ လင်း လို၊ ဆား လို၊ ဘု ရား သ ခင် ဘုန်း တော် ထင် ရှား စေ တဲ့ အ သက် တာ လို မျိုး နဲ့ အ သက် ရှင် ဖို့ ဖြစ် ပါ တယ်။

ဥ ပ မာ ၃ – သင် ဟာ၊ သင် ရ ရှိ ထား တဲ့ ရာ ထူး နေ ရာ နဲ့ ဆက် နွယ် ပြီး တစ် ခြား ဘေး ပေါက် ဝင် ငွေ တွေ ကို လက် ခံ နေ သ လား? သင့် ရဲ့ အ ခွင့် အာ ဏာ ကို အ လွဲ သုံး စား ပြု ပြီး အ ပို ဝင် ငွေ ရှိ နေ သ လား? ကျမ်း စာ က တော့ ကိုယ့် ရဲ့ လုပ် ခ လ စာ နဲ့ တင် ကျေ နပ် ရောင့် ရဲ ဖို့ ပြော ပါ တယ်။

“စစ် သူ ရဲ တို့ က လည်း အ ကျွန်ုပ် တို့ သည် အ ဘယ် သို့ ပြု ရ ပါ မည် နည်း ဟု မေး လျှောက် ကြ လျှင်၊ သင် တို့ သည် အ ဘယ် သူ ကို မျှ အ နိုင် အ ထက် မ ပြု ကြ နှင့်။ အ ဘယ် သူ ကို မျှ မ လျှပ် ကြ နှင့်။ ကိုယ် ရ သော အ ခ နှင့် ရောင့် ရဲ ကြ လော့ ဟု ပြန် ပြော ၏” (လု၊ ၃:၁၄)

အ ဂ တိ လိုက် စား တာ၊ လဘ် ပေး လဘ် ယူ ပြု ကျင့် တာ ဟာ ဒီ ကမ္ဘာ ပေါ် မှာ ကပ် ဆိုး ကြီး တစ် ခု လို နေ ရာ တစ် ကာ ပျံ့ နှံ့ နေ ပါ တယ်။ အ ထူး သ ဖြင့် ကိုယ့် ရဲ့ လ စာ ဝင် ငွေ ဟာ မိ သား စု စား ဝတ် နေ ရေး အ တွက် မ လောက် င တဲ့ နိုင် ငံ တွေ မှာ ပို ဆိုး ပါ တယ်။ သင် ဟာ အဲ သ လို အ ဖြစ် မျိုး မှာ ရောက် နေ ရင်၊ ပြီး တော့ သင့် ရဲ့ အ ခွင့် အာ ဏာ ရာ ထူး နေ ရာ ကို အ သုံး ပြု ပြီး အ ပို ဝင် ငွေ ဖန် တီး နိုင် မယ် ဆို ရင် သင် လက် ခံ မှာ လား? ကျမ်း စာ က တော့ ဘု ရား သ ခင် ရဲ့ သွန် သင် ချက် ကို ဦး စား ပေး ဖို့ ပြော ပါ တယ်။

“ဘု ရား သ ခင် ၏ နိုင် ငံ တော် နှင့် ဖြောင့် မတ် ခြင်း တ ရား တော် ကို ရှေ့ ဦး စွာ ရှာ ကြ လော့။ နောက် မှ ထို အ ရာ များ ကို ထပ် ၍ ပေး တော် မူ လ တံ့” (မ၊ ၆:၃၃)

“ထို အ ရာ များ ကို လော ကီ သား အ မျိုး မျိုး တို့ သည် ရှာ ဖွေ တတ် ကြ ၏။ ထို အ ရာ များ ကို သင် တို့ သည် အ သုံး လို ကြောင်း ကို သင် တို့ အ ဘ သိ တော် မူ ၏။ သင် တို့ မူ ကား ဘု ရား သ ခင် ၏ နိုင် ငံ တော် ကို ရှာ ကြ လော့။ နောက် မှ ထို အ ရာ များ ကို ထပ် ၍ ပေး တော် မူ လ တံ့” (လု၊ ၁၂:၃၁)

၄) ငါ ဟာ သမ္မာ ကျမ်း စာ ရဲ့ သွန် သင် ချက် နဲ့ မ ကိုက် ညီ တဲ့ မှား ယွင်း တဲ့ ဩ ဝါ ဒ တွေ ကို ခွဲ ခြား နား လည် နိုင် သ လား?

“သမ္မာ တ ရား နှင့် ပြည့် စုံ သော ထို ဝိ ညာဉ် တော် သည် ရောက် လာ သော အ ခါ၊ သမ္မာ တ ရား ကို သင် တို့ အား အ ကြွင်း မဲ့ သွန် သင် ပြ သ လိမ့် မည်” (ယော၊ ၁၆:၁၃)

သမ္မာ ကျမ်း စာ ကို ခ ရစ် ယာန် တွေ အား လုံး က အ နည်း နဲ့ အ များ ဖတ် ကြ ပါ တယ်။ ဖတ် တဲ့ ကျမ်း ပိုဒ် ခြင်း တူ နိုင် ပေ မဲ့ လည်း အဲ ဒီ ကျမ်း ပိုဒ် က နေ ဘု ရား သ ခင် ဘာ ဖေါ် ပြ နေ သ လဲ ဆို တဲ့ သိ နား လည် မှု မှာ တော့ မ တူ နိုင် ဘူး။ ဒါ ဟာ လည်း သန့် ရှင်း သော ဝိ ညာဉ် တော် ကြောင့် ဘဲ ဖြစ် ပါ တယ်။ ဟန် ဆောင် ခ ရစ် ယာန် တစ် ယောက် က လော က အ သိ ဉာဏ် နဲ့ အ ဓိပ္ပါယ် ဖွင့် ဆို မှာ ဖြစ် သော် လည်း၊ စစ် မှန် တဲ့ ခ ရစ် ယာန် က တော့ သူ့ အ ထဲ မှာ ကျိန်း ဝပ် တဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် က နေ ပြီး လေး နက် တဲ့ သမ္မာ တ ရား တွေ ကို ဖွင့် ပြ မှာ ဖြစ် ပါ တယ်။

“ငါ တို့ ရှိ သ မျှ သည် ယုံ ကြည် ခြင်း သို့ ၎င်း၊ ဘု ရား သ ခင် ၏ သား တော် ကို သိ ကျွမ်း ခြင်း သို့ ၎င်း၊ တ ညီ တ ညွတ် တည်း ရောက် ၍ ခ ရစ် တော် ၏ ပြည့် စုံ ခြင်း ပ မာ ဏ အ ရပ် တည်း ဟူ သော ကြီး ရင့် သော လူ ၏ အ ဖြစ် သို့ ရောက် ကြ သည် တိုင် အောင် ဖြစ် သ တည်း။ အ ကြောင်း မူ ကား၊ သူ တ ပါး တို့ သည် လူ ပ ရိ ယာယ် နှင့် အ ပြစ် သို့ သွေး ဆောင် ခြင်း ငှါ လှည့် ဖြား ပြော ဆို သ ဖြင့်၊ ငါ တို့ သည် နောက် တ ဖန် ခပ် သိမ်း သော ဩ ဝါ ဒ လေ တိုက် ၍ ဖ ရို ဖ ရဲ လွင့် သွား သော သူ ငယ် မ ဖြစ် ဘဲ လျက်၊” (ဧ၊ ၄:၁၃-၁၄)

ဒီ ခေတ် ကာ လ ဟာ၊ ဘာ သာ စ ကား ပေါင်း စုံ နဲ့ ခ ရစ် ယာန် တ ရား ဟော ချက် တွေ ကို အ လွယ် တစ် ကူ နား ထောင်၊ ခံ ယူ နိုင် တဲ့ အ ချိန် ကာ လ ဖြစ် တယ်။ အင် တာ နက်၊ YouTube နဲ့ တစ် ခြား media တွေ က နေ တစ် ဆင့် တ ရား ဟော ချက် တွေ အ များ ကြီး မြင် နေ ကြား နေ ရ တယ်။ Media လော က ကို စာ တန် မာရ် နတ် က ထိန်း ချုပ် ထား တာ ဖြစ် တဲ့ အ တွက်၊ အဲ ဒီ online တ ရား ဟော ချက် တွေ ထဲ မှာ မှား ယွင်း တဲ့ ဩ ဝါ ဒ သွန် သင် ချက် တွေ မ ကြာ ခ ဏ ပါ တတ် တယ်။

စစ် မှန် တဲ့ ယုံ ကြည် သူ ကို သူ့ ရဲ့ အ ထဲ မှာ ရှိ တဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် က၊ အဲ ဒီ လို မှား ယွင်း တဲ့ ဩ ဝါ ဒ သွန် သင် မှု တွေ ကို ခွဲ ခြား နား လည် ဖို့ သွန် သင် ပေး ပြီး၊ အဲ ဒီ ဩ ဝါ ဒ တွေ နောက် ကို မ လိုက် မိ အောင် ကွယ် ကာ ပေး မှာ ဖြစ် ပါ တယ်။

ဥ ပ မာ – ဆယ် ဖို့ တစ် ဖို့ ဟာ ဘု ရား သ ခင် နဲ့ ဆိုင် တဲ့ အ တွက် ဆယ် ဖို့ တစ် ဖို့ မ ပေး မ ဖြစ် ပေး ရ မယ် ဆို တဲ့ သွန် သင် ချက် ဟာ မှား ယွင်း တဲ့ သွန် သင် ချက် ပါ။ ဘု ရား သ ခင် က ခ ရစ် ယာန် တစ် ယောက် ရဲ့ ဝင် ငွေ ဆယ် ဖို့ တစ် ဖို့ ကို ဘဲ ဆိုင် တာ မ ဟုတ် ပါ ဘူး။ အဲ ဒီ ခ ရစ် ယာန် ရဲ့ ဝင် ငွေ အား လုံး သာ မ က အဲ ဒီ ခ ရစ် ယာန် ရဲ့ ခန္ဓာ ကိုယ် တစ် ခု လုံး နဲ့ ရှိ ရှိ သ မျှ အား လုံး ကို လည်း ပိုင် ပါ တယ်။ ဒါ ကြောင့် စစ် မှန် တဲ့ ခ ရစ် ယာန် တစ် ယောက် ဟာ ကိုယ့် မှာ ရှိ ရှိ သ မျှ (ပ ညာ၊ ငွေ ကြေး၊ ခွန် အား၊ အ ချိန်၊ တတ် ကျွမ်း မှု) အား လုံး ကို ဘု ရား သ ခင် ကို ဆက် ကပ် ပေး လှူ ရ မှာ ဖြစ် ပါ တယ်။

“သင် တို့ သည် အ ဘိုး နှင့် ဝယ် တော် မူ သော သူ ဖြစ် သော ကြောင့်၊ ဘု ရား သ ခင် ပိုင် တော် မူ သော သင် တို့ ၏ ကိုယ် ခန္ဓာ နှင့် စိတ် ဝိ ညာဉ် အား ဖြင့် ဘု ရား သ ခင် ၏ ဂုဏ် တော် ကို ထင် ရှား စေ ကြ လော့” (၁ ကော၊ ၆:၂၀)

“ညီ အစ် ကို တို့၊ . . . မိ မိ ကိုယ် ခန္ဓာ ကို ဘု ရား သ ခင် အား ဆက် ကပ် ခြင်း တည်း ဟူ သော သင် တို့ ပြု အပ် သော ဝတ် ကို ပြု မည် အ ကြောင်း၊ ဘု ရား သ ခင် ၏ က ရု ဏာ တော် ကို ထောက် ထား ၍၊ သင် တို့ ကို ငါ တိုက် တွန်း နှိုး ဆော် ပေ ၏” (ရော၊ ၁၂:၁)

၅) ငါ ဟာ ကျမ်း စာ သွန် သင် ချက် အ တိုင်း သန့် ရှင်း ဖြူ စင် တဲ့ အ သက် တာ မျိုး နဲ့ သွား လာ ချင် စိတ် ရှိ သ လား?

ဒီ အ ချက် ကို နံ ပါတ် ၃ အ ချက် နဲ့ မ မှား စေ ချင် ပါ ဘူး။ နံ ပါတ် ၃ အ ချက် ဟာ အ ပြင် ပိုင်း (လော က ထဲ မှာ သွား လာ ပုံ) နဲ့  ပတ် သက် ပြီး၊ ဒီ နံ ပါတ် ၅ အ ချက် က တော့ အ တွင်း ပိုင်း (မိ မိ စိတ် နှ လုံး ထဲ မှာ ကျင့် သုံး ပုံ) နဲ့ ပတ် သက် ပါ တယ်။

“လော က ကို ၎င်း၊ လော က ၌ ရှိ သော အ ရာ တို့ ကို ၎င်း၊ မ ချစ် ကြ နှင့်။ လော က ကို ချစ် သော သူ မည် သည် ကား၊ ခ မည်း တော် ကို ချစ် ခြင်း မေတ္တာ မ ရှိ။ လော က ၌ ရှိ သ မျှ သော အ ရာ တည်း ဟူ သော ကိုယ် ကာ ယ တပ် မက် ခြင်း၊ မျက် စိ တပ် မက် ခြင်း၊ လော ကီ စည်း စိမ် ၌ ဝါ ကြွား ခြင်း တို့ သည် ခ မည်း တော် နှင့် မ စပ် ဆိုင်၊ လော က နှင့် သာ စပ် ဆိုင် ကြ ၏” (၁ ယော၊ ၂:၁၅-၁၆)

သင့် အ ထဲ မှာ ရှိ တဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် က အဲ ဒီ လော ကီ တပ် မက် မှု တွေ နောက် ကို မ လိုက် ဖို့ တိုက် တွန်း ခွန် အား ပေး ပါ လိမ့် မယ်။

ဥ ပ မာ – သင် ဟာ အ ရင် က လော က သား ထုံး စံ အ တိုင်း ပျော် ပါး သောက် စား တာ တွေ၊ အ ပြာ ကား အ ပြာ စာ အုပ် ကြည့် တာ တွေ ကို လွတ် လွတ် လပ် လပ် လုပ် နေ ရာ က နေ အ ခု အဲ ဒါ တွေ ကို မ လုပ် ဖို့ စိတ် ထိန်း ချုပ် ရင်း ဖြောင့် မတ် သန့် ရှင်း တဲ့ အ သက် တာ နဲ့ အ သက် ရှင် ဖို့ ကြိုး စား နေ ပါ လိမ့် မယ်။ သန့် ရှင်း သော ဝိ ညာဉ် တော် မ ရ ထား တဲ့ ဟန် ဆောင် ခ ရစ် ယာန် က တော့၊ ဒီ အ ပျော် အ ပါး လိုက် စား တာ တွေ ကို လိပ် ပြာ သန့် သန့် နဲ့ ဆက် လုပ် နေ နိုင် ပါ တယ်။

“ငါ တို့ သည် ဘု ရား သ ခင် နှင့် မိဿ ဟာ ယ ဖွဲ့ ပြီ ဟု ဆို လျက် ပင်၊ မှောင် မိုက် ၌ ကျင် လည် လျှင်၊ သစ္စာ တ ရား ကို မ ကျင့်၊ မု သာ ကို သုံး သော သူ ဖြစ် ကြ ၏။ ဘု ရား သ ခင် သည် အ လင်း ၌ ရှိ တော် မူ သ ကဲ့ သို့၊ ငါ တို့ သည် အ လင်း ၌ ကျင် လည် လျှင်၊ အ ချင်း ချင်း မိဿ ဟာ ယ ဖွဲ့ ခြင်း ရှိ ကြ သည် ဖြစ် ၍၊ ဘု ရား သ ခင် ၏ သား တော် ယေ ရှု ခ ရစ် ၏ အ သွေး တော် သည်၊ ငါ တို့ အ ပြစ် ရှိ သ မျှ ကို ဆေး ကြော တော် မူ ၏” (၁ ယော၊ ၁:၆-၇)

စစ် မှန် တဲ့ ခ ရစ် ယာန် တစ် ဦး ဟာ မှောင် မိုက် မှာ မ ကျင် လည် ဘဲ၊ အ လင်း ထဲ မှာ ကျင် လည် ခြင်း ဖြစ် ပါ တယ်။ ကျင် လည် တယ် ဆို တဲ့ စ ကား လုံး ကို မူ ရင်း ဂ ရိ ကျမ်း စာ မှာ περιπατῶμεν (အ သံ ထွက် peripatomen) လို့ ရေး ပြီး “လျှောက် လှမ်း ခြင်း” လို့ အ ဓိပ္ပါယ် ရ ပါ တယ်။ ကိုယ် သွား လာ ကျင့် သုံး နေ ကျ အ ကျင့် စ ရိုက် ပုံ စံ မျိုး ကို နေ့ တစ် ဓူ ဝ ပုံ မှန် ကျင့် သုံး လုပ် ဆောင် ခြင်း လို့ ကျွန် တော် နား လည် ခံ ယူ ပါ တယ်။

ဒီ နေ ရာ မှာ သ တိ ထား ဖို့ က တော့ လူ တစ် ယောက် ဟာ တစ် ချိန် ထဲ မှာ၊ အ လင်း မှာ ရော မှောင် မိုက် မှာ ပါ ကျင် လည် ဖို့ မ ဖြစ် နိုင် ဘူး။ ခ ရစ် တော် က ဘယ် သူ မှ သ ခင် နှစ် ဦး စေ ကို မ ခံ နိုင် ဘူး လို့ ပြော တဲ့ အ တွက် (မ၊ ၆:၂၄။ လု၊ ၁၆:၁၃)၊ ခ ရစ် ယာန် တစ် ယောက် ဟာ အ လင်း မှာ ကျင် လည် သူ ဖြစ် ရင် ဖြစ်၊ ဒါ မှ မ ဟုတ် ရင် မှောင် မိုက် မှာ ကျင် လည် တဲ့ သူ ဖြစ် ရ မယ်။

“ကိုယ် တော် ၌ တည် နေ သော သူ မည် သည် ကား၊ ဒု စ ရိုက် ကို မ ပြု တတ်။ ဒု စ ရိုက် ကို ပြု တတ် သော သူ မည် သည် ကား၊ ကိုယ် တော် ကို မ သိ မ မြင် ရ သေး” (၁ ယော၊ ၃:၆)

ဒီ လို ပြော လို့ ခ ရစ် ယာန် တစ် ယောက် ဟာ တစ် ချိန် လုံး အ လင်း ထဲ ဘဲ မှာ ကျင် လည် နေ ရ မယ်၊ တစ် ချိန် လုံး ကောင်း တာ တွေ ဘဲ လုပ် နေ ရ မယ်၊ မ ကောင်း မှု တစ် ခု မှ မ လုပ် နိုင် ဘူး လို့ မ ဆို လို ပါ ဘူး။ လူ တစ် ယောက် ဟာ အ လင်း ထဲ မှာ ကျင် လည် နေ ရင်း နဲ့ တစ် ခါ တစ် လေ မှောင် မိုက် ထဲ ရောက် သွား တတ် ပါ တယ်။ ဥ ပ မာ – ဒါ ဝိဒ် မင်း ကြီး ဟာ ဘု ရား သ ခင် စိတ် တော် နဲ့ တွေ့ တဲ့ သူ ဖြစ် သော် လည်း တစ် ချိန် မှာ တော့ ဗာ သ ရှေ ဘ နဲ့ ပြစ် မှား ပြီး မှောင် မိုက် ထဲ ရောက် သွား ဘူး ပါ တယ် (၂ ရာ၊ ၁၁)။ ပြီး တော့ ဣ သ ရေ လ လူ မျိုး တွေ ကို သန်း ကောင် စာ ရင်း ကောက် ပြီး ဘု ရား သ ခင် မ ကြိုက် တဲ့ အ မှု ကို လုပ် ခဲ့ ဘူး တယ် (၅ ရာ၊ ၂၁)။ အဲ သ လို ဘဲ ပေ ရ သိ ရှင် ဘု ရင် ကု ရု မင်း ဟာ မှောင် မိုက် ထဲ မှာ ကျင် လည် သူ (နတ် ဘု ရား ကိုး ကွယ် သူ) ဖြစ် သော် လည်း၊ တစ် ချိန် မှာ တော့ ဣ သ ရေ လ လူ မျိုး တွေ ကို ဗိ မာန် တော် ပြန် တည် ဆောက် ဖို့ ခွင့် ပြု ပြီး အ လင်း ထဲ တစ် ခါ ကျင် လည် ဘူး ပါ တယ် (ဧ ဇ၊ ၁:၁-၄)။ တစ် နည်း အား ဖြင့် ပြော ရ ရင် ခြောက် ပြစ် ကင်း သဲ လဲ စင် တဲ့ အ သက် တာ မျိုး နဲ့ ဘယ် ခ ရစ် ယာန် မှ အ သက် မ ရှင် နိုင် ဘူး။

“ဒု စ ရိုက် ကို မ ပြု ပြီ ဟု ငါ တို့ သည် ဆို လျှင်၊ ဘု ရား သ ခင် ကို မု သာ အ ပြစ် တင် ကြ ၏။ နှုတ် က ပတ် တော် လည်း ငါ တို့ ၌ မ ရှိ” (၁ ယော၊ ၁:၁၀)

ဒီ လို ပြော လို့ လည်း ခ ရစ် တစ် ယောက် ဟာ မ ကြာ ခ ဏ မ ဟုတ် တာ လုပ် ဖို့ လိုင် စင် ရ ထား တာ မ ဟုတ် ပါ ဘူး။ မ ကောင်း တာ တစ် ခု ခု ကို စိတ် မ ထိန်း နိုင် လို့ လုပ် မိ ရင် လည်း၊ စိတ် ပျော် မှာ မ ဟုတ် ဘူး။ သူ့ အ ထဲ မှာ ကျိန်း ဝပ် တဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် ကို စိတ် နာ စေ တဲ့ အ တွက် ဝမ်း မြောက် မှု ကွယ် ပျောက် မှာ ဖြစ် ပါ တယ်။

၆) ငါ ဟာ ခ ရစ် တော် ၌ ညီ အစ် ကို မောင် နှ မ တော် စပ် တဲ့ တစ် ခြား ခ ရစ် ယာန် တွေ ကို အ မှန် တစ် ကယ် ချစ် ရဲ့ လား?

ကျမ်း စာ က ကျွန် တော် တို့ ခ ရစ် ယာန် တွေ ကို တစ် ယောက် နဲ့ တစ် ယောက် ချစ် ကြ ဖို့ တိုက် တွန်း ထား ပါ တယ်။

“ချစ် သူ တို့၊ ငါ တို့ သည် အ ချင်း ချင်း ချစ် ကြ ကုန် အံ့။ အ ကြောင်း မူ ကား၊ ချစ် ခြင်း မေတ္တာ သည် ဘု ရား သ ခင် နှင့် စပ် ဆိုင် ၏။ ချစ် တတ် သော သူ မည် သည် ကား၊ ဘု ရား သ ခင် ဖြစ် ဘွား စေ တော် မူ သော သူ ဖြစ် ၏။ ဘု ရား သ ခင် ကို သိ သော သူ လည်း ဖြစ် ၏။ ချစ် ခြင်း မ ရှိ သော သူ သည် ဘု ရား သ ခင် ကို မ သိ။ အ ကြောင်း မူ ကား၊ ဘု ရား သ ခင် သည် ချစ် ခြင်း မေတ္တာ ဖြစ် တော် မူ ၏” (၁ ယော၊ ၄:၇-၈)

“ချစ် သူ တို့၊ ဘု ရား သ ခင် သည် ငါ တို့ ကို ဤ မျှ လောက် ချစ် တော် မူ သည် မှန် လျှင်၊ ငါ တို့ သည် လည်း အ ချင်း ချင်း ချစ် ရ ကြ မည်။ ဘု ရား သ ခင် ကို အ ဘယ် သူ မျှ မ မြင် စ ဖူး။ သို့ သော် လည်း၊ အ ချင်း ချင်း ချစ် ကြ လျှင်၊ ဘု ရား သ ခင် သည် ငါ တို့ ၌ တည် တော် မူ ၍၊ ငါ တို့ သည် ချစ် ခြင်း မေတ္တာ တော် နှင့် ပြည့် စုံ လျက် ရှိ ကြ ၏” (၁ ယော၊ ၄:၁၁-၁၂)

“မိ မိ ညီ အစ် ကို ကို မုန်း လျက် ပင်၊ ငါ သည် အ လင်း ၌ ရှိ ၏ ဟု ဆို သော သူ သည် ယ ခု တိုင် အောင် မှောင် မိုက် ၌ ရှိ သေး ၏။ မိ မိ ညီ အစ် ကို ကို ချစ် သော သူ သည် အ လင်း ၌ တည် နေ ၏။ ထိ မိ ၍ လဲ စ ရာ အ ကြောင်း သည် ထို သူ ၌ မ ရှိ။ မိ မိ ညီ အစ် ကို ကို မုန်း သော သူ သည် မှောင် မိုက် ၌ ရှိ ၏။ မှောင် မိုက် ၌ လည်း ကျင် လည် သွား လာ ၏။ မှောင် မိုက် ကြောင့် သူ ၏ မျက် စိ မ မြင် နိုင် သ ဖြင့်၊ အ ဘယ် အ ရပ် သို့ ကိုယ် တိုင် သွား သည် ကို ကိုယ် မ သိ” (၁ ယော၊ ၂:၉-၁၁)

အဲ သ လို တစ် ယောက် ကို တစ် ယောက် ချစ် ကြ ဖို့ ယုံ ကြည် သူ ခ ရစ် ယာန် တွေ ကို ကြိမ် ဖန် များ စွာ တိုက် တွန်း ထား ပေ မဲ့၊ ဒီ အ ချက် ဟာ ခ ရစ် ယာန် လော က မှာ ကျင့် သုံး မှု အ နည်း ဆုံး လို့ ကျွန် တော် ထင် ပါ တယ်။ တစ် ခြား အ သင်း တော် က ယုံ ကြည် သူ တွေ ကို အ သာ ထား၊ ကိုယ့် အ သင်း တော် က အ သင်း သား အ ချင်း ချင်း ကို တောင် သာ မန် မိတ် ဆွေ တွေ လို ဘဲ သ ဘော ထား ခင် မင် ကြ တာ တွေ့ ရ တယ်။ ညီ အစ် ကို မောင် နှ မ ရင်း ချာ လို သ ဘော မ ထား နိုင် ကြ ဘူး။ ထာ ဝ ရ ညီ အစ် ကို မောင် နှ မ တော် စပ် တဲ့ သူ တွေ ကို လော က မှာ တစ် ခ ဏ သာ ညီ အစ် ကို တော် စပ် တဲ့ သူ တွေ လောက် မ ချစ် နိုင် ကြ ဘူး။

ကိုယ့် ညီ အစ် ကို မောင် နှ မ အ ရင်း တွေ နဲ့ ဝေး တဲ့ အ ခါ မှာ သူ တို့ ကို သ တိ ရ လွမ်း ဆွတ် ပြီး တွေ့ ချင် စိတ် တွေ ရှိ ကြ ပေ မဲ့၊ တစ် ခြား ခ ရစ် ယာန် တွေ အ ပေါ် မှာ အဲ သ လို စိတ် သ ဘော မျိုး မ ရှိ ကြ ဘူး။ ကိုယ့် ဆွေ မျိုး အိမ် တွေ ကို လည် ပတ် ချင် စိတ် ရှိ ပေ မဲ့၊ အ သင်း သား အ ချင်း ချင်း အိမ် ကို တော့ လည် ပတ် ချင် စိတ် မ ရှိ ကြ ဘူး။ သူ တို့ နဲ့ တစ် ကူး တစ် က မိတ် သ ဟာ ယ ဖွဲ့ ချင် စိတ် မ ရှိ ဘူး။ အ သင်း တော် မှာ တစ် ပတ် တစ် ခါ တွေ့ တာ ဘဲ တော် လှ ပြီ လို့ ထင် ကြ တယ်။ အိမ် မိတ် သ ဟာ ယ တွေ ကို သွား တဲ့ အ ခါ ကျ တော့ လည်း၊ ဆ ရာ မ လာ ဘူး ဆို ရင် မ သွား ချင် ကြ ဘူး။ မိတ် သ ဟာ ယ လက် ခံ တဲ့ အိမ် ရှင် နဲ့ မိတ် သ ဟာ ရ ဖွဲ့ ဖို့ စိတ် မ ဝင် စား ဘူး။ ယုံ ကြည် သူ အ ချင်း ချင်း အ ပေါ် မှာ ထား တဲ့ စိတ် သ ဘော ထား က လော က သား မိတ် ဆွေ တွေ အ ပေါ် ထား တဲ့ စိတ် သ ဘော နဲ့ ဘာ မှ ခြား နား မှု မ ရှိ လှ ဘူး။

တစ် ကယ် တော့ ကျမ်း စာ သွန် သင် ချက် က၊ ယုံ ကြည် သူ အ ချင်း ချင်း ကို ချစ် တာ တောင် မှ ရိုး ရိုး မေတ္တာ မျိုး နဲ့ ချစ် ဖို့ မ ဟုတ် ဘူး။ အ မြင့် မြတ် ဆုံး ချစ် ခြင်း မေတ္တာ ဖြစ် တဲ့ ဘု ရား ရဲ့ မေတ္တာ မျိုး နဲ့ တစ် ယောက် ကို တစ် ယောက် ချစ် ကြ ဖို့ ခ ရစ် တော် ကိုယ် တိုင် မိန့် မှာ ထား ပါ တယ်။

“သင် တို့ သည် အ ချင်း ချင်း တ ယောက် ကို တ ယောက် ချစ် ကြ လော့။ ငါ သည် သင် တို့ ကို ချစ် သည် နည်း တူ အ ချင်း ချင်း ချစ် ကြ လော့ ဟု ပ ညတ် သစ် ကို ငါ ပေး ၏” (ယော၊ ၁၃:၃၄)

“ငါ့ ပ ညတ် ဟူ မူ ကား၊ ငါ သည် သင် တို့ ကို ချစ် သည် နည်း တူ၊ သင် တို့ သည် အ ချင်း ချင်း ချစ် ကြ လော့” (ယော၊ ၁၅:၁၂)

အဲ သ လို၊ ဘု ရား မေတ္တာ မျိုး နဲ့ ချစ် နိုင် ဖို့ လည်း၊ ယုံ ကြည် သူ တွေ အ ထဲ မှာ ရှိ တဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် က ဘဲ လုပ် ဆောင် ပေး ပါ တယ်။

“အ ဘယ် ကြောင့် နည်း ဟူ မူ ကား၊ ငါ တို့ အား ပေး တော် မူ သော သန့် ရှင်း သော ဝိ ညာဉ် တော် သည် ဘု ရား သ ခင် ၏ မေတ္တာ တော် ကို ငါ တို့ စိတ် နှ လုံး ထဲ သို့ သွန်း လောင်း တော် မူ ၏” (ရော၊ ၅:၅)

ဒါ ကြောင့်၊ စစ် မှန် တဲ့ ယုံ ကြည် သူ မှန် ရင် သူ့ အ ထဲ မှာ ကျိန်း ဝပ် တဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် က ပေး တဲ့ ဘု ရား မေတ္တာ ကြောင့်၊ ခ ရစ် တော် ၌ ညီ အစ် ကို မောင် နှ မ တော် စပ် တဲ့ တစ် ခြား ယုံ ကြည် သူ တွေ ကို အ ရမ်း ချစ် မှာ ဖြစ် ပါ တယ်။ အ ထဲ မှာ သန့် ရှင်း သော ဝိ ညာဉ် တော် မ ကျိန်း ဝပ် တဲ့ ဟန် ဆောင် ခ ရစ် ယာန် က တော့၊ တစ် ခြား ခ ရစ် ယာန် တွေ ကို ဘု ရား မေတ္တာ မျိုး နဲ့ ဘယ် လို့ မှ ချစ် နိုင် မှာ မ ဟုတ် ဘူး။ အ လွန် ဆုံး သာ မန် လူ့ မေတ္တာ မျိုး နဲ့ ဘဲ ချစ် နိုင် မယ်။

ကျွန် တော့် အ ထင် က တော့၊ ဒီ တစ် ခြား ခ ရစ် ယာန် တွေ ကို ဘု ရား မေတ္တာ နဲ့ ချစ် မ ချစ် ဆို တဲ့ အ ချက် တစ် ချက် ထဲ နဲ့ ကိုယ့် ရဲ့ ယုံ ကြည် ခြင်း မှန် မ မှန် ကို စစ် ဆေး နိုင် ပါ တယ်။

၇) ငါ့ အ သက် တာ အား ဖြင့် ဘု ရား သ ခင် ဘုန်း တော် ထင် ရှား မှု ရှိ သ လား?

သ ခင် ခ ရစ် တော် က သန့် ရှင်း သော ဝိ ညာဉ် တော် ဟာ သူ့ ရဲ့ ဘုန်း တော် ကို ထင် ရှား စေ မယ် လို့ အ တိ အ လင်း ပြော ခဲ့ ပါ တယ်။

“သမ္မာ တ ရား နှင့် ပြည့် စုံ သော ထို ဝိ ညာဉ် တော် သည် ရောက် လာ သော အ ခါ၊ . . . ထို သူ သည် ငါ့ ဘုန်း ကို ထင် ရှား စေ လိမ့် မည်” (ယော၊ ၁၆:၁၃-၁၄)

ဒါ ကြောင့် သန့် ရှင်း သော ဝိ ညာဉ် တော် ကျိန်း ဝပ် တဲ့ ခ ရစ် ယာန် တစ် ယောက် ရဲ့ အ သက် တာ၊ အ ပြု အ မူ၊ အ ပြော အ ဆို တွေ ဟာ ဘု ရား သ ခင် ရဲ့ ဘုန်း တော် ကို ထင် ရှား စေ ရ မှာ ဖြစ် တယ်။ အဲ သ လို မ ဟုတ် ဘဲ ကိုယ့် အ သက် တာ၊ အ ပြု အ မူ၊ အ ပြော အ ဆို တွေ အား ဖြင့် ဘု ရား ဘုန်း ရှုံ့ ချ စ ရာ ဖြစ် တယ် ဆို ရင် ကိုယ့် အ ထဲ မှာ သန့် ရှင်း သော ဝိ ညာဉ် တော် ကျိန်း ဝပ် မှု မ ရှိ ဘူး လို့ ဆို ရ မှာ ဖြစ် တယ်။

ဒီ နေ ရာ မှာ ကျွန် တော့် ဦး လေး တစ် ယောက် ရဲ့ ပြော ပြ ချက် ကို သက် သေ ခံ ဝေ ငှ ပါ ရ စေ။ သူ ဟာ ရိုး သား ဖြောင့် မတ် ပြီး အင် မ တန် နှိမ့် ချ တဲ့ သူ ပါ။ ကျွန် တော် တို့ ထက် အ သက် အ များ ကြီး ကြီး ပေ မဲ့၊ ကျွန် တော် တို့ ကို ခင် ခင် မင် မင် ဆက် ဆံ တယ်။ သူ့ အ နား မှာ နေ ပြီး သူ နဲ့ စ ကား ပြော ရ တာ အင် မ တန် စိတ် ချမ်း မြေ့ ဖို့ ကောင်း တယ်။ သူ ရန် ကုန် တက္က သိုလ် ကျောင်း သား ဘ ဝ က၊  သူ နဲ့ အ ဆောင် မှာ တစ် ခန်း တည်း အ တူ နေ တဲ့ မြန် မာ ကျောင်း သား တစ် ယောက် ရှိ တယ်။ သူ တို့ နှစ် ယောက် ဟာ ဘာ သာ မ တူ၊ လူ မျိုး မ တူ ပေ မဲ့ ပြော မ နာ ဆို မ နာ အင် မ တန် ခင် ကြ တယ်။ သူ့ သူ ငယ် ချင်း ကို သူ က “မင်း ဘယ် တော့ ခ ရစ် ယာန် ဖြစ် မ လဲ” မေး တော့၊ သူ့ သူ ငယ် ချင်း က လည်း “မင်း ကော ဘယ် တော့ ဘုန်း ကြီး ဝတ် မ လဲ” လို့ အ ပြန် အ လှန် နောက် ပြောင် မေး လေ့ ရှိ ကြ တယ်။

ကျောင်း ပြီး တော့ တစ် ယောက် နဲ့ တစ် ယောက် ကွဲ သွား ကြ တယ်။ ကျွန် တော့ ဦး လေး ဟာ တက္က သိုလ် ကျောင်း ပြီး တော့ ကျမ်း စာ ကျောင်း တက်၊ အဲ ဒီ နောက် သင်း အုပ် ဆ ရာ ဘ ဝ က နေ နောက် ပိုင်း မှာ၊ ဒေ သ မျိုး စုံ၊ နိုင် ငံ မျိုး စုံ မှာ ရာ ထူး နေ ရာ မျိုး စုံ က နေ အ မှု တော် မှာ ပါ ဝင် ခဲ့ တယ်။ တစ် နေ့ တော့ ရန် ကုန် မြို့ က လမ်း တစ် လမ်း မှာ သွား နေ ရင်း၊ တက္က သိုလ် ကျောင်း သား ဘ ဝ က အ ခန်း ဖော် သူ ငယ် ချင်း နဲ့ မ မျှော် လင့် ဘဲ လမ်း ပေါ် မှာ ပြန် တွေ့ ကြ တယ်။ နှစ် ပေါင်း နှစ် ဆယ် ကျော် ကွဲ နေ ပေ မဲ့ သူ ငယ် ချင်း နှစ် ယောက် တစ် ယောက် ကို တစ် ယောက် ချက် ခြင်း မှတ် မိ ပြီး အား ရ ဝမ်း သာ နှုတ် ဆက် ကြ တယ်။ ရှေး ဖြစ် နောက် ကြောင်း တွေ ကို ပြော ကြ ရင်း တစ် ယောက် အ ကြောင်း တစ် ယောက် မေး ကြ ဖြေ ကြ တယ်။ ဦး လေး သူ ငယ် ချင်း က သူ လေ တပ် မှာ ဒု ဗိုလ် မှူး ကြီး ဖြစ် နေ တဲ့ အ ကြောင်း ပြော ပြ ပြီး၊ ထုံး စံ အ တိုင်း “မင်း  ဘယ် တော့ ဘုန်း ကြီး ဝတ် မ လဲ လို့” မေး တော့၊ ဦး လေး က ပြန် ပြီး “မင်း ရော ဘယ် တော့ ခ ရစ် ယာန် ဖြစ် မ လဲ” လို့ နောက် ပြောင် ပြီး ပြန် မေး တယ်။ အဲ ဒီ အ ခါ သူ ငယ် ချင်း ဖြစ် သူ က “ငါ ခ ရစ် ယာန် ဖြစ် နေ ပြီ” လို့ ပြန် ပြော တော့ ကျွန် တော့ ဦး လေး အံ့ အား သင့် သွား ရ တယ်။

အဲ ဒါ နဲ့ အ ကြောင်း စုံ မေး ကြည့် တော့၊ ဦး လေး ရဲ့ သူ ငယ် ချင်း ဖြစ် သူ က သူ ပြောင်း လဲ လာ ပုံ ကို ပြော ပြ တယ်။ သူ့ အ သက် တာ မှာ အင် မ တန် သိမ် မွေ့ နှိမ့် ချ ပြီး သူ ခင် မင် လေး စား ရ တဲ့ သူ နှစ် ယောက် ထဲ ရှိ တဲ့ အ ကြောင်း ပြော ပြ တယ်။ တစ် ယောက် က ကျွန် တော့် ဦး လေး ဖြစ် ပြီး နောက် တစ် ယောက် က တော့၊ သူ မေ မြို့ စစ် တက္က သိုလ် တက် တုန်း က ကျောင်း အုပ် ကြီး ဖြစ် တဲ့ ဗိုလ် မှူး ကြီး ခွန် နောင် ဖြစ် တယ်။ ဦး လေး သူ ငယ် ချင်း ရဲ့ စိတ် ထဲ မှာ ဒီ လူ နှစ် ယောက် ဟာ သူ များ နဲ့ မ တူ ဘဲ ဘာ ကြောင့် ဒီ လို သိမ့် မွေ့ နှိမ့် ချ တဲ့ စိတ် ထား မျိုး ရှိ ရ လဲ လို့ သုံး သပ် ကြည့် တော့၊ သူ တို့ နှစ် ယောက် ရဲ့ တူ ညီ ချက် ကို သွား တွေ့ တယ်။ အဲ ဒါ က တော့ ဦး လေး ရော ဗိုလ် မှူး ကြီး ခွန် နောင် ရော အင် မ တန် ဘာ သာ တ ရား ကိုင်း ရှိုင်း တဲ့ ခ ရစ် ယာန် တွေ ဖြစ် နေ ကြ ခြင်း ဘဲ။ အဲ ဒါ ကြောင့် ဦး လေး သူ ငယ် ချင်း ဖြစ် သူ က ခ ရစ် ယာန် ဘာ သာ ကို စိတ် ဝင် စား လေ့ လာ ရာ က နေ နောက် ဆုံး သူ ကိုယ် တိုင် ခ ရစ် တော် ကို လက် ခံ ပြီး ခ ရစ် ယာန် ဖြစ် လာ တယ်။

ဦး လေး နဲ့ ဦး ခွန် နောင် တို့ ရဲ့ နူး ညံ့ သိမ် မွေ့ နှိမ့် ချ တဲ့ စိတ် သ ဘော ဟာ မ ယုံ ကြည် သူ တွေ ကို ပြောင်း လဲ စေ ပါ တယ်။ ဒါ ဟာ ခ ရစ် တော် မှာ ရှိ တဲ့ စိတ် သ ဘော မျိုး ဖြစ် ပါ တယ်။

“. . . ငါ့ ထံ ၌ နည်း ခံ ကြ လော့။ ငါ သည် နူး ညံ့ သိမ် မွေ့ နှိမ့် ချ သော စိတ် သ ဘော ရှိ ၏။ သင် တို့ စိတ် နှ လုံး သည် သက် သာ ခြင်း ကို ရ လိမ့် မည်” (မ၊ ၁၁:၂၉)

ဒါ ကြောင့် ခ ရစ် တော် စေ လွှတ် တဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် ကျိန်း ဝပ် တဲ့ ယုံ ကြည် သူ တစ် ယောက် ရဲ့ အ သက် တာ အား ဖြင့် ဘု ရား သ ခင် ဘုန်း တော် ထင် ရှား မှာ ဖြစ် ပါ တယ်။

“သင် တို့ သည် ဤ လော က ၏ ဆား ဖြစ် ကြ ၏။ ဆား မူ ကား၊ အ ငန် ကင်း ပျောက် လျှင် ငန် သော အ ရ သာ ကို အ ဘယ် သို့ ရ ပြန် မည် နည်း။ ပြင် သို့ ပစ် လိုက် ၍ ကျော် နင်း ခြင်း မှ တ ပါး အ ဘယ် အ သုံး မျှ မ ဝင်။ သင် တို့ သည် ဤ လော က ၏ အ လင်း ဖြစ် ကြ ၏။ တောင် ထိပ် ၌ တည် သော မြို့ ကို မ ကွယ် နိုင်။ ဆီ မီး ထွန်း ၍ တောင်း ဇ လား အောက် ၌ ဖုံး ထား လေ့ မ ရှိ။ အိမ် သူ အိမ် သား အ ပေါင်း တို့ သည် အ လင်း ကို ရ စေ ခြင်း ငှါ ဆီ မီး ခုံ ပေါ် မှာ တင် ထား လေ့ ရှိ ၏။ ထို နည်း တူ၊ သူ တ ပါး တို့ သည် သင် တို့ ၏ ကောင်း သော အ ကျင့် တို့ ကို မြင် ၍၊ ကောင်း ကင် ဘုံ ၌ ရှိ တော် မူ သော သင် တို့ အ ဘ ၏ ဂုဏ် တော် ကို ချီး မွမ်း စေ ခြင်း ငှါ၊ သူ တ ပါး ရှေ့ ၌ သင် တို့ အ လင်း ကို လင်း စေ ကြ လော့” (မ၊ ၅:၁၃-၁၆)

၈) ငါ ဟာ ဘု ရား အ မှု တော် မှာ ငါ တတ် နိုင် တဲ့ ဖက် က နေ ပါ ဝင် ချင် စိတ် ရှိ သ လား?

“ထို ကြောင့်၊ ငါ သည် နှုတ် က ပတ် တော် ကို မ ကြား မ ပြော၊ နာ မ တော် ကို အ မှီ ပြု ၍ မ ဟော ဘဲ နေ မည် ဟု သ ဘော ထား သော် လည်း၊ ငါ့ အ ရိုး တို့ ၌ ချုပ် ထား ၍၊ လောင် သော မီး ကဲ့ သို့ နှုတ် က ပတ် တော် သည် ငါ့ နှ လုံး ၌ ဖြစ် သော ကြောင့်၊ အ လွန် ငြီး ငွေ့ သ ဖြင့် အောင့် ၍ မ နေ နိုင်” (ယေ၊ ၂၀:၉)

“ငါ သည် ဧ ဝံ ဂေ လိ တ ရား ကို ဟော ရုံ ပြု လျှင် ဝါ ကြွား ခြင်း အ ကြောင်း မ ရှိ သေး။ အ ဘယ် ကြောင့် နည်း ဟူ မူ ကား၊ မ ဟော ဘဲ မ နေ နိုင်။ မ ဟော ဘဲ နေ လျှင် အ မင်္ဂ လာ ရှိ ၏” (၁ ကော၊ ၉:၁၆)

ဘု ရား သ ခင် ရဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် ကို ခံ ရ တဲ့ ပ ရော ဖက် ယေ ရ မိ နဲ့ တ မန် တော် ရှင် ပေါ လု တို့ က တ ရား မ ဟော ဘဲ မ နေ နိုင် ဘူး လို့ ပြော ကြ ပါ တယ်။ ဒီ နေ ရာ မှာ နှုတ် နဲ့ တ ရား ဟော ခြင်း ထက် စာ ရင် အ မှု တော် ဆောင် ခြင်း လို့ မြင် စေ ချင် ပါ တယ်။ ယေ ရ မိ နဲ့ ပေါ လု တို့ စ ကား ကို တစ် နည်း တစ် ဖုံ ပြန် ပြော ရ ရင်၊ သန့် ရှင်း သော ဝိ ညာဉ် တော် အ ထဲ မှာ ကျိန်း ဝပ် တဲ့ သူ တစ် ယောက် ဟာ ဘု ရား အ မှု တော် မြတ် မှာ မ ပါ ဝင် ဘဲ မ နေ နိုင် ပါ ဘူး။

ဒီ ခေတ် ကာ လ မှာ၊ ယုံ ကြည် သူ တိုင်း ကို အ မှု တော် မြတ် မှာ တစ် ထောင့် တစ် နေ ရာ က နေ ပါ ဝင် နိုင် အောင် သူ တို့ အ ထဲ မှာ ရှိ တဲ့ ဝိ ညာဉ် တော် က နေ ဆု ကျေး ဇူး တွေ ပေး ထား ပြီး ဖြစ် ပါ တယ်။ အဲ ဒါ တွေ နဲ့ အ မှု တော် မှာ တတ် အား သ ရွေ့ ပါ ဝင် ဖို့ သန့် ရှင်း သော ဝိ ညာဉ် တော် က အ လို ရှိ ပါ တယ်။

“ထို အ တူ၊ အ များ ဖြစ် သော ငါ တို့ သည် ခ ရစ် တော် ၌ တ ကိုယ် တည်း ဖြစ် ၍၊ အ သီး အ သီး အင်္ဂါ ချင်း ဖြစ် ကြ ၏။ ထို သို့ ပေး တော် မူ သော ကျေး ဇူး တော် အ တိုင်း ငါ တို့ သည် အ သီး သီး အ ပြား ပြား သော ဆု များ ကို ခံ ရ သည် ဖြစ် ၍၊ ပ ရော ဖက် အ ရာ ရှိ လျှင်၊ ယုံ ကြည် ခြင်း ၏ ပ မာ ဏ ကို ရ သည် အ တိုင်း ပ ရော ဖက် ပြု ကြ ကုန် အံ့။ ဓမ္မ ဆ ရာ အ ရာ ရှိ လျှင်၊ ဓမ္မ ဆ ရာ ၏ အ မှု ကို ဆောင် ရွက် ကြ ကုန် အံ့။ ဆုံး မ ဩ ဝါ ဒ ပေး သော သူ သည် ထို အ မှု ကို ဆောင် ရွက် စေ။ နှိုး ဆော် သွေး ဆောင် သော သူ သည် ထို အ မှု ကို ဆောင် ရွက် စေ။ အ စွန့် အ ကြဲ ဝေ ငှ သော သူ သည် လျစ် လျူ သော စိတ် နှင့် ဝေ ငှ စေ။ အုပ် ချုပ် သော သူ သည် လုံ့ လ ဝိ ရိ ယ နှင့် အုပ် ချုပ် စေ။ မ စ သ နား ခြင်း အ မှု ကို ပြု သော သူ သည် စေ တ နာ စိတ် နှင့် ပြု စေ” (ရော၊ ၁၂:၅-၈)

ဟန် ဆောင် ခ ရစ် တစ် ယောက် က တော့ အ သင်း တော် မှာ ဧည့် သည် လို ဘဲ နေ ထိုင် ပြု မူ ပါ လိမ့် မယ်။ အိမ် တစ် အိမ် ရဲ့ အ ကျိုး အ တွက် အိမ် သား တွေ မှာ တာ ဝန် ကိုယ် စီ ရှိ ကြ ပေ မဲ့၊ ဧည့် သည် လုပ် တဲ့ သူ အ တွက် တော့ ဘာ တာ ဝန် မှ မ ရှိ ဘူး လေ။

ဒါ ကြောင့်၊ သန့် ရှင်း သော ဝိ ညာဉ် တော် အ ထဲ မှာ ကျိန်း ဝပ် တဲ့ ခ ရစ် ယာန် တစ် ယောက် ဟာ သူ တတ် နိုင် တဲ့ ဘက် က နေ ပြီး ဘု ရား သ ခင် အ တွက် အ မှု တော် ဆောင် ဖို့ စိတ် အား ထက် သန် ပါ လိမ့် မယ်။ ဒါ့ အ ပြင်၊ လူ တွေ အ စာ စား ဖို့ စာ ငတ် သ လို၊ ပြီး တော့ အ စာ စား ပြီး တဲ့ အ ခါ မှာ လည်း စိတ် ကျေ နပ် ဝမ်း မြောက် သ လို ဘဲ၊ စစ် မှန် တဲ့ ခ ရစ် ယာန် တစ် ယောက် ဟာ အ မှု တော် ကို ဆောင် ဖို့ လို လား မှု ရှိ ပြီး တော့၊ အ မှု တော် တစ် စုံ တစ် ခု ကို ပြီး စီး စေ တဲ့ အ ခါ မှာ လည်း ဝမ်း မြောက် ကျေ နပ် မှု ရှိ မှာ ဖြစ် ပါ တယ်။

“မ ရောက် မှီ တွင် တ ပည့် တော် တို့ က၊ အ ရှင် ဘု ရား၊ အ စာ ကို သုံး ဆောင် တော် မူ ပါ ဟု တောင်း ပန် ကြ လျှင်၊ သင် တို့ မ သိ သော စား စ ရာ သည် ငါ ၌ ရှိ သည် ဟု မိန့် တော် မူ ၏။ ထို ကြောင့် တ ပည့် တော် တို့ က၊ တ စုံ တ ယောက် သော သူ သည် စား စ ရာ ကို ပို့ ပြီ လော ဟု အ ချင်း ချင်း မေး မြန်း ကြ လျှင်၊ ယေ ရှု က၊ ငါ့ ကို စေ လွှတ် တော် မူ သော သူ ၏ အ လို တော် ကို ဆောင် ခြင်း၊ သူ ၏ အ မှု တော် ကို ပြီး စီး ခြင်း အ မှု သည် ငါ့ စား စ ရာ ဖြစ် ၏” (ယော၊ ၄:၃၁-၃၄)

ခြုံ ငုံ သုံး သပ် ချက်

အ ခု တင် ပြ ထား တဲ့ ယုံ ကြည် ခြင်း စစ် ဆေး နည်း တွေ ကို ပြီး ပြည့် စုံ တယ် လို့ ကျွန် တော် မ ပြော လို ပါ ဘူး။ ဒီ မှာ မ ပါ တဲ့ တစ် ခြား နည်း တွေ လည်း ရှိ ပါ လိမ့် မယ်။ ပြီး တော့ စစ် မှန် တဲ့ ယုံ ကြည် သူ တစ် ယောက် ဟာ ဒီ အ ချက် တွေ အား လုံး နဲ့ ပြည့် စုံ ရ မယ် လို့ လည်း မ ဆို လို ပါ ဘူး။ အ ရေး အ ကြီး ဆုံး က တော့ ဒီ အ ချက် တွေ ဟာ ကိုယ့် ယုံ ကြည် ခြင်း ကို ကိုယ့် ဖါ သာ ကိုယ် စစ် ဆေး တဲ့ နေ ရာ မှာ အ ထောက် အ ကူ ပြု ဖို့ ဘဲ ရည် ရွယ် ပါ တယ်။ တစ် ခြား ခ ရစ် ယာန် တစ် ယောက် ကို စစ် မှန် တဲ့ ယုံ ကြည် သူ ဟုတ် မ ဟုတ် စစ် ကြော စီ ရင် ဖို့ မ ဟုတ် ပါ ဘူး။ တစ် ခြား သူ တွေ ကို အဲ သ လို မ စီ ရင် ဖို့ ကျမ်း စာ က သွန် သင် ပါ တယ်။

“သူ တ ပါး ၏ အ မှု ၌ စစ် ကြော ဆုံး ဖြတ် ခြင်း ကို မ ပြု ကြ နှင့်။ မ ပြု လျှင် သင် တို့ သည် စစ် ကြော ဆုံး ဖြတ် ခြင်း နှင့် ကင်း လွတ် ကြ လိမ့် မည်။ သူ တ ပါး ကို အ ပြစ် မ စီ ရင် ကြ နှင့်။ မ စီ ရင် လျှင် သင် တို့ သည် အ ပြစ် စီ ရင် ခြင်း နှင့် ကင်း လွတ် ကြ လိမ့် မည်” (လု၊ ၆:၃၇)

ခ ရစ် ယာန် လို့ အ ခေါ် ခံ ရ တဲ့ သူ အား လုံး၊ သန့် ရှင်း သော ဝိ ညာဉ် တော် အ ထဲ မှာ ကျိန်း ဝပ် တဲ့ စစ် မှန် တဲ့ ယုံ ကြည် သူ တွေ ဖြစ် ကြ ဖို့ ဆန္ဒ ပြု ပါ တယ်။