စာလုံးအ ရွယ်အစား

က က

ပြန် သွား

Published: 21/01/2020 Last Edited: 22/01/2020

လမ်း ခ ရီး၊ သမ္မာ တ ရား၊ အ သက် ဖြစ် သော ခ ရစ် တော်

“ယေ ရှု က၊ ငါ သည် လမ်း ခ ရီး ဖြစ် ၏။ သမ္မာ တ ရား လည်း ဖြစ် ၏။ အ သက် လည်း ဖြစ် ၏” (ယော၊ ၁၄:၆)

ဒီ ကျမ်း ပိုဒ် ဟာ လူ သိ များ တဲ့ ကျမ်း ပိုဒ် တစ် ခု ဖြစ် ပါ တယ်။ ကျမ်း စာ ဖတ် တဲ့ ခ ရစ် ယာန် တိုင်း လို လို သိ ကြ လိမ့် မယ် လို့ ကျွန် တော် ထင် တယ်။ နား လည် လွယ် တဲ့ ကျမ်း ပိုဒ် လည်း ဖြစ် ပါ တယ်။ ခ ရစ် တော် က သူ ဟာ လမ်း ခ ရီး ဖြစ် တဲ့ အ ကြောင်း၊ သမ္မာ တ ရား ဖြစ် တဲ့ အ ကြောင်း နဲ့ အ သက် လည်း ဖြစ် တဲ့ အ ကြောင်း တွေ ကို ပြော ထား တယ်။ နား လည် လွယ် သ လို ဘဲ အ လွန် နက် နဲ တဲ့ ကျမ်း ပိုဒ် လို့ ကျွန် တော် ထင် တယ်။ ဒီ ဆောင်း ပါး မှာ ကျွန် တော် စဉ်း စား ရ သ လောက် နက် နဲ မှု လေး တွေ ကို တင် ပြ ချင် ပါ တယ်။ ကျမ်း စာ ထဲ မှာ၊ လမ်း ခ ရီး – သမ္မာ တ ရား – အ သက်၊ လို့ အ စဉ် လိုက် ပြော ပေ မဲ့ ကျွန် တော် က နောက် ဆုံး ဖြစ် တဲ့ “အ သက်” က နေ စ ပြော ချင် တယ်။

ငါ သည် . . . အ သက် လည်း ဖြစ် ၏

ခ ရစ် တော် ကို ယုံ ကြည် တဲ့ သူ ဟာ ထာ ဝ ရ အ သက် ရ မယ် ဆို တာ ကျွန် တော် တို့ အား လုံး သိ ကြ တယ်။ ဒီ နေ ရာ မှာ ခ ရစ် တော် က အ သက် လို့ ပြော တဲ့ အ ခါ ထာ ဝ ရ အ သက် ကို ဆို လို တယ် လို့ အ လွယ် တ ကူ ယူ ဆ နိုင် ပေ မဲ့၊ ကျွန် တော် တို့ ရဲ့ လက် ရှိ လူ့ ဘ ဝ မှာ ရှင် သန် နေ တဲ့ အ သက် ကို လည်း ဆို လို တယ် လို့ ကျွန် တော် ထင် ပါ တယ်။ ခ ရစ် တော် ဟာ ကျွန် တော် တို့ ရဲ့ နောင် ဘ ဝ အ တွက် ထာ ဝ ရ အ သက် ပေး တဲ့ သူ ဖြစ် သ လို ဒီ ဘ ဝ မှာ လည်း အောင် မြင် တဲ့ အ သက် တာ ကို ပေး တဲ့ သူ ဖြစ် ပါ တယ်။

“ဘု ရား သ ခင် ၏ သား ဖြစ် သော သူ မည် သည် ကား၊ လော က ကို‌ အောင် တတ် ၏။ လော က ကို အောင် ခြင်း အ ကြောင်း မူ ကား၊ ငါ တို့ ၏ ယုံ ကြည် ခြင်း ပေ တည်း။ ယေ ရှု သည် ဘု ရား သ ခင် ၏ သား တော် ဖြစ် သည် ကို ယုံ ကြည် သော သူ မှ တ ပါး၊ အ ဘယ် သူ သည် လော က ကို အောင် နိုင် သ နည်း” (၁ ယော၊ ၅:၄-၅)

လော က ကို အောင် တယ် ဆို တာ ဒီ ဘ ဝ အ တွက် ဖြစ် ပါ တယ်။ နောင် ဘ ဝ အ တွက် မ ဟုတ် ဘူး။ နောင် ဘ ဝ ကောင်း ကင် ဘုံ မှာ လော က ဆို တာ မ ရှိ တော့ ဘူး။ လော က ဆို တာ ကျွန် တော် တို့ ရဲ့ ဒီ ဘ ဝ မှ ဘဲ ရှိ တယ်။ ဒီ တော့ ကာ ဒီ ဘ ဝ မှာ ကျွန် တော် တို့ ခ ရစ် ယာန် တွေ အောင် မြင် တဲ့ “လော က” ဆို တာ ဘာ လဲ လို့ သိ ဖို့ လို ပါ တယ်။

“လော က ၌ ရှိ သ မျှ သော အ ရာ တည်း ဟူ သော ကိုယ် ကာ ယ တပ် မက် ခြင်း၊ မျက် စိ တပ် မက် ခြင်း၊ လော ကီ စည်း စိမ် ၌ ဝါ ကြွား ခြင်း တို့ သည် ခ မည်း တော် နှင့် မ စပ် ဆိုင်၊ လော က နှင့် သာ စပ် ဆိုင် ကြ ၏” (၁ ယော၊ ၂:၁၆)

သမ္မာ ကျမ်း စာ က လော က ထဲ မှာ ရှိ သ မျှ ဟာ ကိုယ် ကာ ယ နဲ့၊ မျက် စိ နဲ့၊ စိတ် နဲ့ တပ် မက် ခြင်း တွေ ဘဲ လို့ ပြော ပါ တယ်။ ဒီ တော့ လော က ကို အောင် တယ် ဆို ခြင်း ဟာ အဲ ဒီ တပ် မက် ခြင်း တွေ ကို အောင် နိုင် ခြင်း ဖြစ် ပါ တယ်။ အဲ ဒီ အောင် နိုင် ခြင်း ဟာ ခ ရစ် ယာန် တွေ အ တွက် သာ မ က လော ကီ သား အား လုံး အ တွက် အ ရေး အ ကြီး ဆုံး အ ရာ တစ် ခု လို့ ကျွန် တော် ထင် ပါ တယ်။

ဘာ ဖြစ် လို့ လဲ လို့ မေး ရင် ခ ရစ် ယာန် တွေ ရော၊ ခ ရစ် ယာန် မ ဟုတ် တဲ့ လော ကီ သား အား လုံး ဟာ စိတ် ချမ်း သာ ချင် ကြ တယ်။ ဒီ ကမ္ဘာ ပေါ် မှာ စိတ် မ ချမ်း သာ ချင် တဲ့ သူ မ ရှိ ဘူး။ အ သွေး အ သား ပိုင်း တပ် မက် တဲ့ သူ က၊ သူ စိတ် ကျေ နပ် အောင် အ လို ဖြည့် ရ မှ စိတ် ချမ်း သာ တယ်။ မျက် စိ နဲ့ တပ် မက် တဲ့ သူ လည်း သူ လို ချင် တဲ့ ဟာ ကို ပိုင် ဆိုင် ရ မှ စိတ် ချမ်း သာ တယ်။ ဝါ ကြွား နာ မည် ကြီး ချင် တဲ့ သူ က လည်း အောင် မြင် ကျော် ကြား တဲ့ စူ ပါ စ တား ဖြစ် မှ စိတ် ချမ်း သာ တယ်။ တပ် မက် ခြင်း အား လုံး ရဲ့ အန္တိ မ ပန်း တိုင် ဟာ စိတ် ချမ်း သာ ဖို့ ဘဲ ဖြစ် ပါ တယ်။

စိတ် ချမ်း သာ ချင် တဲ့ အ တွက် ကိုယ့် ရဲ့ တပ် မက် ခြင်း ကို အာ သာ ဖြေ ဖို့၊ လူ တွေ နည်း လမ်း မျိုး စုံ နဲ့ အ ကြီး အ ကျယ် ကြိုး ပမ်း လုပ် ဆောင် ကြ တယ်။ လို ချင် တပ် မက် တဲ့ ဟာ ရ မှ လည်း စိတ် ချမ်း သာ မယ် လို့ ယူ ဆ ကြ တာ ကိုး။ ဒါ ပေ မဲ့ လို ချင် တဲ့ ပန်း တိုင် ရောက် ရင် လည်း၊ စိတ် ချမ်း သာ မှု ဟာ ခ ဏ ဘဲ ခံ တယ်။ ဘာ ဖြစ် လို့ လဲ ဆို တော့ တပ် မက် ခြင်း ဆို တာ ဆုံး တယ် လို့ မှ မ ရှိ တာ။ တပ် မက် မှု အ သစ် တွေ တစ် ခု ပြီး တစ် ခု ဖြစ် နေ တတ် တာ ကိုး။ ဒါ ကြောင့် တပ် မက် ခြင်း နောက် လိုက် နေ တဲ့ လော ကီ သား တွေ ဟာ၊ ဘယ် တော့ မှ ပြည့် ပြည့် ဝ ဝ စိတ် ချမ်း သာ မှု မ ခံ စား ရ ဘူး။ ဒါ ကို ကျမ်း စာ က လေ ကို ကျက် စား ခြင်း လို့ ပြော ပါ တယ်။

“နေ အောက် မှာ ပြု လေ သ မျှ သော အ မှု အ ရာ တို့ ကို ငါ မြင် ပြီး။ အ လုံး စုံ တို့ သည် အ နတ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ် ၏” (ဒေ၊ ၁:၁၄)

ဒီ တပ် မက် ခြင်း အား လုံး ကို အောင် နိုင် တဲ့ ခ ရစ် ယာန် တွေ သာ၊ တစ် ကယ် အ စစ် အ မှန် ရေ ရှည် စိတ် ချမ်း သာ တဲ့ သူ ဖြစ် ပါ လိမ့် မယ်။ အ ချုပ် အား ဖြင့် ပြော ရ မယ် ဆို ရင် ကိုယ် လို ချင် တဲ့ အ ရာ တွေ ကို ရ ယူ ပိုင် ဆိုင် ခြင်း ဟာ၊ စိတ် ချမ်း သာ မှု ကို တ ဒင်္ဂ ရေ တို သာ ပေး နိုင် ပြီး၊ အ များ အား ဖြင့် ကိုယ့် လို ဘ မ ပြည့် တဲ့ အ တွက် စိတ် ဆင်း ရဲ မှု ဝေ ဒ နာ ကို ခံ စား ရ မယ်။ သို့ သော်၊ အဲ ဒီ ကိုယ် လို ချင် တဲ့ အ ရာ ကို တပ် မက် တဲ့ စိတ် ကို ထိန်း ချုပ် နိုင် တယ် ဆို ရင်၊ ရ ယူ ပိုင် ဆိုင် လို စိတ် တွေ လျော့ နည်း ပျောက် ကွယ် သွား ပြီး၊ တစ် ကယ့် စိတ် ချမ်း သာ မှု ကို ရေ ရှည် ခံ စား ရ မယ် ဆို တဲ့ အ ကြောင်း ဖြစ် ပါ တယ်။

ခ ရစ် ယာန် တွေ ဟာ ခ ရစ် တော် အား ဖြင့် တပ် မက် ခြင်း တွေ ကို အောင် နိုင် ကြ ပါ တယ်။ ခ ရစ် တော် ကို ယုံ ကြည် ပြီး နောက် ကျွန် တော် တို့ ခန္ဓာ ကိုယ် ထဲ မှာ ကျိန်း ဝပ် တဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့်၊ ကျွန် တော် တို့ ဟာ လော ကီ တပ် မက် မှု တွေ ကို ခု ခံ အောင် မြင် နိုင် ပါ တယ်။

ခ ရစ် တော် က “ငါ သည် အ သက် ဖြစ် သည်” လို့ ပြော ခြင်း ဟာ ဒါ တင် မ က သေး ပါ ဘူး။

“ငါ မူ ကား၊ သိုး တို့ သည် အ သက် လွတ် ရုံ မျှ မ က အ ထူး သ ဖြင့် အ သက် နှင့် ပြည့် စုံ စေ ခြင်း ငှါ လာ သ တည်း” (ယော၊ ၁၀:၁၀)

အ ထူး သ ဖြင့် အ သက် နဲ့ ပြည့် စုံ ခြင်း ကို တစ် ချို့ က စည်း စိမ် ဥစ္စာ ကြွယ် ဝ ချမ်း သာ ခြင်း လို့ ယူ ဆ ကြ လိမ့် မယ်။ ကျွန် တော် က တော့ အဲ သ လို့ မ ထင် ဘူး။ ဘု ရား သ ခင် က ယုံ ကြည် သူ တွေ ကို ချမ်း သာ ကြွယ် ဝ စေ နိုင် တာ မှန် ပါ တယ်။ ယော ဘ တို့၊ ရှော လ မုန် ဘု ရင် တို့၊ အ ရိ မဿဲ မြို့ သား ယော သပ် တို့ ကို ဘု ရား သ ခင် က ကြွယ် ဝ ချမ်း သာ စေ ပါ တယ်။ ဒါ ပေ မဲ့ ဥစ္စာ ကြွယ် ဝ ခြင်း ဟာ ခ ရစ် ယာန် တွေ အ တွက် ဘု ရား သ ခင် ရည် မှန်း ထား တာ မ ဟုတ် ဘူး။ သူ့ နောက် လိုက် တဲ့ သူ တွေ ဟာ ချမ်း သာ ကြွယ် ဝ ဖို့ နေ နေ သာ သာ၊ ဆင်း ရဲ ဒုက္ခ တွေ နဲ့ တွေ့ ကြုံ ရ မယ် လို့ တောင် ခ ရစ် တော် ကိုယ် တိုင် ပြော ခဲ့ ပါ တယ်။

“သင် တို့ သည် လော က ၌ ဆင်း ရဲ ဒုက္ခ ကို ခံ ရ ကြ လိမ့် မည်။ သို့ သော် လည်း မ စိုး ရိမ် ကြ နှင့်။ ငါ သည် လော က ကို အောင် ပြီ ဟု မိန့် တော် မူ ၏” (ယော၊ ၁၆:၃၃)

ခ ရစ် ယာန် တွေ အ တွက် ဘု ရား သ ခင် ရည် မှန်း ထား တာ ဟာ ဘယ် လို အ ခြေ နေ မျိုး မှာ မ ဆို စိတ် ချမ်း သာ ဖို့ ဘဲ ဖြစ် ပါ တယ်။

“အ ဘယ် အ မှု ကို မျှ စိုး ရိမ် ခြင်း မ ရှိ ဘဲ အ ရာ ရာ ၌ ကျေး ဇူး တော် ကို ချီး မွမ်း ခြင်း နှင့် တ ကွ ဆု တောင်း ပ ဌ နာ ပြု သော အား ဖြင့်၊ သင် တို့ တောင်း ပန် လို သော အ ရာ များ တို့ ကို ဘု ရား သ ခင် အား ကြား လျှောက် ကြ လော့။ ထို သို့ ပြု လျှင် အ ဘယ် သူ မျှ ကြံ ၍ မ မှီ နိုင် သော ဘု ရား သ ခင် ၏ ငြိမ် သက် ခြင်း သည် ယေ ရှု ခ ရစ် အား ဖြင့် သင် တို့ ၏ စိတ် နှ လုံး တို့ ကို စောင့် မ လိမ့် မည်” (ဖိ၊ ၄:၆-၇)

စိတ် ချမ်း သာ နေ တဲ့ သူ အ တွက် ဒီ လော က မှာ ဘာ မှ မ လို ဘူး။ ငွေ ကြေး မ လို ဘူး။ ရာ ထူး အ ဆင့် အ တန်း မ လို ဘူး။ အောင် မြင် ကျော် ကြား မှု မ လို ဘူး။ ဂုဏ် ပ ကာ သ နာ မ လို ဘူး။

ကျွန် တော် တို့ စိတ် ချမ်း ချမ်း သာ သာ နေ နိုင် အောင် ဘု ရား သ ခင် က ကျွန် တော် တို့ ရဲ့ စား ဝတ် နေ ရေး အ တွက် တာ ဝန် ယူ ထား ပါ တယ်။

“ထို ကြောင့် ငါ ဆို သည် ကား၊ အ ဘယ် သို့ စား သောက် ရ မည် ဟု အ သက် အ ဘို့ မ စိုး ရိမ် ကြ နှင့်။ အ ဘယ် သို့ ဝတ် ရ မည် ဟု ကိုယ် အ ဘို့ မ စိုး ရိမ် ကြ နှင့်။ အ စာ ထက် အ သက် မြတ် သည် မ ဟုတ် လော။ အ ဝတ် ထက် ကိုယ် မြတ် သည် မ ဟုတ် လော။ မိုဃ်း ကောင်း ကင် ၌ ကျင် လည် သော ငှက် များ ကို ကြည့် ရှု ဆင် ခြင် ကြ လော့။ ထို ငှက် တို့ သည် မျိုး စေ့ ကို မ စိုက် မ ကြဲ၊ စ ပါး ကို မ ရိတ်၊ ကျီ ၌ မ စု မ သွင်း။ သို့ သော် လည်း ကောင်း ကင် ဘုံ ၌ ရှိ တော် မူ သော သင် တို့ အ ဘ သည် သူ တို့ ကို ကျွေး မွေး တော် မူ ၏။ ထို ငှက် တို့ ထက် သင် တို့ သည် အ လွန် မြတ် သည် မ ဟုတ် လော။ အ ဘယ် သူ သည် စိုး ရိမ် ခြင်း အား ဖြင့် မိ မိ အ သက် တာ ကို တ တောင် ခန့် မျှ တိုး ပွါး စေ နိုင် သ နည်း။ အ ဝတ် အ ဘို့ ၌ အ ဘယ် ကြောင့် စိုး ရိမ် ရ သ နည်း။ တော နှင်း ပင် တို့ သည် အ ဘယ် သို့ သော အား ဖြင့် ကြီး ပွါး သည် ကို ဆင် ခြင် အောက် မေ့ ကြ လော့။ ထို အ ပင် တို့ သည် အ လုပ် လည်း မ လုပ်။ ချည် ဖြစ် စေ ခြင်း ငှါ မ ငင် မ ဝင့်။ သို့ သော် လည်း ဘုန်း ကြီး သော ရှော လ မုန် မင်း ကြီး ၏ အ ဝတ် သည် ထို အ ပင် တ ပင် မျှ ၏ အ ဝတ် ကို မ မှီ ဟု ငါ ဆို ၏။ ယုံ ကြည် အား နည်း သော သူ တို့၊ ယ နေ့ အ သက် ရှင် လျက် နက် ဖြန် မီး ဖို ထဲ သို့ ရောက် သော တော မြက် ပင် ကို ဘု ရား သ ခင် သည် ထို သို့ သော အ ဝတ် နှင့် ဖုံး လွှမ်း တော် မူ လျှင်၊ ထို မျှ မ က သင် တို့ ကို အ ဝတ် နှင့် ဖုံး လွှမ်း တော် မူ မည် မ ဟုတ် လော။ ထို ကြောင့် အ ဘယ် သို့ စား သောက် ရ အံ့ နည်း၊ အ ဘယ် သို့ ဝတ် ရ အံ့ နည်း ဟူ ၍ မ စိုး ရိမ် ကြ နှင့်။ ထို အ ရာ များ ကို သာ သ နာ ပ လူ တို့ သည် ရှာ ဖွေ တတ် ကြ ၏။ ထို အ ရာ များ ကို သင် တို့ သည် အ သုံး လို ကြောင်း ကို ကောင်း ကင် ဘုံ ၌ ရှိ တော် မူ သော သင် တို့ အ ဘ သည် သိ တော် မူ ၏။ ဘု ရား သ ခင် ၏ နိုင် ငံ တော် နှင့် ဖြောင့် မတ် ခြင်း တ ရား တော် ကို ရှေ့ ဦး စွာ ရှာ ကြ လော့။ နောက် မှ ထို အ ရာ များ ကို ထပ် ၍ ပေး တော် မူ လ တံ့။ ထို ကြောင့် နက် ဖြန် အ ဘို့ မ စိုး ရိမ် ကြ နှင့်။ နက် ဖြန် နေ့ သည် မိ မိ အ ဘို့ စိုး ရိမ် လိမ့် မည်” (မ၊ ၆:၂၅-၃၄)

ကျမ်း စာ ထဲ မှာ ယုံ ကြည် သူ တွေ ကို မ စိုး ရိမ် ဖို့ ပြော ထား တာ ခ ဏ ခ ဏ တွေ့ ရ မှာ ပါ။ စား ဝတ် နေ ရေး အ တွက် မ စိုး ရိမ် ရ တဲ့ ကျွန် တော် တို့ ဟာ ဘာ တွေ ကို ထပ် ပြီး လို ချင် တပ် မက် နေ ရ အုံး မှာ လည်း။ ဘု ရား သ ခင် က ကျွန် တော် တို့ ရဲ့ စား ဝတ် နေ ရေး အ တွက် တာ ဝန် ယူ မယ် လို့ ပြော ရင် ကျွန် တော် တို့ ရဲ့ လူ့ ဘ ဝ ကုန် ဆုံး တဲ့ အ ထိ တာ ဝန် ယူ သွား မှာ ဖြစ် တယ်။ ဘု ရား သ ခင် ပေး တာ နဲ့ ရောင့် ရဲ နေ ရင် ကျွန် တော် တို့ ဟာ အ မြဲ တမ်း စိတ် ချမ်း သာ နေ တဲ့ သူ တွေ ဖြစ် နေ ပါ လိမ့် မယ်။

“ထာ ဝ ရ ဘု ရား ၏ ကောင်း ကြီး မင်္ဂ လာ သည် စည်း စိမ် ကို ဖြစ် စေ တတ် ၏။ ထို စည်း စိမ် နှင့် လည်း၊ ဝမ်း နည်း ခြင်း အ ကြောင်း ကို ရော နှော တော် မ မူ” (သု၊ ၁၀:၂၂)

“ငြိမ် သက် ခြင်း နှင့် ယှဉ် လျက်၊ လက် တ ဆုပ် တည်း သော ဥစ္စာ သည် ပင် ပန်း စွာ လုပ် ခြင်း၊ လေ ကို ကျက် စား ခြင်း နှင့် ယှဉ် လျက်၊ လက် နှစ် ဘက် ၌ ပြည့် သော ဥစ္စာ ထက် သာ ၍ ကောင်း ၏” (ဒေ၊ ၄:၆)

“ရောင့် ရဲ သော စိတ် ပါ လျှင်၊ ဘု ရား ဝတ် ၌ မွေ့ လျော် ခြင်း သည် ကြီး စွာ သော အ ကျိုး စီး ပွါး မှန် ၏” (၁ တိ၊ ၆:၆)

ဒါ ကြောင့် ပ ထ မ အ နေ နဲ့၊ ခ ရစ် တော် က “ငါ သည် အ သက် ဖြစ် ၏” လို့ ပြော တဲ့ အ ခါ မှာ နောင် ဘ ဝ မှာ ထာ ဝ ရ အ သက် တာ ကို သာ မ က၊ ယ ခု လက် ရှိ ဘ ဝ မှာ လည်း အ မြဲ တမ်း စိတ် ချမ်း သာ တဲ့ အ သက် တာ ကို ပေး စွမ်း သူ လို့ ကျွန် တော် တို့ ခံ ယူ နိုင် ပါ တယ်။

ငါ သည် . . . သမ္မာ တ ရား လည်း ဖြစ် ၏

သမ္မာ တ ရား ကို မူ ရင်း ဂ ရိ ဘာ သာ နဲ့ ἀλήθεια (အ သံ ထွက် aletheia) လို့ ရေး ပြီး “ကွယ် ဝှက် မ ထား သော အ ခြေ အ နေ” လို့ ဆို လို ပါ တယ်။ အ ပေါ် ယံ မြင် ရ တဲ့ ဟာ နဲ့ ဆန့် ကျင် ဘက် လို့ ယူ နိုင် ပါ တယ်။ မြန် မာ လို တော့ သစ္စာ တ ရား၊ အ မှန် တ ရား ကို ဆို လို တာ ဖြစ် ပါ တယ်။ လော က မှာ လူ တွေ သိ ကြ တဲ့ အ မှန် တ ရား တွေ အ များ ကြီး ရှိ ပါ လိမ့် မယ်။ ကမ္ဘာ ကြီး လုံး တာ က အ စ၊ လူ ဆို တာ သေ မျိုး ဆို တာ ထိ အ များ ကြီး ပါ။ အဲ သ လို လူ တွေ သိ ကြ တဲ့ အ မှန် တ ရား တွေ အ များ ကြီး ရှိ နေ ရက် နဲ့ ခ ရစ် တော် က သူ ဟာ သမ္မာ တ ရား ဖြစ် တယ် လို့ ပြော တဲ့ အ ခါ၊ လူ တွေ မ သိ ကြ တဲ့၊ မ သိ သေး တဲ့ အ မှန် တ ရား မျိုး ကို ပြော တာ လို့ ကျွန် တော် တို့ နား လည် နိုင် ပါ တယ်။

ဒဿ န အ တွေး အ ခေါ် ပ ညာ ရှင် တွေ ရဲ့ အ ဆို အ ရ၊ လူ့ သ မိုင်း စ တင် က တည်း က လူ သား တွေ အ တွက် အ ဓိ က မေး ခွန်း ကြီး သုံး ခု ရှိ တယ် လို့ သိ ရ ပါ တယ်။

၁) ငါ တို့ ဘယ် က လာ တာ လဲ
၂) ဒီ ကမ္ဘာ ပေါ် မှာ ငါ တို့ ဘာ လာ လုပ် တာ လဲ
၃) ငါ တို့ သေ ရင် ဘယ် သွား မ လဲ

အဲ ဒီ မေး ခွန်း ကြီး သုံး ခု ကို ခေတ် အ ဆက် ဆက် ဒဿ န အ တွေး အ ခေါ် ပ ညာ ရှင် တွေ၊ ဓမ္မ ပ ညာ ရှင် တွေ၊ သိပ္ပံ ပ ညာ ရှင် တွေ က သူ တို့ နည်း သူ တို့ ဟန် နဲ့ ကြိုး စား ဖြေ ကြ ပေ မဲ့ အား လုံး ကျေ နပ် လောက် အောင် မ ဖြေ နိုင် ကြ ဘူး လို့ ဆို ပါ တယ်။ ခ ရစ် တော် ကို ယုံ ကြည် တဲ့ ကျွန် တော် တို့ ခ ရစ် ယာန် တွေ အ တွက် က တော့ အဲ ဒါ အား လုံး ကို သမ္မာ ကျမ်း စာ က အ ဖြေ ပေး ထား ပြီး ဖြစ် ပါ တယ်။

၁) ငါ တို့ ဘယ် က လာ တာ လဲ –

“အ စ အ ဦး ၌ နှုတ် က ပတ် တော် ရှိ ၏။ နှုတ် က ပတ် တော် သည် ဘု ရား သ ခင် နှင့် အ တူ ရှိ ၏။ နှုတ် က ပတ် တော် သည် လည်း ဘု ရား သ ခင် ဖြစ် တော် မူ ၏။ ထို နှုတ် က ပတ် တော် သည် အ စ အ ဦး ၌ ဘု ရား သ ခင် နှင့် အ တူ ရှိ ၏။ ထို နှုတ် က ပတ် တော် သည် ခပ် သိမ်း သော အ ရာ တို့ ကို ဖန် ဆင်း တော် မူ ၏။ ဖန် ဆင်း တော် မူ ခြင်း နှင့် ကင်း လွတ် လျက် ဖြစ် သော အ ရာ တ စုံ တ ခု မျှ မ ရှိ” (ယော၊ ၁:၁-၃)

“ထို နောက်၊ ထာ ဝ ရ အ ရှင် ဘု ရား သ ခင် သည် မြေ မှုန့် ဖြင့် လူ ကို ဖန် ဆင်း ၍၊ သူ ၏ နှာ ခေါင်း ထဲ သို့ ဇီ ဝ အ သက် ကို မှုတ် တော် မူ လျှင်၊ လူ သည် အ သက် ရှင် သော သတ္တ ဝါ ဖြစ် လေ ၏” (က၊ ၂:၇)

ကျွန် တော် တို့ လူ သား တွေ ဟာ ဘု ရား သ ခင် ဆီ က နေ လာ တာ ဖြစ် ပါ တယ်။

၂) ဒီ ကမ္ဘာ ပေါ် မှာ ငါ တို့ ဘာ လာ လုပ် တာ လဲ –

“အ ချုပ် အ ခြာ စ ကား ဟူ မူ ကား၊ ဘု ရား သ ခင် ကို ကြောက် ရွံ့ ၍၊ ပ ညတ် တော် တို့ ကို စောင့် ရှောက် လော့။ ဤ ရွေ့ ကား၊ လူ နှင့် ဆိုင် သော အ မှု အ ရာ အ လုံး စုံ တို့ ကို ချုပ် ခြာ သ တည်း” (ဒေ၊ ၁၂:၁၃)

“ထို ကြောင့် ငါ တို့ သည် အ ဆင့် သင့် သည် အ တိုင်း ယုံ ကြည် ခြင်း ၏ အိမ် သူ အိမ် သား တို့ ၌ အ ထူး သ ဖြင့် ကျေး ဇူး ပြု လျက်၊ ခပ် သိမ်း သော သူ တို့ အား ကျေး ဇူး ပြု ကြ ကုန် အံ့” (ဂ လ၊ ၆:၁၀)

“ငါ တို့ သည် ကောင်း သော အ ကျင့် တို့ ကို ကျင့် ရ မည် အ ကြောင်း၊ ယေ ရှု ခ ရစ် ၌ ပြု ပြင် ၍ ဖန် ဆင်း တော် မူ ရာ ဖြစ် ကြ ၏။ ထို ကောင်း သော အ ကျင့် တို့ ၌ ငါ တို့ သည် ကျင် လည် ရ မည် အ ကြောင်း၊ ဘု ရား သ ခင် သည် ငါ တို့ ကို ပြင် ဆင် တော် မူ နှင့် ပြီ” (ဧ၊ ၂:၁၀)

“အ ချင်း ချင်း တို့ ၌ ၎င်း၊ ခပ် သိမ်း သော သူ တို့ ၌ ၎င်း၊ ကာ လ အ စဉ် ကြိုး စား ၍ ကျေး ဇူး ပြု ကြ လော့” (၁ သက်၊ ၅:၁၅)

ကျွန် တော် တို့ ဟာ ဒီ ကမ္ဘာ ပေါ် မှာ ကောင်း တဲ့ အ ကျင့် နဲ့ အ သက် ရှင် ပြီး လူ သား အား လုံး ကို အ ကျိုး ပြု ဖို့ ဖြစ် ပါ တယ်။

၃) ငါ တို့ သေ ရင် ဘယ် သွား မ လဲ –

“ယေ ရှု က လည်း၊ ငါ သည် ထ မြောက် ခြင်း အ ကြောင်း၊ အ သက် ရှင် ခြင်း အ ကြောင်း ဖြစ် ၏။ ငါ့ ကို ယုံ ကြည် သော သူ သည် သေ လွန် သော် လည်း ရှင် လိမ့် မည်။ ငါ့ ကို ယုံ ကြည် ၍ အ သက် ရှင် သော သူ ရှိ သ မျှ တို့ သည် လည်း သေ ခြင်း နှင့် အ စဉ် မ ပြတ် ကင်း လွတ် ကြ လိမ့် မည်” (ယော၊ ၁၁:၂၅-၂၆)

“ဘု ရား သ ခင် ၏ သား တော် ကို ယုံ ကြည် သော သင် တို့ သည် ထာ ဝ ရ အ သက် ကို ကိုယ် တိုင် ရ သည် ဟု သိ စေ ခြင်း ငှါ၊ ဤ အ ရာ များ ကို သင် တို့ အား ငါ ရေး ၍ ပေး လိုက် ၏” (၁ ယော၊ ၅:၁၃)

“သ ခင် ဘု ရား သည် ကြွေး ကြော် ခြင်း၊ ကောင်း ကင် တ မန် မင်း အ သံ ပေး ခြင်း၊ ဘု ရား သ ခင် ၏ တံ ပိုး တော် ကို မှုတ် ခြင်း နှင့် တ ကွ၊ ကောင်း ကင် ဘုံ မှ ကိုယ် တိုင် ဆင်း သက် တော် မူ ၍၊ ခ ရစ် တော် ၌ သေ လွန် သော သူ တို့ သည် အ ဦး ထ မြောက် ကြ လိမ့် မည်။ ထို အ ခါ အ သက် ရှင် ၍ ကျန် ကြွင်း သော ငါ တို့ သည် အာ ကာ သ ကောင်း ကင် ၌ သ ခင် ဘု ရား ထံ တော် သို့ ရောက် စေ ခြင်း ငှါ၊ ထို သူ တို့ နှင့် တ ကွ မိုဃ်း တိမ် ပေါ် သို့ ချီ ဆောင် ခြင်း ကို ခံ ရ သော အား ဖြင့် သ ခင် ဘု ရား နှင့် အ တူ အ စဉ် မ ပြတ် နေ ရ ကြ လိမ့် မည်” (၁ သက်၊ ၄:၁၆-၁၇)

“တ ဖန် ကျောက် သ လင်း ကဲ့ သို့ ကြည် လင် ၍၊ ဘု ရား သ ခင် နှင့် သိုး သ ငယ် ၏ ပလ္လင် တော် ထဲ က ထွက် သော၊ အ သက် ရေ စီး ရာ မြစ် ကို ကောင်း ကင် တ မန် သည် ငါ့ အား ပြ လေ ၏။ မြို့ လမ်း မ အ လယ် ၌ ၎င်း၊ ထို မြစ် နှစ် ဘက် ၌ ၎င်း အ သက် ပင် ရှိ ၏။ ထို အ သက် ပင် သည် အ သီး တ ဆယ် နှစ် မျိုး ကို သီး တတ် ၏။ မိ မိ အ သီး ကို လည်း လ တိုင်း ပေး တတ် ၏။ အ ရွက် သည် လည်း လူ အ မျိုး မျိုး တို့ ၏ အ နာ ရော ဂါ ငြိမ်း စ ရာ ဘို့ ဖြစ် ၏။ နောက် တ ဖန် ကျိန် ခြင်း ဘေး တ စုံ တ ခု မျှ မ ရှိ။ ထို မြို့ ၌ ဘု ရား သ ခင် နှင့် သိုး သ ငယ် ၏ ပလ္လင် တော် ရှိ ၍၊ ဘု ရား သ ခင် ၏ ကျွန် တို့ သည် ဘု ရား ဝတ် ကို ပြု ကြ လိမ့် မည်။ မျက် နှာ တော် ကို မြင် ရ ၍၊ သူ တို့ န ဖူး ၌ လည်း နာ မ တော် ရေး ထား လျက် ရှိ လိမ့် မည်။ ထို မြို့ ၌ ညဉ့် မ ရှိ ရ။ ဆီ မီး ကို အ လို မ ရှိ။ နေ ၏ အ ရောင် ကို လည်း အ လို မ ရှိ။ အ ကြောင်း မူ ကား၊ ထာ ဝ ရ အ ရှင် ဘု ရား သ ခင် သည် သူ တို့ ၌ ရောင် ခြည် တော် ကို လွှတ် တော် မူ ၍၊ သူ တို့ သည် ကမ္ဘာ အ ဆက် ဆက် စိုး စံ ရ ကြ လ တံ့” (ဗျာ၊ ၂၂:၁-၅)

ခ ရစ် တော် ကို ယုံ ကြည် တဲ့ ကျွန် တော် တို့ ဟာ၊ သေ ပြီး ရင် ကောင်း ကင် ဘုံ ကို ဝင် စား မှာ ဖြစ် ပါ တယ်။ ခ ရစ် တော် ကို မ ယုံ ကြည် တဲ့ သူ တွေ က တော့ ထာ ဝ ရ င ရဲ မှာ ကျ ခံ ရ မှာ ဖြစ် ပါ တယ်။

“အ သက် စာ စောင် ၌ စာ ရင်း မ ဝင် သော သူ ရှိ သ မျှ တို့ ကို လည်း မီး အိုင် ထဲ သို့ ချ ပစ် လေ ၏” (ဗျာ၊ ၂၀:၁၅)

“ထို အ ခါ လက် ဝဲ တော် ဘက် ၌ ရှိ သော သူ တို့ အား မင်း ကြီး က၊ ကျိန် ခြင်း ကို ခံ ရ သော သူ တို့၊ မာရ် နတ် နှင့် သူ ၏ တ မန် တို့ အ ဘို့ ပြင် ဆင် သော ထာ ဝ ရ မီး ထဲ သို့ ငါ့ ထံ မှ ခွါ သွား ကြ လော့” (မ၊ ၂၅:၄၁)

ဆို တော့ ကာ၊ သေ ပြီး ရင် ဘယ် သွား မ လဲ ဆို တဲ့ မေး ခွန်း ရဲ့ အ ဖြေ က တော့၊ ကျွန် တော် တို့ မ သေ ခင် ဒီ လူ့ ဘ ဝ မှာ တုန်း က၊ ဘာ ကို ယုံ ကြည် ကိုး ကွယ် သ လဲ ဆို တဲ့ အ ပေါ် မှာ မူ တည် ပါ တယ်။

လော က သား တွေ အ တွက် ခက် ခဲ နက် နဲ လှ တဲ့ မေး ခွန်း ကြီး တွေ ကို ခ ရစ် တော် အား ဖြင့် အဲ သ လို အ လွယ် တ ကူ ဖြေ ရှင်း နိုင် တဲ့ အ ပြင်၊ လော ကီ သား တွေ မ သိ သေး တဲ့ အ မှန် တ ရား များ စွာ ကို လည်း ခ ရစ် တော် အား ဖြင့် ကျွန် တော် တို့ ယုံ ကြည် သူ တွေ သိ ကြ ရ ပါ တယ်။ အဲ ဒီ ထဲ က တစ် ချို့ ကို ရေး ပြ ရ ရင် –

၁) လူ ဟာ အ ပြစ် သား ဖြစ် တယ်

ဒါ ကို လူ တွေ က မ သိ ကြ ဘူး။ ကာ ယ ကံ၊ ဝ စီ ကံ၊ မ နော ကံ နဲ့ ပြစ် မှား မှ အ ပြစ် ဖြစ် တယ် လို့ ယူ ဆ ကြ တယ်။ အဲ သ လို မ ပြစ် မှား ရင် တောင် မှ၊ ဘု ရား သ ခင် ရဲ့ စံ ချိန် နဲ့ မ ကိုက် ညီ ခြင်း ကြောင့် မွေး က တည်း က အ ပြစ် သင့် နေ တယ် ဆို တာ ကို မ သိ ကြ ဘူး။

“အ ကျွန်ုပ် သည် မွေး စ က ပင် အ ပြစ် ပါ လျက် ရှိ ပါ ၏။ အ မိ ဝမ်း ထဲ မှာ ပ ဋိ သန္ဓေ ယူ စဉ် ပင် အ ပြစ် စွဲ ပါ ၏” (ဆာ၊ ၅၁:၅)

၂) လော က မှာ လူ ဆိုး ရော၊ လူ ကောင်း ရော ရှိ တယ်

ကျမ်း စာ က လူ ကောင်း မ ရှိ ဘူး လို့ ပြော တယ်။ လူ အား လုံး ဟာ လူ ဆိုး တွေ ချည်း ဘဲ။

“ကျမ်း စာ လာ သည် ကား၊ ဖြောင့် မတ် သော သူ မ ရှိ၊ တ ယောက် မျှ မ ရှိ။ နား လည် သော သူ မ ရှိ။ ဘု ရား သ ခင် ကို ရှာ သော သူ မ ရှိ။ လူ အ ပေါင်း တို့ သည် လမ်း လွဲ ကြ ပြီ။ တ ညီ တ ညွတ် တည်း အ သုံး မ ရ သော သူ ဖြစ် ကြ ပြီ။ ကောင်း သော အ ကျင့် ကို ကျင့် သော သူ မ ရှိ၊ တ ယောက် မျှ မ ရှိ” (ရော၊ ၃:၁၀-၁၂)

ဧ ဝံ ဂေ လိ ဆ ရာ Justin Peters ရဲ့ Clouds Without Water ဆို တဲ့ ဟော ပြော ပို့ ချ ချက် တွေ ကို ကျွန် တော် YouTube မှာ ကြည့် ရ တယ်။ မှား ယွင်း တဲ့ သွန် သင် မှု တွေ ကို ဖေါ် ထုတ် ထား တာ ဖြစ် ပါ တယ်။ အဲ ဒီ မှာ နာ မည် ကြီး Joel Osteen ရဲ့ မှား ယွင်း တဲ့ ဟော ပြော မှု အ ကြောင်း ပါ တယ်။ Joel Osteen က သူ လူ တွေ အ များ ကို တိုင် ပင် ကူ ညီ တဲ့ အ ခါ မှာ၊ သူ တွေ့ ရ တာ က ၉၉.၉ ရာ ခိုင် နှုန်း သော လူ တွေ ဟာ လူ ကောင်း တွေ ဖြစ် ကြ တယ် လို့ ပြော ပါ တယ်။ ခ ရစ် ယာန် ပါ လို့ အ မည် ခံ ထား တဲ့ တ ရား ဟော ဆ ရာ ကြီး တွေ ကိုယ် တိုင် ကျမ်း စာ နဲ့ ဆန့် ကျင် ပြီး ဟော ပြော ကြ တာ ဝမ်း နည်း စ ရာ ပါ ဘဲ။

၃) လူ ဟာ ကု သိုလ် ကောင်း မှု လုပ် ရင် င ရဲ က လွတ် မယ်

လူ တွေ က ကောင်း တာ လုပ် ရင် ကောင်း ရာ ရောက် မယ်၊ ဆိုး တာ လုပ် ရင် ဆိုး ရာ ရောက် မယ် လို့ ယုံ ကြည် ကြ တယ်။ ဒါ ကြောင့် “ရေ ဘူး နဲ့ ဖိ နပ် မ ပါ နွေ ခါ မှ သိ၊ ဒါ န နဲ့ သီ လ မ ပါ သေ ခါ မှ သိ” ဆို တဲ့ စ ကား ပုံ ဖြစ် လာ တာ ပေါ့။ ကျမ်း စာ က တော့ ကိုယ့် ကု သိုလ် ကြောင့် င ရဲ က လွတ် မှာ မ ဟုတ် ဘူး လို့ ပြော တယ်။

“ယုံ ကြည် သော အား ဖြင့် ကျေး ဇူး တော် ကြောင့် ကယ် တင် ခြင်း သို့ ရောက် ရ ၏။ ကိုယ် အ လို အ လျောက် ရောက် သည် မ ဟုတ်။ ဘု ရား သ ခင် သ နား တော် မူ ရာ ဖြစ် သ တည်း။ ကိုယ် ကု သိုလ် ကြောင့် ကယ် တင် တော် မူ ခြင်း သို့ ရောက် သည် မ ဟုတ်။ သို့ ဖြစ် ၍ အ ဘယ် သူ မျှ ဝါ ကြွား စ ရာ အ ခွင့် မ ရှိ” (ဧ၊ ၂:၈-၉)

၄) လူ ဟာ ကိုယ် ကောင်း ရာ ရောက် ဖို့ ကိုယ် တိုင် ကြိုး စား ရ မယ်

လူ တွေ က “ကြိုး စား ရင် ဘု ရား တောင် ဖြစ် မယ်” တို့၊ “ယောက်ျား တံ ခွန် လူ ရည် ချွန် က၊ ကောင်း ကင် တ မွတ် ကြယ် ကို ဆွတ် လည်း၊ မ လွတ် စ တမ်း ရ မြဲ လမ်း တည်း” စ သ ဖြင့် ကြိုး စား ရင် ဘာ မ ဆို ဖြစ် နိုင် တယ် လို့ ပြော ကြ တယ်။ ကျမ်း စာ က တော့ ခ ရစ် တော် က လွဲ လို့ ဘယ် သူ မှ ကိုယ့် ကို ကိုယ် မ ကယ် တင် နိုင် ဘူး လို့ အ ပြတ် ပြော တယ်။

“ထို သ ခင် မှ တ ပါး အ ဘယ် သူ မျှ ကယ် တင် ခြင်း အ မှု ကို မ တတ် နိုင်။ ထို သ ခင် ၏ နာ မ တော် မှ တ ပါး ငါ တို့ ကို ကယ် တင် နိုင် သော နာ မ တ စုံ တ ခု မျှ ကောင်း ကင် အောက် လူ တို့ တွင် မ ပေါ် မ ရှိ ဟု ပေ တ ရု သည် ထို သူ တို့ အား မြွက် ဆို ၏” (တ၊ ၄:၁၂)

၅) ကိုယ် လုပ် တဲ့ ကု သိုလ် ကောင်း မှု တွေ တစ် ခြား သူ ကို ဝေ မျှ လို့ ရ တယ်

ကျမ်း စာ က တော့ တစ် ခြား သူ တွေ အ တွက် ဘာ မှ လုပ် ပေး လို့ မ ရ ဘူး လို့ ပြော ပါ တယ်။

“မိ မိ ညီ အစ် ကို ကို အ ဘယ် သူ မျှ အ လျှင်း မ ရွေး နိုင်။ ရွေး ရန် အ ဘိုး ကို ဘု ရား သ ခင် ၌ မ ပေး နိုင်။ သူ တို့ အ သက် ဝိ ညာဉ် ၏ ရွေး ရန် အ ဘိုး ကြီး လှ ပေ ၏။ သို့ ဖြစ် ၍ အ စဉ် ရှုံး လျက် နေ ရ မည်” (ဆာ၊ ၄၉:၈)

ငါ သည် လမ်း ခ ရီး ဖြစ် ၏

ကျွန် တော် က သင်္ဘော သား ဖြစ် တော့၊ ဒီ လမ်း ခ ရီး ဖြစ် တယ် ဆို တဲ့ အ ချက် ဟာ ကျွန် တော့် အ တွက် အ တော် လည်း အ ဓိပ္ပါယ် ရှိ တယ်။ ကျွန် တော် တို့ သင်္ဘော နဲ့ ပင် လယ် ခ ရီး စဉ် သွား တဲ့ အ ခါ မှာ တစ် ခါ တစ် လေ လေ ပြင်း မုန် တိုင်း တွေ နဲ့ တွေ့ ကြုံ ရ တတ် သ လို တစ် ခါ တစ် လေ လည်း လှိုင်း ငြိမ် လေ ငြိမ် နဲ့ သာ သာ ယာ ယာ ခ ရီး စဉ် တွေ့ ကြုံ ရ တယ်။ ပင် လယ် ခ ရီး စဉ် ဘယ် လို ဘဲ ဖြစ် နေ ပါ စေ အ ဆုံး တစ် နေ့ မှာ တော့ ကျွန် တော် တို့ ရောက် လို တဲ့ ဆိပ် ကမ်း ကို ရောက် စ မြဲ ပါ။ ဒါ ပေ မဲ့ ဆိပ် ကမ်း ကို ချက် ချင်း ဝင် ချင် တိုင်း ဝင် လို့ မ ရ ဘူး။ ပင် လယ် သ မုဒ္ဒ ရာ အ လယ် မှာ ရေ ပုံ တွေ ကို သုံး ပြီး သင်္ဘော ကို ကျွန် တော် မောင်း ချင် သ လို မောင်း နိုင် ပေ မဲ့ ဆိပ် ကမ်း ထဲ မှာ ကျွန် တော် မောင်း ချင် တိုင်း မောင်း လို့ မ ရ ဘူး။ ရေ လမ်း ကြောင်း ကျဉ်း တယ်။ ရေ တိမ် တဲ့ နေ ရာ တွေ၊ သောင် တွေ၊ ကျောက် ဆောင် တွေ ရှိ တတ် တယ်။ ရေ စီး သန် တတ် တယ်။ အန္တ ရာယ် များ တယ်။ ဒါ ကြောင့် ဆိပ် ကမ်း ရောက် ရင် အဲ ဒီ ဆိပ် ကမ်း ရဲ့ ရေ ကြောင်း ပြ (Pilot) သင်္ဘော ပေါ် တက် လာ ပြီး မှ၊ ရေ ကြောင်း ပြ ရဲ့ ပဲ့ ကိုင် လမ်း ပြ မှု နဲ့ ဆိပ် ကမ်း ကို ဆိုက် ကပ် လို့ ရ တယ်။ ရေ ကြောင်း ပြ မ ရှိ ရင် သင်္ဘော ကိုယ် လို ရာ မ ရောက် နိုင် ဘူး။ ဒါ ကြောင့် သင်္ဘော တစ် စီး ဆိပ် ကမ်း ကို ဘေး ကင်း ရန် ကင်း ဆိုက် ကပ် နိုင် ရေး မှာ ရေ ကြောင်း ပြ ဟာ မ ရှိ မ ဖြစ် အ ရေး ပါ သူ ဖြစ် ပါ တယ်။

အဲ ဒီ ရေ ကြောင်း ပြ လုပ် တဲ့ သူ မှာ ဂုဏ် အင်္ဂါ သုံး ရပ် နဲ့ ပြည့် စုံ ရ တယ်။

၁) ရေ ကြောင်း ပြ ဟာ ကိုယ် သွား ချင် တဲ့ ဆိပ် ကမ်း မြို့ က လာ တဲ့ သူ ဖြစ် ရ မယ်

ကမ္ဘာ ပေါ် က ဆိပ် ကမ်း မြို့ ကြီး တွေ မှာ ရေ ကြောင်း ပြ တွေ အ များ ကြီး ရှိ ပါ တယ်။ ဒါ ပေ မဲ့ ကျွန် တော့် သင်္ဘော ရန် ကုန် ဆိပ် ကမ်း ကို ကပ် ချင် ရင်၊ လမ်း ပြ တဲ့ ရေ ကြောင်း ပြ ဟာ ရန် ကုန် ဆိပ် ကမ်း ရဲ့ ရေ ကြောင်း ပြ ဘဲ ဖြစ် ရ ပါ မယ်။ တစ် ခြား မြို့ က လာ တဲ့ ရေ ကြောင်း ပြ နဲ့ ရန် ကုန် ဆိပ် ကမ်း ကို ဝင် ကပ် လို့ မ ဖြစ် နိုင် ဘူး။ ကပ် ဖို့ ကြိုး စား ရင်၊ အဲ ဒီ ရေ ကြောင်း ပြ ဘယ် လောက် ဘဲ မိုး ပျံ အောင် တော် နေ ပါ စေ၊ သင်္ဘော ပျက် စီး ဖို့ သေ ချာ တယ်။ ရန် ကုန် ဆိပ် ကမ်း ကို ဝင် ကပ် ချင် ရင် ရန် ကုန် မြို့ က လာ တဲ့ ရေ ကြောင်း ပြ နဲ့ ဘဲ ချော ချော မော မော ကမ်း ကပ် နိုင် မှာ ဖြစ် ပါ တယ်။

၂) ရေ ကြောင်း ပြ ဟာ သူ လမ်း ပြ မဲ့ ရေ လမ်း ခ ရီး ကို ကိုယ် တိုင် ဖြတ် သန်း ဘူး သူ ဖြစ် ရ မယ်

ရေ ကြောင်း ပြ လုပ် ပြီး တော့ အဲ ဒီ ရေ လမ်း ခ ရီး ကို တစ် ခါ မှ မ သွား ဘူး ဘူး ဆို ရင် ဘာ အ ဓိပ္ပါယ် ရှိ မှာ လဲ။ သူ မ သွား ဘူး တဲ့ ရေ လမ်း ခ ရီး ကို ဘေး ကင်း ရန် ကင်း လမ်း ပြ ဖို့ ဆို တာ မ ဖြစ် နိုင် ဘူး။ သူ သွား ဘူး တဲ့ လမ်း ခ ရီး ဖြစ် မှ လမ်း ကျွမ်း ပြီး ကောင်း ကောင်း လမ်း ပြ နိုင် မှာ ပေါ့။ အဲ ဒါ ကြောင့် ရေ ကြောင်း ပြ လုပ် တဲ့ သူ ဟာ၊ သူ လမ်း ပြ မဲ့ ရေ ကြောင်း ကို ကောင်း ကောင်း သွား လာ ဘူး ပြီး ဘေး အန္တ ရာယ် အား လုံး ကို အ သေး စိတ် သိ နား လည် တဲ့ သူ ဖြစ် ရ မယ်။

၃) ရေ ကြောင်း ပြ ဟာ သူ လမ်း ပြ တဲ့ သင်္ဘော နဲ့ အ တူ တူ လိုက် သူ ဖြစ် ရ မယ်

သင်္ဘော ကို ဘေး ကင်း ရန် ကင်း သွား နိုင် ဖို့ ရေ ကြောင်း ပြ ပေး တယ် ဆို ပြီး၊ သင်္ဘော နဲ့ အ တူ မ လိုက် ဘဲ အ ဝေး က နေ လှမ်း ပြီး လက် ဟန် ခြေ ဟန် နဲ့ လမ်း ပြ ပေး လို့ မ ရ ဘူး။ လက် ကိုင် ဖုံး နဲ့ လည်း လမ်း ပြ ပေး လို့ မ ရ ဘူး။ အ ဝေး ထိန်း စံ နစ် နဲ့ လည်း အ ကွေ့ အ ကောက် တွေ နဲ့ ရေ လမ်း ကြောင်း ကျဉ်း ကျဉ်း လေး မှာ လမ်း ပြ ပေး လို့ မ ရ ဘူး။ ရေ ကြောင်း ပြ ဟာ ကိုယ် တိုင် သင်္ဘော နဲ့ အ တူ လိုက် ပြီး၊ သင်္ဘော ရဲ့ အ နေ အ ထား၊ မြန် နှုန်း၊ ပဲ့ ကိုင် ပုံ စ တာ တွေ ကို အ နီး ကပ် ကြီး ကြပ် ပြီး လမ်း ပြ ရ တာ ဖြစ် တယ်။ အဲ သ လို မှ လည်း လို ရာ ဆိပ် ကမ်း ကို ဘေး မဲ့ လုံ ခြုံ စွာ ဆိုက် ကပ် နိုင် မှာ ဖြစ် ပါ တယ်။ ဒါ ကြောင့် ရေ ကြောင်း ပြ လုပ် တဲ့ သူ ဟာ၊ သူ လမ်း ပြ ပေး တဲ့ သင်္ဘော နဲ့ အ တူ တူ လိုက် ဖို့ လို တယ်။

နောင် ဘ ဝ အ တွက် လမ်း ပြ ပုဂ္ဂိုလ် များ

ကျွန် တော် တို့ လူ သား အား လုံး ဟာ လည်း၊ ဘ ဝ ပင် လယ် ထဲ မှာ ခ ရီး စဉ် ပြု နေ တဲ့ သူ တွေ ပါ။ မွေး ဖွား ခြင်း ဆို တဲ့ ခ ရီး စဉ် အ စ က နေ ပြီး တော့၊ သေ ဆုံး ခြင်း ဆို တဲ့ ခ ရီး စဉ် အ ဆုံး အ ထိ သွား နေ ကြ ပါ တယ်။ ပင် လယ် ထဲ မှာ မုန် တိုင်း တစ် လှည့် လေ ပြေ တစ် လှည့် တွေ့ ကြုံ ရ သ လို ဘဲ၊ ဘ ဝ ခ ရီး စဉ် တစ် လျှောက် မှာ လည်း ဒုက္ခ တွေ စိတ် ညစ် စ ရာ တွေ နဲ့ တွေ့ ကြုံ ရ တဲ့ အ ခါ ရှိ သ လို၊ စိတ် ချမ်း သာ ပျော် ရွှင် ရ တဲ့ အ ခါ လည်း ရှိ မှာ ပါ။ ဘ ဝ မှာ ဘယ် လို အ ခြေ အ နေ မျိုး တွေ နဲ့ ဘဲ ကြုံ ရ ကြုံ ရ၊ ဘ ဝ ခ ရီး ရဲ့ အ ဆုံး သတ် မှာ တော့ လူ သား အား လုံး ဟာ သေ ခြင်း တ ရား ဆို တဲ့ လမ်း ဆုံး ကို ရောက် ရှိ ကြ မှာ ဘဲ။ နောက် ဘ ဝ မှာ ကိုယ် ရောက် ချင် တဲ့ နေ ရာ၊ နိဗ္ဗာန် တို့၊ ကောင်း ကင် ဘုံ တို့ ဆို တာ အဲ ဒီ သေ ခြင်း လမ်း ရဲ့ အ ဆုံး တစ် ဖက် ရှိ ပါ တယ်။ ဆို တော့ ကာ၊ လူ တွေ ဟာ သူ တို့ ရဲ့ သေ ခြင်း လမ်း ခ ရီး စဉ် ရဲ့ အ ဆုံး၊ သူ တို့ သွား ချင် တဲ့ နေ ရာ၊ ကောင်း တယ် ဆို တဲ့ နေ ရာ ကို ရောက် ဖို့ အ တွက် လမ်း ပြ ပေး မဲ့ ပုဂ္ဂိုလ် တွေ ကို မ သေ ခင် ဒီ ဘ ဝ မှာ က တည်း က ရွေး ချယ် ထား ကြ တယ်။ အဲ ဒီ လမ်း ပြ တွေ ဟာ ဘာ သာ တ ရား ကို ထူ ထောင် တဲ့ ပုဂ္ဂိုလ် တွေ ဖြစ် ကြ ပါ တယ်။ အ များ သိ ကြ တာ က ဗုဒ္ဓ၊ မို ဟာ မက် နဲ့ ယေ ရှု ခ ရစ် တော် တို့ ဖြစ် ကြ ပါ တယ်။ လူ သိ နည်း တဲ့ လမ်း ပြ ပုဂ္ဂိုလ် တွေ လည်း ရှိ ပါ လိမ့် မယ်။ တစ် ချို့ နောင် ဘ ဝ မ ယုံ တဲ့ သူ တွေ၊ ဘု ရား မဲ့ တွေ က တော့ ဘာ လမ်း ပြ ကို မှ မ ရွေး ထား ကြ ဘူး ပေါ့။ သူ တို့ ဘာ ဖြစ် မ လဲ ဆို တာ အ ထူး ပြော စ ရာ မ လို ဘူး လို့ ထင် ပါ တယ်။

ဗုဒ္ဓ ဘာ သာ ဝင် တွေ အ တွက် ဗုဒ္ဓ ဂေါ တ မ ဟာ လမ်း ပြ ဖြစ် ပါ တယ်။ မွတ် စ လင် တွေ အ တွက် က တော့ မို ဟာ မက် ဟာ သူ တို့ လမ်း ပြ ပါ။ ခ ရစ် ယာန် တွေ အ တွက် တော့ ခ ရစ် တော် ဟာ လမ်း ပြ ပါ။ တစ် ခြား ဘာ သာ ဝင် တွေ မှာ လည်း ကိုယ် စီ လမ်း ပြ ပုဂ္ဂိုလ် တွေ ရှိ ပါ လိမ့် မယ်။ ဘယ် လမ်း ပြ ပုဂ္ဂိုလ် ကို ဘဲ ရွေး ရွေး၊ အ ရေး ကြီး တာ က သေ ခြင်း လမ်း ရဲ့ အ ဆုံး တစ် ဖက် က ကိုယ် ရောက် ချင် တဲ့ နိဗ္ဗာန် သို့ မ ဟုတ် ကောင်း ကင် ဘုံ ကို ရောက် ဖို့ ကိုယ့် ကို လမ်း ပြ မဲ့ ပုဂ္ဂိုလ် ဟာ၊ လမ်း ပြ တစ် ဦး မှာ ရှိ အပ် တဲ့ ဂုဏ် အင်္ဂါ နဲ့ ပြည့် စုံ ဖို့ လို ပါ တယ်။ အဲ သ လို ပြည့် စုံ မှ လည်း လို ရာ ပန်း တိုင် ရောက် အောင် လမ်း ပြ နိုင် မှာ ပေါ့။ အဲ ဒီ ဂုဏ် အင်္ဂါ နဲ့ မ ပြည့် စုံ ခဲ့ ရင် သူ လမ်း ပြ တဲ့ အ သက် ဝိ ညာဉ် ကို ရောက် ချင် တဲ့ နေ ရာ ဘေး ကင်း ရန် ကင်း ရောက် အောင် လမ်း ပြ ပေး နိုင် မှာ မ ဟုတ် ဘူး။ ဒီ တော့ ကာ ဗုဒ္ဓ၊ မို ဟာ မက် နဲ့ ခ ရစ် တော် တို့ ရဲ့ လမ်း ပြ ဂုဏ် အင်္ဂါ အ ရည် အ ချင်း ပြည့် စုံ မှု ကို ဆန်း စစ် ဖို့ လို ပါ လိမ့် မယ်။

ဗုဒ္ဓ ဂေါ တ မ ဟာ နိဗ္ဗာန် ရောက် ကြောင်း တ ရား ကို ဟော ပေ မဲ့ သူ ကိုယ် တိုင် နိဗ္ဗာန် က လာ တဲ့ သူ မ ဟုတ် ပါ ဘူး။ သူ ဟာ နိဗ္ဗာန် ကို တစ် ခါ မှ မ ရောက် ဘူး ဘူး။ သူ မ ရောက် ဘူး တဲ့ နေ ရာ ကို ဘယ် လို သွား ရ မ လဲ ဆို တာ ကို လမ်း ညွှန် တဲ့ သူ ဖြစ် ပါ တယ်။ ပြီး တော့ နိဗ္ဗာန် ရောက် ကြောင်း တ ရား ဟော တဲ့ အ ချိန် မှာ သူ မ သေ ဘူး သေး ဘူး။ သေ ခြင်း တ ရား ကို ရင် မ ဆိုင် ဘူး ဘူး။ သေ ခြင်း လမ်း ကို မ လျှောက် ဘူး ဘူး။ ပြီး တော့ သူ့ နောက် လိုက် တဲ့ သူ တွေ နဲ့ အ တူ လိုက် ပြီး နိဗ္ဗာန် ထိ ရောက် အောင် ပို့ ပေး နိုင် တဲ့ သူ လည်း မ ဟုတ် ဘူး။ သူ ဟာ ကွယ် လွန် သေ ဆုံး ပြီး နောက် မှာ ပြန် ပေါ် မ လာ တော့ ဘူး။ နောက် ပိုင်း သူ့ ကို သက် ဝင် ယုံ ကြည် သူ တွေ အ တွက် ဘာ မှ လုပ် မ ပေး နိုင် ဘူး။

အစ္စ လမ် ဘာ သာ ဝင် တွေ ရဲ့ မို ဟာ မက် လည်း ထို နည်း ၎င်း ပါ ဘဲ။ ကောင်း ကင် ရောက် ကြောင်း တ ရား ဟော ပေ မဲ့ သူ ကိုယ် တိုင် ကောင်း ကင် ဘုံ က လာ တဲ့ သူ မ ဟုတ် ဘူး။ ပြီး တော့ လည်း တ ရား ဟော တဲ့ အ ချိန် မှာ သူ မ သေ ဘူး သေး ဘူး။ သေ ခြင်း လမ်း ကို သူ မ လျှောက် ဘူး ဘူး။ သူ သေ ပြီး နောက် မှာ လည်း ပြန် ပေါ် မ လာ တော့ ဘူး။ သူ့ ကို ယုံ ကြည် တဲ့ မွတ် စ လင် တွေ အ တွက် သူ ဘာ မှ လုပ် မ ပေး နိုင် ဘူး။ မွတ် စ လင် တွေ ရောက် ချင် တဲ့ ကောင်း ကင် ဘုံ ရောက် တဲ့ အ ထိ သူ တို့ ကို သူ ကိုယ် တိုင် လိုက် မ ပို့ နိုင် ဘူး။

ဒီ အ ချက် တွေ ကို ကြည့် ရင် ဗုဒ္ဓ ရော မို ဟာ မက် ပါ၊ လမ်း ပြ တစ် ဦး မှာ ရှိ သင့် တဲ့ ဂုဏ် အင်္ဂါ အ ရည် အ ချင်း သုံး ခု ထဲ က တစ် ခု ကို မှ မ ပိုင် ဆိုင် တဲ့ အ တွက်၊ စစ် မှန် တဲ့ လမ်း ပြ တွေ မ ဟုတ် ကြ ဘူး ဆို တာ တွေ့ ရ မယ်။ အဲ ဒါ ကြောင့် သူ တို့ ကို အား ကိုး မယ် ဆို ရင် ကိုယ့် ရဲ့ အ သက် ဝိ ညာဉ် ဒုက္ခ ရောက် ဖို့ ဘဲ ရှိ တယ်။ ကိုယ့် ဝိ ညာဉ် နိဗ္ဗာန် သို့ မ ဟုတ် ကောင်း ကင် ဘုံ ကို မ ရောက် ဘဲ၊ င ရဲ ထဲ ရောက် ဖို့ ဘဲ ရှိ တယ်။

စစ် မှန် သော လမ်း ပြ ရှင်

ယေ ရှု ခ ရစ် တော် ကြ တော့ ဗုဒ္ဓ တို့၊ မို ဟာ မက် တို့ လို မ ဟုတ် ဘူး။ သူ ဟာ သူ ဟော ပြော တဲ့ ကောင်း ကင် ဘုံ က နေ လာ တဲ့ သူ ဖြစ် တယ်။ ကောင်း ကင် ဘုံ မှာ နေ တဲ့ သူ လည်း ဖြစ် တယ်။ ကောင်း ကင် ဘုံ ကို ဘယ် လို ရောက် အောင် သွား ရ မ လဲ ဆို တာ ကို ကောင်း ကောင်း သိ တယ်။

“ကောင်း ကင် ဘုံ က ဆင်း သက် ၍ ကောင်း ကင် ဘုံ ၌ ရှိ နေ သော လူ သား မှ တ ပါး အ ဘယ် သူ မျှ ကောင်း ကင် ဘုံ သို့ မ တက် ပြီ။ မော ရှေ သည် တော ၌ မြွေ ကို မြှောက် ထား သ ကဲ့ သို့ လူ သား သည် မြှောက် ထား ခြင်း ကို ခံ ရ မည်။ အ ကြောင်း မူ ကား၊ ထို သား တော် ကို ယုံ ကြည် သော သူ အ ပေါင်း တို့ သည် ပျက် စီး ခြင်း သို့ မ ရောက်၊ ထာ ဝ ရ အ သက် ကို ရ မည် အ ကြောင်း တည်း” (ယော၊ ၃:၁၃-၁၅)

“ငါ့ ကို အ မှီ မ ပြု လျှင် အ ဘယ် မျှ ခ မည်း တော် ထံ သို့ မ ရောက် ရ” (ယော၊ ၁၄:၆)

ပြီး တော့ သူ ဟာ သေ ခြင်း လမ်း ကို လျှောက် ဘူး တဲ့ သူ ဖြစ် တယ်။ သူ ဧ ဝံ ဂေ လိ တ ရား ဟော ပြီး နောက် မှာ၊ ဘာ အ ပြစ် မှ မ ပြ နိုင် ပေ မဲ့ သူ့ ကို သေ ဒဏ် ပေး ကြ တယ်။ သူ ကား တိုင် ပေါ် မှာ အ သေ ခံ ပြီး နောက်၊ သုံး ရက် မြောက် နေ့ မှာ ရှင် ပြန် ထ မြောက် ပြီး တ ပည့် တော် တွေ ကို ဆက် လက် ဟော ပြော လမ်း ပြ သူ ဖြစ် ပါ တယ်။

“ထို အ ကြောင်း အ ရာ ဟူ မူ ကား၊ ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ၎င်း၊ တန် ခိုး တော် နှင့် ၎င်း၊ နာ ဇ ရက် မြို့ သား ယေ ရှု ကို ဘိ သိက် ပေး တော် မူ သ ဖြင့်၊ ထို သူ သည် ဘု ရား သ ခင် ၏ အ ခွင့် တော် နှင့် ကျေး ဇူး ပြု လျက်၊ မာရ် နတ် ညှဉ်း ဆဲ သော သူ အ ပေါင်း တို့ အား ချမ်း သာ ကို ပေး လျက် လှည့် လည် တော် မူ ၏။ ငါ တို့ သည် လည်း၊ ယေ ရု ရှ လင် မြို့ မှ စ ၍ ယု ဒ ပြည် တွင် ပြု တော် မူ သော အ မှု များ တို့ ၏ သက် သေ ခံ ဖြစ် ကြ ၏။ ထို သူ ကို သစ် တိုင် ၌ ဆွဲ ၍ ကွပ် မျက် ကြ လေ ၏။ သုံး ရက် မြောက် သော နေ့ ၌ ဘု ရား သ ခင် သည် ထ မြောက် စေ တော် မူ ၍၊ လူ အ ပေါင်း တို့ အား ထင် ရှား စွာ ပြ တော် မ မူ။ ဘု ရား သ ခင် ခန့် ထား တော် မူ နှင့် သော သက် သေ ခံ တည်း ဟူ သော ငါ တို့ အား ထင် ရှား စွာ ပြ တော် မူ ၏။ သေ ခြင်း မှ ထ မြောက် တော် မူ သည် နောက်၊ ထို သ ခင် နှင့် အ တူ ငါ တို့ သည် စား သောက် ရ ကြ ၏။ ထို သ ခင် သည် လည်း အ သက် ရှင် သော သူ တို့ နှင့် သေ သော သူ တို့ ကို တ ရား စီ ရင် သော သ ခင် ဖြစ် စေ ခြင်း ငှါ၊ ဘု ရား သ ခင် ခန့် ထား တော် မူ ကြောင်း ကို လူ အ ပေါင်း တို့ အား ဟော ပြော ကြ လော့။ သက် သေ ခံ ကြ လော့ ဟု ငါ တို့ အား ပ ညတ် ထား တော် မူ ၏” (တ၊ ၁၀:၃၈-၄၂)

“ငါ သည် ကိုယ် တိုင် ခံ ယူ သည် အ တိုင်း၊ သင် တို့ အား ရှေ့ ဦး စွာ အပ် ပေး သော အ ကြောင်း အ ရာ ဟူ မူ ကား၊ ခ ရစ် တော် သည် ကျမ်း စာ လာ သည် အ တိုင်း ငါ တို့ အ ပြစ် ကြောင့် အ သေ ခံ တော် မူ ၏။ သင်္ဂြိုဟ် ပြီး မှ၊ ကျမ်း စာ လာ သည် အ တိုင်း သုံး ရက် မြောက် သော နေ့ ၌ ထ မြောက် တော် မူ ၏။ ကေ ဖ သည် ကိုယ် တော် ကို မြင် ပြီး မှ၊ တ ကျိပ် နှစ် ပါး သော သူ တို့ သည် မြင် ရ ကြ ၏။ ထို နောက် ညီ အစ် ကို ငါး ရာ မ က၊ တ ပြိုင် နက် မြင် ရ ကြ ၏။ ထို သူ တို့ တွင် အ များ သော သူ တို့ သည် ယ ခု တိုင် အောင် အ သက် ရှင် ကြ သေး ၏။ အ ချို့ တို့ သည် အိပ် ပျော် ကြ ပြီ။ ထို နောက် ယာ ကုပ် မြင် ရ ၏။ ထို နောက် တ မန် တော် အ ပေါင်း တို့ သည် မြင် ရ ကြ ၏။ နောက် ဆုံး ၌ အ ချိန် မ တော် မ တန် ဘွား သော သူ ကဲ့ သို့ ဖြစ် သော ငါ ပင် မြင် ရ ၏” (၁ ကော၊ ၁၅:၃-၈)

ဒါ တင် မ က သေး ဘူး၊ ခ ရစ် တော် ဟာ ထာ ဝ ရ အ သက် ရှင် တဲ့ အ တွက်၊ သူ့ ကို ယုံ ကြည် ကိုး ကွယ် တဲ့ သူ တွေ ကို အ မြဲ ကြည့် ရှု စောင့် ရှောက် ပြီး၊ ကောင်း ကင် ဘုံ အ ထိ ကိုယ် တိုင် ပို့ ဆောင် ပေး သူ လည်း ဖြစ် တယ်။

“ယေ ရှု မူ ကား၊ နိစ္စ ထာ ဝ ရ တည် သော ကြောင့် မ ပြောင်း မ လဲ သော ယဇ် ပု ရော ဟိတ် အ ရာ ၌ ခန့် ထား လျက် ရှိ ၏။ ထို ကြောင့်၊ အ ကြင် သူ တို့ သည် ယေ ရှု အား ဖြင့် ဘု ရား သ ခင့် အ ထံ တော် သို့ ချဉ်း ကပ် ကြ ၏၊ ထို သူ တို့ ၏ အ မှု ကို ကိုယ် တော် သည် စောင့် လျက်၊ ကာ လ အ စဉ် အ သက် ရှင် သော ကြောင့်၊ သူ တို့ ကို အ စဉ် ကယ် တင် ခြင်း ငှါ တတ် နိုင် တော် မူ ၏” (ဟေ ဗြဲ၊ ၇:၂၄-၂၅)

“ထို မျှ မ က၊ သ ခင် ဘု ရား သည် မ ကောင်း သော အ မှု ရှိ သ မျှ တို့ မှ ငါ့ ကို ကယ် နှုတ် ၍၊ မိ မိ ကောင်း ကင် နိုင် ငံ တော် သို့ တိုင် အောင် မ စ ပို့ ဆောင် တော် မူ လိမ့် မည်” (၂ တိ၊ ၄:၁၈)

ဒါ ကြောင့်၊ ဒီ ကမ္ဘော ပေါ် မှာ ဘု ရား တွေ၊ တ မန် တော် တွေ လို့ ဆို ပြီး လော ကီ သား တွေ ယုံ ကြည် ကိုး ကွယ် ကြ တဲ့ လမ်း ပြ ပုဂ္ဂိုလ် ပေါင်း အ များ ကြီး ထဲ မှာ သ ခင် ယေ ရှု ခ ရစ် တော် တစ် ပါး တည်း သာ လျှင် စစ် မှန် သော လမ်း ပြ ရှင် ဖြစ် ပါ တယ်။ သူ တစ် ဦး တည်း က ဘဲ လူ တွေ ကို ကယ် တင် ပြီး ကောင်း ကင် နိုင် ငံ ထိ အောင် လမ်း ပြ ပို့ ဆောင် နိုင် သူ ဖြစ် ပါ တယ်။

အ ဆုံး သတ်

ဒါ ကြောင့် ခ ရစ် တော် ပြော ခဲ့ တဲ့ “ငါ သည် လမ်း ခ ရီး ဖြစ် ၏။ သမ္မာ တ ရား လည်း ဖြစ် ၏။ အ သက် လည်း ဖြစ် ၏” ဆို တဲ့ ကျမ်း ချက် ဟာ အ လွန် အင် မ တန် အ ဓိပ္ပါယ် လေး နက် လှ ကြောင်း ကျွန် တော် ပြော ပြ ချင် ပါ တယ် ခင် ဗျား။