စာလုံးအ ရွယ်အစား

က က

ပြန် သွား

Published: 10/12/2021 Last Edited: 10/12/2021

ဗတ္တိ ဇံ ဆ ရာ ယော ဟန် ၏ ဆု လာဘ် (သို့ မ ဟုတ်) ဘု ရား သ ခင် ၏ ဆု ချီး မြှင့် ခြင်း

လူ့ သ မိုင်း တစ် လျှောက် မိန်း မ က နေ ဖွား မြင် တဲ့ သူ တွေ အား လုံး ထဲ မှာ ဗတ္တိ ဇံ ဆ ရာ ယော ဟန် ဟာ အ ကြီး မြတ် ဆုံး ပုဂ္ဂိုလ် ဖြစ် တယ် လို့ အ ရှင် ယေ ရှု ခ ရစ် တော် က ပြော ခဲ့ ပါ တယ်။

“ငါ အ မှန် ဆို သည် ကား၊ မိန်း မ မွေး သော သူ တို့ တွင် ဗတ္တိ ဇံ ဆ ရာ ယော ဟန် ထက် ကြီး မြတ် သော သူ တ ယောက် မျှ မ ပေါ် မ ထွန်း သေး။” (မ၊ ၁၁:၁၁)

“ငါ ဆို သည် ကား၊ မိန်း မ မွေး သော သူ တို့ တွင် ဗတ္တိ ဇံ ဆ ရာ ယော ဟန် ထက် ကြီး မြတ် သော ပ ရော ဖက် တ ယောက် မျှ မ ရှိ။” (လု၊ ၇:၂၈)

ဗတ္တိ ဇံ ဆ ရာ ယော ဟန် ဟာ ဘာ ကြောင့် အ ကြီး မြတ် ဆုံး ပုဂ္ဂိုလ် ဖြစ် ရ တာ လဲ။ ကျွန် တော့ အ မြင် က တော့ သူ ဟာ ဘု ရား သ ခင် အ တွက် လမ်း ပြင် ဆင် ပေး တဲ့ သူ ဖြစ် လို့ ပါ ဘဲ။ ကောင်း ကင်၊ မြေ ကြီး နဲ့ အ ရာ ခပ် သိမ်း ကို ဖန် ဆင်း တဲ့ ဖန် ဆင်း ရှင် ဘု ရား သ ခင် အ တွက် ကြို တင် လမ်း ဖောက် တဲ့ အ လုပ် လောက် အ ရေး ကြီး ပြီး မြင့် မြတ် တဲ့ အ လုပ် ဒီ ကမ္ဘာ ပေါ် မှာ ရှိ နိုင် ပါ့ မ လား။ ဒီ အ လုပ် ဟာ လူ့ သ မိုင်း မှာ အ ကြီး ကြယ် ဆုံး အ လုပ် လို့ ဆို နိုင် ပါ တယ်။ ဒါ ကို လုပ် ဆောင် ရ လို့ လည်း သူ ဟာ လူ တွေ ထဲ မှာ အ ကြီး မြတ် ဆုံး လို့ ဘု ရား သ ခင် က မှတ် တမ်း တင် ထား တာ ဖြစ် ပါ လိမ့် မယ်။

ခေတ် စ ကား နဲ့ ပြော ရ မယ် ဆို ရင် သ ခင် ခ ရစ် တော် ဒီ လော က မှာ အ မှု တော် ဆောင် နိုင် ဖို့ အ တွက် ယော ဟန် က ကြို တင် ပြီး လမ်း ခင်း ပေး ရ တယ်။ လို အပ် တဲ့ အ ခြေ အ နေ တွေ ကို ကြို တင် ပြီး ဖန် တီး ပေး ထား ရ တယ်။ ဘု ရား သ ခင် အ တွက် ဒီ လို လုပ် ဆောင် ပေး ရ တဲ့ ယော ဟန် လို လူ မျိုး လူ့ သ မိုင်း တစ် လျှောက် မှာ တစ် ခါ မှ မ ပေါ် ပေါက် ခဲ့ ဘူး ဘူး။ နောင် မှာ လည်း ပေါ် ပေါက် တော့ မှာ မ ဟုတ် ဘူး။ ဒါ ကြောင့် သူ့ ကို သ ခင် ခ ရစ် တော် က သ မိုင်း တစ် လျှောက် လူ တွေ ထဲ မှာ အ ကြီး မြတ် ဆုံး သော သူ ဖြစ် တယ် လို့ ဆို ခြင်း ဖြစ် ပါ လိမ့် မယ်။

မယ် တော် မာ ရိ ကို ကောင်း ကင် တ မန် ဂါ ဗြေ လ ပြော တဲ့ စ ကား အ ရ ဗတ္တိ ဇံ ဆ ရာ ယော ဟန် ဟာ သ ခင် ခ ရစ် တော် ထက် အ သက် ခြောက် လ ‌လောက် ပို ကြီး တယ် လို့ ကျွန် တော် တို့ သိ ရ ပါ တယ်။

ထို မှ တ ပါး၊ အ မြုံ မ ဟူ ၍ ခေါ် ဝေါ် သော သင် ၏ အ ဆွေ အ မျိုး ဧ လိ ရှ ဗက် သည် ပ ဋိ သန္ဓေ စွဲ ယူ ၍ ယ ခု ခြောက် လ အ ဝင် ရှိ ပြီ။” (လု၊ ၁:၃၆)

ဒါ ပေ မဲ့ သူ ဘယ် အ ချိန် မှာ စ ပြီး အ မှု တော် ဆောင် တယ် ဆို တာ ကို တော့ မှတ် တမ်း တင် ထား တာ မ တွေ့ ရ ဘူး။ သို့ သော် လည်း ဘဲ သူ ဟာ သူ့ တာ ဝန် ကို ဆင်း ရဲ ဒုက္ခ အ ပင် ပန်း ခံ ပြီး ထမ်း ဆောင် ခဲ့ တယ် လို့ ကျွန် တော် တို့ သိ နိုင် တယ်။ သာ မန် ဘာ သာ ရေး ပုဂ္ဂိုလ် တွေ ဖြစ် တဲ့ ဖာ ရိ ရှဲ နဲ့ ကျမ်း ပြု ဆ ရာ ဆို တဲ့ သူ တွေ ဟာ မြို့ ပြ တွေ မှာ စည်း စိမ် ချမ်း သာ၊ ဩ ဇာ အာ ဏာ နဲ့ နေ ကြ တဲ့ အ ချိန် မှာ၊ အ ကြီး မြတ် ဆုံး ပ ရော ဖက် ဖြစ် တဲ့ ယော ဟန် က တော့ တော ထဲ မှာ ‌ဘဲ နေ ပြီး နောင် တ တ ရား ကို ဟော တယ်။ စည်း စိမ် မ ခံ ဘူး။ ဝတ် ကောင်း စား လှ တွေ မ ဝတ် ဘူး။ အ ကောင်း စား အ စား အ စာ တွေ ကို မ စား ဘဲ ပျား ရည် နဲ့ ကျိုင်း ကောင် ကို စား တယ်။ စ ပျစ် ရည် မ သောက် ဘူး။ အာ ဏာ ပိုင် တွေ၊ ဘာ သာ ရေး ပုဂ္ဂိုလ် တွေ အ ပါ အ ဝင် လူ တိုင်း ကို ဘယ် သူ့ မျက် နှာ မှ မ ထောက် ဘဲ အ မှန် တ ရား ကို ဟော တယ်။ သက် ဦး ဆံ ပိုင် ဘု ရင် ဖြစ် တဲ့ ဟေ ရုဒ် မင်း ကို တောင် မှ မ ကြောက် ဘဲ သွန် သင် ဆုံး မ တယ်။ နောင် တ ရ ပြီး သူ့ ဆီ လာ တဲ့ ‌သူ တွေ ကို ဗတ္တိ ဇံ ပေး တယ်။ သူ့ နောက် မှာ သ ခင် ခ ရစ် တော် ကြွ လာ မယ် ဆို တဲ့ အ ကြောင်း ကို လည်း ကြို တင် ကြေ ငြာ တယ်။ သူ ဟာ သ ခင် ခ ရစ် တော် ရဲ့ ခြေ နင်း တော် ကြိုး ကို တောင် မှ ဖြည် ဖို့ မ ထိုက် တန် ဘူး ဆို ပြီး နှိမ့် ချ စွာ ပြော တယ်။

ယော ဟန် ဟာ ယေ ရှု ခ ရစ် တော် အ တွက် လမ်း ဖောက် ပေး နေ တယ်။ လမ်း သစ် တစ် ခု ဖောက် နေ လို့ မ ပြီး ဆုံး သေး ခင် မှာ အဲ ဒီ လမ်း အ ပေါ် ဘယ် သူ မှ လျှောက် လို့ မ ရ ပါ ဘူး။ လမ်း ကို အ ချော သတ် ပြီး တော့ မှ ဘဲ စ တင် အ သုံး ပြု နိုင် ပါ တယ်။ သ ခင် ယေ ရှု ယော ဟန် ဆီ လာ ပြီး ဗတ္တိ ဇံ ခံ ချိန် ဟာ ယော ဟန် ရဲ့ လမ်း ဖောက် ခြင်း အ လုပ် ပြီး ဆုံး တယ် လို့ ကျွန် တော် တို့ မှတ် ယူ နိုင် ပါ တယ်။ ဘာ ကြောင့် လဲ ဆို တော့ အဲ ဒီ အ ချိန် မှာ သ ခင် ခ ရစ် တော် ရဲ့ အ မှု တော် ဆောင် ခြင်း စ တင် ခဲ့ လို့ ပါ ဘဲ။ ယော ဟန် ဖောက် ခဲ့ တဲ့ လမ်း အ ပေါ် ယေ ရှု ဗတ္တိ ဇံ ခံ ပြီး တော့ စ တင် လျှောက် လှမ်း တယ် လို့ ဆို ရင် မ မှား ပါ ဘူး။ သ ခင် ယေ ရှု ဟာ ဗတ္တိ ဇံ ခံ ချိန် မှာ အ သက် သုံး ဆယ် လောက် ရှိ နေ ပါ ပြီ။

“ထို အ ခါ ယေ ရှု သည် အ နှစ် သုံး ဆယ် ခန့် မျှ ရှိ တော် မူ ၏။” (လု၊ ၃:၂၃)

‌သ ခင် ယေ ရှု အ မှု တော် စ တင် ထမ်း ဆောင် ခြင်း ဟာ ယော ဟန် က သူ့ ကို ဘု ရား သ ခင် ပေး ထား တဲ့ အ လုပ် တာ ဝန် ကို ကျေ ပွန် စွာ နဲ့ ပြီး စီး ခဲ့ ကြောင်း အ သိ အ မှတ် ပြု ခြင်း ဖြစ် ပါ တယ်။

ကျွန် တော် တို့ လော က လူ သား တွေ ဟာ ကြီး မား တဲ့ စီ မံ ကိန်း လုပ် ငန်း ကြီး တွေ ပြီး ဆုံး သွား တဲ့ အ ခါ မှာ ကြီး ကြီး ကျယ် ကျယ် အောင် ပွဲ ခံ လေ့ ရှိ ကြ တယ်။ ဖွင့် ပွဲ အ ခန်း အ နား တွေ၊ ပျော် ပွဲ ရွှင် ပွဲ တွေ၊ မီး ရှူး မီး ပန်း ‌‌နဲ့ ဗျောက် အိုး တွေ ဖောက် ပြီး အောင် ပွဲ ကျင်း ပ ကြ တယ်။ အဲ ဒီ စီ မံ ကိန်း မှာ ပါ ဝင် လုပ် ဆောင် တဲ့ သူ တွေ ကို လည်း ဆု လက် ဆောင် တွေ နဲ့ နာ မည် ကောင်း တံ ဆိပ် တွေ ချီး မြှင့် လေ့ ရှိ ကြ တယ်။ သူ တို့ တ တွေ အ ပန်း ဖြေ အ နား ယူ နိုင် ဖို့ အ တွက် ခွင့် ရက် ရှည် တွေ ပေး တတ် ကြ တယ်။

ကမ္ဘာ့ သ မိုင်း မှာ အ ကြီး ကျယ် ဆုံး အ လုပ် ဖြစ် တဲ့ ဘု ရား သ ခင် အ တွက် ကြို တင် ပြင် ဆင် လမ်း ဖောက် တဲ့ လုပ် ငန်း ကြီး အောင် မြင် စွာ ပြီး စီး သွား တဲ့ အ ခါ မှာ ဘု ရား သ ခင် က အောင် ပွဲ ကို ဘယ် လို ကျင်း ပ ခဲ့ သ လဲ။ တာ ဝန် ကျေ ပွန် စွာ ထမ်း ဆောင် ခဲ့ တဲ့ ဗတ္တိ ဇံ ဆ ရာ ယော ဟန် ကို ရော ဘယ် လို ဆု ချ ခဲ့ သ လဲ။

ဘု ရား သ ခင် ရဲ့ လုပ် ဆောင် ပုံ က တော့ တစ် မူ ထူး ခြား ပြီး မ ယုံ နိုင် စ ရာ ပါ ဘဲ။ ဘာ အောင် ပွဲ အ ခန်း အ နား မှ မ ရှိ တဲ့ အ ပြင် အဲ ဒီ လုပ် ငန်း ကြီး ကို ပြီး မြောက် အောင် လုပ် ဆောင် ခဲ့ တဲ့ တာ ဝန် ခံ ဗတ္တိ ဇံ ဆ ရာ ယော ဟန် ကို ထောင် ချ ပစ် ခဲ့ တယ်။

“အ ထက် က ဟေ ရုဒ် သည် မိ မိ ညီ ဖိ လိပ္ပု ၏ ခင် ပွန်း ဟေ ရော ဒိ အ ကြောင်း ကြောင့်၊ ယော ဟန် ကို ဘမ်း ဆီး ချည် နှောင် ၍ ထောင် ထဲ မှာ လှောင် ထား ၏။” (မ၊ ၁၄:၃)

“အ ထက် က ဟေ ရုဒ် သည် မိ မိ ညီ ဖိ လိပ္ပု ၏ ခင် ပွန်း ဟေ ရော ဒိ ကို သိမ်း ယူ သ ဖြင့်၊ ထို မိန်း မ အ ကြောင်း ကြောင့် စေ လွှတ် ၍ ယော ဟန် ကို ဘမ်း ဆီး ပြီး လျှင် ထောင် ထဲ မှာ ချုပ် နှောင် လေ ၏။” (မာ၊ ၆:၁၇)

“ယော ဟန် သည် ထောင် ထဲ သို့ မ ရောက် သေး။” (ယော၊ ၃:၂၄)

လုပ် ငန်း ကြီး ပြီး သွား တော့ ယော ဟန် ကို မ လို အပ် တော့ ဘူး လေ။ မြန် မာ စ ကား ပုံ “ဘု ရား ပြီး ငြမ်း ဖျက်” ဆို သ လို မျိုး ဖြစ် မ နေ ဘူး လား။ နာ မည် ကောင်း လက် မှတ် နဲ့ ဆု လာဘ် တွေ ပေး မဲ့ အ စား ထောင် ဒဏ် ပေး ခဲ့ တယ်။ အဲ ဒါ တင် မ က ထောင် ဒဏ် က နေ တစ် ဆင့် မြှင့် ပြီး သေ ဒဏ် ပါ ပေး ခဲ့ တယ်။ ဗတ္တိ ဇံ ဆ ရာ ယော ဟန် ဟာ အဲ ဒီ ထောင် ထဲ မှာ ဘဲ ခေါင်း ဖြတ် အ သတ် ခံ ရ ပြီး ဘ ဝ နိ ဂုံး ချုပ် ခဲ့ ရ ပါ တယ်။

လူ ကို စေ လွှတ် ၍ ယော ဟန် ၏ လည် ပင်း ကို ထောင် ထဲ မှာ ဖြတ် စေ ၏။” (မ၊ ၁၄:၁၀)

“ဦး ခေါင်း ကို ယူ ခဲ့ ဟု အ မိန့် တော် ရှိ လျက် လူ စောင့် တ ယောက် ကို ချက် ခြင်း စေ လွှတ် လျှင်၊ လူ စောင့် သည် သွား ၍ ယော ဟန် ၏ လည် ပင်း ကို ထောင် ထဲ မှာ ဖြတ် လေ ၏။” (မာ၊ ၆:၂၇)

“ဟေ ရုဒ် မင်း က လည်း၊ ယော ဟန် ၏ လည် ပင်း ကို ငါ ဖြတ် လေ ပြီ။” (လု၊ ၉:၉)

သာ မန် လော ကီ သား တွေ အ တွက် ဗတ္တိ ဇံ ဆ ရာ ယော ဟန် ရဲ့ အ ဖြစ် အ ပျက် မှာ ဘု ရား သ ခင် ဟာ မ တ ရား ဘူး လို့ အ ပြစ် တင် စွပ် စွဲ စ ရာ ဖြစ် ပေ မဲ့၊ ကျွန် တော် တို့ ယုံ ကြည် သူ တွေ အ တွက် က တော့ ဘု ရား သ ခင် ရဲ့ လုပ် ဆောင် ချက် ကို နား လည် သ ဘော ပေါက် နိုင်  ပါ တယ်။

ဘု ရား သ ခင် က ယုံ ကြည် သူ တွေ ကို လော က စည်း စိမ် ဥစ္စာ ထက် ကောင်း ကင် စည်း စိမ် ကို သာ ရှာ ဖွေ စု ဆောင်း စေ ချင် တယ်။

“သံ ချေး၊ ပိုး ရွ ဖျက် စီး ၍ သူ ခိုး ထွင်း ဖောက် ခိုး ယူ ရာ မြေ ကြီး ပေါ် မှာ ဘဏ္ဍာ ကို မ ဆည်း ဖူး ကြ နှင့်။ သံ ချေး၊ ပိုး ရွ မ ဖျက် ဆီး ၍ သူ ခိုး မ ထွင်း မ ဖောက် မ ခိုး မ ယူ ရာ ကောင်း ကင် ဘုံ ၌ ဘဏ္ဍာ ကို ဆည်း ဖူး ကြ လော့။” (မ၊ ၆:၁၉-၂၀)

ဘု ရား သ ခင် ဟာ ကျွန် တော် တို့ အ တွက် ဆု လက် ဆောင် တွေ ကို ကောင်း ကင် ဘုံ မှာ သိမ်း ဆည်း ထား ပါ တယ်။

“သင် တို့ အ ဘို့ ကောင်း ကင် ဘုံ ၌ သို ထား သော မြော် လင့် ရာ ကို ထောက် သ ဖြင့် ၎င်း၊” (ကော၊ ၁:၅)

“ယ ခု မှ စ ၍ ဓမ္မ သ ရ ဖူ သည် ငါ့ အ ဘို့ သို ထား လျက် ရှိ ၏။ ထို နေ့ ရက် ၌ တ ရား သ ဖြင့် စီ ရင် သော သူ တည်း ဟူ သော သ ခင် ဘု ရား သည် ထို သ ရ ဖူ ကို ငါ ၌ အပ် ပေး တော် မူ မည်။ ထို မျှ မ က၊ ပေါ် ထွန်း တော် မူ ခြင်း ကို တောင့် တ သော သူ အ ပေါင်း တို့ ၌ လည်း အပ် ပေး တော် မူ မည်။” (၂ တိ၊ ၄:၈)

“ထို အ မွေ တော် သည် ကား၊ နောက် ဆုံး သော ကာ လ ၌ ထင် ရှား စေ ခြင်း ငှါ ပြင် ဆင် သော ကယ် တင် ခြင်း သို့ ရောက် စေ မည် အ ကြောင်း၊ ယုံ ကြည် ခြင်း အား ဖြင့် ဘု ရား သ ခင် ၏ တန် ခိုး တော် သည် စောင့် ရှောက် တော် မူ သော သင် တို့ အ ဘို့ ကောင်း ကင် ဘုံ ၌ သို ထား လျက် ရှိ သော အ မွေ တည်း။” (၁ ပေ၊ ၁:၄-၅)

“ခေါ် တော် မူ သော ကြောင့် မြော် လင့် ရ သော အ ရာ ကား အ ဘယ် အ ရာ ဖြစ် သည် ကို ၎င်း၊ သန့် ရှင်း သူ တို့ သည် ခံ ရ သော အ မွေ တော် ၏ ဘုန်း စည်း စိမ် ကား အ ဘယ် မျှ လောက် ကြီး သည် ကို ၎င်း၊” (ဧ၊ ၁:၁၈)

ဒါ ကြောင့် သ ခင် ခ ရစ် တော် က ကျွန် တော် တို့ ယုံ ကြည် သူ တွေ ကို မြေ ကြီး အ ရာ မ ရှာ ဘဲ ကောင်း ကင် အ ရာ ကို သာ ဦး စား ပေး ရှာ ဖို့ သွန် သင် ခဲ့ ပါ တယ်။

“ထို ကြောင့် အ ဘယ် သို့ စား သောက် ရ အံ့ နည်း၊ အ ဘယ် သို့ ဝတ် ရ အံ့ နည်း ဟူ ၍ မ စိုး ရိမ် ကြ နှင့်။ ထို အ ရာ များ ကို သာ သ နာ ပ လူ တို့ သည် ရှာ ဖွေ တတ် ကြ ၏။ ထို အ ရာ များ ကို သင် တို့ သည် အ သုံး လို ကြောင်း ကို ကောင်း ကင် ဘုံ ၌ ရှိ တော် မူ သော သင် တို့ အ ဘ သည် သိ တော် မူ ၏။ ဘု ရား သ ခင် ၏ နိုင် ငံ တော် နှင့် ဖြောင့် မတ် ခြင်း တ ရား တော် ကို ရှေ့ ဦး စွာ ရှာ ကြ လော့။ နောက် မှ ထို အ ရာ များ ကို ထပ် ၍ ပေး တော် မူ လ တံ့။” (မ၊ ၆:၃၁-၃၃)

“ထို ကြောင့် အ ဘယ် သို့ စား ရ အံ့ နည်း၊ အ ဘယ် သို့ သောက် ရ အံ့ နည်း ဟူ ၍ မ ရှာ ဖွေ ကြ နှင့်။ သော က မွှေ နှောက် ခြင်း လည်း မ ရှိ ကြ နှင့်။ ထို အ ရာ များ ကို လော ကီ သား အ မျိုး မျိုး တို့ သည် ရှာ ဖွေ တတ် ကြ ၏။ ထို အ ရာ များ ကို သင် တို့ သည် အ သုံး လို ကြောင်း ကို သင် တို့ အ ဘ သိ တော် မူ ၏။ သင် တို့ မူ ကား ဘု ရား သ ခင် ၏ နိုင် ငံ တော် ကို ရှာ ကြ လော့။ နောက် မှ ထို အ ရာ များ ကို ထပ် ၍ ပေး တော် မူ လ တံ့။” (လု၊ ၁၂:၃၀-၃၁)

ဒါ ကြောင့် နိ ဂုံး ချုပ် ရ မယ် ဆို ရင်၊ ဗတ္တိ ဇံ ဆ ရာ ယော ဟန် ရဲ့ တာ ဝန် ကျေ ပွန် မှု အ တွက် အင် မ တန် ကြီး မား တဲ့ အောင် ပွဲ တွေ နဲ့ ဆု လာဘ် စည်း စိမ် တွေ ဟာ ကောင်း ကင် ဘုံ မှာ သူ့ ကို စောင့် ကြို နေ ပါ တယ်။ သူ ဟာ လူ သား တွေ စိတ် ကူး နဲ့ တောင် မှ မ မျှော် မှန်း မ ခံ စား နိုင် လောက် အောင် ကြီး မား လှ တဲ့ ကောင်း ကင် စည်း စိမ် တွေ ကို စံ စား နေ ရ ပြီ ဆို တဲ့ အ ကြောင်း တင် ပြ ရင်း၊ ဒီ ကမ္ဘာ လော က ကြီး ထဲ မှာ ခ ရစ် ယာန် ကောင်း တစ် ယောက် ပီ သ ချင် လို့ ဆင်း ရဲ ဒုက္ခ နဲ့ တွေ့ ကြုံ ရင် ဆိုင် နေ ရ တဲ့ ယုံ ကြည် သူ တွေ ကို ခွန် အား ပေး လို ပါ တယ်။

စာ ဖတ် သူ အား လုံး ကို ဘု ရား သ ခင် ကောင်း ကြီး ပေး ပါ စေ။