စာလုံးအ ရွယ်အစား

က က

ပြန် သွား

Published: 31/12/2020 Last Edited: 31/12/2020

ပြင် ဆင် ၍ မ ကုန် နိုင် သော ဆွေ စဉ် မျိုး ဆက် စာ ရင်း များ

“ယုံ ကြည် ခြင်း ၌ တည် သော ဘု ရား သ ခင် ၏ သာ သ နာ တော် ကို ပြု စု သည် ထက်၊ အ ချင်း ချင်း ငြင်း ခုံ ခြင်း ကို သာ ၍ ပြု စု တတ် သော၊ ပြင် ဆင် ၍ မ ကုန် နိုင် သော ဆွေ စဉ် မျိုး ဆက် စာ ရင်း များ ကို ပ မာ ဏ မ ပြု ကြ နှင့် ဟူ ၍ ၎င်း” (၁ တိ၊ ၁:၃-၄)

သမ္မာ ကျမ်း စာ ထဲ မှာ ဆွေ စဉ် မျိုး ဆက် တွေ တ သီ တ တန်း ကြီး ဖော် ပြ ထား တာ ကို၊ ကမ္ဘာ ဦး ကျမ်း အ ခန်း ကြီး ၅၊ ၁၀၊ ၁၁၊ ၂၅၊ ၃၆၊ ၄၆၊ ထွက် မြောက် ရာ ကျမ်း အ ခန်း ကြီး ၆၊ တော လည် ရာ ကျမ်း အ ခန်း ကြီး ၂၆၊ ရာ ဇ ဝင် ချုပ် ပ ဌ မ စောင် အ ခန်း ကြီး ၁-၉၊ ၂၃-၂၆၊ နေ ဟ မိ မှတ် စာ အ ခန်း ကြီး ၁၂၊ ရှင် မဿဲ ခ ရစ် ဝင် အ ခန်း ကြီး ၁ နဲ့ ရှင် လု ကာ ခ ရစ် ဝင် အ ခန်း ကြီး ၄ တို့ မှာ တွေ့ နိုင် တယ်။ ဓမ္မ ရာ ဇ ဝင် ကျမ်း လေး စောင် ဟာ လည်း၊ ဣ သ‌ ရေ လ နဲ့ ယု ဒ ရှင် ဘု ရင် တွေ ကို သား စဉ် မြေး ဆက်၊ တောက် လျှောက် မှတ် တမ်း တင် ထား ခြင်း ဖြစ် တယ်။ အဲ ဒါ အ ပြင် ဆွေ မျိုး စဉ် ဆက် အ တို က လေး တွေ ဖော် ပြ ထား တာ ကို လည်း နေ ရာ များ စွာ မှာ တွေ့ ရ ပါ တယ်။

ဒါ တွေ ကို ကြည့် ရင် ကျွန် တော် တို့ ယုံ ကြည် ကိုး ကွယ် တဲ့ ဘု ရား သ ခင် ဟာ ဆွေ စဉ် မျိုး ဆက် ကို တော် တော် လေး စိတ် ဝင် စား တယ် လို့ ယူ ဆ ရ တယ်။ ဘု ရား သ ခင် က သာ မ ဟုတ် ပါ ဘူး။ ကျွန် တော် တို့ လူ တွေ က လည်း မျိုး ရိုး ကို အ ထိုက် အ လျောက် အ ရေး ထား ကြ ပါ တယ်။ ဒါ ကြောင့် မြန် မာ စ ကား ပုံ “လူ မှာ အ မျိုး၊ ကြက် မှာ အ ရိုး” လို့ ဖြစ် လာ တာ ပေါ့။ သား သ မီး တွေ အိမ် ထောင် ပြု တော့ မယ် ဆို ရင်၊ မိ ဘ တွေ က အိမ် ထောင် ဖက် ရဲ့ ဆွေ မျိုး ညာ တိ တွေ ကို စုံ စမ်း မေး မြန်း လေ့ ရှိ ကြ တယ်။ အဲ သ လို ဘု ရား သ ခင် ရော လူ တွေ က ပါ အ ရေး ထား တဲ့ ဆွေ မျိုး စဉ် ဆက် စာ ရင်း ကို အ ရေး တ ယူ မ လုပ် ဖို့၊ တ မန် တော် ကြီး ရှင် ပေါ လု က သူ့ ရဲ့ ဝိ ညာဉ် သား သ မီး ဖြစ် တဲ့ တိ မော သေ ဆီ ရေး တဲ့ စာ ထဲ မှာ ထည့် ရေး ခဲ့ တယ်။ ဘာ ကြောင့် လဲ။

ကျွန် တော် ပြောင်း လဲ ကာ စ က သမ္မာ ကျမ်း စာ ကို အ ရမ်း ဖတ် ချင် တယ်။ ကျမ်း စာ ထဲ မှာ ဘု ရား သ ခင် ဘာ တွေ ရေး ထား သ လဲ ဆို တာ အင် မ တန် သိ ချင် တယ်။ ဖတ် တဲ့ အ ခါ မှာ လည်း လက် က ချ လို့ မ ရ ဘူး။ ကျမ်း စာ ထဲ က အ ကြောင်း အ ရာ အား လုံး ကို လည်း သိပ် စိတ် ဝင် စား တယ်။ ပို ပြီး တိ တိ ကျ ကျ သိ ချင် တယ်။ ကျမ်း စာ ကို အ စ အ ဆုံး ဖတ် ပြီး တဲ့ အ ခါ မှာ၊ ဒီ ဆွေ စဉ် မျိုး ဆက် စာ ရင်း ကို ကိုယ် တိုင် စံ နစ် တ ကျ ပြု စု ဖို့ ကြို စား ခဲ့ ဘူး တယ်။ ကမ္ဘာ ဦး ကျမ်း အာ ဒံ က စ ပြီး ရှင် မဿဲ ခ ရစ် ဝင် ကျမ်း သ ခင် ယေ ရှု အ ထိ ဆွေ စဉ် မျိုး ဆက် ကို စာ ရင်း လုပ် ဖို့ ကြိုး စား တယ်။ သင်္ဘော မှာ မ သုံး တော့ တဲ့ ရေ ပုံ Chart အ ဟောင်း တွေ ကို အိမ် ယူ လာ တယ်။ ဒီ ရေ ပုံ တွေ က အ ကြီး ကြီး ဆို တော့ ရေ ပုံ ရဲ့ ကျော ဖက် က ‌ဗြောင် စာ မျက် နှာ အ ကျယ် ကြီး ဟာ၊ အဲ ဒီ ဆွေ မျိုး စဉ် ဆက် ဇ ယား ပြု စု ဖို့ သိပ် ကောင်း တယ်။ အဲ ဒီ ခေတ် က မြန် မာ ပြည် မှာ ကွန် ပျူ တာ တွေ မ တွင် ကျယ် သေး တဲ့ အ ပြင်၊ ကျွန် တော့် မှာ လည်း ကိုယ် ပိုင် ကွန် ပျူ တာ မ ရှိ တော့ စာ ရွက် ပေါ် မှာ လက် နဲ့ ရေး တာ ကို ဘဲ အား ကိုး ရ တယ်။

စိတ် အား ကြီး စွာ နဲ့ စ လုပ် တော့၊ လုပ် ကာ စ မှာ ဟုတ် သ လို လို ဘဲ။ လုပ် ရင်း လုပ် ရင်း နဲ့ တစ် ဖြည်း ဖြည်း ရှုပ် လာ တယ်။ ရှေ့ နောက် မ ညီ တာ တွေ၊ နာ မယ် ထပ် တာ တွေ၊ ကြား မှာ လပ် နေ တာ တွေ စ သ ဖြင့် တွေ့ ရ တယ်။ ကျွန် တော် က ဂျူး လူ မျိုး တွေ ရဲ့ ယဉ် ကျေး မှု ကို နား မ လည်၊ သူ တို့ ရဲ့ နာ မယ် ပေး ပုံ စံ နစ် တွေ ကို လည်း သေ သေ ချာ ချာ မ သိ ရ တော့ ပို ဆိုး တာ ပေါ့။ ပြင် ရင်း ပြု ရင်း နဲ့ နောက် ဆုံး တော့ ဘယ် စ ခန်း မှ မ ရောက် ဘဲ လက် လျှော့ လိုက် ရ တယ်။ ဒါ ပေ မဲ့ ရ လိုက် တဲ့ အ ကျိုး ကျေး ဇူး က တော့ ရှင် ပေါ လု ပြော တဲ့ “ပြင် ဆင် ၍ မ ကုန် နိုင် သော ဆွေ စဉ် မျိုး ဆက် စာ ရင်း များ” ဆို တာ ကို ကောင်း ကောင်း သ ဘော ပေါက် လိုက် တာ ပါ ဘဲ။ ကျွန် တော့် အ တွက် က တော့ ပြင် လို့ မ ပြီး နိုင် တာ တစ် ခု ဘဲ ရှိ တယ်။ ဒါ ပေ မဲ့ ရှင် ပေါ လု ရေး သား ချက် အ ရ ဂျူး လူ မျိုး တွေ အ တွက် တော့၊ ပြင် ဆင် လို့ မ ပြီး နိုင် ရုံ သာ မ က ဘဲ၊ တစ် ယောက် နဲ့ တစ် ယောက် ငြင်း ကြ ခုံ ကြ စ ကား များ ကြ တဲ့ အ ထိ ရောက် သွား ရ တယ်။ ရန် တောင် ဖြစ် ကြ မ လား မ ပြော တတ် ဘူး။ ဒါ ကြောင့် မို့ လို့၊ ရှင် ပေါ လု က တိ မော သေ ကို၊ ဒီ ဆွေ စဉ် မျိုး ဆက် စာ ရင်း တွေ ကို ဘေး ချိတ် ထား ဖို့ ပြော ခြင်း ဖြစ် ပါ တယ်။

ဒီ တော့ ကာ၊ မေး စ ရာ ဖြစ် လာ ပါ တယ်။ အ ကျိုး မ ပြု တဲ့ ဒီ ဆွေ စဉ် မျိုး ဆက် စာ ရင်း တွေ ကို ဘု ရား သ ခင် က ဘာ ကြောင့် သမ္မာ ကျမ်း စာ ထဲ မှာ ထည့် ထား ရ တာ လဲ။ ခ ရစ် ယာန် ညီ အစ် ကို မောင် နှ မ တွေ အ ထဲ မှာ လည်း ကျမ်း စာ ဖတ် ရင်း၊ ဆွေ စဉ် မျိုး ဆက် စာ ရင်း ကို ရောက် ရင် ဆက် မ ဖတ် ဘဲ ကျော် လိုက် တယ် လို့ ပြော သံ တွေ ကြား ဘူး တယ်။ အ သင်း တော် ရဲ့ ဝိ ညာဉ် ရေး ရာ တိုး တက် မှု မှာ အ ကျိုး မ ပြု ရုံ သာ မ က၊ အ သင်း သား တွေ အ ကြား မှာ အ ငြင်း ပွား စ ရာ ဖြစ် စေ တဲ့၊ ဒီ ဆွေ စဉ် မျိုး ဆက် စာ ရင်း တွေ ဘာ ကြောင့် သမ္မာ ကျမ်း စာ ထဲ မှာ ရှိ နေ ရ တာ လဲ။  ကျမ်း စာ ရေး တဲ့ ပုဂ္ဂိုလ် တွေ က ရေး တာ ကို ဝိ ညာဉ် တော် က ဘာ ကြောင့် ခွင့် ပြု ရ တာ လဲ။ အ ဖြေ က တော့ ဘု ရား သ ခင် က အ ကြောင်း ရှိ လို့ ထည့် ပေး ထား ခြင်း သာ ဖြစ် ပါ တယ်။

ဒီ ၂၀၂၀ ခု နှစ်၊ ပြီး ခဲ့ တဲ့ ခြောက် လ ပိုင်း အ တွင်း မှာ One for Israel လို့ ခေါ် တဲ့ အ ဖွဲ့ အ စည်း က တင် ထား တဲ့ YouTube ဗီ ဒီ ယို တွေ ကျွန် တော် ကြည့် လိုက် ရ တယ်။ အဲ ဒီ အ ဖွဲ့ အ စည်း ဟာ အစ္စ ရေး နိုင် ငံ က ဂျူး ခ ရစ် ယာန် တွေ တည် ထောင် ထား တာ ဖြစ် ပြီး၊ ဂျူး လူ မျိုး တွေ အ ကြား မှာ ဧ ဝံ ‌ဂေ လိ ပြန့် ပွား ဖို့ လုပ် ဆောင် နေ တဲ့ အ ဖွဲ့ အ စည်း ဖြစ် တယ်။

ဒီ နေ ရာ မှာ ဖြတ် ပြီး တော့၊ ခ ရစ် ယာန် တွေ နဲ့ ပတ် သက် ရင် ဂျူး လူ မျိုး တွေ ရဲ့ အ မြင် ကို ကျွန် တော် နည်း နည်း လေး ပြော ပြ ချင် တယ်။ ဂျူး တွေ က ခ ရစ် ယာန် တွေ ကို မ နှစ် သက် ကြ ဘူး။ ရန် သူ လို့ သတ် မှတ် ထား တယ်။ အဲ သ လို သတ် မှတ် ဖို့ ကောင်း လောက် အောင် လဲ၊ သ မိုင်း တစ် လျှောက် မှာ ဥ ရော ပ တိုက် က ခ ရစ် ယာန် တွေ က ဂျူး တွေ ကို အင် မ တန် ညှင်း ဆဲ နှိပ် ကွပ် ခဲ့ တာ ကိုး။ အ ခု ထက် ထိ အဲ ဒီ ဂျူး မုန်း တီး ရေး Anti-Semitism စိတ် ဓာတ် က ဥ ရော ပ နွယ် ဖွား တွေ မှာ ရှိ နေ တုန်း ဘဲ။ အဲ ဒါ အ ပြင်၊ ယ ခု ခေတ် ဂျူး ဘာ သာ ရေး ခေါင်း ဆောင် ရဗ္ဗိ ဆ ရာ တွေ ဟာ ခ ရစ် တော် လက် ထက် ဖာ ရိ ရှဲ၊ ကျမ်း တတ် ပုဂ္ဂိုလ် တွေ က နေ တစ် ဆင့်၊ ဆင်း သက် လာ တာ ဖြစ် တဲ့ အ တွက် ခ ရစ် ယာန် တွေ ကို ဆန့် ကျင် ကြ တယ်။

ကျွန် တော် ကြည့် ရ တဲ့ One for Israel အ ဖွဲ ရဲ့ YouTube ဗီ ဒီ ယို တွေ အ ထဲ မှာ အ များ စု က တော့၊ ဂျူး ခ ရစ် ယာန် တွေ က သူ တို့ ဘယ် လို ပြောင်း လဲ လာ တယ် ဆို တဲ့ အ ကြောင်း သက် သေ ခံ ချက် တွေ ဖြစ် ပါ တယ်။ သူ တို့ ရဲ့ သက် သေ ခံ ချက် အ ရ၊ သူ တို့ ဟာ ငယ် ငယ် က‌ လေး ဘ ဝ မှာ တင် ဘဲ၊ ခ ရစ် ယာန် ဆို တာ ရန် သူ တွေ ဖြစ် တဲ့ အ ကြောင်း၊ ယေ ရှု ဆို တာ ဂျူး လူ မျိုး တွေ နဲ့ မ ဆိုင် ဘဲ တစ် ပါး အ မျိုး သား တွေ အ တွက် ကယ် တင် ရှင် ဖြစ် တဲ့ အ ကြောင်း၊ ဓမ္မ သစ် ကျမ်း ကို လုံး ဝ မ ကိုင် တွယ် ဖို့၊ မ ဖတ် ဖို့ စ သ ဖြင့် အ သွန် သင် ခံ ရ တယ်။ အဲ ဒီ လို ငယ် စဉ် တောင် ကျေး က လေး ဘ ဝ က စ ပြီး၊ ဦး နှောက် ထဲ ကို ခ ရစ် ယာန် နဲ့ ပတ် သက် ရင် မ မှန် သ တင်း တွေ ကို အ ရိုက် သွင်း ခံ ထား ရ တဲ့ ဂျူး လူ မျိုး တွေ က သ ခင် ခ ရစ် တော် ကို ယုံ ကြည် လက် ခံ ခြင်း မ ရှိ တာ ဟာ အံ့ ဩ စ ရာ မ ဟုတ် တော့ ဘူး။ ဒါ ကြောင့် ဂျူး လူ မျိုး တွေ အ ထဲ မှာ အ လွန် နည်း ပါး တဲ့ လူ နည်း စု သာ လျှင် ခ ရစ် ယာန် တွေ ဖြစ် ကြ ပါ တယ်။

ကျွန် တော် ကြည့် ရ တဲ့ သက် သေ ခံ ချက် တွေ ထဲ မှာ အ တော် များ များ ဟာ၊ ကျမ်း စာ ထဲ က သ ခင် ယေ ရှု ရဲ့ ဆွေ စဉ် မျိုး ဆက် စာ ရင်း ကို ဖတ် ရာ က နေ၊ ယေ ရှု ခ ရစ် တော် ကို ယုံ ကြည် ပြီး ပြောင်း လဲ လာ ကြ တာ ကို တွေ့ ရ တယ်။ သူ တို့ ဟာ ဓမ္မ သစ် ကျမ်း ကို၊ သူ တို့ ဘ ဝ အ သက် တာ တစ် ခု လုံး မှာ ပ ထ မ ဦး ဆုံး အ ကြိမ် ဖတ် ရှု ဘူး ကြ ခြင်း ဖြစ် တယ်။ စ ဖတ် တဲ့ အ ခါ မှာ ထုံး စံ အ တိုင်း ရှင် မဿဲ ခ ရစ် ဝင် အ ခန်း ကြီး ၁ က နေ ဖတ် ကြ တာ ပေါ့။ အဲ ဒီ မှာ သူ တို့ စ ပြီး တွေ့ ရ တာ ဟာ “အာ ဗြ ဟံ နှင့် ဒါ ဝိဒ် တို့ မှ ဆင်း သက် တော် မူ သော ယေ ရှု ခ ရစ် ၏ ဆွေ တော် စဉ် မျိုး တော် ဆက် စာ ရင်း ဟူ မူ ကား” (မ၊ ၁:၁) လို့ အ စ ချီ ထား တဲ့ သ ခင် ခ ရစ် တော် ရဲ့ ဆွေ မျိုး စဉ် ဆက် စာ ရင်း ဘဲ ဖြစ် ပါ တယ်။ အဲ ဒါ ကို ဖတ် ပြီး တော့ သူ တို့ က “ဟာ၊ ယေ ရှု ဆို တာ ငါ တို့ ဂျူး လူ မျိုး ဆို ပါ လား။ အာ ဗြ ဟံ နဲ့ ဒါ ဝိဒ် တို့ က နေ ဆင်း သက် တဲ့ ဂျူး စစ် စစ် ဖြစ် နေ ပါ လား၊ ဒီ လို ဆို ရင် သူ ဟာ ငါ တို့ ဂျူး လူ မျိုး တွေ အ တွက် ကယ် တင် ရှင် ဖြစ် နေ မှာ ပေါ့” ဆို ရင်း၊ အံ့ ဩ တ ကြီး နဲ့ အင် မ တန် စိတ် လှုပ် ရှား ပြီး ဝမ်း သာ ဝမ်း နည်း ခံ စား ချက် တွေ ခံ စား ရ ကြောင်း ပြန် သက် သေ ခံ ကြ တယ်။ အဲ ဒီ နောက်၊ သူ တို့ ဆက် ဖတ် ကြည့် တော့ “ဟာ၊ ယေ ရှု ဟာ ငါ တို့ နိုင် ငံ ထဲ က ဗက် လင် မြို့ မှာ မွေး ခဲ့ တာ ပါ လား။ သူ တ ရား ဟော ခဲ့ တဲ့ နေ ရာ တွေ ဟာ ငါ တို့ အ နား က က ပေ ရ နောင် တို့၊ ဂါ လိ လဲ အိုင် တို့ ပါ လား” ဆို ပြီး၊ သူ တို့ ဟာ ငယ် ငယ် က တည်း က နေ ဂျူး ဘာ သာ ရေး ခေါင်း ဆောင် တွေ ရဲ့ အ လိမ် အ ညာ ခံ ခဲ့ ရ ကြောင်း ရှင်း ရှင်း လင်း လင်း သိ လာ ကြ ရ တယ်။ ဓမ္မ သစ် ကျမ်း ထဲ က ယေ ရှု ရဲ့ ကယ် တင် ခြင်း သ တင်း စ ကား မ ကြား မ သိ ရ သေး ခင်၊ သူ့ ရဲ့ ဆွေ စဉ် မျိုး ဆက် စာ ရင်း ကို ဖတ် မိ ရာ က နေ၊ သူ့ ကို ယုံ ကြည် ပြီး ပြောင်း လဲ သွား ကြ တာ ဟာ ထူး ခြား ကောင်း မြတ် လှ ပါ တယ်။

အဲ ဒီ သက် သေ ခံ ချက် တွေ ကို ကြား မြင် ရ ပြီး နောက် ပိုင်း မှာ၊ ဘာ ကြောင့် ဘု ရား သ ခင် က အင် မ တန် ရှုပ် ထွေး ပြီး ဖတ် လိုက် ရင် ပျင်း ရိ စ ရာ ကောင်း တဲ့ ဆွေ စဉ် မျိုး ဆက် စာ ရင်း တွေ ကို ကျမ်း စာ ထဲ မှာ ထည့် ရေး ထား သ လဲ ဆို တာ ကို ကျွန် တော် ကောင်း ကောင်း နား လည် သ ဘော ပေါက် သွား ပါ တယ်။ သမ္မာ ကျမ်း စာ ဟာ ကောင်း ကင် နဲ့ မြေ ကြီး ကို ဖန် ဆင်း တဲ့ ဘု ရား သ ခင် က သူ ဖန် ဆင်း ထား တဲ့ လူ သား တွေ အား လုံး ဆီ ကို ရေး ထား တဲ့ စာ ဖြစ် ပါ တယ်။ ဒါ ကြောင့် ကျမ်း စာ ထဲ မှာ ပါ တဲ့ အ ကြောင်း အ ရာ အား လုံး ဟာ လူ သား အား လုံး အ တွက် ဖြစ် ပြီး၊ သူ့ နေ ရာ နဲ့ သူ အ သုံး ဝင် တယ်၊ အ ဓိပ္ပါယ် ရှိ တယ်။ လူ တစ် ယောက် အ တွက် နား မ လည် နိုင် တာ တွေ ဟာ လည်း၊ တစ် ခြား လူ တစ် ယောက် အ တွက် မျက် စိ ပွင့် စ ရာ ဖြစ် ပါ တယ်။ လူ့ ဉာဏ် နဲ့ လိုက် လို့ မ မီ နိုင် တဲ့ ဘု ရား သ ခင် ရဲ့ နက် နဲ တဲ့ ဉာဏ် တော် အ တွက် ကျေး ဇူး တော် ချီး မွမ်း ကြ ပါ စို့။

“မ ထင် ရှား သော အ ရာ တို့ သည်၊ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ အ ငန်း အ တာ ဖြစ် ကြ ၏။ ဘော် ပြ တော် မူ သော အ ရာ တို့ သည် ကာ လ အ စဉ် မ ပြတ် ငါ တို့ နှင့် ငါ တို့ သား သ မီး များ တို့ ၏ အ ငန်း အ တာ ဖြစ် ၍၊ ဤ ပ ညတ် တ ရား စ ကား အ လုံး စုံ တို့ ကို စောင့် ရှောက် ရ မည် အ ကြောင်း တည်း” (တ ရား၊ ၂၉:၂၉)