စာလုံးအ ရွယ်အစား

က က

ပြန် သွား

Published: 04/03/2020 Last Edited: 28/03/2020

တ မန် တော် ဝတ္ထု အ ခန်း ကြီး ၂

“ပင် တေ ကုတ္တေ ပွဲ နေ့ ရောက် သော အ ခါ၊ ထို သူ အ ပေါင်း တို့ သည် တ ညီ တ ညွတ် တည်း စည်း ဝေး ၍ နေ ကြ ၏။ ထို အ ခါ လေ ပြင်း မုန် တိုင်း ကဲ့ သို့ သော အ သံ သည် တ ခ ဏ ခြင်း တွင် ကောင်း ကင် မှ လာ ၍၊ ထို သူ တို့ နေ ထိုင် သော အိမ် ကို ဖြည့် လေ ၏။ ထို ခ ဏ ခြင်း တွင် ကွဲ ပြား သော လျှာ တို့ သည် မီး လျှာ ကဲ့ သို့ ထင် ရှား ၍၊ ထို သူ အ သီး အ သီး တို့ အ ပေါ် ၌ တည် နေ ကြ ၏။ ထို သူ အ ပေါင်း တို့ သည် လည်း သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် ၍၊ ဝိ ညာဉ် တော် သည် ဟော ပြော သော အ ခွင့် ကို ပေး တော် မူ သည် အ တိုင်း အ မျိုး မျိုး သော ဘာ သာ စ ကား အား ဖြင့် ဟော ပြော ကြ ၏” (တ၊ ၂:၁-၄)

“ထို အ ခါ ပ ဌ နာ ပြု ရ သော သုံး ချက် တီး အ ချိန် ၌ ပေ တ ရု နှင့် ယော ဟန် တို့ သည် ဗိ မာန် တော် သို့ တက် ကြ သည် ရှိ သော်၊ အ မိ ဝမ်း တွင်း က ပင် ခြေ မ စွမ်း သော သူ တ ယောက် ကို သူ တ ပါး တို့ သည် ထမ်း လျက် လာ ကြ ၏။ ဗိ မာန် တော် သို့ ဝင် သော သူ တို့ မှာ စွန့် ကြဲ ခြင်း ကို ခံ စေ ခြင်း ငှါ၊ တင့် တယ် အ မည် ရှိ သော တံ ခါး နား မှာ ထို သူ ကို ထား လေ့ ရှိ ၏။ ပေ တ ရု နှင့် ယော ဟန် တို့ သည် ဗိ မာန် တော် သို့ ဝင် မည် လာ ကြ သည် ကို ထို သူ သည် မြင် လျှင် စွန့် ကြဲ ပါ ဟု တောင်း လေ ၏။ ထို အ ခါ ပေ တ ရု နှင့် ယော ဟန် တို့ သည် ထို သူ ကို စေ့ စေ့ ကြည့် ရှု ၍ ငါ တို့ အား မျှော် ကြည့် လော့ ဟု ဆို လျှင်၊ ထို သူ သည် တ စုံ တ ခု ကို ရ မည် ဟု စိတ် ထင် နှင့် တ မန် တော် တို့ ကို မျှော် ကြည့် လျက် နေ ၏။ ပေ တ ရု က လည်း၊ ငါ ၌ ရွှေ ငွေ မ ရှိ။ ရှိ သည့် အ ရာ ကို သင့် အား ငါ ပေး မည်။ နာ ဇ ရက် မြို့ သား ယေ ရှု ခ ရစ် ၏ နာ မ တော် အား ဖြင့် ထ ၍ လှမ်း သွား လော့ ဟု ဆို လျက်၊ သူ ၏ လက်ျာ လက် ကို ကိုင် ဆွဲ ၍ ချီ ကြွ လေ သော ခ ဏ ခြင်း တွင်၊ ခြေ နှစ် ဘက် ဖ မျက် စိ တို့ သည် စွမ်း အား ကို ရ သ ဖြင့်၊ ရုတ် တ ရက် ထ ၍ မတ် တတ် ရပ် ပြီး လျှင် လှမ်း သွား လေ ၏။ သွား လျက်၊ ခုန် လျက်၊ ဘု ရား သ ခင် ကို ချီး မွမ်း လျက်၊ တ မန် တော် တို့ နှင့် အ တူ ဗိ မာန် တော် သို့ ဝင် လေ ၏” (တ၊ ၃:၁-၈)

တ မန် တော် ဝတ္ထု အ ခန်း ကြီး ၂ နဲ့ ၃ ထဲ က၊ ဒီ အ ဖြစ် အ ပျက် တွေ ဟာ အင် မ တန် ထူး ခြား ဆန်း ကြယ် ပြီး အံ့ ဩ ဘို့ ကောင်း လှ ပါ တယ်။ အံ့ ဩ စ ရာ ကောင်း ရုံ တင် မ က ဒီ က နေ့ ခ ရစ် ယာန် လော က မှာ ဂိုဏ်း ဂ ဏ အ ယူ ဝါ ဒ ကွဲ ပြား စေ တဲ့ အ ဖြစ် အ ပျက် တွေ လို့ လည်း ဆို ရ ပါ လိမ့် မယ်။ ခ ရစ် တော် ဒီ လော က မှာ ရှိ စဉ် တုန်း က ဒီ ထက် မ က ပို ပြီး အံ့ ဩ ဘို့ ကောင်း တဲ့ တန် ခိုး နိ မိတ် လက္ခ ဏာ တွေ ကို လုပ် ခဲ့ ပေ မဲ့၊ ဘု ရား သား တော် ကိုယ် တိုင် က လုပ် တာ ဖြစ် တဲ့ အ တွက် မ ထူး ဆန်း လှ ဘူး လို့ ပြော နိုင် ပါ တယ်။ ဒါ ပေ မဲ့ အ ခု တ မန် တော် ဝတ္ထု ထဲ က အ ဖြစ် အ ပျက် တွေ ကို ဖြစ် စေ တဲ့ သူ တွေ ဟာ သူ လို ကိုယ် လို သာ မန် လူ သား တွေ သာ ဖြစ် ကြ တဲ့ အ တွက် ဒီ ဖြစ် ရပ် တွေ ဟာ ပို ပြီး ထူး ခြား ရ ခြင်း ဖြစ် ပါ တယ်။

အဲ သ လို သာ မန် လူ သား တွေ က လုပ် ဆောင် တာ ဖြစ် တဲ့ အ တွက် အဲ ဒီ အ ဖြစ် အ ပျက် တွေ ကို ရည် ညွှန်း ပြီး ဒီ က နေ့ တစ် ချို့ ခ ရစ် ယာန် တွေ က၊ သူ တို့ လည်း လုပ် နိုင် ရင် ငါ တို့ လည်း လုပ် နိုင် ရ မှာ ပေါ့၊ အဲ ဒီ တုန်း က ဖြစ် ခဲ့ ရင် အ ခု လည်း ဖြစ် နိုင် ရ မှာ ပေါ့ ဆို ပြီး တန် ခိုး နိ မိတ် လက္ခ ဏာ တွေ ကို ပြ သ မဲ့ တ ရား ဟော ပြော ပွဲ တွေ၊ အ စီ အ စဉ် တွေ လုပ် ဆောင် ကြ တာ ကို မြင် တွေ့ နေ ရ တယ်။ အဲ ဒီ လို ယုံ ကြည် တဲ့ သူ တွေ ကို Continuationist လို့ ခေါ် ကြ တယ်။ ဒါ ပေ မဲ့ တစ် ချို့ ခ ရစ် ယာန် တွေ က ကြ တော့၊ အဲ သ လို ထူး ခြား တဲ့ တန် ခိုး နိ မိတ် လက္ခ ဏာ တွေ အ ဖြစ် အ ပျက် တွေ ဟာ၊ သူ့ ခေတ် သူ့ အ ခါ ရဲ့ လို အပ် ချက် အ ရ ဘု ရား သ ခင် က လုပ် ဆောင် တာ ဖြစ် တဲ့ အ တွက်၊ တ မန် တော် တွေ မ ရှိ တော့ တဲ့ နောက် ပိုင်း မှာ အဲ သ လို တန် ခိုး နိ မိတ် လက္ခ ဏာ (အ မျိုး မျိုး သော ဘာ သာ စ ကား ပြော တာ၊ ပ ရော ဖက် ပြု တာ၊ အ နာ ရော ဂါ ငြိမ်း တာ တွေ) မ ဖြစ် နိုင် တော့ ဘူး လို့ ယူ ဆ ကြ တယ်။ သူ တို့ ကို Cessationist လို့ ခေါ် တယ်။ ဒီ ဆောင်း ပါး မှာ ကျွန် တော် တင် ပြ ချင် တာ က ဘယ် အ ယူ အ ဆ မှန် သ လဲ ဆို တဲ့ အ ကြောင်း မ ဟုတ် ဘဲ၊ တ မန် တော် ဝတ္ထု ထဲ က ဒီ အ ဖြစ် အ ပျက် တွေ ဟာ ဘယ် လို အ ဖြစ် အ ပျက် မျိုး လဲ ဆို တာ နဲ့ ပတ် သက် ပြီး ကျွန် တော့် ရဲ့ ထင် မြင် ယူ ဆ ချက် ဘဲ ဖြစ် ပါ တယ်။

လူ သား များ အား ကယ် တင် ရန် ဘု ရား သ ခင် ၏ စီ မံ ကိန်း

ကျွန် တော့် အ မြင် အ ရ ဒီ တ မန် တော် ဝတ္ထု အ ခန်း ကြီး ၂ ထဲ က အ ဖြစ် အ ပျက် ဟာ ခ ရစ် တော် ရဲ့ သက် တော် စဉ် နဲ့ တစ် ဆက် တည်း ဖြစ် ပြီး ခွဲ ခြား လို့ မ ရ တဲ့ အ ဖြစ် အ ပျက် ပါ။ ခ ရစ် ဝင် ကျမ်း တွေ နဲ့ တ မန် တော် ဝတ္ထု ဟာ သီး ခြား ကျမ်း များ ဖြစ် ကြ ပေ မဲ့၊ သီး ခြား ဖြစ် ရပ် တွေ မ ဟုတ် ဘဲ၊ ထာ ဝ ရ င ရဲ ထဲ ကျ ရောက် မဲ့ လူ သား တွေ ကို ဘု ရား သ ခင် က အ သက် ပေး ပြီး ကယ် တင် ခြင်း ဆို တဲ့ အ ဖြစ် အ ပျက် ကြီး တစ် ခု ရဲ့ အ စိတ် အ ပိုင်း လေး တွေ ဘဲ ဖြစ် ကြ ပါ တယ်။ ဒီ အ ဖြစ် အ ပျက် ကြီး ဟာ လူ့ သ မိုင်း တစ် လျှောက် မှာ၊ က န ဦး ဖန် ဆင်း ခြင်း က လွဲ ရင် ဒု တိ ယ အ ရေး အ ကြီး ဆုံး အ ဖြစ် အ ပျက် လို့ လဲ ကျွန် တော် ထင် ပါ တယ်။ အဲ ဒီ အ ဖြစ် အ ပျက် ကို နား လည် လွယ် အောင် စက် ရုံ ကြီး တစ် ခု တည် ဆောက် ခြင်း နဲ့ ကျွန် တော် တင် စား ပါ ရ စေ။

အ မေ ရိ ကန် ပြည် ထောင် စု မှာ နာ မည် အ ကျော် ကြား ဆုံး ရေ အား လျှပ် စစ် စက် ရုံ ကြီး ဟာ ဟူး ဗား ရေ လှောင် တ မံ ကြီး (Hoover Dam) ဖြစ် ပါ တယ်။ အဲ ဒီ ရေ လှောင် တ မံ ကြီး တည် ဆောက် ဖို့ ၁၉၂၂ မှာ စ တင် အ ဆို ပြု ပြီး နောက်၊ ဆောက် လုပ် ပြီး စီး တဲ့ အ ထိ အ ဆင့် များ စွာ ဖြတ် သန်း ရ ပါ တယ်။ လွှတ် တော် မှာ ဥ ပ ဒေ အ တည် ပြု မှု တွေ၊ ပုံ စံ ရေး ဆွဲ တာ တွေ၊ ဘဏ္ဍာ ငွေ သတ် မှတ် မှု တွေ လုပ် ဆောင် ရ ပါ တယ်။ ရေ ကာ တာ ကို မ တည် ဆောက် ခင် မူ လ မြစ် ရေ လမ်း ကြောင်း ကို လွှဲ ပြောင်း ထား ရ တယ်။ အဲ သ လို ကြို တင် ပြင် ဆင် မှု တွေ ကို ပြု လုပ် ပြီး နောက် မှ ရေ ကာ တာ ဆောက် လုပ် မှု ကို စ တင် ရ ပါ တယ်။ ဆောက် လုပ် တဲ့ အ ခါ မှာ လည်း၊ မြေ ရိုင်း ရှင်း လင်း တာ၊ ကျောက် တောင် ကြီး တွေ ကို ဖြို ချ တာ က အ စ အ ဆင့် ဆင့် လုပ် ဆောင် ရ တယ်။ နောက် ဆုံး မှာ ရေ ကာ တာ ကို ဆောက် လုပ် ပြီး စီး ပြီး ၁၉၃၅ ခု နှစ် မှာ စက် ရုံ ဖွင့် ပွဲ ကျင်း ပ ခဲ့ ပါ တယ်။ အ မေ ရိ ကန် သမ္မ တ Franklin D. Roosevelt က တက် ရောက် ဖွင့် လှစ် ပေး ခဲ့ ပါ တယ်။ အဲ ဒီ နောက် မှာ စက် ရုံ ပုံ မှန် လည် ပတ် ပြီး လျှပ် စစ် ဓါတ် အား ထုပ် လုပ် ဖြန့် ချိ ခဲ့ ပါ တယ်။

လူ သား တွေ ကို ထာ ဝ ရ င ရဲ က နေ ကယ် တင် ဖို့ ဘု ရား သ ခင် ရဲ့ လုပ် ဆောင် မှု ဟာ လည်း စက် ရုံ ကြီး တစ် ခု တည် ဆောက် သ လို ပါ ဘဲ။ အ ချိန် ယူ ပြီး အ ဆင့် ဆင့် စံ နစ် တစ် ကျ လုပ် ဆောင် ရ တယ်။ ဘု ရား သ ခင် ရဲ့ စီ မံ လုပ် ဆောင် မှု ဖြစ် တဲ့ အ တွက် စီ မံ ကိန်း တစ် ခု လုံး အ စ က နေ အ ဆုံး အ ထိ အ ပို အ လို အ မှား အ ယွင်း မ ရှိ ဘူး။

ဘု ရား သ ခင် ရဲ့ အ ကြံ အ စည် တော် အ ရ၊ ဒီ စီ မံ ကိန်း ကြီး ဟာ ဧ ဒင် ဥ ယျာဉ် ထဲ မှာ စာ တန် ရဲ့ စုံ စမ်း သွေး ဆောင် မှု ကြောင့် အ ပြစ် တ ရား ဝင် လာ ပြီး နောက် လူ သား တွေ ကျ ရှုံး ပြီး ပြီး ချင်း မှာ ဘဲ စ တင် ခဲ့ တယ် ဆို ရင် မှား မယ် မ ထင် ဘူး။

“ထာ ဝ ရ အ ရှင် ဘု ရား သ ခင် သည် မြွေ ကို ခေါ် ၍ သင် သည် ဤ အ မှု ကို ပြု သော ကြောင့်၊ သား ယဉ်၊ သား ရဲ အ ပေါင်း တို့ ထက် ကျိန် ခြင်း ကို ခံ ရ ၏။ . . . သင် နှင့် မိန်း မ ကို ၎င်း၊ သင် ၏ အ မျိုး အ နွှယ် နှင့် မိန်း မ ၏ အ မျိုး အ နွှယ် ကို ၎င်း၊ ငါ သည် ရန် ငြိုး ဖွဲ့ စေ မည်။ သူ သည် သင် ၏ ခေါင်း ကို ကြိတ် လိမ့် မည်။ သင် သည် သူ ၏ ဖ နောင့် ကို ကြိတ် လိမ့် မည် ဟု မိန့် တော် မူ ၏” (က၊ ၃:၁၄-၁၅)

အဲ ဒီ နောက် အာ ဗြ ဟံ တို့ ခေတ်၊ မော ရှေ တို့ ခေတ် စ သ ဖြင့် နှစ် ပေါင်း ထောင် နဲ့ ချီ ပြီး သ မိုင်း ကြောင်း တစ် လျှောက် တစ် ဆင့် ပြီး တစ် ဆင့် စီ မံ ကိန်း ကို အ ကောင် အ ထည် ဖေါ် ခဲ့ ပါ တယ်။

“ထာ ဝ ရ ဘု ရား သည် လည်း အာ ဗြံ ကို ခေါ် တော် မူ ၍၊ သင် ၏ ပြည် နှင့် တ ကွ အ မျိုး သား ချင်း ပေါက် ဘော် များ ထဲ က ထွက် ပြီး လျှင်၊ ငါ ပြ လ တံ့ သော ပြည် သို့ သွား လော့။ . . . သင့် အား ဖြင့် လည်း လူ မျိုး အ ပေါင်း တို့ သည် ကောင်း ကြီး မင်္ဂ လာ ကို ခံ ရ ကြ လိမ့် မည် ဟု မိန့် တော် မူ ၏” (က၊ ၁၂:၁-၃)

“ငါ သည် သင် ၏ ဘု ရား၊ သင့် နောက် ၌ သင့် အ မျိုး အ နွှယ် ၏ ဘု ရား ဖြစ် မည် ဟု၊ သင် နှင့် သင် ၏ အ မျိုး အ နွှယ် အ စဉ် အ ဆက် တို့ ၌၊ ငါ့ ပ ဋိ ညာဉ် ကို ထာ ဝ ရ ပ ဋိ ညာဉ် ဖြစ် စေ မည်” (က၊ ၁၇:၇)

“ဂ တိ တော် တို့ ကို အာ ဗြ ဟံ နှင့် သူ ၏ အ မျိုး အ နွှယ် ၌ ထား တော် မူ ၏။ အ မျိုး အ နွှယ် တို့ ဟု အ များ သော သူ တို့ ကို ရည် မှတ် ၍ မိန့် တော် မူ သည် မ ဟုတ်။ သင် ၏ အ မျိုး အ နွှယ် ဟု တ ယောက် သော သူ ကို ရည် မှတ် ၍ မိန့် တော် မူ ၏။ ထို တ ယောက် သော သူ ကား ခ ရစ် တော် ဖြစ် သ တည်း” (ဂ လ၊ ၃:၁၆)

ဘာ ကြောင့် ဘု ရား သ ခင် ရဲ့ ကယ် တင် ခြင်း စီ မံ ကိန်း ကြီး ဟာ နှစ် ပေါင်း ထောင် နဲ့ ချီ အောင် ကြာ ရ သ လဲ ဆို တာ ကျွန် တော် မ သိ ပါ ဘူး။ ဒါ ပေ မဲ့ သေ ချာ တာ က တော့၊ အ ရာ အား လုံး ကို သိ မြင် တဲ့ ဘု ရား သ ခင် ရဲ့ သဗ္ဗ ညု တ ဉာဏ် တော် အား ဖြင့် စီ မံ တာ ဖြစ် တဲ့ အ တွက် တစ် ကယ် လို အပ် လို့ ကြာ မြင့် ရ ခြင်း ဖြစ် တယ် လို့ ကျွန် တော် ယုံ ပါ တယ်။ နောက် တစ် ချက် ဖြစ် နိုင် တာ က သူ့ ကို ပ ထ မ ဦး ဆုံး တော် လှန် တဲ့ စာ တန် မာရ် နတ် နဲ့ သူ့ နောက် လိုက် ကောင်း ကင် တ မန် တွေ ကို င ရဲ ထဲ ချ ပြီး တ ရား စီ ရင် တဲ့ အ ခါ မှာ၊ ကောင်း ကင် ပ ရိ သတ် ကြီး တစ် ခု လုံး ရှေ့ မှောက် မှာ စာ တန် မာရ် နတ် က လုံး ဝ ပြန် လှန် ချေ ပ ငြင်း ဆန် လို့ မ ရ နိုင် အောင် သက် သေ ထူ ဖို့ လို တဲ့ အ တွက် လည်း ဒါ လောက် ကြာ မြင့် ရ တာ ဖြစ် နိုင် ပါ တယ်။

ပ ညတ် တ ရား

ကယ် တင် ခြင်း စီ မံ ကိန်း ချ မှတ် ပြီး တဲ့ နောက်၊ စီ မံ ကိန်း မှာ လိုက် နာ ရ မဲ့ စည်း မျဉ်း ဥ ပ ဒေ တွေ ကို ချ မှတ် ရ ပါ တယ်။ ဘု ရား သ ခင် ရဲ့ လုပ် ဆောင် မှု အား လုံး ဟာ တ ရား မျှ တ ခြင်း နဲ့ အ ညီ လုပ် ဆောင် မှု ဖြစ် ဖို့ လို အပ် တဲ့ အ တွက် တ ရား ဆုံး ဖြတ် ပေး မဲ့ ဥ ပ ဒေ စည်း မျဉ်း တွေ ကို သတ် မှတ် ပြဋ္ဌာန်း ဖို့ လို ပါ တယ်။ အဲ ဒါ မှ လည်း စာ တန် မာရ် နတ် က လက် ညှိုး ထိုး အ ပြစ် တင် လို့ မ ရ မှာ ပေါ့။ အဲ ဒီ စည်း မျဉ်း စည်း ကမ်း တွေ ဟာ ဓမ္မ ဟောင်း ကာ လ က ပ ညတ် တ ရား တွေ ဘဲ ဖြစ် ပါ တယ်။

“. . . အ ဓမ္မ ကျင့် ခြင်း၊ တ ရား တော် ကို လွန် ကျူး ခြင်း၊ ပြစ် မှား ခြင်း အ ပြစ် တို့ ကို ဖြေ လွှတ် သော် လည်း၊ အ ချည်း နှီး သက် သက် ဖြေ လွှတ် တော် မ မူ ထ သော၊ . . . ဘု ရား သ ခင်” (ထွ၊ ၃၄:၇)

“အ ပြစ် တ ရား ကို စီ ရင် ရ သော အ ခွင့်၊ အ ပြစ် နှင့် အ လျောက် ဆပ် ပေး ရ သော အ ခွင့် ကို ငါ ပိုင် ၏” (တ ရား၊ ၃၂:၃၅)

“ထို သို့ ယဇ် ပု ရော ဟိတ် သည် ထို သူ ပြစ် မှား မိ သော အ ပြစ် အ တွက် အ ပြစ် ဖြေ ခြင်း ကို ပြု လျှင်၊ သူ ၏ အ ပြစ် လွတ် လိမ့် မည်” (ဝတ်၊ ၄:၃၅)

“အ ကြောင်း မူ ကား၊ ကိုယ် ခန္ဓာ အ သက် သည် အ သွေး ၌ တည် ၏။ သင် တို့ ပြု သော အ ပြစ် ကို ဖြေ စေ ခြင်း ငှါ၊ ထို အ သွေး ကို သင် တို့ အား ယဇ် ပလ္လင် ပေါ် မှာ ငါ ပေး ပြီ။ လူ အ ပြစ် ကို ဖြေ သော အ ရာ ကား၊ အ သွေး ဖြစ် သ တည်း” (ဝတ်၊ ၁၇:၁၁)

“အ သက် သည် အ သွေး ၌ တည် ၏” (တ ရား၊ ၁၂:၂၃)

“ပ ညတ် တ ရား အ တိုင်း ခပ် သိမ်း သော အ ရာ တို့ ကို ကုန် မ တတ် အ သွေး အား ဖြင့် စင် ကြယ် စေ တတ် ၏။ အ သွေး မ သွန်း လောင်း ဘဲ အ ပြစ် လွှတ် ခြင်း မ ရှိ” (ဟေ ဗြဲ၊ ၉:၂၂)

“မိ မိ ညီ အစ် ကို ကို အ ဘယ် သူ မျှ အ လျှင်း မ ရွေး နိုင်။ ရွေး ရန် အ ဘိုး ကို ဘု ရား သ ခင် ၌ မ ပေး နိုင်။ သူ တို့ အ သက် ဝိ ညာဉ် ၏ ရွေး ရန် အ ဘိုး ကြီး လှ ပေ ၏။ သို့ ဖြစ် ၍ အ စဉ် ရှုံး လျက် နေ ရ မည်” (ဆာ၊ ၄၉:၇-၈)

“သစ် တိုင် ၌ ဆွဲ ထား ခြင်း ကို ခံ ရ သော သူ သည် ကျိန် ခြင်း ကို ခံ ရ သော သူ ဖြစ် ၏” (တ ရား၊ ၂၁:၂၃)

ကယ် တင် ခြင်း လုပ် ငန်း အ စီ အ စဉ်

စည်း မျဉ်း စည်း ကမ်း သတ် မှတ် ပြီး တော့၊ အဲ ဒီ စည်း မျဉ်း စည်း ကမ်း တွေ နဲ့ ကိုက် ညီ အောင် စီ မံ ကိန်း ကို ဘယ် လို အ ကောင် အ ထည် ဖော် မ လဲ ဆို တဲ့ လုပ် ငန်း စဉ် ကို လည်း ဘု ရား သ ခင် က ကြို တင် စီ မံ ရေး ဆွဲ ခဲ့ ပါ တယ်။ အ ပြစ် လွှတ် ဖို့ အ တွက် အ သွေး သွန်း အ သက် ပေး ဖို့ လို တယ်။ အ ပြစ် ပ မာ ဏ နဲ့ လိုက် လျော ညီ ထွေ တဲ့ ပ မာ ဏ အ တိုင်း ပေး ဆပ် ဖို့ လို တယ်။ လူ သား တွေ အား လုံး ရဲ့ အ ပြစ် ဟာ ကြီး မား လွန်း တယ်။ လူ သား တွေ အား လုံး ရဲ့ ဝိ ညာဉ် တန် ဖိုး က ကြီး မား လွန်း တယ်။ အဲ ဒါ ကြောင့် ဘယ် သူ တစ် ဦး တစ် ယောက် ရဲ့ အ သက် ပေး ခြင်း က မှ ဖြေ ဖျောက် နိုင် မှာ မ ဟုတ် ဘူး။ ကယ် တင် နိုင် မှာ မ ဟုတ် ဘူး။ ဒါ ကြောင့် ဘု ရား သ ခင် က လူ တွေ အ ပြစ် ဖြေ ဖို့ အ သက် ပေး မဲ့ ယဇ် ကောင် ကို သူ ကိုယ် တိုင် ပြင် ဆင် ပါ တယ်။ သူ ကိုယ် တိုင် အ သက် အ သေ ခံ ပြီး လူ သား တွေ ကို ကယ် တင် ဖို့ လမ်း စဉ် ကို ချ မှတ် ခဲ့ ပါ တယ်။ ဘု ရား သ ခင် ရဲ့ ချစ် ခြင်း မေတ္တာ တော် ကြီး မား မှု ဟာ မ ယုံ ကြည် နိုင် လောက် အောင် ကြီး မား မွန် မြတ် လှ ပါ တယ်။ ထို ဘု ရား ရှင် ကမ္ဘာ အ ဆက် ဆက် ဘုန်း ကြီး ပြီး မင်္ဂ လာ ရှိ ပါ စေ။ အာ မင်။

“အာ ဗြ ဟံ က၊ ငါ့ သား၊ ယဇ် ရှို့ စ ရာ ဘို့ သိုး သ ငယ် ကို ဘု ရား သ ခင် သည် မိ မိ အ ဘို့ ပြင် ဆင် တော် မူ လိမ့် မည် ဟု ဆို လေ ၏” (က၊ ၂၂:၈)

“အ ကြောင်း မူ ကား၊ ငါ တို့ အ ဘို့ သူ ငယ် ကို ဘွား မြင် ၏။ ငါ တို့ အား သား ကို သ နား တော် မူ ၏။ ထို သူ သည် အုပ် စိုး ခြင်း အာ ဏာ စက် ရှိ လိမ့် မည်။ နာ မ တော် မူ ကား အံ့ ဩ ဘွယ်၊ တိုင် ပင် ဘက်၊ တန် ခိုး ကြီး သော ဘု ရား သ ခင်၊ ထာ ဝ ရ အ ဘ၊ ငြိမ် သက် ခြင်း အ ရှင် ဟု ခေါ် ဝေါ် သ မုတ် ခြင်း ကို ခံ တော် မူ လိမ့် မည်” (ဟေ ရှာ၊ ၉:၆)

“ထာ ဝ ရ ဘု ရား ၏ ကျွန် သည် အ ညွန့် ကဲ့ သို့ ၎င်း၊ သွေ့ ခြောက် သော မြေ ၌ ပေါက် သော အ တက် ကဲ့ သို့ ၎င်း၊ ရှေ့ တော် ၌ ကြီး ပွါး ၏။ ပ မာ ဏ ပြု စ ရာ အ ဆင်း တင့် တယ် ခြင်း မ ရှိ။ ချစ် လို ဘွယ် သော မျက် နှာ လက္ခ ဏာ နှင့် မ ပြည့် စုံ။ မ ထီ မဲ့ မြင် ပြု ခြင်း ကို ခံ ၍၊ လူ တို့ တွင် အ ယုတ် ဆုံး သော သူ ဖြစ် ၏။ ငြို ငြင် သော သူ၊ နာ ကြဉ်း ခြင်း ဝေ ဒ နာ နှင့် ကျွမ်း ဝင် သော သူ ဖြစ် ၏။ သူ တ ပါး မျက် နှာ လွှဲ ခြင်း ကို ခံ ရ သော သူ ကဲ့ သို့ ဖြစ် ၏။ မ ထီ မဲ့ မြင် ပြု ခြင်း ကို ခံ လျက် ရှိ ၍၊ ငါ တို့ သည် မ ရို သေ ကြ။ သို့ သော် လည်း၊ ထို သူ သည် ငါ တို့ အ နာ ရော ဂါ ဝေ ဒ နာ များ ကို ယူ တင် ဆောင် ရွက် လေ ၏။ ဒဏ် ခတ် တော် မူ ခြင်း ကို ၎င်း၊ ဘု ရား သ ခင် ဆုံး မ ၍ နှိမ့် ချ တော် မူ ခြင်း ကို ၎င်း ခံ ရ သော သူ ဖြစ် သည် ဟု ငါ တို့ သည် ထင် မှတ် ကြ ပြီ။ ထို သူ သည် ငါ တို့ လွန် ကျူး ခြင်း အ ပြစ် များ ကြောင့်၊ နာ ကျင် စွာ ထိုး ခြင်း၊ နှိပ် စက် ခြင်း ကို ခံ ရ လေ ၏။ ငါ တို့ ၏ ငြိမ် သက် ခြင်း ချမ်း သာ ကို ဖြစ် စေ သော ဆုံး မ ခြင်း သည် သူ့ အ ပေါ် သို့ ရောက် ၍၊ သူ ခံ ရ သော ဒဏ် ချက် အား ဖြင့် ငါ တို့ သည် အ နာ ပျောက် လျက် ရှိ ကြ ၏။ ငါ တို့ ရှိ သ မျှ သည် သိုး ကဲ့ သို့ လမ်း လွဲ လျက်၊ ကိုယ် လမ်း သို့ အ သီး အ သီး လိုက် သွား ကြ သည် ဖြစ် ၍၊ ထာ ဝ ရ ဘု ရား သည် ခပ် သိမ်း သော ငါ တို့ ၏ အ ပြစ် များ ကို သူ့ အ ပေါ် ၌ တင် တော် မူ ၏။ ထို သူ သည် ညှဉ်း ဆဲ ခြင်း နှင့် နှိမ့် ချ ခြင်း ကို ခံ ၍ နှုတ် ကို မ ဖွင့် ဘဲ နေ ၏။ အ သေ သတ် ခြင်း ငှါ ဆောင် သွား သော သိုး သ ငယ် ကဲ့ သို့ သူ့ ကို ဆောင် သွား ၍၊ သိုး သည် အ မွေး ညှပ် သော သူ ရှေ့ မှာ မ မြည် ဘဲ နေ သ ကဲ့ သို့၊ သူ သည် နှုတ် ကို မ ဖွင့် ဘဲ နေ ၏။ မ တ ရား စွာ စီ ရင် ခြင်း အား ဖြင့် သူ့ ကို ထုတ် သွား ကြ ၏။ အ သက် ရှင် သော သူ တို့ ၏ နေ ရာ မှ သူ့ ကို သုတ် သင် ပယ် ရှင်း သည် ဖြစ် ၍၊ သူ ၏ အ မျိုး အ နွှယ် ကို အ ဘယ် သူ ပြ ညွှန် မည် နည်း။ ငါ ၏ လူ မျိုး အ ပြစ် ကြောင့် ဒဏ် ခတ် တော် မူ ခြင်း ကို ခံ လေ ၏။ ပြစ် မှား ခြင်း ကို မ ပြု။ သူ ၏ နှုတ် ၌ မု သာ မ ရှိ သော် လည်း၊ လူ ဆိုး တို့ နှင့် အ တူ မြေ မြှုပ် ခြင်း ငှါ စီ ရင် ကြ ၏။ သို့ ရာ တွင် သေ ပြီး မှ သူ ဌေး ၌ ရှိ ၏။

ထာ ဝ ရ ဘု ရား သည် သူ့ ကို နှိပ် စက် ခြင်း ငှါ အ လို တော် ရှိ ၍ နာ စေ တော် မူ ၏။ သူ သည် အ ပြစ် ဖြေ သော ယဇ် ကို ပူ ဇော် ပြီး မှ၊ အ မျိုး အ နွှယ် တော် ကို မြင် ရ လိမ့် မည်။ အ သက် တော် လည်း ရှည် လိမ့် မည်။ ထာ ဝ ရ ဘု ရား ၏ အ ကြံ တော် သည် လည်း သူ ၏ လက် ၌ ပြည့် စုံ ခြင်း သို့ ရောက် လိမ့် မည်။ မိ မိ စိတ် ဝိ ညာဉ် ခံ ရ သော ဝေ ဒ နာ ၏ အ ကျိုး ကို မိ မိ မြင် ၍ အား ရ လိမ့် မည်။ ထို ဖြောင့် မတ် သော ငါ ၏ ကျွန် ကို သိ ကျွမ်း ခြင်း အား ဖြင့်၊ သူ သည် အ များ သော သူ တို့ ကို ဖြောင့် မတ် ရာ ၌ တည် စေ လိမ့် မည်။ သူ တို့ ၏ အ ပြစ် ကို ကိုယ် တိုင် ဆောင် ရွက် ရ ၏။ ထို သို့ မိ မိ အ သက် ကို သေ ခြင်း ၌ သွန်း ၍၊ မ တ ရား သော သူ တို့ နှင့် ရေ တွက် ဝင် ခြင်း သို့ ရောက် သ ဖြင့်၊ လူ များ တို့ ၏ အ ပြစ် ကို ဆောင် ရွက် ၍၊ မ တ ရား သော သူ တို့ အ ဘို့ တောင်း ပန် သော ကြောင့်၊ လူ ကြီး တို့ ကို သူ ၏ အ ဘို့ ဖြစ် စေ ခြင်း ငှါ ငါ ခွဲ မည်” (ဟေ ရှာ၊ ၅၃:၂-၁၂)

လူ သား အား လုံး ကယ် တင် ခြင်း သို့ ရောက် ရှိ ဖို့ အ တွက်၊ ဘု ရား သ ခင် က လူ တွေ ကို အ သက် ပေး ပြီး ကယ် တင် ခဲ့ တယ် ဆို တဲ့ ဧ ဝံ ဂေ လိ သ တင်း ကောင်း ကို လူ သား အား လုံး ကြား သိ ရ ဖို့ လို ပါ တယ်။ အဲ သ လို သ တင်း ကောင်း ကို ကြား ရ မှ လည်း ကယ် တင် ရှင် ယေ ရှု ခ ရစ် တော် ကို ယုံ ကြည် နိုင် ပြီး ကယ် တင် ခြင်း သို့ ရောက် မှာ ဖြစ် တယ်။ အဲ ဒီ ဧ ဝံ ဂေ လိ တ ရား မြေ ကြီး စွန်း တိုင် အောင် ရောက် ရှိ ပြီး လူ သား တွေ အား လုံး ကြား သိ စေ ရေး ဆို တဲ့ အ မှု တော် မြတ် ကို ဖေါ် ဆောင် ဖို့ အ တွက်၊ အ သင်း တော် ဆို တဲ့ ဧ ဝံ ဂေ လိ တ ရား ဖြန့် ချိ မဲ့ စက် ရုံ ကြီး ကို တည် ဆောက် ဖို့ ဟာ၊ ကယ် တင် ခြင်း စီ မံ ကိန်း ရဲ့  ဦး တည် ချက် ဘဲ ဖြစ် ပါ တယ်။

အ သင်း တော် တည် ဆောက် မှု အ ဆင့် စ တင် ခြင်း

ကြို တင် ပြင် ဆင် မှု တွေ အား လုံး ပြီး စီး တဲ့ အ ခါ မှာ တော့၊ စက် ရုံ တည် ဆောက် ဖို့ မြေ ကြီး ရှင်း လင်း ခြင်း၊ လမ်း ထွင် ခြင်း စ တာ တွေ ကို လုပ် ဆောင် ရ ပါ တယ်။ အဲ ဒီ လမ်း ရှင်း လင်း ခြင်း အ လုပ် အ တွက် ဗတ္တိ ဇံ ဆ ရာ ယော ဟန် ကို ဘု ရား သ ခင် က ရှေ့ ပြေး စေ လွှတ် လိုက် တယ်။

“ကြည့် ရှု လော့။ ငါ သွား ရာ လမ်း ကို ပြင် ရ သော ငါ ၏ တ မန် ကို ငါ စေ လွှတ် မည်” (မာ လ၊ ၃:၁)

“အ နာ ဂတ္တိ ကျမ်း စာ ၌ လာ သည် ကား၊ ကြည့် ရှု လော့။ သင် သွား ရာ လမ်း ကို ပြင် ရ သော ငါ ၏ တ မန် ကို သင့် ရှေ့ ၌ ငါ စေ လွှတ် ၏ ဆို ရာ ၌ ထို သူ ကို ဆို လို သ တည်း” (မ၊ ၁၁:၁၀။ မာ၊ ၁:၂။ လု၊ ၇:၂၇)

“ကြည့် ရှု လော့။ ထာ ဝ ရ ဘု ရား ၏ ကြောက် မက် ဘွယ် သော နေ့ ရက် ကြီး မ ရောက် မှီ၊ ပ ရော ဖက် ဧ လိ ယ ကို သင် တို့ ရှိ ရာ သို့ ငါ စေ လွှတ် မည်။ ငါ သည် လာ ၍ သင် တို့ ၏ ပြည် ကို ကျိန် ခြင်း ဘေး နှင့် ဒဏ် မ ခတ် မည် အ ကြောင်း၊ ထို ပ ရော ဖက် သည် သား တို့ နှင့် အ ဘ တို့ ကို ၎င်း၊ အ ဘ တို့ နှင့် သား တို့ ကို ၎င်း အ သင့် အ တင့် ဖြစ် စေ မည် ဟု မိန့် တော် မူ ၏” (မာ လ၊ ၄:၅-၆)

“ထို အ ခါ တ ပည့် တော် တို့ က၊ ဧ လိ ယ သည် အ ရင် လာ ရ မည် ဟု ကျမ်း ပြု ဆ ရာ တို့ သည် အ ဘယ် ကြောင့် ဆို ပါ သ နည်း ဟု မေး လျှောက် ကြ လျှင်၊ ယေ ရှု က၊ ဧ လိ ယ သည် အ ရင် လာ ၍ အ လုံး စုံ တို့ ကို ပြု ပြင် ရ သည် မှန် ပေ ၏။ ငါ ဆို သည် ကား၊ ဧ လိ ယ ရောက် လာ ပြီ။ လူ များ သည် သူ့ ကို မ သိ သ ဖြင့် သူ့ အား ပြု ချင် သ မျှ ကို ပြု ကြ ပြီ။ ထို နည်း တူ လူ သား သည် လည်း လူ များ လက် ၌ ခံ ရ မည် ဟု မိန့် တော် မူ သော်၊ ဗတ္တိ ဇံ ဆ ရာ ယော ဟန် ကို အ မှတ် ပြု ၍ မိန့် တော် မူ ကြောင်း ကို တ ပည့် တော် တို့ သည် နား လည် ကြ ၏” (မ၊ ၁၇:၁၀-၁၃)

“ထို အ ခါ တ ပည့် တော် တို့ က၊ ဧ လိ ယ သည် အ ရင် လာ မည် ဟု ကျမ်း ပြု ဆ ရာ တို့ သည် အ ဘယ် ကြောင့် ဆို ပါ သ နည်း ဟု မေး လျှောက် ကြ လျှင်၊ ကိုယ် တော် က၊ ဧ လိ ယ သည် အ ရင် လာ ၍ အ လုံး စုံ တို့ ကို ပြု ပြင် ရ သည် မှန် ပေ ၏။ လူ သား သည် လည်း အ လွန် ဆင်း ရဲ ၍ ကဲ့ ရဲ့ ပယ် ထား ခြင်း ကို ခံ ရ မည် ဟု ကျမ်း စာ လာ ၏။ ငါ ဆို သည် ကား၊ ဧ လိ ယ သည် ရောက် လေ ပြီ။ သူ ၏ အ ကြောင်း ကို ကျမ်း စာ ၌ ရေး ထား သည် အ တိုင်း လူ များ သည် သူ့ အား ပြု ချင် သ မျှ ကို ပြု ကြ ပြီ ဟု မိန့် တော် မူ ၏” (မာ၊ ၉:၁၁-၁၃)

အ သင်း တော် အုတ် မြစ် ချ ခြင်း

တည် ဆောက် ဖို့ အား လုံး အ ဆင် သင့် ဖြစ် တဲ့ အ ခါ စက် ရုံ ကို အုတ် မြစ် ချ ရ ပါ တယ်။ လူ သား တွေ ကို ကယ် တင် ဖို့ အ တွက် ဘု ရား သ ခင် ရဲ့ စက် ရုံ ကြီး က တော့ အ သင်း တော် ဖြစ် ပါ တယ်။ အ သင်း တော် အား ဖြင့် မြေ ကြီး စွန်း တိုင် အောင် ဧ ဝံ ဂေ လိ တ ရား ရောက် ရှိ ဖို့ ဖြစ် ပါ တယ်။ အ သင်း တော် အုတ် မြစ် ချ ဖို့ သ ခင် ခ ရစ် တော် ဒီ လော က ထဲ ကို လူ့ ဇာ တိ ခံ ပြီး ကြွ ဆင်း လာ ပါ တယ်။ သုံး နှစ် ခွဲ ပတ် လုံး ဧ ဝံ ဂေ လိ တ ရား ဟော ကြား ပြီး တ မန် တော် တွေ ကို ရွေး ချယ် ကာ အ သင်း တော် ဆို တဲ့ စက် ရုံ ကြီး ကို စ တင် အုတ် မြစ် ချ ရ ပါ တယ်။ အုတ် မြစ် ချ တဲ့ သူ ဟာ ယေ ရှု ခ ရစ် တော် ကိုယ် တိုင် ဖြစ် ပါ တယ်။

“အ ကြောင်း မူ ကား၊ ယေ ရှု ခ ရစ် တည်း ဟူ သော၊ ချ လျက် ရှိ သော တိုက် မြစ် မှ တ ပါး အ ခြား သော တိုက် မြစ် ကို အ ဘယ် သူ မျှ မ ချ နိုင်” (၁ ကော၊ ၃:၁၁)

အဲ ဒီ ယေ ရှု ခ ရစ် တော် နဲ့ တ မန် တော် တွေ ချ တဲ့ တိုက် မြစ် အ ပေါ် မှာ ယုံ ကြည် သူ တွေ က ဆက် လက် တည် ဆောက် ကြ ခြင်း အား ဖြင့် စီ မံ ကိန်း ကြီး ရဲ့ နောက် ဆုံး အ ဆင့် အ ဖြစ်၊ အ သင်း တော် ဆို တဲ့ စက် ရုံ ကြီး ပေါ် ထွန်း လာ ရ ပါ တယ်။ အဲ ဒီ အ သင်း တော် ဆို တဲ့ စက် ရုံ ကြီး ဟာ မြေ ကြီး စွန်း တိုင် အောင် ဧ ဝံ ဂေ လိ တ ရား ကို ပြန့် ပွား စေ မဲ့ စက် ယန္တ ရား ကြီး ဖြစ် ပါ တယ်။

“ယေ ရှု သည် အ နီး အ ပါး သို့ ချဉ်း တော် မူ ပြီး လျှင်၊ . . . သင် တို့ သွား ၍ လူ မျိုး တ ကာ တို့ ကို ငါ့ တ ပည့် ဖြစ် စေ လျက်၊ ခ မည်း တော်၊ သား တော်၊ သန့် ရှင်း သော ဝိ ညာဉ် တော် ၏ နာ မ ၌ ဗတ္တိ ဇံ ကို ပေး ကြ လော့။ ငါ သည် သင် တို့ အား ပေး သ မျှ သော ပ ညတ် တော် တို့ ကို စောင့် ရှောက် စေ ခြင်း ငှါ ဆုံး မ ဩ ဝါ ဒ ပေး ကြ လော့ . . . ဟု တ ပည့် တော် တို့ အား မိန့် တော် မူ ၏” (မ၊ ၂၈:၁၈-၂၀)

“သင် တို့ သည် လော ကီ နိုင် ငံ အ ရပ် ရပ် ရှိ သ မျှ သို့ သွား ၍၊ ဝေ နေ ယျ သတ္တ ဝါ အ ပေါင်း တို့ အား ဧ ဝံ ဂေ လိ တ ရား ကို ဟော ကြ လော့။ ယုံ ကြည် ၍ ဗတ္တိ ဇံ ကို ခံ သော သူ သည် ကယ် တင် တော် မူ ခြင်း သို့ ရောက် လ တံ့။ မ ယုံ ကြည် သော သူ မူ ကား အ ပြစ် စီ ရင် ခြင်း ကို ခံ ရ လ တံ့” (မာ၊ ၁၆:၁၅-၁၆)

“ခ ရစ် တော် ၏ အ ခွင့် အား ဖြင့် နောင် တ တ ရား နှင့် အ ပြစ် လွှတ် ခြင်း တ ရား ကို ယေ ရု ရှ လင် မြို့ မှ စ သော လူ မျိုး တ ကာ တို့ အား ဟော ပြော ရ မည်။ သင် တို့ သည် လည်း ဤ အ ကြောင်း အ ရာ တို့ ၏ သက် သေ ဖြစ် ကြ ၏” (လု၊ ၂၄:၄၇-၄၈)

“တ ဖန် ယေ ရှု က၊ သင် တို့ ၌ ငြိမ် သက် ခြင်း ရှိ စေ သ တည်း။ ခ မည်း တော် သည် ငါ့ ကို စေ လွှတ် တော် မူ သည် နည်း တူ၊ သင် တို့ ကို ငါ စေ လွှတ် သည် ဟု မိန့် တော် မူ ပြီး လျှင် . . .” (ယော၊ ၂၀:၂၁)

အ သင်း တော် ဖွင့် ပွဲ

နိုင် ငံ တစ် ခု ရဲ့ ကြီး ကျယ် တဲ့ စီ မံ ကိန်း ကြီး တွေ၊ စက် ရုံ ကြီး တွေ ဆောက် လုပ် ပြီး စီး တဲ့ အ ခါ မှာ၊ အဲ ဒီ နိုင် ငံ ရဲ့ အ ကြီး အ ကဲ တွေ က လာ ရောက် ပြီး အ ခန်း အ နား နဲ့ ဖွင့် လှစ် ပေး လေ့ ရှိ ပါ တယ်။ ဒီ အ သင်း တော် ဆို တဲ့ ဘု ရား သ ခင် ရဲ့ စက် ရုံ ကြီး ကို ဖွင့် လှစ် ဖို့ အ တွက် ကျ တော့၊ ကောင်း ကင် နဲ့ မြေ ကြီး ကို ဖန် ဆင်း တဲ့ ဘု ရား သ ခင် ရဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် ကိုယ် တိုင် မြေ ကြီး ပေါ် ကို ဆင်း သက် ကြွ လာ ပြီး ဖွင့် လှစ် ပေး ပါ တယ်။ လူ တွေ ရဲ့ စက် ရုံ ဖွင့် ပွဲ တွေ မှာ အိုး စည် ဗုံ မောင်း နဲ့၊ မီး ရှူး မီး ပန်း နဲ့ မြိုင် မြိုင် ဆိုင် ဆိုင် ကျင်း ပ တတ် ကြ တယ်။ ဘု ရား သ ခင် ရဲ့ အ သင်း တော် ဖွင့် ပွဲ မှာ တော့ လူ တွေ မ တတ် နိုင် တဲ့ အင် မ တန် ထူး ဆန်း တဲ့၊ အံ့ မ ခန်း တန် ခိုး နိ မိတ် လက္ခ ဏာ တွေ နဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် က ဖွင့် လှစ် ပေး ပါ တယ်။ အဲ ဒါ ဟာ တ မန် တော် ဝတ္ထု အ ခန်း ကြီး ၂ ထဲ က အ ဖြစ် အ ပျက် တွေ ဖြစ် ပါ တယ်။

“ထို အ ခါ လေ ပြင်း မုန် တိုင်း ကဲ့ သို့ သော အ သံ သည် တ ခ ဏ ခြင်း တွင် ကောင်း ကင် မှ လာ ၍၊ ထို သူ တို့ နေ ထိုင် သော အိမ် ကို ဖြည့် လေ ၏။ ထို ခ ဏ ခြင်း တွင် ကွဲ ပြား သော လျှာ တို့ သည် မီး လျှာ ကဲ့ သို့ ထင် ရှား ၍၊ ထို သူ အ သီး အ သီး တို့ အ ပေါ် ၌ တည် နေ ကြ ၏။ ထို သူ အ ပေါင်း တို့ သည် လည်း သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် ၍၊ ဝိ ညာဉ် တော် သည် ဟော ပြော သော အ ခွင့် ကို ပေး တော် မူ သည် အ တိုင်း အ မျိုး မျိုး သော ဘာ သာ စ ကား အား ဖြင့် ဟော ပြော ကြ ၏” (တ၊ ၂:၂-၄)

ပြီး တော့ ဘု ရား သ ခင် က သူ စေ လွှတ် တဲ့ သူ တွေ ကို သူ က စေ လွှတ် ခြင်း ဖြစ် တဲ့ အ ကြောင်း ခိုင် လုံ အောင် တန် ခိုး နိ မိတ် လက္ခ ဏာ တွေ ပြ ခွင့် ပါ ပေး တယ်။ အဲ ဒါ ကြောင့် တ မန် တော် တွေ ဟာ အ မျိုး မျိုး သော ဘာ သာ စ ကား ပြော တာ တွေ၊ အ နာ ရော ဂါ ငြိမ်း စေ တာ တွေ၊ နတ် ဆိုး နှင် ထုတ် တာ တွေ၊ မြွေ ကိုက် သော် လည်း မ သေ နိုင် တာ တာ တွေ၊ စ သ ဖြင့် လုပ် ဆောင် နိုင် ကြ တာ ဖြစ် ပါ တယ်။

“ယုံ ကြည် သော သူ တို့ ၌ ဖြစ် အံ့ သော နိ မိတ် လက္ခ ဏာ ဟူ မူ ကား၊ ငါ ၏ နာ မ ကို အ မှီ ပြု ၍ နတ် ဆိုး တို့ ကို နှင် ထုတ် ကြ လ တံ့။ ထူး ခြား သော ဘာ သာ စ ကား မျိုး တို့ ကို ပြော ကြ လ တံ့။ မြွေ တို့ ကို ဘမ်း ကိုင် ကြ လ တံ့။ သေ စေ တတ် သော အ ဆိပ် အ တောက် ကို သောက် စား လျှင် ဘေး ဥ ပဒ် နှင့် ကင်း လွတ် ကြ လ တံ့။ မ ကျန်း မ မာ သော သူ တို့ အ ပေါ် မှာ လက် ကို တင် ၍ ချမ်း သာ ပေး ကြ လ တံ့ ဟု မိန့် တော် မူ ၏” (မာ၊ ၁၆:၁၇-၁၈)

အ သင်း တော်

ယေ ရှု ခ ရစ် တော် ချ ခဲ့ တဲ့ အဲ ဒီ အ ခြေ ခံ အုတ် မြစ် အ ပေါ် မှာ သူ ရွေး ကောက် တဲ့ တ မန် တော် တွေ က ဆက် လက် တည် ဆောက် ကြ တယ်။ ပြီး တော့ က န ဦး ယုံ ကြည် သူ တွေ၊ ပြီး တော့ နောက် ပိုင်း မှာ မိတ် ဆွေ နဲ့ ကျွန် တော် အ ပါ အ ဝင် ဒု တိ ယ မွေး ခြင်း ခံ ပြီး တဲ့ သူ တွေ လည်း အုတ် တစ် ချပ် သဲ တစ် ပွင့် အ နေ နဲ့ ပါ ဝင် ကြ ပါ တယ်။

“ငါ တို့ သည် ဘု ရား သ ခင့် ထံ ၌ အ လုပ် လုပ် သော သူ ချင်း ဖြစ် ကြ ၏။ သင် တို့ သည် ဘု ရား သ ခင် ၏ ဥ ယျာဉ် တော် ဖြစ် ကြ ၏။ ဘု ရား သ ခင် ၏ ကျောင်း တော် တိုက် လည်း ဖြစ် ကြ ၏။ ဘု ရား သ ခင် ၏ ကျေး ဇူး တော် ကို ငါ ခံ ရ သည် နှင့် အ ညီ၊ လိမ္မာ သော ဗိ သု ကာ ကဲ့ သို့ တိုက် မြစ် ကို ချ ပြီ။ အ ခြား သော သူ သည် ထပ် ဆင့် ၍ တည် ဆောက် လေ ၏” (၁ ကော၊ ၃:၉-၁၀)

“မေတ္တာ စိတ် နှင့် သမ္မာ တ ရား ကို ဟော ပြော သ ဖြင့်၊ ဦး ခေါင်း တည်း ဟူ သော ခ ရစ် တော် မှာ အ ရာ ရာ တို့ ၌ ကြီး ပွါး ကြ မည် အ ကြောင်း တည်း။ ထို ဦး ခေါင်း မှ၊ အ ဆစ် အ ပိုင်း များ တို့ သည် အား ဖြည့် သ ဖြင့်၊ တ ကိုယ် လုံး သည် စေ့ စပ် ထုံး ဖွဲ့ လျက်၊ အ သီး အ သီး အင်္ဂါ များ ကိုယ် ငန်း ကိုယ် တာ အ တိုင်း ပြု ပြင် သည် နှင့် အ ညီ၊ မိ မိ ကိုယ် ကို မေတ္တာ ၌ တည် ဆောက် ခြင်း ငှါ ကြီး ပွါး စေ တတ် ၏” (ဧ၊ ၄:၁၅-၁၆)

“အ ဘယ် သို့ နည်း ဟူ မူ ကား၊ တ မန် တော် တို့ မှ စ ၍ ပ ရော ဖက် များ တည်း ဟူ သော တိုက် မြစ် အ ပေါ် ၌ သင် တို့ သည် ထပ် ဆင့် ၍ တည် ဆောက် လျက် ရှိ ကြ ၏” (ဧ၊ ၂:၂၀)

ဓမ္မ သစ် ကျမ်း

စက် ရုံ တစ် ရုံ ကို တည် ဆောက် ပြီး သွား ရင် အဲ ဒီ စက် ရုံ ကို စံ နစ် တ ကျ လည် ပတ် စေ ဖို့ အ တွက် ကိုး ကား လိုက် နာ ရ မဲ့ လမ်း ညွှန် ချက် တွေ၊ လုပ် ငန်း ဆောင် ရွက် ပုံ စည်း မျဉ်း စည်း ကမ်း တွေ ရှိ ဖို့ လို ပါ တယ်။ အဲ သ လို ဘဲ၊ ဘု ရား သ ခင် တည် ဆောက် ပြီး တဲ့ အ သင်း တော် ဟာ ဘယ် လို သွား လာ လုပ် ဆောင် ရ မ လဲ ဆို တဲ့ လမ်း ညွှန် ချက် တွေ ကို သန့် ရှင်း သော ဝိ ညာဉ် တော် ရဲ့ လမ်း ပြ မှု နဲ့ တ မန် တော် တွေ၊ က န ဦး တ ပည့် တော် တွေ က ပြု စု ပေး ခဲ့ ကြ တယ်။ အဲ ဒီ စည်း မျဉ်း စည်း ကမ်း တွေ ကို ဓမ္မ သစ် ကျမ်း လို့ ခေါ် ပါ တယ်။

ဘု ရား သ ခင် ပေး တော် မူ သော အ ရာ တို့ ကို ငါ တို့ သည် လူ ပ ညာ ကို အ မှီ ပြု ၍ နား လည် သော စ ကား နှင့် မ ဟော။ သန့် ရှင်း သော ဝိ ညာဉ် တော် သည် ဝိ ညာဉ် နှင့် စပ် ဆိုင် သော အ ရာ ကို ဝိ ညာဉ် စ ကား အား ဖြင့် ဖွင့် ပြ ၍ ပဲ့ ပြင် တော် မူ သော စ ကား နှင့် ငါ တို့ သည် ဟော ကြ ၏” (၁ ကော၊ ၂:၁၃)

“အ ကြောင်း မူ ကား၊ အ နာ ဂတ္တိ စ ကား သည် လူ အ လို အား ဖြင့် ဖြစ် ဘူး သည် မ ဟုတ်။ ဘု ရား သ ခင် ၏ သန့် ရှင်း သူ တို့ သည် သန့် ရှင်း သော ဝိ ညာဉ် တော် ၏ တိုက် တွန်း တော် မူ ခြင်း ကို ခံ ရ ၍ ဟော ပြော ကြ ၏” (၂ ပေ၊ ၁:၂၁)

“ငါ တို့ ချစ် သော ညီ ပေါ လု သည် မိ မိ ခံ ရ သော ဉာဏ် ပ ညာ အ တိုင်း သင် တို့ အား ရေး ၍ ပေး လိုက် သော စာ ၌ ၎င်း၊ သူ သည် ဤ အ ရာ များ ကို ပြော ၍ စီ ရင် သော ဩ ဝါ ဒ စာ ရှိ သ မျှ တို့ ၌ ၎င်း ပါ သည် နှင့် အ ညီ၊ ငါ တို့ သ ခင် ဘု ရား သည်း ခံ တော် မူ ခြင်း သည် ကယ် တင် မည် အ ကြောင်း ဖြစ် သည် ဟု မှတ် ကြ လော့” (၂ ပေ၊ ၃:၁၅)

ခြုံ ငုံ သုံး သပ် ချက်

စက် ရုံ တစ် ရုံ ရဲ့ ဖွင့် ပွဲ ပြီး ဆုံး တဲ့ နောက် မှာ နောက် ထပ် ဖွင့် ပွဲ ထပ် လုပ် စ ရာ မ လို တော့ ပါ ဘူး။ နိုင် ငံ တော် အ ကြီး အ ကဲ တွေ လည်း နောက် ထပ် လာ ဖို့ မ လို တော့ ဘူး။ အိုး စည် ဗုံ မောင်း နဲ့ ပွဲ လမ်း သ ဘင် ကျင်း ပ ဖို့ လည်း မ လို တော့ ဘူး။ အဲ သ လို ပါ ဘဲ၊ တ မန် တော် ဝတ္ထု အ ခန်း ကြီး ၂ မှာ အ သင်း တော် ဖွင့် ပွဲ ပြီး ဆုံး သွား ပြီ ဖြစ် တဲ့ အ တွက် နောက် ထပ် အ သင်း တော် ဖွင့် ပွဲ လုပ် စ ရာ မ လို တော့ ဘူး။ လေ ပြင်း မုန် တိုင်း လို အ သံ တွေ၊ မီး လျှာ တွေ၊ အ ခြား သော ဘာ သာ စ ကား ပြော တာ တွေ၊ အ နာ ရော ဂါ ငြိမ်း တာ တွေ လည်း လုပ် ပြ ဖို့ မ လို တော့ ဘူး။ သန့် ရှင်း သော ဝိ ညာဉ် တော် လည်း နောက် ထပ် ဆင်း ကြွ လာ ဖို့ မ လို တော့ ဘူး။

လော ကီ နိုင် ငံ အ ကြီး အ ကဲ တွေ က စက် ရုံ ဖွင့် ပွဲ အ ပြီး မှာ အ သီး သီး ကိုယ့် နေ ရာ ကိုယ် ပြန် သွား ကြ ပေ မဲ့၊ သန့် ရှင်း သော ဝိ ညာဉ် တော် က တော့ အ သင်း တော် ဖွင့် ပွဲ အ ပြီး မှာ ကောင်း ကင် ဘုံ ကို ပြန် မ တက် ကြွ တော့ ဘဲ၊ ယုံ ကြည် သူ တွေ အ ထဲ မှာ ဆက် လက် ပြီး ကျိန်း ဝပ် နေ ပါ တယ်။

“သင် တို့ သည် ဘု ရား သ ခင် ၏ ဗိ မာန် တော် ဖြစ် ကြ သည် ကို ၎င်း၊ ဘု ရား သ ခင် ၏ ဝိ ညာဉ် တော် သည် သင် တို့ အ ထဲ ၌ ကျိန်း ဝပ် တော် မူ သည် ကို ၎င်း မ သိ ကြ သ လော” (၁ ကော၊ ၃:၁၆)

“သင် တို့ သည် လည်း ကယ် တင် တော် မူ ခြင်း အ ကြောင်း နှင့် ယှဉ် သော ဧ ဝံ ဂေ လိ တ ရား တည်း ဟူ သော သမ္မာ တ ရား ကို ကြား နာ ရ ၍ ထို ခ ရစ် တော် ကို ယုံ ကြည် ပြီး မှ၊ ဂ တိ တော် နှင့် ယှဉ် သော သန့် ရှင်း သော ဝိ ညာဉ် တော် ၏ တံ ဆိပ် ခတ် ခြင်း ကို ခံ ရ ကြ ပြီ” (ဧ၊ ၁:၁၃)

“ရွေး နှုတ် ခြင်း နေ့ ရက် တိုင် အောင် သင် တို့ ကို တံ ဆိပ် ခတ် တော် မူ သော ဘု ရား သ ခင် ၏ သန့် ရှင်း သော ဝိ ညာဉ် တော် ကို စိတ် မ နာ စေ ကြ နှင့်” (ဧ၊ ၄:၃၀)

အဲ ဒါ ကို ကျမ်း စာ က ဧ မာ နွေ လ လို့ ခေါ် ပါ တယ်။ သ ခင် ယေ ရှု က တ ပည့် တော် တွေ ကို ကမ္ဘာ ဆုံး တိုင် အောင် သူ တို့ နဲ့ အ တူ ရှိ မယ် လို့ ပြော တဲ့ အ ခါ မှာ၊ သူ့ ရဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ယုံ ကြည် သူ တွေ နဲ့ အ တူ ရှိ နေ တာ ကို ဆို လို ခြင်း ဖြစ် ပါ တယ်။

“ဗျာ ဒိတ် တော် အ ချက် ဟူ မူ ကား ကြည့် ရှု လော့။ သ တို့ သ မီး က ညာ သည် ပ ဋိ သန္ဓေ စွဲ ယူ ၍ သား ယောက်ျား ကို ဘွား မြင် လ တံ့။ ထို သား ကို ဧ မာ နွေ လ အ မည် ဖြင့် မှည့် ရ ကြ လ တံ့ ဟု လာ သ တည်း။ ဧ မာ နွေ လ အ နက် ကား၊ ငါ တို့ နှင့် အ တူ ရှိ တော် မူ သော ဘု ရား သ ခင် ဟု ဆို လို သ တည်း” (မ၊ ၁:၂၃)

“ငါ သည် သင် တို့ အား ပေး သ မျှ သော ပ ညတ် တော် တို့ ကို စောင့် ရှောက် စေ ခြင်း ငှါ ဆုံး မ ဩ ဝါ ဒ ပေး ကြ လော့။ ငါ သည် လည်း ကပ် ကမ္ဘာ ကုန် သည် တိုင် အောင် သင် တို့ နှင့် အ တူ အ စဉ် မ ပြတ် ရှိ သည် ဟု တ ပည့် တော် တို့ အား မိန့် တော် မူ ၏” (မ၊ ၂၈:၂၀)

ဒါ ကြောင့်၊ အ ခု နေ ခါ ယုံ ကြည် သူ ခ ရစ် ယာန် တစ် ယောက် က သန့် ရှင်း သော ဝိ ညာဉ် တော် ကို ကြွ ဆင်း ဖို့ ဖိတ် ခေါ် ရင်၊ ဝိ ညာဉ် တော် ခေါင်း ရှုပ် သွား မ လား မ သိ ဘူး။ သူ့ အ ထဲ မှာ ငါ ကျိန်း ဝပ် နေ ပြီ ဘဲ၊ အ ခု သူ့ ကိုယ် အ ထဲ က နေ ထွက် ပြီး တစ် ခါ ပြန် ဝင် ရ မ လား မ သိ ဘူး လို့ ပြော လိမ့် မယ် ထင် တယ်။ အ မည် ခံ ခ ရစ် ယာန် တစ် ယောက် က ဖိတ် ခေါ် ရင် တော့ မှန် ကောင်း မှန် ပါ လိမ့် မယ်။ ကိုယ့် အိမ် အ ပြင် ဖက် က လူ ကို အိမ် ထဲ လာ ဖို့ ဖိတ် ခေါ် တာ သင့် တော် ပါ တယ်။ ဒါ ပေ မဲ့ ကိုယ့် ဧည့် ခန်း ထဲ ရောက် နေ ပြီး တဲ့ သူ ကို အိမ် ထဲ လာ ဖို့ ဖိတ် ခေါ် ရင် ခပ် ကြောင် ကြောင် ဖြစ် နေ ပါ လိမ့် မယ်။

ဒါ ကြောင့် ဝတ် ပြု စည်း ဝေး တွေ မှာ သန့် ရှင်း သော ဝိ ညာဉ် တော် ကို ကြွ ဆင်း ဖို့ ဖိတ် ခေါ် ပြီး တ မန် တော် ဝတ္ထု ထဲ က လို တန် ခိုး နိ မိတ် လက္ခ ဏာ တွေ ဖြစ် ပေါ် ဖို့ လုပ် ဆောင် ကြ တာ အ ဓိပ္ပါယ် မ ရှိ ဘူး လို့ ကျွန် တော် ထင် ပါ တယ်။ အဲ သ လို ပြော လို့ လဲ၊ တန် ခိုး နိ မိတ် လက္ခ ဏာ တွေ မ ဖြစ် ပေါ် နိုင် တော့ ဘူး လို့ ကျွန် တော် မ ဆို လို ပါ ဘူး။ ဘု ရား သ ခင် ဟာ အ ရာ အား လုံး ကို ပိုင် သ အုပ် စိုး တဲ့ အ ရှင် ဖြစ် တဲ့ အ တွက် သူ လုပ် ချင် တာ ကို သူ လုပ် ချင် တဲ့ အ ချိန် မှာ သူ လုပ် ချင် သ လို လုပ် မှာ ဘဲ။ ဘယ် သူ က မှ တား မြစ် လို့ မ ရ ဘူး။

“ငါ တို့ ၏ ဘု ရား သ ခင် သည် ကောင်း ကင် ဘုံ ၌ ရှိ တော် မူ ၏။ အ လို တော် ရှိ သ မျှ အ တိုင်း ပြု တော် မူ ၏” (ဆာ၊ ၁၁၅:၃)

“ထာ ဝ ရ ဘု ရား သည် ကောင်း ကင်၊ မြေ ကြီး၊ သ မုဒ္ဒ ရာ၊ နက် နဲ ရာ အ ရပ် ရပ် တို့ ၌ အ လို တော် ရှိ သ မျှ တို့ ကို ပြု တော် မူ ၏” (ဆာ၊ ၁၃၅:၆)

ဒါ ကြောင့် အား လုံး ကို ခြုံ ငုံ ပြီး ပြော ရ ရင်၊ တ မန် တော် ဝတ္ထု အ ခန်း ကြီး ၂ ထဲ က အ ဖြစ် အ ပျက် တွေ ဟာ ဘု ရား သ ခင် ရဲ့ တန် ခိုး တော် ကို ပြ သ တဲ့ သာ မန် အ ဖြစ် အ ပျက် တွေ မ ဟုတ် ဘူး။ ကောင်း ကင် နဲ့ မြေ ကြီး ကို ဖန် ဆင်း တဲ့ ဘု ရား သ ခင် ရဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် ဟာ၊ ယေ ရှု ခ ရစ် တော် အုတ် မြစ် ချ တည် ဆောက် ခဲ့ တဲ့ အ သင်း တော် ကို ဖွင့် လှစ် ပေး ဖို့ နဲ့၊ ယုံ ကြည် သူ တွေ ရဲ့ အ သက် တာ ထဲ မှာ ကျိန်း ဝပ် ဖို့ အ တွက်၊ ကြီး မား တဲ့ တန် ခိုး နိ မိတ် လက္ခ ဏာ တွေ နဲ့ အ တူ၊ ဒီ ကမ္ဘာ မြေ ကြီး ပေါ် ကို ကြွ ဆင်း လာ ခြင်း ဘဲ ဖြစ် ပါ တယ်။ . . . အား လုံး ကို ဘု ရား သ ခင် ကောင်း ကြီး ပေး ပါ စေ။