စာလုံးအ ရွယ်အစား

က က

ပြန် သွား

Published: 24/10/2020 Last Edited: 24/10/2020

တူ ညီ သော ဆန့် ကျင် ဘက်

“စစ် ကဲ မင်း ထံ သို့ ရောက် သော အ ခါ ဤ သူ တို့ သည် ယု ဒ လူ ဖြစ် လျက် ငါ တို့ မြို့ ကို နှောင့် ရှက် တတ် ပါ ၏။ ရော မ လူ ဖြစ် သော ငါ တို့ သည် မ ခံ မ ယူ မ ကျင့် အပ် သော ဘာ သာ ထုံး တမ်း များ ကို ဟော ပြော သွန် သင် တတ် ပါ ၏ ဟု လျှောက် ဆို ကြ လျှင်၊ စု ဝေး သော လူ တို့ သည် သူ တို့ တ ဘက် ၌ တ ပြိုင် နက် ထ ကြ ၏။ စစ် ကဲ မင်း တို့ လည်း သူ တို့ ၏ အ ဝတ် ကို ချွတ် ၍ ကြိမ် လုံး နှင့် ရိုက် စေ ခြင်း ငှါ စီ ရင် ကြ ၏။ ရိုက် ၍ ဒဏ် ချက် များ ရှိ ပြီး မှ၊ လုံ ခြုံ စွာ စောင့် စေ ဟု ထောင် မှူး ကို မှာ လိုက် ၍ ထောင် ထဲ မှာ လှောင် ထား ကြ ၏။ ထို သို့ မှာ လိုက် သည် အ တိုင်း ထောင် မှူး သည် အ တွင်း ထောင် ထဲ မှာ လှောင် ၍ ထိတ် ခတ် လျက် ထား ၏” (တ၊ ၁၆:၂၀-၂၄)

“ထို မျှ တိုင် အောင် ပေါ လု ၏ စ ကား ကို နား ထောင် ပြီး လျှင်၊ ထို သူ တို့ သည် အော် ဟစ် ၍၊ ထို သို့ သော သူ ကို မြေ ကြီး ပြင် မှ သုတ် သင် ပယ် ရှင်း လော့။ သူ သည် အ သက် မ ရှင် သင့် ဟု ဆို ကြ ၏။ ထို သို့ အော် ဟစ် ခြင်း၊ ကိုယ် အ ဝတ် ကို ချွတ် ခြင်း၊ မြေ မှုန့် ကို မိုဃ်း ကောင်း ကင် သို့ ပစ် လိုက် ခြင်း ကို ပြု ကြ စဉ် တွင်၊ ပေါ လု ကို အ ဘယ် ကြောင့် ထို သို့ အော် ဟစ် ကြ သည် ကို စစ် သူ ကြီး သည် သိ လို ၍၊ ပေါ လု ကို ရဲ တိုက် ထဲ သို့ သွင်း စေ။ ရိုက် ၍ စစ် ကြော စေ ဟု စီ ရင် လေ ၏။ သား ရေ ကြိုး နှင့် ဆွဲ တင် ကြ သော အ ခါ၊ ပေါ လု က၊ ရော မ လူ ဖြစ် သော သူ ကို ဓမ္မ သတ် အ တိုင်း မ စီ ရင် ဘဲ လျက်၊ သင် တို့ သည် ရိုက် ရ သ လော ဟု အ နား ၌ ရပ် နေ သော တပ် မှူး အား ဆို ၏။ တပ် မှူး သည် ကြား လျှင် စစ် သူ ကြီး ထံ သို့ သွား ၍၊ အ ဘယ် သို့ ပြု မည် ကို သ တိ ထား ပါ လော့။ ဤ သူ သည် ရော မ လူ ဖြစ် ပါ သည် ဟု ကြား လျှောက် ၏။ စစ် သူ ကြီး သည် လည်း၊ ပေါ လု ထံ သို့ လာ ၍၊ သင် သည် ရော မ လူ မှန် သ လော၊ ငါ့ အား ပြော လော့ ဟု ဆို လျှင်၊ မှန် ပါ သည် ဟု ပေါ လု ပြော ဆို ၏။ စစ် သူ ကြီး က လည်း၊ အ ကျွန်ုပ် သည် ငွေ အ များ ကို ပေး ၍ ရော မ လူ ၏ အ ရိပ် အ ရာ ကို ရ သည် ဟု ဆို လျှင်၊ ပေါ လု က၊ အ ကျွန်ုပ် သည် ဇာ တိ အား ဖြင့် ရ ပါ သည် ဟု ဆို ၏။ ထို အ ခါ စစ် ကြော မည် ပြု သော သူ တို့ သည် ပေါ လု ထံ မှ ချက် ခြင်း သွား ၍၊ သူ သည် ရော မ လူ ဖြစ် သည် ကို ၎င်း၊ ရော မ လူ ကို ချည် နှောင် မိ သည် ကို ၎င်း၊ စစ် သူ ကြီး သိ လျှင် ကြောက် ခြင်း သို့ ရောက် လေ ၏” (တ၊ ၂၂:၂၂-၂၉)

ဒီ ကျမ်း ပိုဒ် နှစ် ခု စ လုံး မှာ ရှင် ပေါ လု ကို လူ တွေ က မ ဟုတ် မ ဟပ် စွပ် စွဲ တဲ့ အ တွက် ရော မ အာ ဏာ ပိုင် တွေ က ဖမ်း ဆီး ပြီး အ ရေး ယူ တဲ့ အ ကြောင်း ကို တွေ့ ရ တယ်။ ပ ထ မ အ ဖြစ် အ ပျက် က မာ ကေ ဒေါ နိ ပြည် ဖိ လိပ္ပိ မြို့ မှာ ဖြစ် ခဲ့ ပြီး၊ ဒု တိ ယ အ ဖြစ် အ ပျက် က တော့ ယု ဒ ပြည် ယေ ရု ရှ လင် မြို့ မှာ ဖြစ် ပျက် ခဲ့ ပါ တယ်။ အ ဖြစ် အ ပျက် နှစ် ခု စ လုံး မှာ ပေါ လု မ တ ရား စွပ် စွဲ ခံ ရ တာ၊ အာ ဏာ ပိုင် တွေ က ဖမ်း ဆီး တာ၊ ရိုက် ဖို့ ကြိုး စား တာ တွေ ဟာ အ တူ တူ ပါ ဘဲ။ ထူး ခြား တာ က တော့၊ ပ ထ မ အ ကြိမ် မှာ ပေါ လု က ကြည် ကြည် သာ သာ အ ရိုက် ခံ ပေ မဲ့ ဒု တိ ယ အ ကြိမ် မှာ တော့ သူ့ ရဲ့ ရော မ နိုင် ငံ သား ဖြစ် ခြင်း ကို ဖွင့် ပြော ပြီး အ ရိုက် ခံ ဖို့ ငြင်း ဆန် တာ ဖြစ် ပါ တယ်။ ပေါ လု ဟာ မွေး က တည်း က ရော မ လူ ဖြစ် ပါ တယ်။ ဖိ လိပ္ပိ မြို့ မှာ လည်း အဲ ဒီ ရော မ လူ ဖြစ် ခြင်း ကို အ သုံး ချ ပြီး အ ရိုက် ခံ ဖို့ သူ ငြင်း နိုင် ပါ တယ်။ ဒါ ပေ မဲ့ မ ငြင်း ဆန် ဘဲ ပေါ လု ဘာ ကြောင့် အ ရိုက် ခံ တာ လဲ။ ကျွန် တော် မ သိ ပါ ဘူး။ ယေ ရု ရှ လင် မြို့ မှာ တော့ ဘာ ကြောင့် ငြင်း ဆန် ပြီး အ ရိုက် မ ခံ တာ လဲ။ အဲ ဒါ ကို လည်း ကျွန် တော် မ သိ ပါ ဘူး။ ကျွန် တော် သိ တာ က တော့ အဲ ဒီ အ ဖြစ် အ ပျက် တွေ အား လုံး ဟာ ဘု ရား သ ခင် ရဲ့ စီ မံ လုပ် ဆောင် မှု တွေ ဆို တာ ကို ဘဲ ဖြစ် ပါ တယ်။

ပ ထ မ အ ကြိမ် ဖိ လိပ္ပိ မြို့ မှာ တုန်း က ပေါ လု နဲ့ သိ လ တို့ အ ရိုက် ခံ ပြီး ထောင် ကျ တယ်။ ထောင် ထဲ မှာ ည ကြ တော့ ဒဏ် ရာ တွေ ကြား ထဲ က နေ ပေါ လု နဲ့ သိ လ တို့ က ဂုဏ် တော် ချီး မွမ်း ပြီး သီ ချင်း ဆို တယ်။ အဲ ဒီ လို ဒဏ် ရာ အ နာ တ ရ ခံ စား ရ တာ ကို ညည်း ငြူ မ နေ တဲ့ အ ပြင် ဝမ်း မြောက် ပြီး သီ ချင်း ဆို တာ ကို တစ် ခြား ထောင် သား တွေ က အံ့ ဩ နား ထောင် ကြ တယ်။ အဲ ဒီ အ ချိန် မှာ င လျင် လှုပ် ပြီး ထောင် တံ ခါး တွေ ပွင့် ကုန် တယ်။ အ ချုပ် ခန်း တံ ခါး တွေ ပွင့် သွား တယ်။ အ ကျဉ်း သား တွေ ရဲ့ ခြေ ကျင်း လက် ထိပ် တွေ ကျွတ် ကုန် တယ်။ ဒါ ပေ မဲ့ ပေါ လု နဲ့ သိ လ အ ပါ အ ဝင် ထောင် သား တွေ တစ် ယောက် မှ ထွက် မ ပြေး ကြ ဘူး။ အဲ ဒီ အ ဖြစ် အ ပျက် ‌ဟာ နောက် ဆုံး မှာ တော့ ထောင် မှူး နဲ့ သူ့ မိ သား စု ခ ရစ် တော် ထံ ပြောင်း လဲ ပြီး ကယ် တင် ခြင်း ရောက် ဖို့ အ ကြောင်း ဖြစ် လာ တယ်။

“ထောင် မှူး သည် နိုး ၍ ထောင် တံ ခါး များ ပွင့် လျက် ရှိ သည် ကို မြင် လျှင်၊ နှောင် ဖွဲ့ ခြင်း ကို ခံ ရ သော သူ တို့ သည် ထွက် ပြေး ကြ ပြီ ဟု ထင် မှတ် သည် နှင့်၊ ထား ကို အိမ် မှ ဆွဲ ထုတ် ၍ ကိုယ် အ သက် ကို သတ် မည် ပြု လေ ၏။ ပေါ လု က လည်း၊ ကိုယ် ကို အ ပြစ် မ ပြု နှင့်။ ငါ တို့ အ ပေါင်း သည် ရှိ ကြ ၏ ဟု ကြီး သော အ သံ နှင့် ဟစ် ၍ ပြော ဆို ၏။ ထောင် မှူး သည် ညှိ ထွန်း သော မီး ကို တောင်း ပြီး မှ ပြေး ဝင် ၍၊ ပေါ လု နှင့် သိ လ တို့ ၏ ခြေ ရင်း ၌ တုန် လှုပ် လျက် ပြပ် ဝပ် လေ ၏။ သူ တို့ ကို ပြင် သို့ ထုတ် ပြီး လျှင် လည်း၊ သ ခင် တို့၊ အ ကျွန်ုပ် သည် ကယ် တင် ခြင်း သို့ ရောက် အံ့ သော ငှါ အ ဘယ် သို့ ပြု ရ ပါ မည် နည်း ဟု မေး လျှောက် လေ ၏။ ထို သူ တို့ က လည်း၊ သ ခင် ယေ ရှု ခ ရစ် ကို ယုံ ကြည် လော့။ ယုံ ကြည် လျှင် သင် နှင့် သင် ၏ အိမ် သူ အိမ် သား တို့ သည် ကယ် တင် ခြင်း သို့ ရောက် ကြ လိမ့် မည် ဟု ပြော ဆို လျက်၊ ထို သူ မှ စ ၍ သူ ၏ အိမ် ၌ ရှိ သ မျှ သော သူ တို့ အား သ ခင် ဘု ရား ၏ နှုတ် က ပတ် တ ရား တော် ကို ဟော ကြ ၏။ ထို ညဉ့်၊ ထို အ ချိန် နာ ရီ ၌ ပင်၊ ထောင် မှူး သည် ပေါ လု နှင့် သိ လ တို့ ကို ယူ ၍ ဒဏ် ချက် ရာ များ ကို ဆေး ကြော ပြီး လျှင်၊ မိ မိ လူ အ ပေါင်း တို့ နှင့် တ ကွ ဗတ္တိ ဇံ ကို ချက် ခြင်း ခံ လေ ၏။ တ ဖန် ပေါ လု နှင့် သိ လ တို့ ကို မိ မိ အိမ် သို့ ခေါ် ပင့် ပြီး မှ သူ တို့ ကို လုပ် ကျွေး ၍၊ ဘု ရား သ ခင် ကို ယုံ ကြည် လျက် အိမ် သူ အိမ် သား အ ပေါင်း တို့ နှင့် တ ကွ ဝမ်း မြောက် ခြင်း သို့ ရောက် လေ ၏” (တ၊ ၁၆:၂၇-၃၄)

အ ကယ် ၍ သာ ပေါ လု က သူ ရော မ လူ ဖြစ် တဲ့ အ ကြောင်း ပြော ပြ ပြီး အ ရိုက် ခံ ဖို့ ငြင်း ခဲ့ ရင် ထောင် မှူး နဲ့ သူ့ မိ သား စု ကယ် တင် ခြင်း ရောက် ဖို့ အ ကြောင်း ဖြစ် ချင် မှ ဖြစ် လိမ့် မယ်။

ယေ ရု ရှ လင် မြို့ မှာ ကျ တော့ ပေါ လု က သူ ရော မ လူ ဖြစ် တဲ့ အ ကြောင်း ပြော ပြ ပြီး တ ရား သ ဖြင့် အ မှု ရင် ဆိုင် စစ် ဆေး ဖို့ တောင်း ဆို ခဲ့ တယ်။ အဲ ဒါ ကြောင့် သူ့ ကို မ ရိုက် ဘဲ၊ ဒေ သ အာ ဏာ ပိုင် တွေ ထံ တစ် ဆင့် ပြီး တစ် ဆင့် အ မှု စစ် ရာ က နေ နောက် ဆုံး သူ မှာ တော့ ရော မ ဧ က ရာဇ် ထံ အ ယူ ခံ ဝင် ဖို့ ဖြစ် လာ တယ်။ အဲ ဒါ ကြောင့် သူ ရော မ မြို့ ကို ရောက် သွား ရ ပြီး ရော မ ဧ က ရာဇ် ရဲ့ နန်း တော် သား များ အ ပါ အ ဝင်၊ လူ များ စွာ ကို ဧ ဝံ ဂေ လိ တ ရား ဟော ပြော သက် သေ ခံ ခွင့် ရ တယ်။

“ထို နောက် မှ ပေါ လု သည် နှစ် နှစ် ပတ် လုံး မိ မိ ငှါး သော အိမ် ၌ နေ သ ဖြင့်၊ မိ မိ ထံ သို့ လာ သော သူ အ ပေါင်း တို့ ကို ဧည့် ခံ ၍၊ အ ဘယ် သူ မျှ မ မြစ် တား ဘဲ၊ ဘု ရား သ ခင် ၏ နိုင်ငံ တော် အ ကြောင်း ကို အ တည့် အ လင်း ဟော ပြော ၍၊ သ ခင် ယေ ရှု ခ ရစ် ၏ အ ကြောင်း များ ကို သွန် သင် ပြ သ လျက် နေ ၏” (တ၊ ၂၈:၃၀-၃၁)

“ညီ အစ် ကို တို့၊ ငါ ၌ ရောက် သော အ မှု အ ရာ တို့ သည် ဧ ဝံ ဂေ လိ တ ရား ကို မ မြစ် တား သည် သာ မ က၊ ပြု စု ရာ ဖြစ် သည် ဟု သင် တို့ သိ စေ ခြင်း ငှါ ငါ အ လို ရှိ ၏။ ထို သို့ သော အား ဖြင့် ခ ရစ် တော် ကြောင့် ငါ ခံ ရ သော ချည် နှောင် ခြင်း အ မှု အ ရာ သည်၊ နန်း တော် ၌ အ နှံ့ အ ပြား ထင် ရှား သည် သာ မ က၊ ခပ် သိမ်း သော အ ရပ် ၌ ထင် ရှား ၏” (ဖိ၊ ၁:၁၂-၁၃)

အ ကောင်း တ ကာ့ အ ကောင်း ဆုံး အ ချက် က တော့၊ ရော မ အ ကျဉ်း ထောင် ထဲ က နေ ပြီး ဒေ သ အ နှံ့ က ယုံ ကြည် သူ တွေ ထံ ကို ပေါ လု က ဩ ဝါ ဒ စာ လေး စောင် ရေး သား ပေး ပို့ နိုင် ခြင်း ဖြစ် ပါ တယ်။ အဲ ဒါ တွေ ဟာ ဧ ဖက် ဩ ဝါ ဒ စာ၊ ဖိ လိပ္ပိ ဩ ဝါ ဒ စာ၊ ကော လော သဲ ဩ ဝါ ဒ စာ နဲ့ ဖိ လေ မုန် ဩ ဝါ ဒ စာ တို့ ဖြစ် ကြ ပြီး၊ ထောင် တွင်း ဩ ဝါ ဒ စာ များ (prison letters) လို့ လည်း ကျမ်း စာ ပ ညာ ရှင် တွေ က ရည် ညွှန်း လေ့ ရှိ ကြ တယ်။ အဲ ဒီ လေး စောင် အ ထဲ မှာ ဧ ဖက် ဩ ဝါ ဒ စာ ဟာ ဆို ရင် “ဓမ္မ သစ် ကျမ်း ၏ အ ထွတ် အ ထိပ်” လို့ တောင် တင် စား ခေါ် ဆို ရ ပြီး၊ အ သင်း တော် နဲ့ သက် ဆိုင် တဲ့ သမ္မာ တ ရား နဲ့ ပတ် သက် လာ ရင်၊ စံ အ ထား ရ ဆုံး အ ဓိ က ကျမ်း တစ် ဆူ အ ဖြစ် ရပ် တည် နေ ပါ တယ်။

အ ကယ် ၍ သာ ပေါ လု က သူ ဟာ ရော မ လူ ဖြစ် တဲ့ အ ကြောင်း မ ပြော ပြ ဘဲ အ ရိုက် ခံ ခဲ့ ရင်၊ ‌ရော မ မြို့ ကို မ ရောက် ဘဲ ယေ ရု ရှ လင် မြို့ မှာ တင် ယု ဒ လူ တွေ လက် ချက် နဲ့ သေ ဆုံး သွား နိုင် တယ်။ အင် မ တန် အ ရေး ပါ တဲ့ ဩ ဝါ ဒ စာ လေး စောင် ကို လည်း ရေး ဖြစ် ချင် မှ ဖြစ် လိမ့် မယ်။

တစ် ချို့ အ ဖြစ် အ ပျက် တွေ ကို လူ့ ဉာဏ် နဲ့ စဉ်း စား လို့ လိုက် မ မီ နိုင် ဘူး။ အ ဖြစ် အ ပျက် နှစ် ခု မှာ၊ သူ့ ကို ဖမ်း ဆီး တဲ့ သူ တွေ အ ပေါ် ရှင် ပေါ လု ရဲ့ တုံ့ ပြန် ပုံ ဟာ ဆန့် ကျင် ဘက် ဖြစ် နေ တယ်။ သူ့ ရဲ့ ရော မ နိုင် ငံ သား အ ခွင့် အ‌ ရေး ကို ရှင် ပေါ လု က ဖိ လိပ္ပိ မြို့ မှာ အ သုံး မ ချ ဘဲ အ ရိုက် ခံ ခဲ့ ပေ မဲ့၊ ယေ ရု ရှ လင် မြို့ မှာ ကြ တော့ အ သုံး ချ ပြီး အ ရိုက် မ ခံ ဘဲ နေ တာ ဟာ ဘာ ကြောင့် လဲ။ အဲ ဒီ အ ဖြေ ကို ကျွန် တော် တို့ မ သိ ပေ မဲ့၊ အ ဆုံး သတ် မှာ တော့ ကောင်း ဖို့ ဖြစ် တယ် ဆို တာ ကို တော့ ဝန် ခံ ရ လိမ့် မယ်။ ဖိ လိပ္ပိ မြို့ အ ဖြစ် အ ပျက် အား ဖြင့် ထောင် မှူး နဲ့ သူ့ မိ သား စု ကယ် တင် ခြင်း ရောက် ခဲ့ သ လို၊ ယေ ရု ရှ လင် မြို့ အ ဖြစ် အ ပျက် အား ဖြင့် ဓမ္မ သစ် ကျမ်း မှာ အင် မ တန် အ ရေး ကြီး တဲ့ ဩ ဝါ ဒ စာ လေး စောင် ဖြစ် လာ ခဲ့ တယ်။ ပ ထ မ အ ဖြစ် အ ပျက် က မိ သား စု တစ် စု အ တွက် အ ကောင်း ဖြစ် ခဲ့ သ လို၊ ဒု တိ ယ အ ဖြစ် အ ပျက် က တော့ ယုံ ကြည် သူ ခ ရစ် ယာန် တွေ အား လုံး အ တွက် ‌အ ကောင်း ဖြစ် နေ တယ်။ ရှင် ပေါ လု ရဲ့ မ တူ ညီ တဲ့ ဆန့် ကျင် ဘက် လုပ် ရပ် နှစ် ခု က နေ တူ ညီ တဲ့ ရ လဒ် ဖြစ် လာ ခဲ့ တယ်။ လူ သား တွေ ရဲ့ အ သက် တာ ထဲ မှာ ဘု ရား သ ခင် ရဲ့ ကြံ စည် လုပ် ဆောင် မှု တွေ အား လုံး ဟာ ဆန်း ကျယ် လှ ပြီး၊ မြင့် မြတ် ကောင်း မွန် လှ ပါ တယ်။

“ခပ် သိမ်း သော အ ရာ တို့ သည် ကိုယ် တော် အ ထဲ က ၎င်း၊ ကိုယ် တော် အား ဖြင့် ၎င်း၊ ကိုယ် တော် အ ဘို့ အ လို ငှာ ၎င်း ဖြစ် ကြ ၏။ ကမ္ဘာ အ ဆက် ဆက် ဘုန်း ကြီး တော် မူ စေ သ တည်း။ အာ မင်” (ရော၊ ၁၁:၃၆)