စာလုံးအ ရွယ်အစား

က က

ပြန် သွား

Published: 10/07/2024 Last Edited: 10/07/2024

တစ် ရေး နိုး သော် အ ကြံ ပေါ် (၂) – ဘု ရား သ ခင် ၏ အ လင်း

ဒီ ဆောင်း ပါး မှာ တော့ အ လင်း အ ကြောင်း ကို ကျွန် တော် ဆင် ခြင် မိ သ လောက် တင် ပြ လိုက် ပါ တယ်။

အ လင်း တိုင်း မှာ အဲ ဒီ အ လင်း ကို ဖြစ် စေ တဲ့ ပင် ရင်း အ မြစ် (source) ရှိ ပါ တယ်။ ကျွန် တော် တို့ လူ သား တွေ အ နေ နဲ့ နေ့ တစ် ဓူ ဝ မြင် နိုင် ဖို့ အ လင်း ကို ဘု ရား သ ခင် ဖန် ဆင်း ပေး တဲ့ နေ၊ လ တို့ က တစ် ဆင့်၊ ဒါ မှ မ ဟုတ် လူ့ လက် နဲ့ ဖန် တီး တဲ့ မီး အိမ်၊ လျှပ် စစ် မီး သီး စ တာ တွေ က တစ် ဆင့် ရ ရှိ ကြ ပါ တယ်။

ကမ္ဘာ ဦး ကျမ်း အ ခန်း ကြီး ၁ ထဲ က ဖန် ဆင်း ခြင်း အ ကြောင်း ကို ကြည့် ရင် အ လင်း နှစ် မျိုး ရှိ တယ် လို့ ကျွန် တော် သုံး သပ် မိ တယ်။ ပ ထ မ တစ် ခု က ဘု ရား သ ခင် ကိုယ် တိုင် တိုက် ရိုက် ဖန် ဆင်း တဲ့ အ လင်း ဖြစ် ပြီး ဒု တိ ယ တစ် မျိုး က တော့ နေ၊ လ၊ ဖ ယောင်း တိုင်၊ လျှပ် စစ် မီး စ တဲ့ အ ရာ ဝတ္ထု တွေ က နေ တစ် ဆင့် ရ တဲ့ အ လင်း ဖြစ် ပါ တယ်။ ဘာ ကြောင့် ဒီ လို ပြော နိုင် သ လဲ ဆို ရင် ဘု ရား သ ခင် ဟာ အ လင်း ကို ပ ထ မ နေ့ ရက် မှာ ဖန် ဆင်း ပေ မဲ့ အ လင်း အိမ် ဖြစ် တဲ့ နေ နဲ့ လ တို့ ကို တော့ စ တုတ္ထ နေ့ ရက် ကျ မှ ဖန် ဆင်း တာ မို့ လို့ ပါ။ နေ၊ လ စ တဲ့ အ လင်း ပေး တဲ့ အ ရာ တွေ မ ရှိ ခင် က တည်း က အ လင်း ဟာ ရှိ နေ ပြီး ဖြစ် တယ်။

“ဘု ရား သ ခင် က လည်း၊ အ လင်း ဖြစ် စေ ဟု အ မိန့် တော် ရှိ ၍ အ လင်း ဖြစ် လေ ၏။ ထို အ လင်း ကောင်း သည် ကို ဘု ရား သ ခင် မြင် ၍၊ အ လင်း နှင့် မှောင် မိုက် ကို ပိုင်း ခြား ခွဲ ထား တော် မူ ၏။ အ လင်း ကို နေ့ ဟူ သော အ မည် ဖြင့် ၎င်း၊ မှောင် မိုက် ကို ညဉ့် ဟူ သော အ မည် ဖြင့် ၎င်း၊ ခေါ် ဝေါ် သ မုတ် တော် မူ ၍၊ ည ဦး နှင့် နံ နက် သည် ပ ဌ မ နေ့ ရက် ဖြစ် လေ ၏။” (က ၁:၃-၅)

“တ ဖန် ဘု ရား သ ခင် က၊ နေ့ နှင့် ညဉ့် ကို ပိုင်း ခြား စေ ခြင်း ငှါ မိုဃ်း ကောင်း ကင် မျက် နှာ ကြက် ၌ အ လင်း အိမ် တည် စေ၊ နိ မိတ် လက္ခ ဏာ၊ ချိန်း ချက် သော အ ချိန်၊ နေ့ ရက် အ ပိုင်း အ ခြား၊ နှစ် အ ပိုင်း အ ခြား ဘို့ ဖြစ် စေ။ မိုဃ်း ကောင်း ကင် မျက် နှာ ကြက် ၌ တည် ၍ မြေ ကြီး လင်း စ ရာ အ လင်း အိမ် ဖြစ် စေ ဟု၊ အ မိန့် တော် ရှိ သည် အ တိုင်း ဖြစ် လေ ၏။ ထို သို့ ဘု ရား သ ခင် သည် အ လင်း အိမ် ကြီး နှစ် လုံး တည်း ဟူ သော၊ နေ့ ကို အုပ် စိုး ရ သော အ ကြီး တ လုံး၊ ညဉ့် ကို အုပ် စိုး ရ သော အ ငယ် တ လုံး နှင့် တ ကွ ကြယ် များ တို့ ကို ဖန် ဆင်း တော် မူ ပြီး လျှင်၊ မြေ ကြီး ၌ လင်း စေ ခြင်း ငှါ ၎င်း၊ နေ့ နှင့် ညဉ့် ကို အုပ် စိုး ၍ အ လင်း နှင့် မှောင် မိုက် ကို ပိုင်း ခြား စေ ခြင်း ငှါ ၎င်း၊ မိုဃ်း ကောင်း ကင် မျက်နှာ ကြက် ၌ ဘု ရား သ ခင် ထား တော် မူ ၏။ ထို အ မှု အ ရာ ကောင်း သည် ကို ဘု ရား သ ခင် မြင် တော် မူ ၍၊ ည ဦး နှင့် နံ နက် သည် စ တုတ္ထ နေ့ ရက် ဖြစ် လေ ၏။ (က ၁:၁၄-၁၉)

အ ရာ ဝတ္ထု တွေ က နေ ရ တဲ့ အ လင်း ကို သိပ္ပံ ပ ညာ က “လူ့ မျက် စိ နဲ့ မြင် နိုင် တဲ့၊ proton လို့ ခေါ် တဲ့ အ ဏု မြူ ဒြပ် မှုန် တွေ နဲ့ ဖွဲ့ စည်း ထား တဲ့၊ လျှပ် စစ် သံ လိုက် ဓာတ် ရောင် ခြည် (radio-magnetic radiation) ဖြစ် တယ်” လို့ ပြော ပါ တယ်။ အ ဏု မြူ ဒြပ် မှုန် တွေ နဲ့ ဖွဲ့ စည်း ထား တဲ့ အ တွက် အဲ ဒီ အ ဏု မြူ ဒြပ် မှုန် တွေ သက် ရောက် တဲ့ နေ ရာ မှာ အ လင်း ရ ပြီး မ ရောက် ရှိ နိုင် တဲ့ နေ ရာ မှာ အ ရိပ် ထိုး ပါ တယ်၊ အ မှောင် ကျ ရောက် ပါ တယ်။ ဒါ ကြောင့် မို့ လို့ ကျွန် တော် တို့ မှာ လင်း နေ တဲ့ နေ့ နဲ့ မှောင် နေ တဲ့ ည ဆို ပြီး ရှိ လာ ရ ခြင်း ဖြစ် ပါ တယ်။ နေ ကြတ် တာ တို့ လ ကြတ် တာ တို့ ဖြစ် လာ ရ ပါ တယ်။ နေ့ ဘက် မှာ စိတ် ထင် တိုင်း သွား လာ နိုင် ပေ မဲ့ ည ဘက် မှာ မြင် နိုင် ဖို့ ကျွန် တော် တို့ မီး ထွန်း ရ ပါ တယ်။

သမ္မာ ကျမ်း စာ က ဘု ရား သ ခင် ဟာ အ လင်း ဖြစ် တယ် လို့ ဖော် ပြ ပါ တယ်။

“ကိုယ် တော် ၏ လူ ဣ သ ရေ လ အ မျိုး ကို ချီး မြှောက် စေ ခြင်း ငှါ ၎င်း၊ တ ပါး အ မျိုး သား တို့ ကို လင်း စေ ခြင်း ငှါ ၎င်း၊ လူ အ မျိုး မျိုး တို့ ရှေ့ မှောက် ၌ ပြင် ဆင် တော် မူ သော အ လင်း တည်း ဟူ သော ကယ် တင် သော သ ခင် ကို အ ကျွန်ုပ် သည် ကိုယ် မျက် စိ နှင့် မြင် ရ ပါ ၏ ဟု မြွက် ဆို ၏။” (လု ၂:၃၀-၃၂)

“ယော ဟန် အ မည် ရှိ သော သူ တ ယောက် ကို ဘု ရား သ ခင် စေ လွှတ် တော် မူ ၏။ ထို သူ ကို လူ အ ပေါင်း တို့ သည် အ မှီ ပြု ၍ ယုံ ကြည် ခြင်း သို့ ရောက် မည် အ ကြောင်း ထို သူ သည် သက် သေ ခံ ဖြစ် ၍၊ အ လင်း တော် ၏ အ ကြောင်း ကို သက် သေ ခံ ခြင်း ငှါ လာ ၏။ ထို သူ သည် အ လင်း တော် မ ဟုတ်။ အ လင်း တော် ၏ အ ကြောင်း ကို သက် သေ ခံ ခြင်း ငှါ သာ လာ ၏။ ဟုတ် မှန် သော အ လင်း မူ ကား၊ ဤ လော က သို့ ကြွ လာ လျက် ခပ် သိမ်း သော လူ အ ပေါင်း တို့ အား အ လင်း ကို ပေး သော သူ ဖြစ် သ တည်း။” (ယော ၁:၆-၉)

“တ ဖန် တုံ ယေ ရှု က၊ ငါ သည် ဤ လော က ၏ အ လင်း ဖြစ် ၏။” (ယော ၈:၁၂)

“ငါ့ ကို ယုံ ကြည် သ မျှ သော သူ တို့ သည် မှောင် မိုက် ၌ မ နေ စေ ခြင်း ငှါ၊ ငါ သည် အ လင်း ဖြစ် လျက် ဤ လော က သို့ ကြွ လာ ပြီ။” (ယော ၁၂:၄၆)

“ထို နှုတ် က ပတ် တော် ထံ ၌ ငါ တို့ သည် ကြား ရ ၍၊ သင် တို့ အား ပြ သ သော တ ရား စ ကား ဟူ မူ ကား၊ ဘု ရား သ ခင် သည် အ လင်း ဖြစ် တော် မူ ၏။ ဘု ရား သ ခင် ၌ မှောင် မိုက် အ လျှင်း မ ရှိ။” (၁ ယော ၁:၅)

ဒီ ကျမ်း ပိုဒ် တွေ ထဲ မှာ ဘု ရား သ ခင် ဟာ အ လင်း ဖြစ် တယ် လို့ ပြော တဲ့ အ ခါ သူ ဟာ စက္ခု အာ ရုံ အ လင်း ပေး သူ အ နေ နဲ့ မ ဟုတ် ဘဲ သမ္မာ တ ရား အ လင်း ကို ပေး သူ၊ ဉာဏ် မျက် စိ အ လင်း ကို ပေး သူ၊ ထာ ဝ ရ အ သက် တာ လမ်း ကို ပြ သ သူ စ သ ဖြင့် ဝိ ညာဉ် ရေး ရာ ပိုင်း ကို ဆို လို တယ် လို့ ကျွန် တော် တို့ နား လည် ရ ပါ တယ်။

ဘု ရား သ ခင် ၏ အ လင်း

သို့ သော် ဗျာ ဒိတ် ကျမ်း အ ရ ဘု ရား သ ခင် ဟာ ဝိ ညာဉ် ရေး ရာ အ လင်း ကို သာ မ က စက္ခု အာ ရုံ အ လင်း ကို လည်း ပေး ကြောင်း သိ ရ တယ်။ ဒါ ပေ မဲ့ ဘု ရား သ ခင် ပေး တဲ့ မြင် နိုင် တဲ့ အ လင်း ဟာ ကျွန် တော် တို့ သိ တဲ့ အ လင်း နဲ့ လုံး ဝ မ တူ ဘူး။ ထူး ဆန်း အံ့ ဩ ဖို့ ကောင်း လွန်း တယ်။ ဗျာ ဒိတ် ကျမ်း နောက် ဆုံး ခန်း တွေ မှာ ရှေး ကောင်း ကင် နဲ့ ရှေး မြေ ကြီး ကို ဘု ရား သ ခင် က ဖျက် ဆီး ပြီး ကောင်း ကင် သစ် နဲ့ မြေ ကြီး သစ် ကို ပြန် ဖန် ဆင်း တဲ့ အ ကြောင်း တွေ ရေး ထား တယ်။ အဲ ဒီ အ ချိန် မှာ နေ၊ လ၊ ပင် လယ် သ မုဒ္ဒ ရာ စ တာ တွေ မ ရှိ တော့ ဘူး။ သူ တို့ အား လုံး ရှေး စ ကြာ ဝ ဠာ နဲ့ အ တူ ပျောက် ကွယ် သွား ကြ ပြီ။ အဲ ဒီ အ ခါ မှာ အ ရာ ခပ် သိမ်း ကို မြင် စေ သူ၊ အ လင်း ပေး သူ ဟာ ဘု ရား သ ခင် ဖြစ် ပါ တယ်။

“ကောင်း ကင် သစ် နှင့် မြေ ကြီး သစ် ကို လည်း ငါ မြင် ၏။ အ ဘယ် သို့ နည်း ဟူ မူ ကား၊ ရှေး ကောင်း ကင် နှင့် ရှေး မြေ ကြီး သည် ရွေ့ သွား ကြ ပြီ။ ထို အ ခါ မှ စ ၍ သ မုဒ္ဒ ရာ မ ရှိ။” (ဗျာ ၂၁:၁)

“ထို မြို့ သည် နေ ၏ အ ရောင်၊ လ ၏ အ ရောင် ကို အ လို မ ရှိ။ အ ကြောင်း မူ ကား၊ ဘု ရား သ ခင် ၏ ဘုန်း တော် သည် ထို မြို့ ကို လင်း စေ ၏။ သိုး သ ငယ် သည် လည်း ထို မြို့ ၏ ဆီ မီး ဖြစ် ၏။ လူ အ မျိုး မျိုး တို့ သည် ထို မြို့ ၏ အ လင်း ကို အ မှီ ပြု ၍ သွား လာ ကြ လိမ့် မည်။ လော ကီ ရှင် ဘု ရင် တို့ သည် လည်း မိ မိ တို့ ဘုန်း အ သ ရေ ကို ထို မြို့ ထဲ သို့ ဆောင် ခဲ့ ကြ လိမ့် မည်။ မြို့ တံ ခါး တို့ ကို နေ့ အ ချိန် ၌ အ လျှင်း မ ပိတ် တတ်။ ညဉ့် မူ ကား မ ရှိ။” (ဗျာ ၂၁:၂၃-၂၅)

“ထို မြို့ ၌ ညဉ့် မ ရှိ ရ။ ဆီ မီး ကို အ လို မ ရှိ။ နေ ၏ အ ရောင် ကို လည်း အ လို မ ရှိ။ အ ကြောင်း မူ ကား၊ ထာ ဝ ရ အ ရှင် ဘု ရား သ ခင် သည် သူ တို့ ၌ ရောင် ခြည် တော် ကို လွှတ် တော် မူ ၍၊ သူ တို့ သည် ကမ္ဘာ အ ဆက် ဆက် စိုး စံ ရ ကြ လ တံ့။” (ဗျာ ၂၂:၅)

ဘု ရား သ ခင် ရဲ့ အ လင်း ဟာ ထူး ဆန်း လွန်း ပါ တယ်။ သူ ပေး တဲ့ အ လင်း ကြောင့် ည လည်း မ ရှိ တော့ ဘူး။ “လူ အ မျိုး မျိုး တို့ သည် ထို မြို့ ၏ အ လင်း ကို အ မှီ ပြု ၍ သွား လာ ကြ လိမ့် မည်” လို့ ဆို ထား တဲ့ အ တွက် လူ တွေ သွား လာ လှုပ် ရှား တတ် တဲ့ နေ ရာ မှန် သ မျှ မှာ အ လင်း ရ နေ ပါ လိမ့် မယ်။ သူ တို့ ‌နေ တဲ့ အိမ် ခန်း ထဲ မှာ လည်း လင်း နေ ပါ လိမ့် မယ်။ ဘယ် နေ ရာ ဘယ် ချောင် ကြား မှာ မ ဆို အ မှောင် ဆို တာ မ ရှိ တော့ ဘူး။ ဘု ရား သ ခင် ရဲ့ အ လင်း ဟာ အ ရိပ် မ ထိုး ဘူး။ အဲ ဒီ အ လင်း ကြောင့် တစ် လော က လုံး မှာ မှောင် တဲ့ နေ ရာ ဆို တာ မ ရှိ တော့ ဘူး။ ဘု ရား သ ခင် ရဲ့ အ လင်း ဟာ နေ ရာ တိုင်း ကို ကွက် လပ် မ ရှိ အောင် ဖုံး လွှမ်း ပျံ့ နှံ့ နိုင် တယ်။ ဘယ် အ ရာ က မှ ဒီ အ လင်း ကို မ ဖုံး ကွယ် နိုင် ဘူး၊ မ တား ဆီး နိုင် ဘူး။

အဲ ဒါ အ ပြင် “သွား လာ” ဆို တဲ့ ဂ ရိ စ ကား περιπατέω” (အ သံ ထွက် peripateo) ဟာ “သွား လာ လှုပ် ရှား ခြင်း” ကို ဆို လို သ လို “အ သက် ရှင် နေ ထိုင် ခြင်း” လို့ လဲ အ ဓိပ္ပာယ် ယူ နိုင် ပါ တယ်။ အဲ ဒါ ကြောင့် ဘု ရား သ ခင် ရဲ့ အ လင်း ဟာ လူ တွေ ကို မျက် စိ မြင် နိုင် စေ ရုံ သာ မ က လူ တွေ ရဲ့ ကိုယ် ကျင့် တ ရား၊ ယဉ် ကျေး မှု၊ အ သိ ပ ညာ၊ အ တတ် ပ ညာ၊ အေး ချမ်း မှု၊ ဝမ်း မြောက် ရွှင် လန်း မှု၊ ကျန်း မာ မှု စ သ ဖြင့် ကောင်း ကင် သား တစ် ယောက် ရဲ့ ထာ ဝ ရ အ သက် တာ အ တွက် လို အပ် တဲ့ ရုပ် ပိုင်း၊ စိတ် ပိုင်း၊ ဝိ ညာဉ် ပိုင်း အ ရည် အ ချင်း အား လုံး ကို ဖြည့် ဆည်း ပေး လိမ့် မယ် လို့ ကျွန် တော် ထင် ပါ တယ်။

ဘု ရား သ ခင် ရဲ့ အ လင်း ကြောင့် ကျွန် တော့် အ သိ ဉာဏ် လည်း လုံး ဝ ပွင့် လင်း သွား လိမ့် မယ်။ လော က မှာ အ သက် ရှင် တုန်း က ကျွန် တော် သိ ချင် ပေ မဲ့ ဉာဏ် မ မီ လို့ မ သိ နိုင် တဲ့ အ ကြောင်း အ ရာ၊ အ ဖြစ် အ ပျက် တွေ အား လုံး ကို လည်း သိ လာ ပါ လိမ့် မယ်။

“ယ ခု မူ ကား၊ ငါ တို့ သည် မ စုံ မ လင် သိ တတ် ကြ ၏။ ပ ရော ဖက် ဉာဏ် နှင့် မ စုံ မ လင် ဟော တတ် ကြ ၏။ စုံ လင် ခြင်း သို့ ရောက် သော အ ခါ မူ ကား၊ မ စုံ လင် သ မျှ တို့ သည် ကွယ် ပျောက် ကြ လိမ့် မည်။ ငါ သည် သူ ငယ် ဖြစ် စဉ် အ ခါ၊ သူ ငယ် လို စ ကား ပြော ၏။ သူ ငယ် လို စိတ် ထင် ၏။ သူ ငယ် လို ကြံ စည် ၏။ အ သက် ကြီး သော အ ခါ မူ ကား၊ သူ ငယ် ၏ အ ရာ များ ကို ငါ ပယ် ရှား ၏။ ယ ခု တွင် ငါ တို့ သည် မှန် အား ဖြင့် ရိပ် မိ လျက် သာ နေ ကြ ၏။ ထို အ ခါ မူ ကား၊ မျက် မှောက် ထင် ထင် မြင် ရ ကြ လိမ့် မည်။ ယ ခု တွင် ငါ့ အ သိ အ မြင် မ စုံ မ လင် ဖြစ် ၏။ ထို အ ခါ မူ ကား၊ သူ တ ပါး သည် ငါ့ ကို သိ သ ကဲ့ သို့ ငါ သိ ရ လိမ့် မည်။” (၁ ကော ၁၃:၉-၁၂)

အဲ ဒီ အ ခါ ကျ ရင် ကျွန် တော် တစ် ခါ မှ မ မြင် ဘူး တဲ့ ရှင် ပေါ လု၊ ရှင် ပေ တ ရု၊ ရှင် ယော ဟန် တို့ လို တ မန် တော် ကြီး တွေ၊ အာ ဒံ ဧ ဝ က အ စ နော ဧ၊ အာ ဗြ ဟံ၊ ယော သပ် တို့ လို ရှေး ဘိုး ဘေး ကြီး တွေ၊ မော ရှေ၊ ဧ လိ ယ၊ ဒံ ယေ လ တို့ လို့ ရှေး ပ ရော ဖက် ကြီး တွေ ကို မြင် တာ နဲ့ ကျွန် တော် ချက် ချင်း သိ နေ လိမ့် မယ်။ ဒီ ကမ္ဘာ ပေါ် မှာ ကျွန် တော် အ သက် ရှင် နေ ထိုင် တုန်း က တစ် ခါ မှ မ သိ ကျွမ်း ဘူး တဲ့ ရှိ ရှိ သ မျှ ခ ရစ် တော် ၌ ညီ အစ် ကို မောင် နှ မ တွေ အား လုံး ကို လည်း တစ် ယောက် မ ကျန် အ မည် နာ မ နဲ့ တ ကွ ကျွန် တော် အ လို လို သိ နေ ပါ လိမ့် မယ်။ ဘယ် သူ က မှ မိတ် ဆက် ပေး စ ရာ လို မှာ မ ဟုတ် ဘူး။ ဘယ် လောက် ပျော် စ ရာ ကောင်း လိုက် မ လဲ။

ပို ပြီး ကောင်း တဲ့ အ ရာ က တော့ ဘု ရား သ ခင် ရဲ့ အ လင်း ကြောင့် ကျွန် တော် တို့ အား လုံး ဟာ ဘု ရား သ ခင် ရဲ့ ချစ် ခြင်း မေတ္တာ ကို ကိုယ် တိုင် အ ပြည့် အ ဝ လက် တွေ့ ခံ စား ရ ရုံ တင် မ က တစ် ယောက် နဲ့ တစ် ယောက် လည်း အဲ ဒီ ချစ် ခြင်း မေတ္တာ နဲ့ အ ပြန် အ လှန် ချစ် နေ ကြ လိမ့် မယ် လို့ ကျွန် တော် ထင် တယ်။ လော က မှ နေ စဉ် တုံး ကိုယ် ချစ် တဲ့ သူ တစ် ယောက် လေး နဲ့ အ တူ နေ ရ တာ တင် ဘယ် လောက် စိတ် ချမ်း သာ စ ရာ ကောင်း သ လဲ။ အ ခု ဆို ရင် မ ရေ မ တွက် နိုင် အောင် များ ပြား လှ တဲ့ ချစ် ရ သူ တွေ နဲ့ ထာ ဝ ရ အ တူ နေ ရ မှာ အ တိုင်း ထက် အ လွန် ပျော် စ ရာ၊ စိတ် ချမ်း သာ စ ရာ ကောင်း လိမ့် မယ် လို့ ကျွန် တော် ယုံ ကြည် တယ်။

လော က မှာ နေ တုံး က တစ် ချို့ ကျွန် တော် တို့ ချစ် ရ သူ တွေ၊ ‌မိ ဘ၊ ညီ အစ် ကို မောင် နှ မ တွေ ဟာ သ ခင် ခ ရစ် တော် ကို ယုံ ကြည် လက် ခံ ခြင်း မ ရှိ တဲ့ အ တွက် ထာ ဝ ရ င ရဲ မှာ ဝေ ဒ နာ ခံ စား နေ တာ ကို လည်း ကျွန် တော် တို့ သိ နေ မှာ ပါ။ သူ တို့ အ တွက် ကျွန် တော် တို့ ဝမ်း နည်း ကြေ ကွဲ စိတ် မ ချမ်း မ သာ ဖြစ် နိုင် ပေ မဲ့၊ ဘု ရား သ ခင် ရဲ့ အ လင်း ကြောင့် ခံ စား ရ တဲ့ ပျော် ရွှင် ဝမ်း မြောက် မှု ဟာ အ ဆ မ တန် ကြီး မား လွန်း တဲ့ အ တွက် ကျွန် တော် တို့ ရဲ့ ဝမ်း နည်း မှု ဟာ အ သေး အ ဖွဲ သာ လျှင် ဖြစ် သွား ပါ လိမ့် မယ်။ ဒေါ် လာ သန်း ပေါင်း များ စွာ တန် တဲ့ ထီ ဆု ကြီး ပေါက် တဲ့ သူ အ တွက် ဒေါ် လာ တစ် ဆယ် လောက် ကျ ပျောက် သွား တာ ဟာ ဘာ မှ စိတ် ထိ ခိုက် စ ရာ မ ဟုတ် သ လို ပေါ့။

“ဘု ရား သ ခင် သည် သူ တို့ ၏ မျက် စိ ၌ မျက် ရည် ရှိ သ မျှ တို့ ကို သုတ် တော် မူ မည်။ နောက် တ ဖန် သေ ဘေး မ ရှိ ရ။ စိတ် မ သာ ညည်း တွား ခြင်း၊ အော် ဟစ် ခြင်း၊ ပင် ပန်း ခြင်း လည်း မ ရှိ ရ။ အ ကြောင်း မူ ကား၊ ရှေး ဖြစ် ဘူး သော အ ရာ တို့ သည် ရွေ့ သွား ကြ ပြီ။” (ဗျာ ၂၁:၄)

ဒီ ဆောင်း ပါး ရေး ရင်း ကျွန် တော် တောင် ခ ရစ် တော် ၌ အိပ် ပျော် ချင် စိတ် ပေါက် လာ သ လို ပါ ဘဲ။ စာ ဖတ် သူ တွေ အား လုံး လည်း ကောင်း ကင် သစ် နဲ့ မြေ ကြီး သစ် မှာ ဘု ရား သ ခင် ရဲ့ အ လင်း ကို လက် တွေ့ ခံ စား ရ သူ တွေ ဖြစ် ဖို့ ကျွန် တော် ဆန္ဒ ပြု ပါ တယ်။