စာလုံးအ ရွယ်အစား

က က

ပြန် သွား

Published: 16/06/2019 Last Edited: 03/01/2020

ဆယ် ဖို့ တစ် ဖို့ နဲ့ အ လှူ ပေး ခြင်း

ဆယ် ဖို့ တစ် ဖို့ ဟာ ခ ရစ် ယာန် တွေ ကြား မှာ တော် တော် လေး ရေ ပန်း စား တဲ့ စ ကား လုံး ဖြစ် ပါ တယ်။ အ လှူ ထည့် တဲ့ အ ခါ မှာ ဆယ် ဖို့ တစ် ဖို့ ထည့် ကြ တယ်။  အ သင်း တော် မှာ ဆယ် ဖို့ တစ် ဖို့ မှန် မှန် ပေး လှူ တတ် ကြ တဲ့ အ ပြင် သား သ မီး များ ကို လည်း ဆယ် ဖို့ တစ် ဖို့ ထည့် ဝင် ဖို့ သွန် သင် တတ် ကြ တယ်။ ဆ ရာ တစ် ချို့ ရဲ့ တ ရား ဟော ချက် တွေ မှာ လည်း ဆယ် ဖို့ တစ် ဖို့ ကို သစ္စာ ရှိ ရှိ ထည့် ဝင် ဖို့ တိုက် တွန်း လေ့ ရှိ ကြ တယ်။ ဆယ် ဖို့ တစ် ဖို့ ကို သစ္စာ ရှိ ရှိ ပေး ရင် ကိုယ့် ရဲ့ ငွေ ရေး ကြေး ရေး နဲ့ တစ် ခြား ပြဿ နာ တွေ ကို ဘု ရား သ ခင် က ဖြေ ရှင်း ပေး မယ် ဆို တဲ့ အ ကြောင်း နဲ့ ဆယ် ဖို့ တစ် ဖို့ မ ပေး လို့ ရှိ ရင် ဘု ရား သ ခင် ဆီ က ဆယ် ဖို့ တစ် ဖို့ ကို ခိုး ယူ နေ ခြင်း ဖြစ် တယ် လို့ ဟော တာ ကို လည်း ကြား ဘူး တယ်။ ဆယ် ဖို့ တစ် ဖို့ လှူ လိုက် လို့ ငွေ ရေး ကြေး ရေး ပြဿ နာ တွေ ပြေ လည် သွား တဲ့ အ ကြောင်း သက် သေ ခံ ချက် တွေ ကို လည်း ကြား ဘူး တယ်။

ကျွန် တော် လည်း မိ ရိုး ဖ လာ ခ ရစ် ယာန် ဘ ဝ တုံး က ဇ နီး သည် နဲ့ တိုင် ပင် ပြီး ကျွန် တော် တို့ ပါ ဝင် တဲ့ အ သင်း တော် ကို ဆယ် ဖို့ တစ် ဖို့ လှူ ဘူး တယ်။ တိုက် ဆိုင် လို့ လား တော့ မ သိ ဘူး၊ ဆယ် ဖို့ တစ် ဖို့ စ လှူ ပြီး တဲ့ နောက် ကျွန် တော့် မိ သား စု ပို ပြီး ချောင် လည် လာ သ လို ဘဲ။ အဲ ဒါ ကြောင့် ကျွန် တော် နဲ့ သင်္ဘော ပေါ် မှာ အ တူ လိုက် တဲ့ မိတ် ဆွေ ခ ရစ် ယာန် အ ရာ ရှိ တစ် ယောက် ကို ဆယ် ဖို့ တစ် ဖို့ လှူ ရင် ငွေ ရေး ကြေး ရေး ပြဿ နာ ပြေ လည် မဲ့ အ ကြောင်း ကျွန် တော် ပြော ပြ တယ်။ နောက် တစ် ခါ သူ နဲ့ ပြန် တွေ့ တော့၊ ဟာ . . ခင် ဗျား ပြော တာ သိပ် မှန် တယ် ဗျာ၊ ကျွန် တော် ခင် ဗျား ပြော တဲ့ အ တိုင်း ဆယ် ဖို့ တစ် ဖို့ လှူ တော့ ငွေ ရေး ကြေး ရေး တော် တော် လေး ကို ပြေ လည် တယ် လို့ သူ က သက် သေ ခံ ပြော ပြ ပါ တယ်။

အဲ ဒါ တွေ ကို ကြည့် ရင် ဆယ် ဖို့ တစ် ဖို့ ကို ဘု ရား သ ခင် အ လို တော် ရှိ တယ်၊ ဆယ် ဖို့ တစ် ဖို့ မ ဖြစ် မ နေ ပေး သင့် တယ် ဆို တဲ့ သွန် သင် ချက် ဟာ မှန် တယ် လို့ ထင် ရ တယ်။ ဒီ တော့ ကာ ဒီ နေ့ ခေတ် ခ ရစ် ယာန် တော် တော် များ များ အ တွက် ပ ညတ် တစ် ခု လို ဖြစ် နေ တဲ့ ဆယ် ဖို့ တစ် ဖို့ ပေး လှူ ခြင်း ကို သေ သေ ချာ ချာ သ ဘော ပေါက် နိုင် ဖို့ အ တွက် ဓမ္မ ဟောင်း ကာ လ နဲ့ ဓမ္မ သစ် ကာ လ နှစ် ခု စ လုံး ရဲ့ သွန် သင် ချက် တွေ ဘယ် လို ရှိ သ လဲ ဆို တာ ကို ခွဲ ခြမ်း စိတ် ဖြာ လေ့ လာ ဖို့ လို ပါ လိမ့် မယ်။

ဓမ္မ ဟောင်း ကာ လ နှင့် ဆယ် ဖို့ တစ် ဖို့

ဓမ္မ ဟောင်း ကာ လ တုံး က ပ ညတ် တ ရား အ ရ ဆယ် ဖို့ တစ် ဖို့ ပေး ရ မှာ ဖြစ် တယ်။ တစ် နှစ် တစ် ကြိမ် အ သီး အ နှံ ဆယ် ဖို့ တစ် ဖို့၊ တိ ရစ္ဆာန် သား ဦး ဆယ် ဖို့ တစ် ဖို့၊ သုံး နှစ် တစ် ခါ ပေး ရ တဲ့ ဆယ် ဖို့ တစ် ဖို့ စ သည် ဖြင့် ဆယ် ဖို့ တစ် ဖို့ မျိုး စုံ ရှိ တယ်။

“လယ် ယာ ၌ တ နှစ် တ နှစ် တွင် သိမ်း ရ သော အ သီး အ နှံ ဆယ် ဘို့ တ ဘို့ ကို အ မှန် ခွဲ ထား ရ မည်။ သင် တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ နာ မ တော် ကို တည် စေ ဘို့ ရာ ရွေး ကောက် တော် မူ သော အ ရပ် ၌ စ ပါး၊ စ ပျစ် ရည်၊ ဆီ မှ စ ၍၊ သိုး၊ နွား တွင် အ ဦး ဘွား သော သား ငယ် ဆယ် ဘို့ တ ဘို့ ကို ရှေ့ တော် မှာ စား ရ ကြ မည်။ ထို သို့ ပြု လျှင်၊ သင် တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို အ စဉ် ကြောက် ရွံ့ ရ မည် အ ကြောင်း၊ သင် ရ ကြ လိမ့် မည်” (တ ရား၊ ၁၄:၂၂-၁၃)

“တ တိ ယ နှစ် တွင် သိမ်း သော အ သီး အ နှံ ဆယ် ဘို့ တ ဘို့ ရှိ သ မျှ ကို ထုတ် ၍ မြို့ ထဲ မှာ သို ထား ရ မည်။ သင် တို့ နှင့် ရော ၍ အ ဘို့ မ ရှိ၊ အ မွေ ကို မ ခံ ရ သော လေ ဝိ သား၊ မိ ဘ မ ရှိ သော သူ ငယ်၊ မုတ် ဆိုး မ များ တို့ သည် လာ ၍ ဝ စွာ စား ရ ကြ မည်။ သို့ ဖြစ် လျှင် သင် တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ သင် တို့ ပြု လေ ရာ ရာ ၌ ကောင်း ကြီး ပေး တော် မူ မည်” (တ ရား၊ ၁၄:၂၈-၂၉)

“သုံး နှစ် တွင် ဆယ် ဘို့ တ ဘို့ ပေး ရ သော တ တိ ယ နှစ် ရောက် သော အ ခါ၊ အ စီး အ ပွါး ရှိ သ မျှ တို့ ကို ဆယ် ဘို့ တ ဘို့ ကောက် ယူ ၍၊ လေ ဝိ သား၊ တ ပါး အ မျိုး သား၊ မိ ဘ မ ရှိ သော သူ၊ မုတ် ဆိုး မ တို့ ကို သင့် နေ ရာ မြို့ များ ၍ ဝ စွာ ကျွေး မွေး ပြီး မှ၊ . . .” (တ ရား၊ ၂၆:၁၂)

အဲ ဒါ ကြောင့် ဓမ္မ ဟောင်း ကာ လ မှာ ဆယ် ဖို့ တစ် ဖို့ မ ပေး ရင် ဘု ရား သ ခင် ရဲ့ ဥစ္စာ ကို လု ယူ နေ ခြင်း ဖြစ် ပြီး၊ ဆယ် ဖို့ တစ် ဖို့ မှန် မှန် ပေး ရင် ဘု ရား သ ခင် ဆီ က ကောင်း ကြီး မင်္ဂ လာ အ လျှံ ပယ် ခံ စား ရ မယ် လို့ ကျမ်း စာ မှာ ပါ တယ်။

“လူ သည် ဘု ရား သ ခင် ၏ ဥစ္စာ တော် ကို လု ယူ ရ မည် လော။ သို့ သော် လည်း၊ သင် တို့ သည် ငါ့ ဥစ္စာ ကို လု ယူ ကြ ပြီ။ အ ကျွန်ုပ် တို့ သည် အ ဘယ် သို့ လု ယူ ပါ သ နည်း ဟု သင် တို့ မေး လျှင်၊ ဆယ် ဘို့ တ ဘို့ ကို ၎င်း၊ ပူ ဇော် သက္ကာ တို့ ကို ၎င်း လု ယူ ကြ ပြီ။ သင် တို့ သည် ကျိန် ခြင်း အ မင်္ဂ လာ ကို ခံ ရ ကြ ၏။ အ ကြောင်း မူ ကား၊ ပြည် သူ ပြည် သား အ ပေါင်း တို့ သည် ငါ့ ဥစ္စာ ကို လု ယူ ကြ ပြီ။ ဆယ် ဘို့ တ ဘို့ ရှိ သ မျှ ကို ဘဏ္ဍာ တိုက် ထဲ သို့ သွင်း ၍၊ ငါ့ အိမ် တော် ၌ စား စ ရာ ရှိ စေ ခြင်း ငှါ ပြု ကြ လော့။ ငါ သည် မိုဃ်း ကောင်း ကင် ပြ တင်း ပေါက် တို့ ကို ဖွင့် ၍ ကောင်း ကြီး မင်္ဂ လာ ကို အ ကုန် အ စင် သွန်း လောင်း မည် မ သွန်း လောင်း မည် ကို ထို သို့ စုံ စမ်း ကြ လော့ ဟု ကောင်း ကင် ဗိုလ် ခြေ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏” (မာ လ၊ ၃:၈-၁၀)

တစ် ကယ် တော့ ဆယ် ဖို့ တစ် ဖို့ ပေး လှူ တဲ့ အ ကျင့် ကို ဣ သ ရေ လ လူ မျိုး တွေ က သာ ကျင့် သုံး နေ တာ မ ဟုတ် ဘူး။ သ မိုင်း ပ ညာ ရှင် တွေ ရဲ့ အ ဆို အ ရ အဲ ဒီ ခေတ် ကာ လ က ထာ ဝ ရ ဘု ရား ကို မ ကိုး ကွယ် တဲ့ တစ် ပါး အ မျိုး သား တွေ က လည်း ကျင့် သုံး ကြ ပါ တယ်။ အ ခွန် အ တုပ် ပေး ရင် ဆယ် ဖို့ တစ် ဖို့ ပေး ကြ တယ်။ သူ တို့ ရဲ့ နတ် ဘု ရား ကျောင်း တွေ ကို လှူ ရင် လည်း ဆယ် ဖို့ တစ် ဖို့ လှူ တတ် ကြ တယ်။

ဘု ရား သ ခင် အ တွက် ဆယ် ဖို့ တစ် ဖို့ လို သ လား

ဘု ရား သ ခင် ကို အ လှူ ငွေ ပေး တဲ့ အ ကြောင်း မ စဉ်း စား ခင် နား လည် သ ဘော ပေါက် ရ မဲ့ အ ရေး အ ကြီး ဆုံး အ ခြေ ခံ သ ဘော တ ရား က တော့ ဘု ရား သ ခင် ဟာ လူ တွေ ရဲ့ ပေး ကမ်း စွန့် ကြဲ မှု ကို လုံး ဝ မ လို အပ် ဘူး ဆို တဲ့ အ ချက် ဘဲ။ ဘု ရား သ ခင် ဟာ မိုး မြေ စ ကြာ ဝ ဠာ တစ် ခု လုံး ကို ဖန် ဆင်း တဲ့ သူ၊ ပိုင် ဆိုင် တဲ့ သူ၊ စိုး မိုး အုပ် ချုပ် တဲ့ သူ ဖြစ် တယ်။ လူ တွေ က ပေး မှ ကမ်း မှ၊ ကျွေး မှ မွေး မှ စား ရ သောက် ရ တဲ့ ဘု ရား မ ဟုတ် ဘူး။ ဘု ရား သ ခင် ဟာ လူ တွေ ဆီ က ဘာ အ ထောက် အ ပံ့ မှ မ လို အပ် ဘူး။ လူ တွေ သာ ဘု ရား သ ခင် ဆီ က နေ အ ရာ အား လုံး ကို လို အပ် နေ တာ ဖြစ် တယ်။

“ဘု ရား သ ခင် သည် ခပ် သိမ်း သော သူ တို့ အား ဇီ ဝ အ သက် နှင့် တ ကွ ထွက် သက် ဝင် သက် မှ စ ၍ ခပ် သိမ်း သော အ ရာ တို့ ကို ပေး တော် မူ သော အ ရှင် ဖြစ် ၍၊ တ စုံ တ ခု ကို အ လို တော် ရှိ သ ကဲ့ သို့ လူ တို့ လက် ဖြင့် ကျွေး မွေး ခြင်း ကို ခံ တော် မူ သည် မ ဟုတ်” (တ၊ ၁၇:၂၅)

“ငါ ၏ လူ များ တို့ နား ထောင် ကြ။ ငါ ပြော မည်။ အို ဣ သ ရေ လ အ မျိုး၊ သင့် တ ဘက် ၌ ငါ သက် သေ ခံ မည်။ ငါ သည် ဘု ရား သ ခင် ဖြစ် ၏။ သင် ၏ ဘု ရား သ ခင် ဖြစ် ၏။ မီး ရှို့ သော ယဇ် မှ စ ၍ ယဇ် ပူ ဇော် ခြင်း အ မျိုး မျိုး အ တွက် ငါ သည် သင် ၌ အ ပြစ် မ တင်။ ထို ယဇ် တို့ သည် ငါ့ ရှေ့ မှာ အ စဉ် ရှိ ကြ ၏။ သင့် အိမ် ထဲ က နွား ကို ၎င်း၊ သင့် ခြံ ထဲ က ဆိတ် ထီး ကို ၎င်း ငါ မ ခံ မ ယူ။ တော တိ ရစ္ဆာန် ရှိ သ မျှ တို့ နှင့် တ ထောင် သော တောင် ပေါ် မှာ ရှိ သော တိ ရစ္ဆာန် တို့ သည် ငါ ၏ ဥစ္စာ ဖြစ် ကြ ၏။ တောင် ပေါ် မှာ နေ တတ် သော ငှက် အ ပေါင်း တို့ ကို ငါ သိ ၏။ တော သား ရဲ တို့ သည် ငါ ၌ ရှိ ကြ ၏။ ငါ သည် ငတ် မွတ် လျှင် သင့် ကို မ ပြော။ လော က ဓာတ် နှင့် လော က ဥစ္စာ သည် ငါ ၏ ဥစ္စာ ဖြစ် ၏။ နွား သား ကို ငါ စား မည် လော။ ဆိတ် သွေး ကို ငါ သောက် မည် လော” (ဆာ၊ ၅၀:၇-၁၃)

“မိုဃ်း ကောင်း ကင် နှင့် ကောင်း ကင် ဘ ဝဂ် ကို ၎င်း၊ မြေ ကြီး နှင့် မြေ ကြီး တန် ဆာ ရှိ သ မျှ ကို ၎င်း၊ သင် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပိုင် တော် မူ ၏” (တ ရား၊ ၁၀:၁၄)

“ဝိ ညာဉ် အ ပေါင်း တို့ ကို ငါ ပိုင် ၏။ အ ဘ ၏ ဝိ ညာဉ် ကို ငါ ပိုင် သ ကဲ့ သို့ သား ၏ ဝိ ညာဉ် ကို လည်း ငါ ပိုင် ၏” (ယေ ဇ၊ ၁၈:၄)

“ရွှေ နှင့် ငွေ ကို ငါ ပိုင် သည် ဟု၊ ကောင်း ကင် ဗိုလ် ခြေ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏” (ဟဂ္ဂဲ၊ ၂:၈)

လူ တွေ လက် နဲ့ လုပ် ပြီး ကိုး ကွယ် တဲ့ ရုပ် တု ဆင်း တု ဘု ရား တွေ က တော့ လူ တွေ က ကျွေး မှ၊ မွေး မှ၊ ဆွမ်း တော် ကပ် မှ စား ရ သောက် ရ တယ်။ လူ တွေ က ထမ်း ပို့ မှ သွား လာ ရ တယ်။ အဲ သ လို မ ဟုတ် ဘဲ ကောင်း ကင် နဲ့ မြေ ကြီး ကို ဖန် ဆင်း တဲ့ ဘု ရား သ ခင် က တော့ သူ့ ကို ယုံ ကြည် ကိုး ကွယ် တဲ့ သူ တွေ ထံ က နေ ဆယ် ဖို့ တစ် ဖို့ မ ပြော နဲ့၊ အပ် တို တစ် ချောင်း တောင် မ လို အပ် ဘူး ဆို တာ နား လည် သ ဘော ပေါက် ဖို့ လို ပါ လိမ့် မယ်။

ဆယ် ဖို့ တစ် ဖို့ ၏ အ စ

ဓမ္မ ဟောင်း ကျမ်း ကို ကြည့် ရင် ဆယ် ဖို့ တစ် ဖို့ ကို ဘု ရား သ ခင် က အ ရင် တောင်း ဆို တာ မ ဟုတ် ဘဲ လူ တွေ က သာ ဘု ရား သ ခင် ကို စ ပြီး ဆယ် ဖို့ တစ် ဖို့ ပေး ဖို့ က တိ ပြု တာ ဖြစ် ကြောင်း တွေ့ ရ မယ်။ မော ရှေ နဲ့ ပ ညတ် တ ရား မ ပေါ် ခင် က၊ တူ ဖြစ် သူ လော တ ကို ကယ် တင် ရာ မှာ ရန် သူ တွေ အ ပေါ် အောင် ပွဲ ခံ ခဲ့ တဲ့ အာ ဗြ ဟံ ဟာ၊ မေ လ ခိ ဇေ ဒက် မင်း ကို သူ့ ဖါ သာ သူ ဆယ် ဖို့ တစ် ဖို့ လှူ ခဲ့ တယ်။

“အ မြင့် ဆုံး သော ဘု ရား သ ခင် ၏ ယဇ် ပု ရော ဟိတ် ဖြစ် သော၊ ရှာ လင် မင်း ကြီး မေ လ ခိ ဇေ ဒက် သည် လည်း၊ မုန့် နှင့် စ ပျစ် ရည် ကို ဆောင် ခဲ့ ပြီး လျှင်၊ ကောင်း ကင် မြေ ကြီး ရှင်၊ အ မြင့် ဆုံး သော ဘု ရား သ ခင် သည် အာ ဗြံ အား ကောင်း ကြီး ပေး တော် မူ ပါ စေ သော ဟု၊ အာ ဗြံ ကို ကောင်း ကြီး ပေး ၍၊ သင် ၏ ရန် သူ တို့ ကို သင် ၏ လက် ၌ အပ် နှံ တော် မူ သော၊ အ မြင့် ဆုံး သော ဘု ရား သ ခင် လည်း၊ မင်္ဂ လာ ရှိ တော် မူ စေ သ တည်း ဟု မြွက် ဆို ၏။ အာ ဗြံ သည် လည်း ဥစ္စာ ရှိ သ မျှ တို့ ကို၊ ထို မင်း အား ဆယ် ဘို့ တ ဘို့ လှူ လေ ၏” (က၊ ၁၄:၁၈-၂၀)

အစ် ကို ဖြစ် သူ ဧ သော ရဲ့ ရန် က နေ လွတ် ဖို့၊ မိ ခင် ရေ ဗက္က ရဲ့ အ ကြံ ပေး ချက် နဲ့၊ ပါ ဒ နာ ရံ ပြည် ကို ထွက် ပြေး တဲ့ ယာ ကုပ် က လည်း၊ လမ်း မှာ အိပ် မက် မြင် ပြီး နောက် ဘု ရား သ ခင် ကို ဆယ် ဖို့ တစ် ဖို့ လှူ ဖို့၊ သူ့ ဖါ သာ သူ က တိ ပြု ခဲ့ တယ်။

“ထို အ ခါ ယာ ကုပ် က၊ ဘု ရား သ ခင် သည် ငါ့ ဘက် ၌ ရှိ လျက်၊ ငါ ယ ခု သွား ရာ လမ်း မှာ ငါ့ ကို စောင့် မ ၍ စား စ ရာ အ စား၊ ဝတ် စ ရာ အ ဝတ် ကို ပေး သ နား တော် မူ လျှင် ၎င်း၊ ငါ သည် တ ဖန် အ ဘ ၏ အိမ် သို့ ငြိမ် ဝပ် စွာ ပြန် ရောက် ၍၊ ထာ ဝ ရ ဘု ရား သည် ငါ ၏ ဘု ရား ဖြစ် တော် မူ လျှင် ၎င်း၊ မှတ် တိုင် ပြု ၍ ငါ ထူ ထောင် သော ဤ ကျောက် သည် လည်း၊ ဘု ရား သ ခင် ၏ ဗိ မာန် ဖြစ် ရ မည်။ ပေး သ နား တော် မူ သ မျှ တို့ ကို ဆယ် ဘို့ တ ဘို့ ပူ ဇော် ပါ မည် ဟူ ၍ သစ္စာ ပြု လေ ၏” (က၊ ၂၈:၂၀-၂၂)

အဲ ဒီ လူ တွေ ရဲ့ ဆယ် ဖို့ တစ် ဖို့ ပေး တတ် တဲ့ အ ကျင့် နဲ့၊ လူ တွေ ရဲ့ ဆယ် ဖို့ တစ် ဖို့ ပေး မယ် ဆို တဲ့ အ ဆို ပြု ချက် ကို နောက် ပိုင်း မှာ ဘု ရား သ ခင် က လက် ခံ ပြီး ပ ညတ် ချက် အ နေ နဲ့ သတ် မှတ် ပေး လိုက် တာ လို့ ယူ ဆ နိုင် ပါ တယ်။

ဆယ် ဖို့ တစ် ဖို့ ဘာ အ တွက် ပေး လှူ ရ တာ လဲ

ဒီ တော့ ကာ လူ တွေ ဆီ က ဘယ် ဥစ္စာ ကို မှ မ လို အပ် မ လို ချင် တဲ့ ဘု ရား သ ခင် က ဘာ ကြောင့် ဆယ် ဖို့ တစ် ဖို့ တောင်း ဆို ရ တာ လဲ။ အ ကြောင်း ရင်း က တော့ ဘု ရား သ ခင် ဟာ သူ့ အ တွက် တောင်း တာ မ ဟုတ် ပါ ဘူး။ သူ့ ရဲ့ အ မှု ထမ်း လေ ဝိ အ မျိုး တွေ အ တွက် တောင်း တာ ဖြစ် ပါ တယ်။ တိုင်း နိုင် ငံ မင်း အ စိုး ရ တွေ အ ခွန် ကောက် တာ ဟာ နိုင် ငံ တော် စီ မံ အုပ် ချုပ် ရေး မှာ သုံး စွဲ ဖို့ ကောက် ခံ တာ ဖြစ် တယ်။ ဘု ရား သ ခင် က ဆယ် ဖို့ တစ် ဖို့ သူ့ ကို လှူ ဖို့ သတ် မှတ် တာ ဟာ လည်း အဲ ဒီ သ ဘော ပါ ဘဲ။ ဘု ရား သ ခင် က သူ့ အ တွက် တောင်း တာ မ ဟုတ် ဘူး။ သူ့ ကို ကိုး ကွယ် ဝတ် ပြု ခြင်း နဲ့ သက် ဆိုင် တဲ့ စံ နစ် ယန္တ ရား ပုံ မှန် လည် ပတ် ဖို့ လုပ် ဆောင် တဲ့ နေ ရာ မှာ သုံး ဖို့ တောင်း တာ ဖြစ် တယ်။

ကိုး ကွယ် ဝတ် ပြု ခြင်း နည်း စံ နစ် ဟာ ဓမ္မ ဟောင်း ကာ လ မှာ လူ တွေ ဘု ရား သ ခင် ထံ ချဉ်း ကပ် နိုင် တဲ့ တစ် ခု တည်း သော နည်း လမ်း ဖြစ် ပြီး အဲ ဒီ ကိုး ကွယ် ဝတ် ပြု ခြင်း ကို လေ ဝိ အ မျိုး က စီ မံ လုပ် ဆောင် ရ တယ်။ ဣ သ ရေ လ လူ မျိုး တွေ က တိ တော် မြေ ကို ခွဲ ဝေ ယူ ကြ တဲ့ အ ချိန် မှာ ဘု ရား သ ခင် က လေ ဝိ အ မျိုး ကို မြေ အ မွေ မ ပေး ဘူး။ ဘု ရား သ ခင် ကိုယ် တိုင် ဟာ လေ ဝိ တွေ ရဲ့ အ မွေ ဖြစ် တယ်။ ဘု ရား သ ခင် ကို ကိုး ကွယ် ခြင်း နဲ့ ဆိုင် တဲ့ ကိစ္စ ဝိစ္စ အ ကုန် လုံး ကို လေ ဝိ တွေ က ဘဲ လုပ် ကိုင် ပေး ရ တယ်။ တစ် ခြား အ မျိုး တွေ လုံး ဝ လုပ် ခွင့် မ ရှိ ဘူး။ မြေ အ မွေ မ ရ တဲ့ လေ ဝိ အ မျိုး သား တွေ ရဲ့ စား ဝတ် နေ ရေး ပြေ လည် ဖို့ အ တွက် ဘု ရား သ ခင် က တစ် ခြား ဣ သ ရေ လ အ မျိုး တွေ ဆီ က အ လှူ တောင်း ခံ ခြင်း ဖြစ် တယ်။

“တ ဖန် ထာ ဝ ရ ဘု ရား သည် အာ ရုန် အား မိန့် တော် မူ သည် ကား၊ ဣ သ ရေ လ အ မျိုး သား တို့ နေ ရာ ပြည် ၌ သင့် အ မွေ ခံ ရာ မြေ၊ သူ တို့ နှင့် ရော ၍ ပိုင် သော အ ဘို့ မ ရှိ ရ။ ငါ သည် ကား သူ တို့ တွင် သင် ပိုင် သော အ ဘို့ သင့် အ မွေ ဥစ္စာ ဖြစ် ၏။ လေ ဝိ သား တို့ သည် ပ ရိ သတ် စည်း ဝေး ရာ တဲ တော် အ မှု ကို ဆောင် ရွက် သော ကြောင့်၊ သူ တို့ အ မွေ ခံ စ ရာ ဣ သ ရေ လ အ မျိုး သား တို့ ၏ ဥစ္စာ ဆယ် ဘို့ တ ဘို့ ကို ငါ ပေး ပြီ” (က၊ ၁၈:၂၀-၂၁)

“သူ တို့ သည် ဣ သ ရေ လ အ မျိုး သား တို့ နှင့် ရော ၍ အ မွေ မ ခံ ရ ကြ ဟု သင် တို့ အ မျိုး အ စဉ် အ ဆက် စောင့် ရ သော ပ ညတ် ဖြစ် သ တည်း။ ဣ သ ရေ လ အ မျိုး သား တို့ သည် ထာ ဝ ရ ဘု ရား အား ပူ ဇော် သက္ကာ ပြု သော ကိုယ် ဥစ္စာ ဆယ် ဘို့ တ ဘို့ ကို၊ လေ ဝိ သား အ မွေ ခံ စ ရာ ဘို့ ငါ ပေး ပြီ။ ထို ကြောင့် သူ တို့ သည် ဣ သ ရေ လ အ မျိုး သား တို့ နှင့် ရော ၍ အ မွေ မ ခံ ရ ဟု ငါ့ အ မိန့် တော် ရှိ ၏” (က၊ ၁၈:၂၃-၂၄)

“တ ဖန် မော ရှေ အား ထာ ဝ ရ ဘု ရား က၊ သင် သည် လေ ဝိ သား တို့ အား ဆင့် ဆို ရ မည် မှာ၊ သင် တို့ အ မွေ ခံ စ ရာ ငါ ပေး သော ဣ သ ရေ လ အ မျိုး သား တို့ ၏ ဥစ္စာ ဆယ် ဘို့ တ ဘို့ ကို သင် တို့ သည် ခံ ယူ သော အ ခါ၊ ထို အ ဘို့ ကို ဆယ် ဘို့ ဘို့ ပြန် ၍ တ ဘို့ ကို ထာ ဝ ရ ဘု ရား အား ပူ ဇော် သက္ကာ ပြု ရ ကြ မည်။ ထို ပူ ဇော် သက္ကာ ကို၊ ကောက် နယ် တ လင်း ထဲ က ယူ သော ဆန် စ ပါး ကဲ့ သို့ ၎င်း၊ စ ပျစ် သီး နယ် ရာ ကျင်း ထဲ က ယူ သော စ ပျစ် ရည် ကဲ့ သို့ ၎င်း၊ သင် တို့ အ ဘို့ မှတ် ရ လိမ့် မည်။ ထို သို့ သင် တို့ သည် ဣ သ ရေ လ အ မျိုး သား တို့ မှ ခံ ယူ သော ဆယ် ဘို့ တ ဘို့ ထဲ က၊ ထာ ဝ ရ ဘု ရား အား ပူ ဇော် သက္ကာ ပြု ရ ကြ မည်။ ထို ပူ ဇော် သက္ကာ ကို လည်း၊ ယဇ် ပု ရော ဟိတ် အာ ရုန် အား လှူ ရ ကြ မည်” (က၊ ၁၈:၂၅-၂၈)

ဓမ္မ သစ် ကာ လ နှင့် ဆယ် ဖို့ တစ် ဖို့

ဒီ တော့ ကာ၊ ဓမ္မ သစ် ကာ လ ကျေး ဇူး တော် ခေတ် မှာ ခ ရစ် ယာန် တွေ အ နေ နဲ့ ဆယ် ဖို့ တစ် ဖို့ ဆက် ပြီး ပေး နေ ရ မှာ လား။ ဆယ် ဖို့ တစ် ဖို့ ဟာ ဘု ရား သ ခင် နဲ့ ဆိုင် တဲ့ အ တွက် မ ဖြစ် မ နေ ပေး ရ မယ် လို့ ဆို တာ တစ် ကယ် ဟုတ် သ လား။  ပေး ရ မယ် ဆို ရင် ဘာ ကြောင့် ပေး ရ မ လဲ၊ မ ပေး ရ ဘူး ဆို ရင် လဲ ဘာ ကြောင့် မ ပေး ရ မှာ လဲ။ အဲ ဒါ တွေ နဲ့ ပတ် သက် ပြီး သမ္မာ ကျမ်း စာ က နေ ဘယ် လို သွန် သင် သ လဲ ဆို တာ တွေ ကို သေ သေ ချာ ချာ သိ ရှိ ဖို့ လို ပါ တယ်။ ဗေ ရိ မြို့ သား တွေ လို ပေါ့။

ရှင် ပေါ လု က ပြော ပါ တယ်။ ဓမ္မ သစ် ကာ လ မှာ ခ ရစ် ယာန် တွေ ဟာ ပ ညတ် တ ရား ရဲ့ လက် အောက် မှာ မ ရှိ တော့ ဘူး။ ခ ရစ် တော် ရဲ့ ချစ် ခြင်း မေတ္တာ နဲ့ အ ပြစ် လွှတ် ခြင်း ကို ယုံ ကြည် လက် ခံ တဲ့ အ တွက် ကျေး ဇူး တ ရား ရဲ့ လက် အောက် ကို ရောက် သွား တယ်။

“. . . သင် တို့ သည် ပ ညတ် တ ရား လက် ၌ မ ရှိ၊ ကျေး ဇူး တ ရား လက် ၌ ရှိ သော ကြောင့် အ ပြစ် တ ရား သည် သင် တို့ ကို မ အုပ် စိုး ရ။ ထို သို့ ဖြစ် လျှင် အ ဘယ် သို့ နည်း။ ငါ တို့ သည် ပ ညတ် တ ရား လက် ၌ မ ရှိ၊ ကျေး ဇူး တ ရား လက် ၌ ရှိ သော ကြောင့်၊ ဒု စ ရိုက် ကို ပြု ရ မည် လော . . .” (ရော၊ ၆:၁၄-၁၅)

အဲ ဒါ ကြောင့် ခ ရစ် ယာန် တွေ ဟာ ဓမ္မ ဟောင်း ကာ လ က ပ ညတ် တ ရား တွေ ကို စောင့် ထိန်း ရ မဲ့ အ ဖြစ် က နေ့ လွတ် မြောက် သွား ကြ တယ်။

“ထို နည်း တူ၊ ငါ့ ညီ အစ် ကို တို့၊ သင် တို့ သည် . . . ခ ရစ် တော် ၏ ကိုယ် ခန္ဓာ အား ဖြင့် သေ ၍ ပ ညတ် တ ရား နှင့် ကွာ ကြ ၏။  ယ ခု မူ ကား၊ . . . ငါ တို့ သည် သေ သ ဖြင့် အုပ် ချုပ် သော ပ ညတ် တ ရား ၏ လက် မှ လွတ် ခြင်း သို့ ရောက် ကြ ပြီ” (ရော၊ ၇:၄, ၆)

အဲ ဒါ ကြောင့် ဓမ္မ ဟောင်း ကာ လ ပ ညတ် တ ရား ရဲ့  ဆယ် ဖို့ တစ် ဖို့ ပေး ရ မယ် ဆို တဲ့ သွန် သင် ချက် ဟာ၊ ဓမ္မ သစ် ကာ လ ကျေး ဇူး တ ရား ရဲ့  အောက် မှာ ရှိ တဲ့ ခ ရစ် ယာန် တွေ အ ပေါ် ဩ ဇာ လွှမ်း မိုး မှု မ ရှိ တော့ ဘူး ဆို တာ တွေ့ ရ ပါ တယ်။ ဒါ ဟာ ကျမ်း စာ ရဲ့ သွန် သင် ချက် ပါ။ ကျွန် တော် အ ဓိပ္ပါယ် ဆွဲ ယူ တာ မ ဟုတ် ဘူး။

ဒါ့ အ ပြင် သ ခင် ခ ရစ် တော် ကိုယ် တိုင် သုံး နှစ် ခွဲ ပတ် လုံး တ ပည့် တော် တွေ နဲ့ အ တူ သွား လာ သွန် သင် ဆုံး မ တဲ့ အ ခါ မှာ၊ ဆယ် ဖို့ တစ် ဖို့ မှန် မှန် ပေး ရ မယ့် အ ကြောင်း တစ် ခါ မှ မ ဟော ခဲ့ ဘူး။ မ သွန် သင် ခဲ့ ဘူး။ အဲ ဒီ နောက် တ မန် တော် ကြီး တွေ ရဲ့ ဩ ဝါ ဒ စာ စောင် တွေ မှာ လည်း အဲ ဒီ အ တိုင်း ပါ ဘဲ။ ယုံ ကြည် သူ တွေ ကို ပေး လှူ ကြ ဖို့၊ စေ တ နာ နဲ့ ပေး ကမ်း ကြ ဖို့ တိုက် တွန်း ကြ ပေ မဲ့ ဆယ် ဖို့ တစ် ဖို့ လှူ ရ မယ် လို့ တစ် ခါ မှ မ သွန် သင် ကြ ဘူး။ ဆယ် ဖို့ တစ် ဖို့ ဆို တဲ့ စ ကား လုံး ကို ဓမ္မ သစ် ကျမ်း ထဲ မှာ ရေး ထား တာ တွေ တွေ့ ရ ပါ တယ်။ ဒါ ပေ မဲ့ သ တိ ပြု ရ မှာ က အဲ ဒီ ကျမ်း ပိုဒ် တွေ ဟာ ဆယ် ဖို့ တစ် ဖို့ ပေး ဖို့ သွန် သင် ခြင်း မ ဟုတ် ဘဲ တစ် ခြား အ ကြောင်း အ ရာ တွေ ကို အ ဓိ က ထား ဆွေး နွေး ရင်း ဆယ် ဖို့ တစ် ဖို့ စ ကား လုံး ကပ် ပါ လာ ခြင်း ဖြစ် ပါ တယ်။ ဒါ ကြောင့် ကျေး ဇူး တော် ကာ လ မှာ ခ ရစ် ယာန် တွေ ဆယ် ဖို့ တစ် ဖို့ ပေး ရ မယ်၊ မ ပေး ရင် ဘု ရား သ ခင် ရဲ့ ဥစ္စာ ကို ခိုး ယူ ခြင်း ဖြစ် တယ် ဆို တဲ့ သွန် သင် ချက် ဟာ ကျမ်း စာ နဲ့ မ ညီ တဲ့ သွန် သင် ချက် ဖြစ် ကြောင်း ကျွန် တော် ပြော ချင် ပါ တယ်။

ဒီ က နေ့ ကြီး ပွါး ချမ်း သာ ရေး တ ရား ဟော တဲ့ ဆ ရာ တွေ (prosperity preachers) က လည်း ဆယ် ဖို့ တစ် ဖို့ စ သ ဖြင့် ပေး လှူ ဖို့ ဟော ပြော ကြ တယ်။ သူ တို့ ဟာ ဆယ် ဖို့ တစ် ဖို့ ကို ကျော် ပြီး များ များ ချမ်း သာ ချင် ရင် အ သင်း တော် ကို များ များ လှူ ရ မယ် လို့ ဟော ကြ တယ်။ အဲ ဒီ ဆ ရာ တွေ ထဲ မှာ တော် တော် လေး နာ မည် ကြီး တဲ့ Benny Hing ဆို တဲ့ ပုဂ္ဂိုလ် ရဲ့ တ ရား ပွဲ တစ် ခု ကို စင်္ကာ ပူ မှာ ကျွန် တော် တက် ဘူး တယ်။ သူ က လု၊ ၆:၃၈ ကို အ ခြေ ပြု ပြီး အ သင်း တော် ကို လှူ ရင် ခု နစ် ဆ ပြန် ရ မယ် လို့ ပြော ပြီး အ လှူ ထည့် ဝင် ကြ ဖို့ ဆော် ဩ ခဲ့ တယ်။ ဒီ လို နဲ့ ဘဲ အဲ ဒီ ဆ ရာ ကြီး တွေ ဟာ ကိုယ် ပိုင် ဂျက် လေ ယာဉ် တွေ စီး နိုင် တဲ့ အ ထိ ချမ်း သာ ကြွယ် ဝ ကြ တယ်။ သူ တို့ အ ဖြစ် နဲ့ သူ တို့ တ ရား ဟော ချက် နဲ့ က အံ ဝင် ဂွင် ကျ ဘဲ။ သူ တို့ ရဲ့ တ ရား ဟော ချက် တွေ ကို ကြား ပြီး လော ဘ စိတ် နဲ့ လှူ တဲ့ အ သင်း သား တွေ သာ ဘု ရား သ ခင် ဆီ က ဘာ ကောင်း ကျိုး မှ မ ရ ဘဲ ကျန် ရစ် ခဲ့ ကြ တယ်။

ဒါ့ အ ပြင် ဘု ရား သ ခင် ကို အ လှူ ပေး ခြင်း အား ဖြင့် ကိုယ့် ငွေ ရေး ကြေး ရေး ပြဿ နာ ပြေ လည် မယ် ဆို တဲ့ သွန် သင် မှု ဟာ လည်း မှား ယွင်း တဲ့ သွန် သင် မှု ဖြစ် ပါ တယ်။ ဘု ရား သ ခင် ထံ ပေး လှူ ခြင်း ကို စီး ပွါး ရေး ရင်း နှီး မြှုပ် နှံ မှု တစ် ခု လို သ ဘော ထား တဲ့ အ တွက်၊ စေ တ နာ မ ပါ ဘဲ လော ဘ စိတ် အ ရင်း ခံ ပြီး ကိုယ့် ကြီး ပွါး ချမ်း သာ ရေး အ တွက် ဘု ရား ထံ ပေး လှူ ခြင်း ဖြစ် တဲ့ အ တွက်၊ မှား ယွင်း တဲ့ လုပ် ရပ် တစ် ခု ပါ။ ဘု ရား သ ခင် အ လို ရှိ တာ က တစ် ဖက် သား ရဲ့ တုံ့ ပြန် မှု ကို မ မျှော် ကိုး ဘဲ ကိုယ့် ရဲ့ စိတ် စေ တ နာ အ ရင်း ခံ အ တိုင်း ပေး လှူ ပြီး ကောင်း ကင် ဘုံ မှာ ဘဏ္ဍာ စု ဆောင်း ဖို့ ဖြစ် ပါ တယ်။ လှူ ရင် ပြန် ရ မယ် ဆို တဲ့ သွန် သင် ချက် ဟာ သမ္မာ တ ရား မ သိ တဲ့ ခပ် တုံး တုံး ခ ရစ် ယာန် တွေ ရဲ့ လော ဘ စိတ် ကို အ ခွင့် ကောင်း ယူ ပြီး၊ ကြီး ပွါး ချမ်း သာ ရေး ဆ ရာ တွေ က လှည့် ဖြား ငွေ ညှစ် နေ ခြင်း ဖြစ် တယ်။

“သံ ချေး၊ ပိုး ရွ ဖျက် စီး ၍ သူ ခိုး ထွင်း ဖောက် ခိုး ယူ ရာ မြေ ကြီး ပေါ် မှာ ဘဏ္ဍာ ကို မ ဆည်း ဖူး ကြ နှင့်။ သံ ချေး၊ ပိုး ရွ မ ဖျက် ဆီး ၍ သူ ခိုး မ ထွင်း မ ဖောက် မ ခိုး မ ယူ ရာ ကောင်း ကင် ဘုံ ၌ ဘဏ္ဍာ ကို ဆည်း ဖူး ကြ လော့” (မ၊ ၆:၁၉-၂၀)

တစ် ကယ် စိတ် စေ တ နာ နဲ့ လှူ ခဲ့ ရင် ခ ရစ် ယာန် တွေ တင် မ ဟုတ် ဘူး၊ ဘု ရား သ ခင် ကို မ ကိုး ကွယ် တဲ့ မ ယုံ ကြည် တွေ လည်း အ ကျိုး ခံ စား ရ မှာ ဖြစ် တယ်။ ဒါ ဟာ ဘု ရား သ ခင် ရဲ့ တ ရား မျှ တ ခြင်း ဘဲ။ ချစ် ခြင်း မေတ္တာ ရှင် ဘု ရား သ ခင် ဟာ လူ သား တွေ ရဲ့ နှ လုံး သား ကို သိ မြင် တဲ့ အ တိုင်း စေ တ နာ ရဲ့ အ ကျိုး ကို ပြန် ပေး လိမ့် မယ်။

ကဲ၊ အဲ သ လို ဆို ရင် ချမ်း သာ ချင် လို့ ပေး လှူ ရင်း တစ် ကယ် ချမ်း သာ သွား တဲ့ သူ တွေ ကို ဘယ် လို ပြော မ လဲ လို့ မေး စ ရာ ရှိ ပါ တယ်။ သူ တို့ လည်း ပေး လှူ တာ ကို စီး ပွါး ရေး ရင်း နှီး မြှုပ် နှံ မှု လို လုပ် ဆောင် တာ ဘဲ။ ဘာ ကြောင့် ချမ်း သာ ကြွယ် ဝ သွား ကြ သ လဲ လို့ မေး စ ရာ ရှိ ပါ တယ် ။ အ ဖြေ က တော့ စာ တန် ဖြစ် ပါ တယ်။ ရုပ် ဝတ္တု ပိုင်း ကြွယ် ဝ မှု ကို ဘု ရား သ ခင် က ဘဲ မ ဟုတ် ဘူး၊ စာ တန် က လည်း ပေး နိုင် တယ်။ စာ တန် ဟာ သူ့ အ လို လိုက် တဲ့ သူ တွေ၊ သူ့ ကို ကိုး ကွယ် တဲ့ သူ တွေ ကို ကျိ ကျိ တက် ချမ်း သာ စေ နိုင် တာ တွေ့ နိုင် ပါ တယ်။

“တ ဖန် မာရ် နတ် သည် ယေ ရှု ကို အ လွန် မြင့် လှ စွာ သော တောင် ပေါ် သို့ ဆောင် သွား ၍၊ ဤ လော က ၌ ရှိ သ မျှ သော တိုင်း နိုင် ငံ တို့ ကို ၎င်း၊ ထို တိုင်း နိုင် ငံ တို့ ၏ ဘုန်း စည်း စိမ် ကို ၎င်း ပြ ညွှန် ၍၊ ကိုယ် တော် သည် ငါ့ ကို ညွတ် ပြပ် ကိုး ကွယ် လျှင် ယ ခု ပြ လေ သ မျှ တို့ ကို ငါ ပေး မည် ဟု ဆို လေ ၏” (မ၊ ၄:၈-၉)

“တ ဖန် မာရ် နတ် သည် ယေ ရှု ကို မြင့် လှ သော တောင် ပေါ် သို့ ဆောင် သွား ၍၊ ဤ လော က ၌ ရှိ သ မျှ သော တိုင်း နိုင် ငံ တို့ ကို တ ခ ဏ ခြင်း တွင် ပြ ညွှန် ၍၊ ဤ ဘုန်း တန် ခိုး အာ နု ဘော် ရှိ သ မျှ ကို ငါ ၌ အပ် ခဲ့ ပြီ။ ငါ သည် ပေး လို သော သူ အား ပေး ရ သည် ဖြစ် ၍ ကိုယ် တော် အား ပေး ပါ မည်။ ငါ့ ကို ကိုး ကွယ် လျှင် ဤ အ လုံး စုံ တို့ သည် ကိုယ် တော် ၏ ဥစ္စာ ဖြစ် လိမ့် မည် ဟု လျှောက် လေ ၏” (လု၊ ၄:၅-၇)

ဒီ လောက် ဆို ရင် ဆယ် ဖို့ တစ် ဖို့ မ ပေး မ နေ ရ မို့ လို့ လှူ တာ တွေ၊ ကိုယ့် ပြဿ နာ ပြေ လည် ချင် လို့ လှူ တာ တွေ၊ ချမ်း သာ အောင် မြင် ချင် လို့ လှူ တာ တွေ ဟာ မှား ယွင်း ကြောင်း ထင် ရှား ပါ တယ်။ အဲ ဒီ တော့ ကာ ခ ရစ် ယာန် တွေ ဆယ် ဖို့ တစ် ဖို့ မ ပေး လှူ ရ ဘူး ဆို ရင် ဘယ် လောက် ပေး လှူ ရ မ လဲ။ ဘယ် လို ပေး လှူ ရ မ လဲ။

ခ ရစ် ယာန် တွေ ဘယ် လို လှူ ရ မ လဲ

ဓမ္မ သစ် ကျမ်း ရဲ့ သွန် သင် မှု အ ရ ခ ရစ် ယာန် တွေ ဟာ အ ပြစ် င ရဲ ထဲ ကျ ဖို့ အ ဖြစ် က နေ ပြီး တော့ ဘု ရား သ ခင် က သူ့ ရဲ့ အ သွေး တော် နဲ့ ရွေး ဝယ် ခဲ့ တဲ့ အ တွက် ဘု ရား သ ခင် ပိုင် ဆိုင် တဲ့ သူ၊ ဘု ရား ရဲ့  ဥစ္စာ ဖြစ် သွား ကြ တယ်။

“အ ဘယ် သို့ နည်း။ သင် တို့ ကိုယ် ခန္ဓာ သည် ဘု ရား သ ခင် ပေး သ နား တော် မူ သော ဝိ ညာဉ် တော် တည်း ဟူ သော၊ သင် တို့ အ ထဲ ၌ ကျိန်း ဝပ် ၍ သန့် ရှင်း သော ဝိ ညာဉ် တော် ၏ ဗိ မာန် ဖြစ် ကြောင်း ကို ၎င်း၊ မိ မိ တို့ ကို မိ မိ တို့ မ ပိုင် ကြောင်း ကို ၎င်း၊ မ သိ ကြ သ လော။ သင် တို့ သည် အ ဘိုး နှင့် ဝယ် တော် မူ သော သူ ဖြစ် သော ကြောင့်၊ ဘု ရား သ ခင် ပိုင် တော် မူ သော သင် တို့ ၏ ကိုယ် ခန္ဓာ နှင့် စိတ် ဝိ ညာဉ် အား ဖြင့် ဘု ရား သ ခင် ၏ ဂုဏ် တော် ကို ထင် ရှား စေ ကြ လော့” (၁ ကော၊ ၆:၁၉-၂၀)

ကျွန် တော် တို့ ကို ဘု ရား ပိုင် တဲ့ အ တွက် ကျွန် တော် တို့ ရဲ့ ခန္ဓာ ကိုယ် နဲ့ တ ကွ ကျွန် တော် တို့ မှာ ရှိ သ မျှ အ ရာ တွေ ဟာ လည်း ဘု ရား ဥစ္စာ ဖြစ် သွား တယ်။ ဥ ပ မာ၊ နွား မ တစ် ကောင် ကို ပိုင် တဲ့ သူ ဟာ နွား မ ရဲ့ ခွန် အား၊ မွေး တဲ့ နွား က လေး၊ ထွက် တဲ့ နွား နို့၊ ပါ တဲ့ နွား ချေး စ တာ တွေ အား လုံး ကို ပိုင် သ လို ဘဲ၊ ဘု ရား သ ခင် ဟာ ကျွန် တော် တို့ ရဲ့ ဝင် ငွေ အား လုံး၊ ဉာဏ် ပ ညာ အား လုံး၊ ခွန် အား ကျွမ်း ကျင် မှု အ ချိန် စ သ ဖြင့် ရှိ သ မျှ အား လုံး ကို ပိုင် ဆိုင် ပါ တယ်။ ဒါ ကြောင့် ဘု ရား သ ခင် ကို ဘယ် လောက် ပေး လှူ ရ မ လဲ လို့ မေး ရင် ရှိ သ မျှ အား လုံး ပေး လှူ ရ မယ် ဆို မှ အ ဖြေ မှန် ပါ လိမ့် မယ်။

“ညီ အစ် ကို တို့၊ အ သက် ရှင် ခြင်း လက္ခ ဏာ၊ သန့် ရှင်း ခြင်း လက္ခ ဏာ၊ ဘု ရား သ ခင် နှစ် သက် တော် မူ ဘွယ် သော လက္ခ ဏာ နှင့် ပြည့် စုံ သော ယဇ် ကို သင် တို့ သည် ပူ ဇော် ၍၊ မိ မိ ကိုယ် ခန္ဓာ ကို ဘု ရား သ ခင် အား ဆက် ကပ် ခြင်း တည်း ဟူ သော သင် တို့ ပြု အပ် သော ဝတ် ကို ပြု မည် အ ကြောင်း၊ ဘု ရား သ ခင် ၏ က ရု ဏာ တော် ကို ထောက် ထား ၍၊ သင် တို့ ကို ငါ တိုက် တွန်း နှိုး ဆော် ပေ ၏” (ရော၊ ၁၂:၁)

အဲ ဒီ ဘု ရား ရဲ့ ပိုင် ဆိုင် မှု ကို ကျွန် တော် တို့ က ဝန် ခံ အ သိ အ မှတ် ပြု ပြီး ကျွန် တော် တို့ ရဲ့ ရှိ သ မျှ ငွေ ကြေး၊ စွမ်း အား၊ အ ချိန် စ တာ တွေ ကို ဘု ရား သ ခင် အ လို တော် အ တိုင်း သုံး စွဲ ရ မှာ ဖြစ် တယ်။ အ သင်း တော် ကို ပေး လှူ မှ သာ ဘု ရား သ ခင် ကို ပေး လှူ ရာ ရောက် တာ မ ဟုတ် ဘူး။ ဘု ရား သ ခင် ရဲ့ အ လို တော် အ တိုင်း သုံး စွဲ တာ မှန် သ မျှ ဟာ ဘု ရား သ ခင် ကို ပေး လှူ ခြင်း ဖြစ် တယ်။ ဥ ပ မာ၊ ဘု ရား သ ခင် က သူ ပိုင် ဆိုင် ပြီး သန့် ရှင်း သော ဝိ ညာဉ် တော် ဝင် ရောက် ကျိန်း ဝပ် တဲ့ ခင် ဗျား ရဲ့ ခန္ဓာ ကိုယ် ကို ထ မင်း ငတ် ပြီး မ သေ စေ ချင် ဘူး။ ကျန်း မာ သန် စွမ်း စေ ချင် တယ်။ ဒါ ကြောင့် ခင် ဗျား မိ သား စု နေ့ စဉ် ပုံ မှန် စား သောက် ဖို့ သုံး စွဲ တာ တွေ၊ မ ကျန်း မာ လို့ ဆေး ဝါး ကု သ ဖို့ သုံး စွဲ တာ တွေ ဟာ ဘု ရား သ ခင် ရဲ့ အ လို တော် နဲ့ အ ညီ သုံး စွဲ ခြင်း ဖြစ် တယ်။ ဒါ ပေ မဲ့ မူး ယစ် ဆေး ဝါး၊ လောင်း က စား၊ ကိုယ် ကျင့် ပျက် အ ပျော် အ ပါး စ သ ဖြင့် မ ကောင်း မှု တွေ အ တွက် သုံး စွဲ ခဲ့ ရင် ဘု ရား အ လို တော် နဲ့ မ ညီ တဲ့ အ တွက် အဲ ဒီ ငွေ ကို ခင် ဗျား ဘု ရား သ ခင် ဆီ က နေ ခိုး ယူ နေ တာ ဖြစ် တယ်။ အ လုပ် ကို ကြိုး စား ပြီး စေ တ နာ စိတ် နဲ့ လုပ် ဖို့ ဘု ရား သ ခင် အ လို တော် ရှိ တဲ့ အ တွက် ခင် ဗျား ကို လို အပ် တဲ့ အ ချိန် နဲ့ ခွန် အား တွေ ပေး ထား တယ်။ ဒါ ပေ မဲ့ ခင် ဗျား က ပျင်း ရိ ပြီး အ ချောင် ခို နေ တယ် ဆို ရင်၊ အဲ ဒီ အ ချောင် ခို တဲ့ အ ချိန် တွေ၊ မ သုံး စွဲ တဲ့ ခွန် အား တွေ ကို ဘု ရား သ ခင် ဆီ က နေ ခင် ဗျား ခိုး ယူ နေ တာ ဖြစ် တယ်။ အ လုပ် ကို အ ကောင်း ဆုံး ဖြစ် အောင် လုပ် နိုင် ဖို့ အ တွက် ကျွမ်း ကျင် မှု ကို ဘု ရား သ ခင် က ပေး ထား ရက် သား နဲ့ ခင် ဗျား မ လုပ် ခဲ့ ရင်၊ ဒါ မှ မ ဟုတ် ဖြစ် က တတ် ဆန်း လုပ် ခဲ့ ရင်၊ အဲ ဒီ ကျွမ်း ကျင် မှု ကို ခင် ဗျား ဘု ရား သ ခင် ဆီ က နေ ခိုး ယူ နေ တာ ဖြစ် တယ်။

ဆယ် ဖို့ တစ် ဖို့ ကို ပုံ မှန် ပေး လှူ ပြီး ရင် ကျန် တာ တွေ ကို ကိုယ့် စိတ် ကြိုက် သုံး စွဲ နိုင် တယ် လို့ ယူ ဆ တဲ့ သူ တွေ ဟာ ဘု ရား သ ခင် ဆီ က နေ ဆယ် ဖို့ ကိုး ဖို့ ခိုး ယူ နေ ခြင်း ဖြစ် တယ် လို့ ကျွန် တော် ပြော ချင် ပါ တယ်။ ဒါ တင် မ က ဘု ရား သ ခင် ပိုင် တဲ့ ဥစ္စာ ကို ခြေ နဲ့ ကန် ပြီး စော် ကား တဲ့ သူ လည်း ဖြစ် တယ်။

“ငါ့ အိမ် ၌ ငါ စီ ရင် သော ယဇ်၊ ငါ့ ပူ ဇော် သက္ကာ ကို အ ဘယ် ကြောင့် ခြေ နှင့် ကန် သ နည်း။ ငါ ၏ လူ ဣ သ ရေ လ အ မျိုး သား တင် လှူ သော ပူ ဇော် သက္ကာ ရှိ သ မျှ တို့ တွင်၊ အ မြတ် ဆုံး သော အ ရာ ကို ဝ စွာ စား စေ ၍၊ သင် ၏ သား တို့ ကို ငါ့ အ ပေါ် မှာ အ ဘယ် ကြောင့် ချီး မြှောက် သ နည်း” (၁ ရာ၊ ၂:၂၉)

ဓမ္မ သစ် ကာ လ မှာ ကျွန် တော် တို့ ပိုင် ဆိုင် သ မျှ အ ရာ တွေ ဟာ ဘု ရား သ ခင် က သာ ပိုင် ရှင် အ စစ် ဖြစ် ပြီး ကျွန် တော် တို့ ကို ယာ ယီ ပေး ထား ခြင်း သာ ဖြစ် တယ်။ ကျွန် တော် တို့ ရဲ့ ငွေ ကြေး အား လုံး ဟာ လည်း ဘု ရား သ ခင် က ကျွန် တော် တို့ ကို စီ မံ ခန့် ခွဲ့ ဘို့ ခ ဏ ပေး ထား တာ ဖြစ် တယ်။ ဒါ ကြောင့် ကျွန် တော် တို့ ဟာ ဘဏ္ဍာ စိုး ကောင်း တွေ လို ဘု ရား သ ခင် ခ ဏ ငှါး ထား တဲ့ ငွေ ကို သစ္စာ ရှိ စွာ သုံး စွဲ ရ မယ်။ စီ စစ် သုံး စွဲ တတ် ရ မယ်။

ဓမ္မ သစ် ကာ လ မှာ ဘု ရား သ ခင် က ငွေ ကြေး ကို ဘယ် မှာ ပေး လှူ ရ မယ်၊ ဘယ် လောက် ပေး လှူ ရ မယ် လို့ ကန့် သတ် မ ထား ဘူး။ ဒါ ပေ မဲ့ လမ်း ညွှန် ချက် တွေ ကို ကျမ်း စာ ထဲ မှာ အ များ ကြီး တွေ့ ရ တယ်။

၁) ဘယ် မှာ ပေး လှူ ရ မ လဲ၊ ဘယ် မှာ သုံး စွဲ ရ မ လဲ

– အ သင်း တော် ကို ပေး လှူ ရ မယ်။ အ သင်း တော် ရဲ့ စီ မံ အုပ် ချုပ် ရေး ယန္တ ရား လည် ပတ် ဖို့ အ ပြင် ဆ ရာ/မ တွေ ရဲ့ မိ သား စု စား ဝတ် နေ ရေး အ တွက် ပါ လုံ လောက် အောင် ပေး လှူ ရ မယ်။

“မော ရှေ ၏ ပ ညတ္တိ ကျမ်း စာ ၌ လာ သည် ကား၊ စ ပါး နင်း နယ် သော နွား ၏ နှုတ် ကို မ ချုပ် တည်း ရ ဟု လာ ၏။ ဘု ရား သ ခင် သည် နွား ကို သာ ပ မာ ဏ ပြု တော် မူ သ လော။ သို့ မ ဟုတ် ငါ တို့ ကြောင့် သာ ဤ သို့ ပ ညတ် တော် မူ သ လော။ လယ် ထွန် သော သူ သည် မြော် လင့် လျက် ထွန် စေ ခြင်း ငှါ ၎င်း၊ မြော် လင့် လျက် စ ပါး နင်း နယ် သော သူ သည် မြော် လင့် သည် အ တိုင်း ရ စေ ခြင်း ငှါ ၎င်း၊ ငါ တို့ ကြောင့် သာ ဤ သို့ ကျမ်း စာ လာ ၏” (၁ ကော၊ ၉:၉-၁၀)

“အ ကြောင်း မူ ကား၊ စ ပါး နင်း နယ် သော နွား ၏ နှုတ် ကို မ ချုပ် တည်း ရ ဟု ကျမ်း စာ လာ ၏။ တ ချက် ကား၊ လုပ် ဆောင် သော သူ သည် အ ခ ကို ခံ ထိုက် ပေ သည် ဟု လာ ပြန် ၏” (၁ တိ၊ ၅:၁၈)

– ကြိုး စား လုပ် ဆောင် တဲ့ အ မှု တော် ဆောင် တွေ ကို ပို ပြီး ပေး လှူ ရ မယ်။ သူ တို့ ရဲ့ လ စာ ဟာ မိ သား စု ပုံ မှန် လို အပ် တာ ရဲ့ နှစ် ဆ ဖြစ် သင့် တယ်။

“ကောင်း မွန် စွာ အုပ် သော သင်း အုပ် တို့ သည် အ လှူ နှစ် ဆ ကို ခံ ထိုက် သော သူ ဖြစ် သည် ဟူ ၍ ၎င်း၊ တ ရား ဟော ခြင်း၊ ဆုံး မ ဩ ဝါ ဒ ပေး ခြင်း အ မှု ကို ကြိုး စား အား ထုတ် သော သူ တို့ သည်၊ အ လှူ နှစ် ဆ ကို အ ထူး သ ဖြင့် ခံ ထိုက် သော သူ ဖြစ် သည် ဟူ ၍ ၎င်း မှတ် ရ မည်” (၁ တိ၊ ၅:၁၇)

– ဧ ဝံ ဂေ လိ တ ရား ပြန့် ပွား ဘို့ လုပ် ဆောင် နေ သူ တွေ ကို ပေး လှူ ရ မယ်။

“တိ မော သေ သည် သင် တို့ ဆီ သို့ ရောက် လျှင်၊ သူ သည် စိုး ရိမ် ခြင်း အ ကြောင်း မ ရှိ ဘဲ၊ သင် တို့ နှင့် အ တူ နေ စေ ခြင်း ငှါ သ တိ ပြု ကြ လော့။ သူ သည် ငါ့ ထံ သို့ ငြိမ် ဝပ် စွာ ပြန် ရ မည် အ ကြောင်း ပို့ ဆောင် ခြင်း ကျေး ဇူး ကို ပြု ကြ လော့” (၁ ကော၊ ၁၆:၁၁)

“ထို သူ တို့ သည် သင် ၏ ချစ် ခြင်း မေတ္တာ အ ကြောင်း ကို အ သင်း တော် ရှေ့ ၌ သက် သေ ခံ ကြ ၏။ သင် သည် ထို သူ တို့ ကို ဘု ရား သ ခင် ၏ အ လို တော် နှင့် အ ညီ ပို့ လိုက် ပြန် လျှင်၊ ကောင်း သော အ မှု ကို ပြု လိမ့် မည်။ အ ကြောင်း မူ ကား၊ ထို သူ တို့ သည် နာ မ တော် ကို ထောက် ၍၊ သာ သ နာ ပ လူ တို့ တွင် အ လှူ မ ခံ ဘဲ သွား ကြ ၏။ ငါ တို့ သည် သမ္မာ တ ရား ကို ကူ မ သော သူ ဖြစ် အံ့ သော ငှါ၊ ထို သို့ သော သူ တို့ အား ဧည့် သည် ဝတ် ကို ပြု အပ် ကြ ၏” (၃ ယော၊ ၁:၆-၈)

– ဧည့် သည် အာ ဂန္တု တွေ အ တွက် သုံး စွဲ ရ မယ်

“ညီ အစ် ကို ချင်း ချစ် ခြင်း မေတ္တာ ၌ တည် ကြ လော့။ ဧည့် သည် ဝတ် ပြု ခြင်း အ မှု ကို မ မေ့ မ လျော့ ကြ နှင့်။ အ ချို့ သော သူ တို့ သည် ဧည့် သည် ဝတ် ကို ပြု သည် တွင်၊ ကောင်း ကင် တ မန် တို့ ကို အ မှတ် တ မဲ့ ဧည့် ခံ ကြ ပြီ” (ဟေ ဗြဲ၊ ၁၃:၁-၂)

“အာ ဂန္တု တို့ အား ဧည့် သည် ဝတ် ကို ကြိုး စား ၍ ပြု ကြ လော့” (ရော၊ ၁၂:၁၃)

“ငါ သည် ဧည့် သည် ဖြစ် သော အ ခါ သင် တို့ သည် ဧည့် သည် ဝတ် ကို ပြု ကြ ၏” (မ၊ ၂၅:၃၅)

– မိ ဘ အ တွက် သုံး စွဲ ရ မယ်။

“သား မြေး ရှိ သော မုတ် ဆိုး မ ဖြစ် လျှင်၊ ထို သား မြေး တို့ သည် ရှေ့ ဦး စွာ ဘု ရား ဝတ် ကို ရည် မှတ် လျက်၊ မိ မိ အိမ် ကို ပြု စု ၍ မိ ဘ ဘိုး ဘွား ၌ ကျေး ဇူး ဆပ် ခြင်း ငှါ သင် ကြ စေ။ ထို အ မှု သည် ဘု ရား သ ခင် နှစ် သက် တော် မူ သော အ မှု ဖြစ် ၏” (၁ တိ၊ ၅:၄)

“မိ ဘ ကို ရို သေ စွာ ပြု လော့။ ဤ ပ ညတ် တော် ကား၊ သင် သည် ပြည် တော် ၌ ကောင်း စား ၍ အ သက် တာ ရှည် မည် အ ကြောင်း ဟူ ၍ ဂ တိ တော် နှင့် ဆိုင် သော ပ ဌ မ ပ ညတ် ဖြစ် ၏” (ဧ၊ ၆:၂-၃)

– လို အပ် ချက် ရှိ နေ တဲ့ တစ် ခြား ယုံ ကြည် သူ တွေ အ တွက် သုံး စွဲ ရ မယ်။

“သန့် ရှင်း သူ တို့ အ ဘို့ လှူ ဒါန်း ၍ စု ထား ခြင်း အ မှု မှာ၊ ဂ လာ တိ ပြည် ၌ အ သင်း တော် များ ကို ငါ မှာ ထား သည် အ တိုင်း သင် တို့ ပြု ကြ လော့” (၁ ကော၊ ၁၆:၁)

“အ ကြောင်း မူ ကား၊ မာ ကေ ဒေါ နိ ပြည် သား တို့ နှင့် အ ခါ ယ ပြည် သား တို့ သည်၊ ယေ ရု ရှ လင် မြို့ ၌ ဆင်း ရဲ သော သန့် ရှင်း သူ တို့ အား ဥစ္စာ ကို ဝေ မျှ ၍ စေ တ နာ စိတ် နှင့် လှူ ကြ ပြီ” (ရော၊ ၁၅:၂၆)

“သန့် ရှင်း သူ တို့ ကို လုပ် ကျွေး ခြင်း ၏ အ မှု အ ရာ များ ကို သင် တို့ အား ငါ ရေး ၍ ကြား လိုက် သော် အ ကျိုး မ ရှိ။ အ ကြောင်း မူ ကား၊ သင် တို့ ၏ စေ တ နာ စိတ် ကို ငါ သိ ၏။ သင် တို့ ၌ ရှိ သော ထို စေ တ နာ စိတ် ကို ငါ ဝါ ကြွား ၍ အ ခါ ယ ပြည် သူ ပြည် သား တို့ သည် မ နှစ် က ပင် အ သင့် ရှိ ကြ ပြီ ဟု မာ ကေ ဒေါ နိ လူ တို့ အား ငါ ဆို တတ် ၏” (၂ ကော၊ ၉:၁)

“ထို ကြောင့် ငါ တို့ သည် အ ဆင့် သင့် သည် အ တိုင်း ယုံ ကြည် ခြင်း ၏ အိမ် သူ အိမ် သား တို့ ၌ အ ထူး သ ဖြင့် ကျေး ဇူး ပြု လျက်၊ ခပ် သိမ်း သော သူ တို့ အား ကျေး ဇူး ပြု ကြ ကုန် အံ့” (ဂ လ၊ ၆:၁၀)

“သန့် ရှင်း သူ တို့ သည် ဆင်း ရဲ သော အ ခါ ဝေ ငှ ပေး ကမ်း ကြ လော့” (ရော၊ ၁၂:၁၃)

– မိ ဘ မဲ့ က လေး သူ ငယ် တွေ နဲ့ ခို ကိုး ရာ မဲ့ မုတ် ဆိုး မ တွေ ကို ပေး ကမ်း ရ မယ်။

“မုတ် ဆိုး မ အ မှန် ဖြစ် သော မိန်း မ တို့ ကို မ စ လုပ် ကျွေး လော့” (၁ တိ၊ ၅:၃)

“ခ မည်း တော် ဘု ရား သ ခင့် ရှေ့ ၌ စင် ကြယ် သန့် ရှင်း သော သီ လ ဟူ မူ ကား၊ မိ ဘ မ ရှိ သော သူ ငယ် တို့ နှင့် မုတ် ဆိုး မ တို့ သည် ဆင်း ရဲ ခံ ရ သော အ ခါ၊ သူ တို့ ကို ကြည့် ရှု ပြု စု ခြင်း၊ ကိုယ် တိုင် လည်း လော ကီ အ ညစ် အ ကြေး နှင့် ကင်း စင် အံ့ သော ငှါ စောင့် ရှောက် ခြင်း ပေ တည်း” (ယာ၊ ၁:၂၇)

– လို အပ် ချက် ရှိ တဲ့ ဆွေ မျိုး သား ချင်း တွေ ကို ပေး ကမ်း ရ မယ်။

“ယုံ ကြည် သော ယောက်ျား မိန်း မ ၌ မုတ် ဆိုး မ ရှိ လျှင်၊ ကိုယ် တိုင် လုပ် ကျွေး စေ။ သို့ ပြု လျှင်၊ အ မှန် ဖြစ် သော မုတ် ဆိုး မ တို့ ကို အ သင်း တော် သည် အ နှောင့် အ ရှက် မ ရှိ စေ ဘဲ လုပ် ကျွေး နိုင် လိမ့် မည်” (၁ တိ၊ ၅:၁၆)

– တစ် ခြား လို အပ် ချက် ရှိ သူ အား လုံး ကို ပေး ကမ်း ရ မယ်။

“ထို ကြောင့် ငါ တို့ သည် အ ဆင့် သင့် သည် အ တိုင်း ယုံ ကြည် ခြင်း ၏ အိမ် သူ အိမ် သား တို့ ၌ အ ထူး သ ဖြင့် ကျေး ဇူး ပြု လျက်၊ ခပ် သိမ်း သော သူ တို့ အား ကျေး ဇူး ပြု ကြ ကုန် အံ့” (ဂ လ၊ ၆:၁၀)

– အ ကောက် ခွန်၊ အ မြတ် ခွန်၊ ဝင် ငွေ ခွန် စ တာ တွေ ပေး ဖို့ အ တွက် သုံး စွဲ ရ မယ်။

“က ပေ ရ နောင် မြို့ သို့ ရောက် သော အ ခါ၊ ဗိ မာန် တော် အ ခွန် တည်း ဟူ သော ဒိ ဒြမ္မ ကို ခံ သော သူ တို့ သည် ပေ တ ရု ဆီ သို့ လာ ၍ သင် ၏ ဆ ရာ သည် ဒိ ဒြမ္မ ကို မ ပေး သ လော ဟု မေး မြန်း လျှင်၊ ပေး ပါ သည် ဟု ပေ တ ရု ဆို ၏။ ပေ တ ရု သည် အိမ် သို့ ဝင် သော အ ခါ၊ ယေ ရှု သည် တင် ကူး ၍၊ အ ချင်း ရှိ မုန်၊ သင် သည် အ ဘယ် သို့ ထင် သ နည်း။ လော ကီ ရှင် ဘု ရင် တို့ သည် အ ဘယ် သူ မှာ အ ခွန် ကို ခံ ကြ သ နည်း။ မိ မိ သား မှာ ခံ ကြ သ လော။ သူ တ ပါး မှာ ခံ ကြ သ လော၊ ဟု မေး တော် မူ လျှင်၊ ပေ တ ရု က၊ သူ တ ပါး မှာ ခံ ကြ ပါ သည် ဟု လျှောက် သော်၊ ယေ ရှု က လည်း သို့ ဖြစ် လျှင် သား မူ ကား လွတ် ရ ၏။ သို့ သော် လည်း ထို သူ တို့ သည် ငါ တို့ ကြောင့် မ မှား ယွင်း မည် အ ကြောင်း၊ အိုင် သို့ သွား ၍ ငါး မျှား ကို ချ လော့။ ရှေ့ ဦး စွာ ရ သော ငါး ကို ယူ ၍ ပ စပ် ကို ဖွင့် လျှင်၊ သ တာ တဲ တ ပြား ကို တွေ့ လိမ့် မည်။ ထို ငွေ ကို ယူ ၍ ငါ့ အ ဘို့ နှင့် သင့် အ ဘို့ ထို သူ တို့ အား ပေး လော့ ဟု မိန့် တော် မူ ၏” (မ၊ ၁၇:၂၄-၂၇)

“သို့ ဖြစ် ၍ ကိုယ် တော် သည် အ ဘယ် သို့ ထင် တော် မူ သ နည်း။ ကဲ သာ ဘု ရင် အား အ ခွန် ကို ဆက် အပ် သ လော၊ မ ဆက် အပ် သ လော အ ကျွန်ုပ် တို့ အား မိန့် တော် မူ ပါ ဟု မေး လျှောက် ကြ ၏။ ယေ ရှု သည် ထို သူ တို့ ၏ ဆိုး ညစ် သော သ ဘော ကို သိ တော် မူ လျှင်၊ လျှို့ ဝှက် သော သူ တို့၊ အ ဘယ် ကြောင့် ငါ့ ကို စုံ စမ်း နှောင့် ရှက် ကြ သ နည်း။ အ ခွန် ငွေ တ ပြား ကို ပြ ပါ ဟု မိန့် တော် မူ ၍၊ ဒေ နာ ရိ တ ပြား ကို ယူ ခဲ့ ကြ ၏။ ဤ ပုံ ဤ လိပ် စာ ကား၊ အ ဘယ် သူ ၏ ပုံ အ ဘယ် သူ ၏ လိပ် စာ ဖြစ် သ နည်း ဟု မေး တော် မူ လျှင်၊ ကဲ သာ ဘု ရင် ပုံ၊ လိပ် စာ ဖြစ် ပါ သည် ဟု လျှောက် ကြ သော်၊ ယေ ရှု က လည်း၊ ကဲ သာ ဘု ရင် ၏ ဥစ္စာ ကို ကဲ သာ ဘု ရင် အား ဆက် ပေး ကြ လော့။ ဘု ရား သ ခင် ၏ ဥစ္စာ ကို ကား ဘု ရား သ ခင် အား ဆက် ပေး ကြ လော့ ဟု မိန့် တော် မူ ၏” (မ၊ ၂၂:၁၇-၂၁)

“ထို သူ တို့ သည် ချဉ်း ကပ် ၍၊ အ ရှင် ဘု ရား၊ ကိုယ် တော် သည် သစ္စာ ရှိ ပါ ၏။ အ ဘယ် သူ ကို မျှ မ ကြောက်၊ လူ မျက် နှာ ကို မ ထောက် ဘဲ ဘု ရား သ ခင် ၏ တ ရား လမ်း ကို ဟုတ် မှန် စွာ ပြ တော် မူ သည် ကို အ ကျွန်ုပ် တို့ သိ ကြ ပါ ၏။ ကဲ သာ ဘု ရင် အား အ ခွန် ဆက် အပ် သ လော၊ မ ဆက် အပ် သ လော။ အ ကျွန်ုပ် တို့ သည် ဆက် ရ မည် လော၊ မ ဆက် ရ မည် လော ဟု မေး လျှောက် ကြ ၏။ ကိုယ် တော် သည် ထို သူ တို့ ၏ လျှို့ ဝှက် ခြင်း ကို သိ တော် မူ လျှင်၊ သင် တို့ သည် ငါ့ ကို အ ဘယ် ကြောင့် စုံ စမ်း နှောင့် ရှက် ကြ သ နည်း။ ဒေ နာ ရိ တ ပြား ကို ငါ ကြည့် ဘို့ ယူ ခဲ့ ကြ ဟု မိန့် တော် မူ ၍၊ သူ တို့ သည် ယူ ခဲ့ ကြ ၏။ ဤ ပုံ၊ ဤ လိပ် စာ ကား အ ဘယ် သူ ၏ ပုံ၊ အ ဘယ် သူ ၏ လိပ် စာ ဖြစ် သ နည်း ဟု မေး တော် မူ လျှင်၊ ကဲ သာ ဘု ရင် ၏ ပုံ လိပ် စာ ဖြစ် ပါ သည် ဟု လျှောက် ကြ သော်၊ ယေ ရှု က လည်း၊ ကဲ သာ ဘု ရင် ၏ ဥစ္စာ ကို ကဲ သာ ဘု ရင် အား ဆက် ပေး ကြ လော့။ ဘု ရား သ ခင် ၏ ဥစ္စာ ကို ကား ဘု ရား သ ခင် အား ဆက် ပေး ကြ လော့ ဟု မိန့် တော် မူ သည် ကို သူ တို့ သည် အံ့ ဩ ခြင်း ရှိ ကြ ၏” (မာ၊ ၁၂:၁၄-၁၇)

“အ ကျွန်ုပ် တို့ သည် ကဲ သာ ဘု ရင် အား အ ခွန် ကို ဆက် အပ် သ လော၊ မ ဆက် အပ် သ လော ဟု မေး လျှောက် ကြ ၏။ ကိုယ် တော် သည် ထို သူ တို့ ၏ ပ ရိ ယာယ် ကို သိ မှတ် တော် မူ လျှင်၊ သင် တို့ သည် ငါ့ ကို အ ဘယ် ကြောင့် စုံ စမ်း နှောင့် ရှက် ကြ သ နည်း။ ဒေ နာ ရိ တ ပြား ကို ပြ ပါ။ အ ဘယ် သူ ၏ ပုံ၊ အ ဘယ် သူ ၏ လိပ် စာ ပါ ပါ သ နည်း ဟု မေး တော် မူ လျှင်၊ ကဲ သာ ဘု ရင် ၏ ပုံ၊ လိပ် စာ ပါ ပါ သည် ဟု လျှောက် ကြ သော်၊ ကိုယ် တော် က၊ ကဲ သာ ဘု ရင် ၏ ဥစ္စာ ကို ကဲ သာ ဘု ရင် အား ဆက် ပေး ကြ လော့။ ဘု ရား သ ခင် ၏ ဥစ္စာ ကို ကား ဘု ရား သ ခင် အား ဆက် ပေး ကြ လော့ ဟု မိန့် တော် မူ ၏” (လု၊ ၂၀:၂၂-၂၅)

“ထို အ ကြောင်း ကြောင့် အ ခွန် အ တုပ် ကို ပေး ကြ လော့။ မင်း တို့ သည် ဘု ရား သ ခင် ၏ အ မှု စောင့် ဖြစ် ၍၊ အ မှု တော် ကို အ မြဲ ထမ်း ကြ ၏။ ထို ကြောင့်၊ လူ အ သီး အ သီး ခံ ထိုက် သည် အ တိုင်း ပေး ကြ လော့။ အ ခွန် ကို ခံ ထိုက် သော သူ အား အ ခွန် ကို ၎င်း၊ အ ကောက် ကို ခံ ထိုက် သော သူ အား အ ကောက် ကို ၎င်း ပေး ကြ လော့” (ရော၊ ၁၃:၆-၇)

၂) ဘယ် လောက် ပေး လှူ ရ မ လဲ

– ဆယ် ဖို့ တစ် ဖို့ ရယ် လို့ မ ဟုတ် ဘူး။ ကိုယ့် ကို ဘု ရား သ ခင် ကောင်း ကြီး ပေး တဲ့ ဝင် ငွေ အ တိုင်း အ တာ အ လျှောက် ပေး လှူ ရ မယ်။ ဝင် ငွေ နည်း ရင် နည်း တဲ့ အ လျှောက်၊ ဝင် ငွေ များ ရင် များ တဲ့ အ လျှောက် ပေါ့။

“ငါ ရောက် လာ သော အ ခါ လှူ ဒါန်း ၍ စု ထား စ ရာ မ ရှိ စေ ခြင်း ငှါ၊ ခု နစ် ရက် တွင် ပ ဌ မ နေ့ ရက် ၌ အ သီး အ သီး ကောင်း စား သည် အ တိုင်း၊ မိ မိ တို့ ဥစ္စာ တ ဘို့ ကို ထုတ် ၍ စု ထား ကြ လော့” (၁ ကော၊ ၁၆:၂)

“တ ဘို့” ကို မူ ရင်း ဂ ရိ ကျမ်း စာ မှာ θησαυρίζων (အ သံ ထွက် thēsaurizōn) လို့ ရေး ပြီး “စု ဆောင်း ခြင်း” လို့ အ ဓိပွါယ် ယူ နိုင် ပါ တယ်။ ကိုယ် ကောင်း ကြီး ခံ စား ရ တာ နဲ့ အ ထိုက် အ လျောက် ပေး လှူ ဖို့ အ တွက် စု ဆောင်း ထား တဲ့ ငွေ ကြေး ဥစ္စာ လို့ ဆို နိုင် ပါ တယ်။

၃) ဘယ် လို ပေး လှူ ရ မ လဲ

– ချစ် ခြင်း မေတ္တာ ကို အ ခြေ ခံ တဲ့ စေ တ နာ စိတ် နဲ့ ဝမ်း မြောက် ဝမ်း သာ ပေး လှူ ဖို့ ဘဲ ဖြစ် ပါ တယ်။ ရ ချင် လို့ လှူ တာ မ ဖြစ် ရ ဘူး။ ရ လို့ လှူ တာ၊ ချစ် လို့ လှူ တာ၊ ဘု ရား သ ခင် ရဲ့ ကျေး ဇူး တော် ကို သိ နား လည် လို့ လှူ တာ ဖြစ် ရ မယ်။ ဒါ ဟာ ပေး လှူ ခြင်း အား လုံး ရဲ့ အ ချုပ် အ ခြာ ဆို ရင် မ မှား ဘူး။

“လူ တိုင်း ကိုယ် အ လို အ လျောက် လှူ ရ ၏။ နှ မြော သော စိတ် နှင့် မ လှူ ရ၊ မ လှူ ဘဲ မ နေ ရ ဟု စိတ် ထင် နှင့် မ လှူ ရ၊ အ ကြောင်း မူ ကား၊ စေ တ နာ စိတ် နှင့် လှူ သော သူ ကို သာ ဘု ရား သ ခင် နှစ် သက် တော် မူ ၏” (၂ ကော၊ ၉:၇)

“စေ တ နာ စိတ်” ကို မူ ရင်း ဂ ရိ ကျမ်း စာ မှာ ἱλαρὸν (အ သံ ထွက် ilaron) လို့ ရေး ပြီး “ရွှင် လန်း ဝမ်း မြောက် ခြင်း” လို့ အ ဓိပ္ပါယ် ရ ပါ တယ်။ “နှစ် သက်” တာ ကို ကြ တော့ ἀγαπᾷ (အ သံ ထွက် agapa) လို့ ရေး ပြီး “ချစ် တယ်” လို့ အ ဓိပ္ပါယ် ရ တယ်။ ရွှင် လန်း ဝမ်း မြောက် စွာ ပေး လှူ တဲ့ သူ ကို ဘု ရား သ ခင် ချစ် တယ် လို့ ဆို နိုင် ပါ တယ်။

ဒီ ဆောင်း ပါး ကို ဖတ် တဲ့ သူ တွေ အား လုံး မှန် မှန် ကန် ကန် ပေး လှူ တတ် တဲ့၊ ဘု ရား သ ခင် ရဲ့ ဘဏ္ဍာ စိုး ကောင်း တွေ ဖြစ် ဖို့ ဆန္ဒ ပြု ပါ တယ်။