စာလုံးအ ရွယ်အစား

က က

ပြန် သွား

Published: 29/05/2019 Last Edited: 03/01/2020

စင် ကြယ် သော ဩ ဝါ ဒ

“အ ကြောင်း မူ ကား၊ နောင် ကာ လ ၌ လူ တို့ သည် စင် ကြယ် သော ဩ ဝါ ဒ ကို နား မ ခံ နိုင် ဘဲ၊ ယား တတ် သော နား ရှိ လျှင်၊ မိ မိ တပ် မက် ခြင်း အ တိုင်း များ ပြား သော ဆ ရာ တို့ နောက် သို့ လိုက် ကြ လိမ့် မည်” (၂ တိ၊ ၄:၃)

ဒီ ခေတ် ဒီ ကာ လ ဟာ အင် တာ နက် ကြောင့် သ တင်း ဆက် သွယ် ရေး အင် မ တန် လွယ် ကူ ချော မွေ့ တဲ့ အ ချိန် ဖြစ် တယ်။ မြေ ကြီး စွန်း တိုင် အောင် ဧ ဝံ ဂေ လိ တ ရား ရောက် ရှိ ပြီး လူ သား တိုင်း ကယ် တင် ခြင်း သ တင်း ကောင်း ကို ကြား ရ ဖို့ အ တွက် အင် မ တန် အ ထောက် အ ကူ ဖြစ် ပါ တယ်။ YouTube တို့၊ Facebook တို့ နဲ့ အင် တာ နက် ဝက်ဘ် ဆိုက် တွေ က နေ တစ် ဆင့် ဘာ သာ စ ကား အ မျိုး မျိုး နဲ့ တ ရား ဟော ချက် တွေ နား ထောင် လို့ မ ကုန် နိုင် အောင် ကြား နေ ရ တယ်၊ ဖတ် နေ ရ တယ်။ ကျမ်း စာ သွန် သင် ချက် တွေ၊ အ နက် အ ဓိပ္ပါယ် ရှင်း လင်း ချက် တွေ ကို လည်း အ လွယ် တ ကူ ရှာ တွေ့ ဖတ် ရှု နိုင် တယ်။ တ ရား ဟော ချက် တွေ၊ သွန် သင် ချက် တွေ လွယ် လွယ် ကူ ကူ နား ထောင် နိုင် တာ အ လွန် ကောင်း ပါ တယ်။ ဒါ ပေ မဲ့ သ တိ ထား ရ မှာ က အဲ ဒီ တ ရား ဟော ချက် တွေ ထဲ မှာ သမ္မာ တ ရား နဲ့ ညီ တဲ့ ဟော ချက် တွေ ရှိ သ လို လွဲ မှား တဲ့ သွန် သင် ချက် တွေ လည်း  ပါ နိုင် တယ် ဆို တဲ့ အ ချက် ဘဲ ဖြစ် ပါ တယ်။

“သင် မူ ကား၊ စင် ကြယ် သော ဩ ဝါ ဒ နှင့် ထိုက် တန် သ မျှ တို့ ကို ဟော ပြော လော့” (တိ၊ ၂:၁)

သမ္မာ ကျမ်း စာ က ခ ရစ် ယာန် တွေ ကို စင် ကြယ် သော ဩ ဝါ ဒ ကို နား ထောင် ဖို့၊ စင် ကြယ် သော ဩ ဝါ ဒ ကို ဟော ပြော ဖို့ သွန် သင် ထား ပါ တယ်။ စင် ကြယ် သော ဩ ဝါ ဒ ကို မ သိ တဲ့ သူ က စင် ကြယ် သော ဩ ဝါ ဒ ကို ဟော ပြော သွန် သင် နိုင် မှာ မ ဟုတ် ဘူး။ တ ရား ဟော တဲ့ ဆ ရာ က သူ ယုံ ကြည် ခံ ယူ သ လို ဟော မှာ ဘဲ။ စာ တန် က လည်း မှား ယွင်း တဲ့ သွန် သင် မှု တွေ ဖြစ် ပေါ် လာ အောင် နည်း မျိုး စုံ နဲ့ လုပ် မှာ ဘဲ။ အ ရေး ကြီး တာ က ဟော ပြော တဲ့ ဆ ရာ တွေ ဟာ သူ တို့ ကိုယ် တိုင် စင် ကြယ် တဲ့ ဩ ဝါ ဒ ကို သိ ရှိ ခံ ယူ ထား ဖို့ လို သ လို၊ နား ထောင် တဲ့ သူ တွေ က လည်း စင် ကြယ် တဲ့ ဩ ဝါ ဒ နဲ့ မှား ယွင်း တဲ့ ဩ ဝါ ဒ ကို ပိုင်း ခြား နား လည် တတ် ဖို့ လို ပါ တယ်။ ဒီ က နေ့ ခ ရစ် ယာန် လော က မှာ ဂိုဏ်း ဂ ဏ ပေါင်း စုံ မှို လို ပေါက် နေ ရ ခြင်း အ ကြောင်း တွေ ထဲ မှာ စင် ကြယ် တဲ့ ဩ ဝါ ဒ၊ မ စင် ကြယ် တဲ့ ဩ ဝါ ဒ ကို မှန် ကန် စွာ မ ပိုင်း ခြား တတ် ခြင်း ဟာ အ ကြောင်း တစ် ရပ် ဖြစ် ပါ တယ်။

ကျမ်း စာ ကျောင်း တွေ မှာ Hermeneutics ဆို ပြီး ကျမ်း စာ ကို စံ နစ် တ ကျ အ နက် ပြန် တဲ့ ဘာ သာ ရပ် ကို သင် ကြား ပေး ကြ တယ်။ ကျွန် တော် အဲ ဒီ Hermeneutics ကို မ တတ် ပါ ဘူး။ မ သင် ဘူး ပါ  ဘူး။ ဒီ ဆောင်း ပါး မှာ ကျွန် တော် တင် ပြ ချင် တာ က လည်း ကျမ်း စာ အ နက် ပြန် နည်း မ ဟုတ် ဘဲ၊ ကျမ်း စာ ကို မှန် မှန် ကန် ကန် အ နက် ပြန် နိုင် ဖို့ ဘာ အ ရည် အ ချင်း တွေ လို အပ် သ လဲ ဆို တဲ့ ကျွန် တော့် အ မြင် ကို ဘဲ ပြော ချင် ပါ တယ်။

စင် ကြယ် သော ဩ ဝါ ဒ ဆို တာ ဘာ လဲ

စင် ကြယ် သော ဩ ဝါ ဒ ဆို တာ ဘာ ကို ဆို လို သ လဲ ဆို တာ အ ရင် ကြည့် ရ အောင်။ “စင် ကြယ် သော” ကို မူ ရင်း ဂ ရိ ဘာ သာ နဲ့ ὑγιαινούσης (အ သံ ထွက် hygiainousēs) လို့ ရေး ပြီး “ကျန်း မာ သော၊ ကောင်း မွန် သော” လို့ အ ဓိပ္ပါယ် ရ ပါ တယ်။ “ဩ ဝါ ဒ” ကို တော့ διδασκαλίας (အ သံ ထွက် didaskalias) လို့ ရေး ပြီး “သင် ကြား ပို့ ချ ခြင်း” လို့ အ ဓိပ္ပါယ် ရ ပါ တယ်။ ခြုံ ငုံ ပြီး ပြော ရ မယ် ဆို ရင် စင် ကြယ် သော ဩ ဝါ ဒ ဆို တာ ခ ရစ် ယာန် တစ် ယောက် ကို ဝိ ညာဉ် ရေး ရာ မှာ ရင့် ကျက် စုံ လင် တဲ့ သူ တစ် ယောက် ဖြစ် လာ စေ နိုင် တဲ့ သွန် သင် ပို့ ချ ချက် လို့ ပြော နိုင် ပါ တယ်။

ကိုယ် ကြား ရ တဲ့ တ ရား ဟော ချက် ဟာ စင် ကြယ် သော ဩ ဝါ ဒ နဲ့ ညီ သ လား၊ မ ညီ ဘူး လား ဆို တာ ခွဲ ခြား နား လည် ဖို့ လို ပါ တယ်။ အဲ ဒီ လို မ ခွဲ ခြား တတ် ဘဲ မှား ယွင်း တဲ့ ဩ ဝါ ဒ ကို လက် ခံ ကျင့် သုံး မိ ရင် ကိုယ့် ဝိ ညာဉ် ရေး ရာ အ သက် တာ မ တိုး တက် တဲ့ အ ပြင် ကိုယ့် အ သက် တာ ဟာ သမ္မာ တ ရား လမ်း က နေ လွဲ ချော် သွား မှာ ဖြစ် တယ်။

ဒီ တော့ ကာ စင် ကြယ် သော ဩ ဝါ ဒ ကို ပိုင်း ခြား နား လည် တတ် ဖို့ ဟာ ခ ရစ် တစ် ယောက် အ တွက် အင် မ တန် အ ရေး ကြီး တဲ့ ကိစ္စ ဖြစ် ပါ တယ်။ သမ္မာ တ ရား နဲ့ မိစ္ဆာ အ မှား ကို ဘယ် လို လုပ် ပြီး ခွဲ ခြား သိ နိုင် မှာ လဲ။ ဒီ ဆောင်း ပါး မှာ ဩ ဝါ ဒ အ မှန် အ မှား ကို ဘယ် လို ခွဲ ခြား သိ နိုင် မ လဲ ဆို တာ ထက် ခွဲ ခြား သိ နိုင် ဖို့ ဘာ လို အပ် သ လဲ ဆို တာ ကို ဘဲ အ ဓိ က ထား ဖေါ် ပြ ချင် ပါ တယ်။

စင် ကြယ် သော ဩ ဝါ ဒ ကို ခွဲ ခြား နား လည် ဖို့ ဘာ လို အပ် သ လဲ

၁) သင် ဟာ ဒု တိ ယ မွေး ဘွား ခြင်း ကို ခံ ပြီး တဲ့ ယုံ ကြည် သူ ဖြစ် ရ မယ်

သမ္မာ ကျမ်း စာ ထဲ က စင် ကြယ် တဲ့ ဩ ဝါ ဒ ကို ပိုင်း ခြား နား လည် ဖို့ ပ ထ မ ဦး ဆုံး လို အပ် ချက် က တော့ သင် ကိုယ် တိုင် က စစ် မှန် တဲ့ ခ ရစ် ယာန် တစ် ယောက် ဖြစ် ဖို့ လို တယ်။ သမ္မာ ကျမ်း စာ ဟာ ဘု ရား သ ခင် ရဲ့ စာ ဖြစ် တဲ့ အ တွက် သာ မန် လော က သား တစ် ယောက် ဒါ မှ မ ဟုတ် မိ ရိုး ဖ လာ ခ ရစ် ယာန်၊ ဘာ သာ ရေး ခ ရစ် ယာန် တစ် ယောက် က ဘယ် လို လုပ် ပြီး မှ ကျမ်း စာ ထဲ က နက် နဲ တဲ့ သွန် သင် ချက် တွေ ကို သိ နား လည် နိုင် မှာ မ ဟုတ် ဘူး။ အ ပေါ် ယံ ကြော လောက် ဘဲ နား လည် နိုင် မယ်။ လော က အ သိ ပ ညာ၊ အ တတ် ပ ညာ နဲ့ ကျမ်း စာ ရဲ့ အ ဓိပ္ပါယ် မှန် ကို နက် နက် ရှိုင်း ရှိုင်း မ သိ နိုင် ဘူး။

“ကျမ်း စာ ၌ ပါ သော အ နာ ဂတ္တိ စ ကား မည် သည် ကား၊ ကိုယ် အ လို အ လျောက် အ နက် မ ပေါ် ဟု ရှေ့ ဦး စွာ သိ မှတ် ကြ လော့” (၂ ပေ၊ ၁:၂၀)

စစ် မှန် တဲ့ ယုံ ကြည် သူ ခ ရစ် ယာန် တစ် ယောက် က ဘဲ ကျမ်း စာ ထဲ က ဘု ရား သ ခင် ရဲ့ ဆို လို ရင်း ကို မှန် မှန် ကန် ကန် နား လည် နိုင် တယ်။ သ ဘော ပေါက် နိုင် တယ်။ ဒါ ဟာ ဘာ ကြောင့် လဲ ဆို တော့၊ သန့် ရှင်း သော ဝိ ညာဉ် တော် ကြောင့် ဖြစ် ပါ တယ်။ သမ္မာ ကျမ်း စာ ဟာ ဘု ရား သ ခင် မှုတ် သွင်း ထား တာ ဖြစ် တယ်။ မှုတ် သွင်း တာ ကို မူ ရင်း ဂ ရိ လို θεόπνευστη (အ သံ ထွက် theópnefsti) လို့ ရေး ပြီး “ဘု ရား သ ခင် ဖြစ် ပွါး စေ ခြင်း” လို့ အ ဓိပ္ပါယ် ရ တယ်။

“ထို ကျမ်း စာ ရှိ သ မျှ သည် ဘု ရား သ ခင် မှုတ် သွင်း တော် မူ သော အား ဖြင့် ဖြစ် ၍၊ ဘု ရား သ ခင် ၏ လူ သည် စုံ လင် သော သူ၊ ကောင်း သော အ မှု အ မျိုး မျိုး တို့ ကို ပြု စု ခြင်း အ လို ငှါ ပြင် ဆင် သော သူ ဖြစ် မည် အ ကြောင်း၊ ဩ ဝါ ဒ ပေး ခြင်း၊ အ ပြစ် ကို ဘော် ပြ ခြင်း၊ ဖြောင့် မတ် စွာ ပြု ပြင် ခြင်း၊ တ ရား ကို သွန် သင် ခြင်း ကျေး ဇူး များ ကို ပြု တတ် ၏” (၂ တိ၊ ၃:၁၆-၁၇)

ကျမ်း စာ ဟာ ဘု ရား သ ခင် ရဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် ဖွင့် ပြ ပဲ့ ပြင် မှု နဲ့ ရေး ထား တာ ဖြစ် တယ်။

“ဘု ရား သ ခင် ပေး တော် မူ သော အ ရာ တို့ ကို ငါ တို့ သည် လူ ပ ညာ ကို အ မှီ ပြု ၍ နား လည် သော စ ကား နှင့် မ ဟော။ သန့် ရှင်း သော ဝိ ညာဉ် တော် သည် ဝိ ညာဉ် နှင့် စပ် ဆိုင် သော အ ရာ ကို ဝိ ညာဉ် စ ကား အား ဖြင့် ဖွင့် ပြ ၍ ပဲ့ ပြင် တော် မူ သော စ ကား နှင့် ငါ တို့ သည် ဟော ကြ ၏” (၁ ကော၊ ၂:၁၃)

“အ ကြောင်း မူ ကား၊ အ နာ ဂတ္တိ စ ကား သည် လူ အ လို အား ဖြင့် ဖြစ် ဘူး သည် မ ဟုတ်။ ဘု ရား သ ခင် ၏ သန့် ရှင်း သူ တို့ သည် သန့် ရှင်း သော ဝိ ညာဉ် တော် ၏ တိုက် တွန်း တော် မူ ခြင်း ကို ခံ ရ ၍ ဟော ပြော ကြ ၏” (၂ ပေ၊ ၁:၂၁)

ဒါ ကြောင့် သန့် ရှင်း သော ဝိ ညာဉ် တော် က သာ ကျမ်း စာ ကို နား လည် သ ဘော ပေါက် အောင် သွန် သင် ပြ သ နိုင် တယ်။

“သမ္မာ တ ရား နှင့် ပြည့် စုံ သော ထို ဝိ ညာဉ် တော် သည် ရောက် လာ သော အ ခါ၊ သမ္မာ တ ရား ကို သင် တို့ အား အ ကြွင်း မဲ့ သွန် သင် ပြ သ လိမ့် မည်။ ထို ဝိ ညာဉ် တော် သည် ကိုယ် အ လို အ လျောက် ဟော ပြော မည် မ ဟုတ်။ ကြား သ မျှ တို့ ကို ဟော ပြော လိမ့် မည်။ နောင် လာ လ တံ့ သော အ ရာ တို့ ကို လည်း သင် တို့ အား ဘော် ပြ လိမ့် မည်” (ယော၊ ၁၆:၁၃)

ဒု တိ ယ မွေး ဘွား ခြင်း ကို ခံ ပြီး တဲ့ ခ ရစ် ယာန် တွေ ရဲ့ အ ထဲ မှာ သန့် ရှင်း သော ဝိ ညာဉ် တော် ကျိန်း ဝပ် တယ်။ 

“သင် တို့ သည် ဘု ရား သ ခင် ၏ ဗိ မာန် တော် ဖြစ် ကြ သည် ကို ၎င်း၊ ဘု ရား သ ခင် ၏ ဝိ ညာဉ် တော် သည် သင် တို့ အ ထဲ ၌ ကျိန်း ဝပ် တော် မူ သည် ကို ၎င်း မ သိ ကြ သ လော” (၁ ကော၊ ၃:၁၆)

“အ ဘယ် သို့ နည်း။ သင် တို့ ကိုယ် ခန္ဓာ သည် ဘု ရား သ ခင် ပေး သ နား တော် မူ သော ဝိ ညာဉ် တော် တည်း ဟူ သော၊ သင် တို့ အ ထဲ ၌ ကျိန်း ဝပ် ၍ သန့် ရှင်း သော ဝိ ညာဉ် တော် ၏ ဗိ မာန် ဖြစ် ကြောင်း ကို ၎င်း၊ မိ မိ တို့ ကို မိ မိ တို့ မ ပိုင် ကြောင်း ကို ၎င်း၊ မ သိ ကြ သ လော” (၁ ကော၊ ၆:၁၉)

ဒါ ကြောင့် စစ် မှန် တဲ့ ယုံ ကြည် သူ ခ ရစ် ယာန် တွေ သာ လျှင် သူ တို့ ကိုယ် ခန္ဓာ ထဲ မှာ ကျိန်း ဝပ် တဲ့ သန့် ရှင်း သော ဝိ ညာဉ် တော် ရဲ့ သွန် သင် ပြ သ မှု နဲ့ စင် ကြယ် သော ဩ ဝါ ဒ ဟုတ် မ ဟုတ် ကို ပိုင်း ခြား ပြီး သိ နိုင် တာ ဖြစ် တယ်။ သန့် ရှင်း သော ဝိ ညာဉ် တော် ကို မ ရ ရှိ တဲ့ သာ မန် လော က သား တွေ နဲ့ အ မည် ခံ ခ ရစ် ယာန် တွေ ဟာ ဘယ် လောက် ဘဲ တော် တော်၊ ဘယ် လောက် ဘဲ တတ် တတ် ဘယ် လို နည်း နဲ မှ ကျမ်း စာ ကို ဘု ရား သ ခင် ရဲ့ အ လို တော် နဲ့ အ ညီ နား လည် နိုင် မှာ မ ဟုတ် ဘူး။

၂) သင် ဟာ ဘု ရား သ ခင် ရဲ့ သ ဘော တော် ကို သိ နား လည် သူ ဖြစ် ရ မယ်

လူ တစ် ယောက် ပြော တဲ့ စ ကား ကို အဲ ဒီ လူ ရဲ့ စိတ် နေ သ ဘော ထား အ ပေါ် မူ တည် ပြီး သူ ဘာ ကို အ မှန် တစ် ကယ် ဆို လို သ လဲ ဆို တာ ကို ခန့် မှန်း နိုင် တယ်။ စ ကား တစ် ခွန်း တည်း ကို သ ဘော ထား မ တူ ညီ တဲ့ လူ နှစ် ယောက် က ပြော ရင် သူ တို့ တစ် ကယ် ဆို လို တဲ့ အ ဓိပ္ပါယ် ဟာ တစ် ခု နဲ့ တစ် ခု မ တူ နိုင် ဘူး။ ဥ ပ မာ၊ ဇ နီး သည် တစ် ယောက် က သူ့ ယောက်ျား ကို “ရှင် မ ပွေ နဲ့ နော်။ ပွေ လို့ က တော့ ရှင့် ကို အ မှုန့် ကြိတ် လိုက် မယ်” လို့ ပြော တဲ့ အ ခါ၊ ယောက်ျား ဖြစ် တဲ့ သူ က ပွေ ခဲ့ ရင် အဲ ဒီ ဇ နီး သည် က တစ် ကယ် အ မှုန့် ကြိတ် လိုက် မှာ မ ဟုတ် ဘူး။ ပြင်း ပြင်း ထန် ထန် ရန် တွေ့ အ ရေး ယူ မှာ ကို ဆို လို တာ ဖြစ် တယ်။ ဒါ ပေ မဲ့ မာ ဖီး ယား ဂိုဏ်း ခေါင်း ဆောင် တစ် ယောက် က သူ့ လက် အောက် ငယ် သား ကို “မင်း သစ္စာ မ ဖေါက် နဲ့ နော်။ သစ္စာ ဖေါက် လို့ က တော့ မင်း ကို အ မှုန့် ကြိတ် လိုက် မယ်” လို့ ဆို ရင်၊ သစ္စာ ဖေါက် တဲ့ ငယ် သား ကို အ သား ကြိတ် စက် ထဲ တစ် ကယ် ထည့် ပြီး အ မှုန့် ကြိတ် လိုက် မှာ ဖြစ် တယ်။ ပြော တဲ့ စ ကား တူ သော် လည်း ဘဲ ပြော တဲ့ သူ တွေ ရဲ့ စိတ် နေ သ ဘော ထား အ ပေါ် မူ တည် ပြီး ဆို လို ရင်း အ ဓိပ္ပါယ် မ တူ နိုင် ဘူး။

အဲ သ လို ဘဲ၊ သမ္မာ ကျမ်း စာ ဟာ ဘု ရား သ ခင် ရဲ့ ဝိ ညာဉ် တော် သွန် သင် ပဲ့ ပြင် မှု နဲ့ ရေး ထား တာ ဖြစ် တဲ့ အ တွက်၊ ကျမ်း စာ ရဲ့ ဆို လို ရင်း အ ဓိပ္ပါယ် မှန် ကို သိ ချင် ရင် ဘု ရား သ ခင် ရဲ့ သ ဘော တော် ကို သိ ဖို့ လို ပါ တယ်။ ဘု ရား သ ခင် ကိုယ် တော် တိုင် က လည်း ယုံ ကြည် သူ ခ ရစ် ယာန် တွေ သူ့ ရဲ့ သ ဘော တော် ကို နား လည် စေ ချင် တယ်။

“ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ ပ ညာ ရှိ သော သူ သည် မိ မိ ပ ညာ ၌ မ ဝါ ကြွား စေ နှင့်။ ခွန် အား ကြီး သော သူ သည် မိ မိ ခွန် အား ၌ မ ဝါ ကြွား စေ နှင့်။ ဥစ္စာ ရ တတ် သော သူ သည် မိ မိ ဥစ္စာ ၌ မ ဝါ ကြွား စေ နှင့်။ ဝါ ကြွား သော သူ မည် သည် ကား၊ ငါ သည် မြေ ကြီး ပေါ် မှာ ချစ် သ နား ခြင်း၊ တ ရား သ ဖြင့် စီ ရင် ခြင်း၊ ဖြောင့် မတ် ခြင်း ကို ပြု သော ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း တည်း ဟူ သော၊ ငါ့ သ ဘော ကို သိ နား လည် ခြင်း ၌ သာ ဝါ ကြွား စေ။ ငါ သည် ထို အ ရာ တို့ ၌ မွေ့ လျော် သည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏” (ယေ၊ ၉:၂၃-၂၄)

“ငါ့ သ ဘော ကို သိ နား လည် ခြင်း” ကို မူ ရင်း ဟေ ဗြဲ ကျမ်း မှာ הַשְׂכֵּל֮ וְיָדֹ֣עַ אֹותִי֒ (အ သံ ထွက် haskel wayadoa owti) လို့ ရေး ပါ တယ်။ “သူ သည် ငါ့ ကို သိ ပြီး နား လည် ခြင်း” လို့ ဆို လို ပါ တယ်။ ထာ ဝ ရ ဘု ရား က ကျွန် တော် တို့ သူ့ ကို နား လည် စေ ချင် တယ်၊ သိ စေ ချင် တယ် လို့ ပြော တာ အ လ ကား မ ဟုတ် ဘူး။ ကျမ်း စာ ထဲ မှာ သူ ရေး သား ဖေါ် ပြ ထား တာ တွေ ကို မှန် မှန် ကန် ကန် နား လည် သ ဘော ပေါက် စေ ချင် လို့ ဘဲ ဖြစ် တယ်။ ဒီ ကာ လ မှာ မ ယုံ ကြည် သူ တွေ က ဘု ရား သ ခင် ဟာ ချစ် ခြင်း မေတ္တာ ရှင် ဖြစ် ရင် ဘာ ဖြစ် လို့ လူ တွေ အ များ ကြီး ဒုက္ခ ရောက် နေ ရ တာ လဲ၊ စစ် ပွဲ တွေ ဘာ ကြောင့် ဖြစ် ရ တာ လဲ၊ မ တ ရား မှု တွေ ဘာ ကြောင့် ဖြစ် နေ ရ တာ လဲ စ သ ဖြင့် မေး တတ် ကြ တယ်။ အဲ ဒါ ဘု ရား သ ခင် ရဲ့ သ ဘော တော် ကို နား မ လည် လို့ မေး တာ ဖြစ် တယ်။

ဘု ရား သ ခင် ဟာ ချစ် ခြင်း မေတ္တာ ရှင် ဖြစ် သ လို၊ အ ပြစ် ကို စီ ရင် တဲ့ တ ရား သူ ကြီး လည်း ဖြစ် တယ်။ သန့် ရှင်း ဖြောင့် မတ် မှု ကို နှစ် သက် သ လို အ ပြစ် ကို ရွံ ရှာ တဲ့ သူ လည်း ဖြစ် တယ်။ မျက် နှာ မ လိုက် တတ် ဘဲ အ ပြစ် အ လျှောက် ဖြောင့် မတ် စွာ တ ရား စီ ရင် သူ ဖြစ် တယ်။ သူ ဟာ က တိ တည် တဲ့ သူ ဖြစ် သ လို သူ့ ရဲ့ သား သ မီး တွေ ကို လည်း က တိ တည် ဖို့ တောင်း ဆို တဲ့ သူ ဖြစ် တယ်။ စ ကြာ ဝ ဠာ တစ် ခု လုံး ကို ဖန် ဆင်း တဲ့ အ နန္တ တန် ခိုး ရှင် ဖြစ် ပေ မဲ့၊ သူ ချစ် တဲ့ လူ သား တွေ အ တွက် အ သက် ပေး ခဲ့ သူ လည်း ဖြစ် တယ်။

ဘု ရား သ ခင် ဟာ သူ့ ရဲ့ သ ဘော တော် ကို လူ တွေ မ သိ အောင် လျှို့ ဝှက် မ ထား ဘူး။ ကျမ်း စာ ထဲ မှာ ပွင့် ပွင့် လင်း လင်း ဖေါ် ပြ ထား တယ်။ နောက် ဖေါ် ပြ မဲ့ လို အပ် ချက် နှစ် ခု က တော့ အဲ ဒီ ဘု ရား သ ခင် ရဲ့ သ ဘော တော် ကို သိ နား လည် ဖို့ အ တွက် ဖြစ် တယ်။

၃) သင် ဟာ သမ္မာ ကျမ်း စာ ကို အ စ အ ဆုံး ဖတ် ပြီး တဲ့ ယုံ ကြည် သူ ဖြစ် ရ မယ်

သမ္မာ ကျမ်း စာ ဟာ ကောင်း ကင် ဘုံ ရှိ ဘု ရား သ ခင် က မြေ ကြီး ပေါ် မှာ ရှိ တဲ့ လူ သား တွေ အ တွက် ရေး ထား တဲ့ စာ ဖြစ် တဲ့ အ တွက် ဘု ရား သ ခင် ရဲ့ သ ဘော တော် ကို သိ နား လည် ဖို့ ရာ သမ္မာ ကျမ်း စာ ကို အ စ အ ဆုံး ဖတ် ပြီး ဖို့ ဟာ မ ဖြစ် မ နေ လို အပ် ချက် တစ် ရပ် ဖြစ် တယ်။ ကျမ်း စာ တစ် ပိုင်း တ စ လေး ဖတ် ရုံ နဲ့ မ ဖြစ် နိုင် ဘူး။ ဖ ခင် ဆီ က စာ ရ ခဲ့ ရင် အဲ ဒီ စာ ရဲ့ ထိပ် ဆုံး စာ ကြောင်း တစ် ခု၊ အ လယ် က စာ ကြောင်း တစ် ခု နှစ် ခု နဲ့ နောက် ဆုံး စာ ကြောင်း တစ် ချို့ တစ် လေ ကို ဖတ် ရုံ နဲ့ အဲ ဒီ စာ ထဲ မှာ ပါ တဲ့ ဖ ခင် ရဲ့ ဆို လို ရင်း ကို မ သိ နိုင် ဘူး။ အဲ ဒီ စာ ကို အ စ အ ဆုံး ဖတ် ပြီး မှ သာ ဖ ခင် ဘာ ကို ဆို လို သ လဲ ဆို တာ သိ နိုင် မှာ ဖြစ် ပါ တယ်။

သမ္မာ ကျမ်း စာ ဟာ ကျွန် တော် တို့ ရဲ့ ကောင်း ကင် ဖ ခင် က ကျွန် တော် တို့ ကို သွန် သင် ဆုံး မ ဖို့ ပို့ လိုက် တဲ့ စာ ဖြစ် ပါ တယ်။

“ငါ တို့ သည် ကျမ်း စာ ၌ ပါ သော သည်း ခံ ခြင်း၊ သက် သာ ခြင်း အ ကြောင်း များ ကို အ မှီ ပြု ၍ မြော် လင့် ရ သော အ ခွင့် ရှိ စေ ခြင်း ငှါ၊ ကျမ်း စာ ၌ အ ထက် က ရေး ထား သ မျှ သည် ငါ တို့ ကို ဆုံး မ ဩ ဝါ ဒ ပေး ၍ ရေး ထား သ တည်း” (ရော၊ ၁၅:၄)

“ထို သူ တို့ သည် မ ကောင်း သော အ ရာ တို့ ကို တပ် မက် သ ကဲ့ သို့ ငါ တို့ သည် မ တပ် မက် စေ ခြင်း ငှါ၊ ထို အ ကြောင်း အ ရာ တို့ သည် ငါ တို့ အ ဘို့ ပုံ သက် သေ ဖြစ် ကြ ၏။ လူ တို့ သည် စား သောက် လျက် ထိုင် နေ ကြ ၏။ နောက် တ ဖန် က ခုန် မြူး ထူး ခြင်း ငှါ ထ ကြ ၏ ဟု ကျမ်း စာ လာ သည် အ တိုင်း၊ ထို သူ အ ချို့ တို့ သည် ရုပ် တု ကို ကိုး ကွယ် သ ကဲ့ သို့ မ ကိုး ကွယ် ကြ နှင့်။ ထို သူ အ ချို့ တို့ သည် မ တ ရား သော မေ ထုန် အ မှု ကို ပြု ၍ တ နေ့ ခြင်း တွင် လူ နှစ် သောင်း သုံး ထောင် လဲ ၍ သေ သ ကဲ့ သို့ မ ပြု ဘဲ၊ မ တ ရား သော မေ ထုန် ကို ရှောင် ကြ ကုန် အံ့။ ထို သူ အ ချို့ တို့ သည် စုံ စမ်း နှောင့် ရှက် ခြင်း ကို ပြု ၍၊ မြွေ ဖြင့် ပျက် စီး သ ကဲ့ သို့ ငါ တို့ သည် မ ပြု၊ ခ ရစ် တော် ကို မ စုံ စမ်း မ နှောင့် ရှက် ဘဲ နေ ကြ ကုန် အံ့။ ထို သူ အ ချို့ တို့ သည် မြည် တမ်း ခြင်း ကို ပြု ၍၊ ဖျက် ဆီး သော သူ ၏ လက် ဖြင့် ပျက် စီး သ ကဲ့ သို့ မ ဟုတ်၊ မြည် တမ်း ခြင်း ကို မ ပြု ကြ နှင့်။ ထို အ ကြောင်း အ ရာ ရှိ သ မျှ တို့ သည် ပုံ သက် သေ ဖြစ် အံ့ သော ငှါ ထို သူ တို့ ၌ ရောက် ကြ ၏။ ကပ် ကာ လ အ ဆုံး တွင် ဖြစ် သော ငါ တို့ ကို ဆုံး မ စ ရာ ဘို့ ကျမ်း စာ ၌ ရေး ထား လျက် ရှိ သ တည်း” (၁ ကော၊ ၁၀:၆-၁၁)

သမ္မာ ကျမ်း စာ ထဲ မှာ ရေး သား ဖေါ် ပြ ထား တဲ့ အ ဖြစ် အ ပျက် တွေ ဟာ တစ် နေ ရာ နဲ့ တစ် နေ ရာ မ တူ ကြ ဘူး။ ဘု ရား သ ခင် နဲ့ အ တူ သွား လာ တဲ့ လူ များ စွာ ရဲ့ မ တူ ညီ တဲ့ အ ဖြစ် အ ပျက် များ စွာ တွေ့ ရ မယ်။ ဘု ရား သ ခင် ရဲ့ လုပ် ဆောင် မှု တွေ မျိုး စုံ ကို နေ ရာ မျိုး စုံ၊ အ ချိန် မျိုး စုံ မှာ တွေ့ ရ မယ်။ ဘု ရား သ ခင် ရဲ့ ချစ် ခြင်း မေတ္တာ၊ တ ရား မျှ တ မှု၊ အ ပြစ် စီ ရင် မှု တွေ မျိုး စုံ ကို တွေ့ ရ မယ်။ ယုံ ကြည် သူ တွေ အ တွက် ဘု ရား သ ခင် ရဲ့ အ ကြံ အ စည်၊ လမ်း ပြ မှု၊ သွန် သင် ပဲ့ ပြင် မှု စ တာ တွေ မျိုး စုံ တွေ့ ရ မယ်။

“သင် တို့ နှင့် လော ဒိ ကိ မြို့ သူ မြို့ သား တို့ မှ စ ၍၊ ငါ့ မျက် နှာ ကို မ မြင် ဘူး သော သူ ရှိ သ မျှ တို့ သည်၊ မေတ္တာ ချင်း ထုံး ဖွဲ့ ၍၊ ခ မည်း တော် ဘု ရား နှင့် ခ ရစ် တော် ၏ နက် နဲ သော အ ရာ ကို နား လည် နိုင် သော ဝိ စိ ကိစ္ဆာ နှင့် ကင်း စင် သော ဉာဏ် ၏ စည်း စိမ် အ ပေါင်း နှင့် ပြည့် စုံ ၍၊ စိတ် နှ လုံး သက် သာ စေ မည် အ ကြောင်း အ ဘယ် မျှ လောက် ကြီး သော တိုက် လှန် ခြင်း ကို ငါ ခံ ရ သည် ဟု သင် တို့ သိ စေ ခြင်း ငှါ ငါ အ လို ရှိ ၏။ ထို နက် နဲ သော အ ရာ ၌ ပ ညာ ဘဏ္ဍာ၊ ဉာဏ် ဘဏ္ဍာ ရှိ သ မျှ တို့ သည် ဝှက် ထား လျက် ရှိ ကြ ၏” (ကော၊ ၂:၁-၃)

ဘု ရား သ ခင် ရဲ့ နက် နဲ တဲ့ အ ရာ ထဲ မှာ ပ ညာ ဘဏ္ဍာ ဉာဏ် ဘဏ္ဍာ အား လုံး ပါ ရှိ တယ်။ အဲ ဒါ ကြောင့် ဘု ရား သ ခင် ရဲ့ နက် နဲ ရာ ကို နား လည် ဖို့ ကျမ်း စာ ရှိ သ မျှ (အ စ အ ဆုံး) ကို သေ သေ ချာ ချာ ဖတ် ဖို့ လို ပါ တယ်။  တစ် ကြိမ် မ က အ ကြိမ် များ စွာ ဖတ် ဖို့ လို တယ်။ ဒီ ခေတ် ကာ လ မှား ယွင်း တဲ့ ဩ ဝါ ဒ များ စွာ ဟာ ကျမ်း တစ် ပိုဒ် ကို အ ခြေ ပြု ပြီး ကိုယ် လို ရာ ဆွဲ ဟော တတ် တဲ့ ကျမ်း တစ် ပိုဒ် ဆ ရာ တွေ ကြောင့် ဆို ရင် မှား မယ် မ ထင် ဘူး။

၄) သင် ဟာ ဘု ရား သ ခင် နဲ့ နေ့ တိုင်း အ တူ သွား လာ တဲ့ ယုံ ကြည် သူ ဖြစ် ရ မယ်

သား သ မီး တွေ ဟာ ဖ ခင် ဖြစ် သူ နဲ့ အ တူ တစ် ရက် တစ် လ စ သ ဖြင့် ခ ဏ လေး အ တူ နေ ရုံ နဲ့ ဖ ခင် ရဲ့ သ ဘော ထား ကို မ သိ နိုင် ဘူး။ ဖ ခင် နဲ့ အ တူ နှစ် အ ကြာ ကြီး နေ ပြီး မှ၊ အ တွေ့ အ ကြုံ အ ဖြစ် အ ပျက် များ စွာ ကို ရင် ဆိုင် ပြီး မှ ဘဲ ဖ ခင် ရဲ့ သ ဘော ထား အ မှန် ကို သိ မှာ ဖြစ် တယ်။ လင် နဲ့ မ ယား ကြား ထဲ မှာ လည်း အဲ သ လို ပါ ဘဲ။ နှစ် အ ကြာ ကြီး ပေါင်း သင်း ပြီး မှ၊ အ ခက် အ ခဲ ပြဿ နာ မြောက် များ စွာ ကို အ တူ ရင် ဆိုင် ဖြေ ရှင်း ကြ ပြီး မှာ ဘဲ တစ် ယောက် သ ဘော ထား မှန် ကို တစ် ယောက် နား လည် လာ ကြ တာ ဖြစ် တယ်။ ဒါ ကြောင့် ဘု ရား သ ခင် ရဲ့ သ ဘော တော် ကို သိ နိုင် ဖို့ ရန် ယုံ ကြည် သူ တစ် ယောက် ဟာ ဘု ရား သ ခင် နဲ့ အ ချိန် တော် တော် ကြာ အ တူ သွား လာ ဖို့ လို ပါ တယ်။

ရှင် ပေါ လု က အ သင်း ဝင် ခါ စ လူ သစ် တွေ ကို သင်း ထောက် နေ ရာ မှာ မ ထား ဖို့ ပြော တာ ဟာ ဒီ အ ကြောင်း ကြောင့် ပါ ဘဲ။ ဘု ရား သ ခင် ရဲ့ သ ဘော တော် ကို နား မ လည် သေး တဲ့ အ တွက် ဦး ဆောင် မှု၊ သွန် သင် မှု မှား ယွင်း နိုင် လို့ ဖြစ် ပါ တယ်။

“မာ န နှင့် ယစ် မူး လျက်၊ မာရ် နတ် ၏ အ ပြစ် ရောက် မည် ဟု စိုး ရိမ် စ ရာ ရှိ ၍၊ ဘာ သာ ဝင် လူ သစ် မ ဖြစ် ရ” (၁ တိ၊ ၃:၆)

ဘု ရား သ ခင် နဲ့ ဆက် ဆံ မှု နု နယ် သေး တဲ့ သူ ဟာ သမ္မာ တ ရား နဲ့ မိစ္ဆာ အ မှား ကို ခွဲ ခြား နား လည် နိုင် ဖို့ ခက် ခဲ တယ်။ လွဲ မှား တဲ့ တ ရား ဟော ချက် တွေ ကို နား ယောင် ပြီး အ လွယ် တ ကူ လမ်း မှား ရောက် နိုင် တယ်။

“အ ကြောင်း မူ ကား၊ သူ တ ပါး တို့ သည် လူ ပ ရိ ယာယ် နှင့် အ ပြစ် သို့ သွေး ဆောင် ခြင်း ငှါ လှည့် ဖြား ပြော ဆို သ ဖြင့်၊ ငါ တို့ သည် နောက် တ ဖန် ခပ် သိမ်း သော ဩ ဝါ ဒ လေ တိုက် ၍ ဖ ရို ဖ ရဲ လွင့် သွား သော သူ ငယ် မ ဖြစ် ဘဲ လျက်၊ . . .” (ဧ၊ ၄:၁၄)

ဒီ လို ပြော လို့ သက် တမ်း ရင့် တဲ့ ယုံ ကြည် သူ တိုင်း ဘု ရား သ ခင် ရဲ့ သ ဘော တော် ကို သိ နား လည် တာ မ ဟုတ် ဘူး။ အ သက် ကြီး ပြီး အ ချိန် မ စီး တဲ့ ခ ရစ် ယာန် တွေ အ များ ကြီး ရှိ တယ်။

“ညီ အစ် ကို တို့၊ အ ထက် က ငါ သည် ဝိ ညာဉ် လူ တို့ အား ဟော ပြော သ ကဲ့ သို့ သင် တို့ အား ဟော ပြော ရ သော အ ခွင့် မ ရှိ ဘဲ၊ ဇာ တိ ပ က တိ လူ တို့ အား ၎င်း၊ ခ ရစ် တော် ၌ သူ ငယ် က လေး တို့ အား ၎င်း၊ ဟော ပြော သ ကဲ့ သို့ ဟော ပြော ရ ၏။ ယ ခု တိုင် အောင် သင် တို့ သည် ခဲ ဘွယ် စား ဘွယ် ကို မ ကြေ နိုင် သော ကြောင့် ငါ မ ကျွေး ရ။ နို့ ကို သာ တိုက် ရ ၏။ ယ ခု ပင် လည်း၊ သင် တို့ သည် မ ကြေ နိုင် ကြ သေး” (၁ ကော၊ ၃:၁-၂)

“သင် တို့ သည် ကာ လ ကြာ သော ကြောင့် ဆ ရာ အ ဖြစ် သို့ ရောက် သင့် သော် လည်း၊ ဘု ရား သ ခင် ၏ ဗျာ ဒိတ် တော် ၌ ရှေ့ ဦး စွာ သင် ရ သော တ ရား နု တို့ ကို သူ တ ပါး ထံ ၌ တ ဖန် သင် ရ သော အ ကြောင်း ရှိ သည် ဖြစ် ၍၊ ကြေ ခဲ သော အ စာ ကို မ သုံး ဆောင်၊ နို့ ကို သာ သုံး ဆောင် ရ သော သူ ဖြစ် ကြ ၏” (ဟေ ဗြဲ၊ ၅:၁၂)

အဲ ဒါ ကြောင့် ရင့် ကျက် တဲ့ ယုံ ကြည် သူ ဖြစ် ဖို့၊ နက် နဲ တဲ့ ဘု ရား သ ခင် ရဲ့ သ ဘော ထား အ ကြံ အ စည် တွေ ကို နား လည် သ ဘော ပေါက် ဖို့ ဘု ရား သ ခင် နဲ့ အ တူ နေ့ တိုင်း သွား လာ တဲ့ သူ ဖြစ် ဖို့ လို တယ်။ ကျမ်း စ ကား နဲ့ ပြော ရ ရင် “ကျင် လည်” ရ မှာ ပေါ့။ ဘု ရား သ ခင် က ကျွန် တော် တို့ ကို သူ နဲ့ ရင်း နှီး ကျွမ်း ဝင် စေ ချင် တယ်။

ကျင် လည် ရ မယ် ဆို တာ တော့ ဟုတ် ပါ ပြီ။ ဘယ် လို ကျင် လည် ရ မ လဲ။ ကျင် လည် တယ် ဆို တာ ဘာ လဲ။

“ယေ ရှု ခ ရစ် ၌ ဗတ္တိ ဇံ ကို ခံ သော သူ ရှိ သ မျှ တို့ သည် အ သေ ခံ တော် မူ ခြင်း ၌ ဗတ္တိ ဇံ ကို ခံ ကြ သည် ဟု သင် တို့ မ သိ သ လော။ ထို ကြောင့်၊ အ သေ ခံ တော် မူ ခြင်း ၌ ဗတ္တိ ဇံ ကို ခံ သော အား ဖြင့်၊ ထို သ ခင် နှင့် အ တူ သင်္ဂြိုဟ် ခြင်း ကို ခံ ကြ ၏။ အ ကြောင်း မူ ကား၊ ခ ရစ် တော် သည် ခ မည်း တော် ၏ ဘုန်း တန် ခိုး အား ဖြင့် သေ ခြင်း မှ ထ မြောက် တော် မူ သည် နည်း တူ၊ ငါ တို့ သည် လည်း အ သစ် သော အ သက် ၌ ကျင် လည် ရ ကြ သ တည်း” (ရော၊ ၆:၃-၄)

“အ ဘယ် ကြောင့် နည်း ဟူ မူ ကား၊ ငါ တို့ သည် ကောင်း သော အ ကျင့် တို့ ကို ကျင့် ရ မည် အ ကြောင်း၊ ယေ ရှု ခ ရစ် ၌ ပြု ပြင် ၍ ဖန် ဆင်း တော် မူ ရာ ဖြစ် ကြ ၏။ ထို ကောင်း သော အ ကျင့် တို့ ၌ ငါ တို့ သည် ကျင် လည် ရ မည် အ ကြောင်း၊ ဘု ရား သ ခင် သည် ငါ တို့ ကို ပြင် ဆင် တော် မူ နှင့် ပြီ” (ဧ၊ ၂:၁၀)

“ခ ရစ် တော် သည် ငါ တို့ ကို ချစ် တော် မူ သော အား ဖြင့် ဘု ရား သ ခင့် ရှေ့ တော် ၌ မွှေး ကြိုင် သော အ နံ့ ရှိ စေ ခြင်း ငှါ၊ ကိုယ် ကို ကိုယ် ဆက် ကပ် ၍ ယဇ် ပူ ဇော် လျက်၊ ငါ တို့ အ တွက် စွန့် တော် မူ သည် နည်း တူ၊ သင် တို့ သည် မေတ္တာ တ ရား ၌ ကျင် လည် ကြ လော့” (ဧ၊ ၅:၂)

“ထို ကြောင့် သင် တို့ သည် သ ခင် ယေ ရှု ခ ရစ် ကို ခံ ယူ ပြီး သည် ဖြစ် ၍၊ ထို သ ခင် ၌ စိုက် ပျိုး ခြင်း၊ တည် ဆောက် ခြင်း ရှိ လျက်၊ နည်း ဥ ပ ဒေ သ ကို ခံ ပြီး သည် အ တိုင်း ယုံ ကြည် ခြင်း ၌ မြဲ မြံ စွာ စွဲ လမ်း လျက်၊ ကျေး ဇူး တော် ကို ချီး မွမ်း ခြင်း နှင့် တ ကွ ယုံ ကြည် ခြင်း တိုး ပွါး ပြည့် စုံ လျက်၊ ထို သ ခင် ၌ ကျင် လည် ကြ လော့” (ကော၊ ၂:၆-၇)

“ဘု ရား သ ခင် သည် အ လင်း ၌ ရှိ တော် မူ သ ကဲ့ သို့၊ ငါ တို့ သည် အ လင်း ၌ ကျင် လည် လျှင်၊ အ ချင်း ချင်း မိဿ ဟာ ယ ဖွဲ့ ခြင်း ရှိ ကြ သည် ဖြစ် ၍၊ ဘု ရား သ ခင် ၏ သား တော် ယေ ရှု ခ ရစ် ၏ အ သွေး တော် သည်၊ ငါ တို့ အ ပြစ် ရှိ သ မျှ ကို ဆေး ကြော တော် မူ ၏” (၁ ယော၊ ၁:၇)

ကျင် လည် တာ ကို မူ ရင်း ဂ ရိ ဘာ သာ နဲ့ περιπατεῖτε (အ သံ ထွက် peripateite) လို့ ရေး ပါ တယ်။ “လျှောက် လှမ်း ခြင်း” လို့ အ ဓိပ္ပါယ် ရ ပါ တယ်။ အ ပေါ် က ကျမ်း ချက် တွေ ကို ကြည့် ရင် ဘု ရား သ ခင် နဲ့ အ တူ သွား လာ ခြင်း ဆို တာ၊ ဘု ရား သ ခင် ပေး တဲ့ ချစ် ခြင်း မေတ္တာ ကို အ ရင်း ခံ ပြီး အဲ ဒီ ချစ် ခြင်း မေတ္တာ က နေ ဆင့် ပွါး ဖြစ် ပေါ် လာ တဲ့ နှိမ့် ချ ခြင်း၊ နူး ညံ့ သိမ် မွေ့ ခြင်း၊ မာန် မာ န ကင်း ခြင်း၊ အ လုပ် ကြိုး စား ခြင်း၊ သူ တစ် ပါး ကို ကူ ညီ ခြင်း၊ ဆု တောင်း ခြင်း၊ ကျမ်း စာ ဖတ် ခြင်း စ တာ တွေ ကို နေ့ စဉ် ပုံ မှန် လုပ် ဆောင် ရင်း အ သက် တာ ကို သွား လာ လျှောက် လှမ်း ခြင်း ဖြစ် ပါ တယ်။

၅) သင် ကြား ရ တဲ့ တ ရား ဟော ချက် တွေ ကို ကျမ်း စာ နဲ့ တိုက် ဆိုင် စစ် ဆေး ရ မယ်

ကျမ်း စာ အ သုံး အ နှုန်း အ ရ မိစ္ဆာ ဆ ရာ လို့ ခေါ် တဲ့ မှား ယွင်း တဲ့ ဩ ဝါ ဒ ကို သွန် သင် တဲ့ ဆ ရာ တွေ ဟာ အင် မ တန် အ ပြော ကောင်း တာ ကို တွေ့ ရ မယ်။ သူ တို့ ရဲ့ ဆ ရာ ကြီး စာ တန် မာရ် နတ် ဟာ အင် မ တန် လိမ္မာ ပါး နပ် တဲ့ အ တွက် သူ့ ရဲ့ တ ပည့် တွေ လည်း သူ့ လို လိမ္မာ ပါး နပ် ကြ ပါ တယ်။ သူ တို့ ဟာ ကျမ်း စာ ထဲ က ကျမ်း ပိုဒ် တွေ ကို ကိုး ကား ပြီး ဟော တာ ပါ ဘဲ။ ဒါ ပေ မဲ့ အ ဓိပ္ပါယ် ဆွဲ ယူ တဲ့ အ ခါ မှာ ဘု ရား အ ကြိုက် ထက် လော က အ ကြိုက် ကို လိုက် ပြီး အ ဓိပ္ပါယ် ဖွင့် ကြ တယ်။ ခ ရစ် ယာန် ဖြစ် ရင် ချမ်း သာ ရ မယ်၊ ကျန်း မာ ရ မယ်၊ လော က အ သက် တာ အောင် မြင် မှု ရှိ ရ မယ် ဆို ပြီး တ လွဲ ဟော ကြ တယ်။ လော ဘ သား ကောင် ဖြစ် တဲ့ ခ ရစ် ယာန် တွေ က လည်း အဲ ဒီ တ ရား ဟော ချက် တွေ ကို အ လွန် နှစ် သက် ကြ တယ်။ သေ ရင် ကောင်း ကင် ရောက် မယ်၊ မ သေ ခင် မှာ လည်း လော က မှာ အောင် မြင် မယ် ဆို တော့ သိပ် ကြိုက် တာ ပေါ့။ ဘု ရား သ ခင် က ခ ရစ် ယာန် တွေ ကို အောင် မြင် စေ ချင် တာ မှန် ပါ တယ်။ ဒါ ပေ မဲ့ ရုပ် ပိုင်း ဆိုင် ရာ အောင် မြင် မှု မ ဟုတ် ဘဲ ဝိ ညာဉ် ရေး ရာ အောင် မြင် ခြင်း ကို အ ဓိ က ထား ပြော တာ ဖြစ် တယ်။

“သင် တို့ သည် ငါ့ ကို အ မှီ ပြု ၍ ငြိမ် သက် ခြင်း ရှိ စေ ခြင်း ငှါ ဤ စ ကား ကို ငါ ဟော ပြော ပြီ။ သင် တို့ သည် လော က ၌ ဆင်း ရဲ ဒုက္ခ ကို ခံ ရ ကြ လိမ့် မည်။ သို့ သော် လည်း မ စိုး ရိမ် ကြ နှင့်။ ငါ သည် လော က ကို အောင် ပြီ ဟု မိန့် တော် မူ ၏” (ယော၊ ၁၆:၃၃)

ဒါ ကြောင့် ကိုယ် ကြား ရ တဲ့ တ ရား ဟော ချက် တွေ ကို မှန် မ မှန် ကျမ်း စာ နဲ့ တိုက် ဆိုင် စစ် ဆေး ဖို့ လို အပ် ပါ တယ်။ ကျမ်း စာ နဲ့ ပြန် မ စစ် ဆေး ဘဲ၊ လော က အ သိ ပ ညာ အ တွေး အ ခေါ် တွေ နဲ့ ဆန်း စစ် ခဲ့ ရင် မ စင် ကြယ် တဲ့ ဩ ဝါ ဒ တွေ ကို အ လွယ် တ ကူ လက် ခံ မိ နိုင် ပါ တယ်။

“ဗေ ရိ မြို့ သား တို့ သည် သက် သာ လော နိတ် မြို့ သား တို့ ထက် ထူး မြတ် သ ဖြင့်၊ အ လွန် ကြည် ညို သော စေ တ နာ စိတ် နှင့် နှုတ် က ပတ် တ ရား တော် ကို ခံ ယူ ၍ မှန် သည် မ မှန် သည် ကို သိ ခြင်း ငှါ၊ ကျမ်း စာ ကို နေ့ တိုင်း အ စဉ် စေ့ စေ့ ကြည့် ရှု ကြ ၏” (တ၊ ၁၇:၁၁)

ဒီ တော့ ကာ အား လုံး ကို အ ချုပ် ပြော ရ မယ် ဆို ရင် သမ္မာ ကျမ်း စာ ထဲ က စင် ကြယ် သော ဝါ ဒ ကို သိ နား လည် နိုင် ဖို့၊ ဩ ဝါ ဒ အ မှန် နဲ့ အ မှား ကို ခွဲ ခြား နိုင် ဖို့ –

၁) သင် ဟာ ဒု တိ ယ မွေး ခြင်း ခံ ပြီး တဲ့ ယုံ ကြည် သူ ဖြစ် ရ မယ်၊

၂) သင် ဟာ ဘု ရား သ ခင် ရဲ့ သ ဘော တော် ကို သိ နား လည် သူ ဖြစ် ရ မယ်၊

၃) သင် ဟာ သမ္မာ ကျမ်း စာ ကို အ စ အ ဆုံး ဖတ် ပြီး တဲ့ သူ ဖြစ် ရ မယ်၊

၄) သင် ဟာ ဘု ရား သ ခင် နဲ့ နေ့ တိုင်း အ တူ သွား လာ တဲ့ ယုံ ကြည် သူ ဖြစ် ရ မယ်၊

၅) သင် ကြား ရ တဲ့ တ ရား ဟော ချက် တွေ ကို ကျမ်း စာ နဲ့ တိုက် ဆိုင် စစ် ဆေး ရ မယ်။

ဒီ ဆောင်း ပါး ဖတ် သူ အား လုံး သမ္မာ တ ရား နဲ့ မိစ္ဆာ အ မှား ကို ခွဲ ခြား သိ နိုင် တဲ့ သူ တွေ ဖြစ် ကြ ဖို့ ဘု ရား သ ခင် ကောင်း ကြီး ပေး ပါ စေ။