စာလုံးအ ရွယ်အစား

က က

ပြန် သွား

Published: 15/09/2019 Last Edited: 28/10/2021

ကျွန် တော့ ဘ ဝ အ ကြောင်း သက် သေ ခံ ချက်

တောင် ပေါ် သား မှ ပင် လယ် သား သို့

ကျွန် တော့ ကို ၁၉၅၄ ခု နှစ် ဒီ ဇင် ဘာ လ မှာ ချင်း ဝိ သေ သ တိုင်း (ယ ခု ချင်း ပြည် နယ်) ဖ လမ်း မြို့ မှာ ချင်း လူ မျိုး မိ ဘ နှစ် ပါး က နေ မွေး ဖွား တာ ဖြစ် ပါ တယ်။ ကျွန် တော့် ဖ ခင် ဟာ အဲ ဒီ တုန်း က အ စိုး ရ လမ်း လုပ် ငန်း ဌါ န က အင် ဂျင် နီ ယာ ဖြစ် တဲ့ အ တွက် အ စိုး ရ တာ ဝန် နဲ့ နယ် ပေါင်း စုံ ကို မိ သား စု နဲ့ အ တူ ပြောင်း ရွှေ့ တာ ဝန် ထမ်း ဆောင် ရ တော့ ကျွန် တော် လဲ ငယ် ငယ် လေး ထဲ က နယ် စုံ ရောက် ဘူး တယ်။ ကျွန် တော့ ကို ဖ လမ်း မှာ မွေး ပြီး တော့ မိ သား စု မုံ ရွာ ကို ပြောင်း တယ်။ အဲ ဒီ နောက် ရွှေ  ဘို၊ ပြီး တော့ ဖ လမ်း ပြန် ရောက် တယ်။ အဲ ဒီ မှာ အ ဖေ က ကျွန် တော် တို့ ကို ဖ လမ်း မြို့ နယ် ထဲ က လုံ ဘန်း ရွာ မှာ ရှိ တဲ့ ကက် သ လစ် သာ သ နာ ပြု ကျောင်း မှာ ထား တယ်။ အဲ ဒီ နောက် တစ် ခါ မိ သား စု နဲ့ မေ မြို့ (ယ ခု ပြင် ဦး လွင်) ကို ပြောင်း တယ်။ အဲ ဒီ နောက် စစ် ကိုင်း၊ ပြီး တော့ ပု သိမ်၊ ပြီး တော့ မော် လ မြိုင် ကို ပြောင်း တယ်။ မော် လ မြိုင် ရောက် တော့ ကျွန် တော် ခြောက် တန်း ဘဲ ရှိ သေး တယ်။ အဲ ဒီ မြို့ မှာ ဆယ် တန်း အောင် ပြီး ကျွန် တော် မော် လ မြိုင် ကော လိပ် ကို ဆက် တက် တယ်။ အဲ ဒီ က နေ ဒု တိ ယ နှစ် အောင် ပြီး နောက် ရေ ကြောင်း အ ရာ ရှိ လောင်း သင် တန်း တက် ဖို့ အ ရွေး ခံ ရ တော့ ၁၉၇၅ ခု နှစ် မှာ ရန် ကုန် ဆင် မ လိုက် က ရေ ကြောင်း ပ ညာ သိပ္ပံ ကျောင်း မှာ တစ် နှစ် သင် တန်း တက် ရ တယ်။ သင် တန်း ဆင်း ပြီး တော့ အ စိုး ရ ပိုင် ကြယ် ငါး ပွင့် သင်္ဘော လိုင်း မှာ အ ရာ ရှိ လောင်း အ ဖြစ် စ အ လုပ် လုပ် ရင်း ၁၉၉၁ ခု နှစ် မှာ ကပ္ပ တိန် အ ထိ ဖြစ် လာ ပါ တယ်။

မိ ရိုး ဖ လာ ခ ရစ် ယာန် မှ ဒု တိ ယ မွေး ခြင်း ခံ ခ ရစ် ယာန် သို့

၁၉၉၂ မှာ ကြယ် ငါး ပွင့် ရဲ့ အ ငှါး (on loan) နဲ့ စေ လွှတ် ချက် အ ရ ကျွန် တော် စင်္ကာ ပူ က Neptune သင်္ဘော လိုင်း ရဲ့ Perkasa ဆို တဲ့ သင်္ဘော မှာ ကပ္ပ တိန် အောက် တစ် ဆင့် နိမ့် တဲ့ ကုန်း ချုပ် (ကုန်း ပတ် အ ရာ ရှိ ချုပ် Chief Officer) ရာ ထူး လုပ် ရ ပါ တယ်။ အဲ ဒီ သင်္ဘော ပေါ် မှာ လုပ် ရင်း ရန် ကုန် က ဇ နီး သည် ကို ကုမ္ပ ဏီ စ ရိတ် နဲ့ ကျွန် တော် နဲ့ အ တူ သင်္ဘော ပေါ် အ တူ လိုက် ဖို့ ခေါ် ပါ တယ်။ သင်္ဘော ပေါ် အ တူ လိုက် ရင်း နဲ့ ဇ နီး သည် က ရန် ကုန် က ကျွန် တော် တို့ တက် နေ တဲ့ အ သင်း တော် မှာ ဧ ဝံ ဂေ လိ ဆ ရာ တစ် ယောက် ရောက် လာ တဲ့ အ ကြောင်း နဲ့ အဲ ဒီ ဆ ရာ ရဲ့ ဟော ပြော သွန် သင် ချက် တွေ ထူး ခြား တဲ့ အ ကြောင်း၊ ကောင်း တဲ့ အ ကြောင်း တွေ ပြော ပြ ပါ တယ်။ စာ ချုပ် သက် တမ်း ပြည့် ပြီး ကျွန် တော် တို့ ဇ နီး မောင် နှံ ရန် ကုန် ပြန် ရောက် တော့ အဲ ဒီ ဆ ရာ ရဲ့ ကျမ်း စာ သင် တန်း တွေ ကို လိုက် တက် ဖြစ် တယ်။ ဆ ရာ ရဲ့ နာ မယ် က ဆ ရာ ဦး ဇော် ဝင်း လို့ ခေါ် တယ်။ အ ခု ဩ စ တေး လျ က Perth မြို့ မှာ အ မှု တော် ဆောင် နေ ပါ တယ်။ သူ့ ရဲ့ သင် တန်း တွေ က နေ တစ် ဆင့် ကျွန် တော် တစ် ခါ မှ မ ကြား ဘူး တဲ့ သမ္မာ တ ရား တွေ ကို ကြား လာ ရ တယ်။ အ ပြစ် အ ကြောင်း၊ ကယ် တင် ခြင်း အ ကြောင်း၊ ဘု ရား သ ခင် ရဲ့ ချစ် ခြင်း မေတ္တာ အ ကြောင်း စ တာ တွေ ကို သိ လာ တယ်။ သမ္မာ ကျမ်း စာ ကို စိတ် ဝင် စား လာ တယ်။

ရန် ကုန် မှာ နှစ် လ လောက် နေ ပြီး ခွင့် ရက် စေ့ တော့ စင်္ကာ ပူ ပြန် ပြီး Dragon Kalimantan ဆို တဲ့ သင်္ဘော ပေါ် တက် ရ တယ်။ အဲ ဒီ မှာ ကျွန် တော် ကျမ်း စာ ကို သေ သေ ချာ ချာ စ ဖတ် ဖြစ် တယ်။ ကမ္ဘာ ဦး ကျမ်း က နေ စ ဖတ် တယ်။ ကျွန် တော် က ငယ် ငယ် က တည်း က မိ ရိုး ဖ လာ ခ ရစ် ယာန် ဖြစ် တော့ သမ္မာ ကျမ်း စာ ကို ဖတ် ဖူး ပါ တယ်။ ဒါ ပေ မဲ့ အ ခု လောက် ဘယ် တုန်း က မှ စိတ် မ ဝင် စား ခဲ့ ဘူး။ ကုန်း ချုပ် တစ် ယောက် အ နေ နဲ့ ကျွန် တော် သင်္ဘော ပေါ် မှာ မ နက် ၄ နာ ရီ က ၈ နာ ရီ အ ထိ နဲ့၊ ည နေ ၄ နာ ရီ က နေ ည ၈ နာ ရီ အ ထိ ပဲ့ စင် ပေါ် မှာ တာ ဝန် ယူ ရ တယ်။ မ နက် ပဲ့ စင် တာ ဝန် အ ပြီး ၉ နာ ရီ က နေ နေ့ ခင်း ၁၂ နာ ရီ အ ထိ ကုန်း ပတ် နဲ့ ပတ် သက် တဲ့ တစ် ခြား အ လုပ် တွေ လုပ် ရ တယ်။ ဒီ လို နဲ့ နေ့ တိုင်း ည ဖက် ၈ နာ ရီ ပဲ့ စင် ပေါ် က ဆင်း လာ တဲ့ နောက် စာ ရွက် စာ တမ်း ကိစ္စ တစ် ချို့ လုပ် အ ပြီး မှာ ည ၉ နာ ရီ က စ ပြီး ကု တင် ပေါ် မှာ ကျမ်း စာ ကို စ ဖတ် တယ်။ ဖတ် ရင်း ဖတ် ရင်း နဲ့ ကျွန် တော် ကျမ်း စာ ကို လက် က ချ လို့ မ ရ ဘူး။ တစ် ပိုဒ် ဖတ် ပြီး တိုင်း ကျွန် တော့ မှာ ဟာ က နဲ့ ဟင် က နဲ့ ဖြစ် နေ တယ်။ အ ရင် က လည်း ကမ္ဘာ ဦး ကျမ်း ကို တစ် ပိုင်း တစ် စ တော့ ဖတ် ဘူး တာ ဘဲ။ ဒါ ပေ မဲ့ အ ခု လို တစ် ခါ မှ မ ခံ စား ရ ဘူး။ အ ရင် က မ သိ သေး တဲ့ ကြောင်း တွေ၊ သ တိ မ ထား မိ ရဲ့ အ ရာ တွေ ကို သိ လာ တယ်။ နည်း နည်း သိ လေ လေ ဘု ရား သ ခင် က ဘာ ဆက် ဖေါ် ပြ မ လဲ ဆို တာ ကို ပို ပြီး ပို ပြီး သိ ချင် လာ လေ လေ ဘဲ။ ကျွန် တော် တစ် ခါ မှ မ ရောက် ဘူး တဲ့ အ သိ ပ ညာ ဗ ဟု သု တ နယ် ပယ် သစ် တစ် ခု ထဲ ကို ရောက် သွား သ လို ခံ စား ရ တယ်။ ကမ္ဘာ ကြီး နဲ့ ပတ် သက် ပြီး၊ လူ သား တွေ နဲ့ ပတ် သက် ပြီး အ ရေး အ ကြီး ဆုံး စာ အုပ် တစ် ခု၊ ကမ္ဘာ ကြီး နဲ့ လူ သား တွေ ကို ဖန် ဆင်း တဲ့ ဘု ရား သ ခင် ကိုယ် တော် တိုင် ရေး တဲ့ သမ္မာ ကျမ်း စာ ကို ဖတ် နေ ရ ပါ လား ဆို တဲ့ ခံ စား မှု က ကျွန် တော့် ကို လွှမ်း မိုး နေ တယ်။ ည သန်း ခေါင် ထိုး တော့ ကျမ်း စာ ကို ဆက် ဖတ် ချင် ပေ မဲ့ မ နက် ၄ နာ ရီ ထ ပြီး ပဲ့ စင် မှာ တာ ဝန် ယူ ရ မှာ ဆို တော့ ကျမ်း စာ အုပ် ကို ပိတ် ပြီး အိပ် လိုက် တယ်။ မ နက် ကျ တော့ ကျွန် တော့် မှာ အိပ် ငိုက် တာ တွေ အိပ် ရေး မ ဝ တာ တွေ လုံး ဝ မ ခံ စား ရ ဘူး။ အဲ ဒီ လို နဲ့ သင်္ဘော ပေါ် မှာ တာ ဝန် ထမ်း ဆောင် ရင်း ကျမ်း စာ ကို မှန် မှန် ဖတ် ဖြစ် တယ်။ နှစ် လ လောက် ကြာ ပြီး အဲ ဒီ Neptune လိုင်း မှာ ကြယ် ငါး ပွင့် က အ ငှါး (on loan) လိုက် ခွင့် ပြု တဲ့ သက် တမ်း ကုန် တော့ ရန် ကုန် ပြန်၊ အိမ် မှာ ကျမ်း စာ ကို ဆက် ဖတ် လိုက် တာ ခြောက် လ အ တွင်း မှာ ကျွန် တော် သမ္မာ ကျမ်း စာ ကို ကမ္ဘာ ဦး က နေ ဗျာ ဒိတ် ကျမ်း အ ထိ အ စ အ ဆုံး လုံး ဝ ဖတ် ပြီး သွား တယ်။ ဆ ရာ ဇော် ဝင်း ရဲ့ ကျမ်း စာ သင် တန်း တွေ ကို ဆက် တက် ရင်း ဘု ရား သ ခင် ကျွန် တော့် ကို သိ စေ လို တဲ့ အ ရာ တွေ ကို သိ လာ ရ ပြီး တော့ စိတ် ကျေ နပ် ချမ်း သာ မှု နဲ့ အ တူ နောက် ဘ ဝ အ တွက် မ ပူ ပင် ရ တော့ တဲ့ ခံ စား ချက် က ဘာ နဲ့ မှ မ တူ ဘူး။ သိပ် ကောင်း လွန်း တယ်။ ဝိ ညာဉ် ရေး ရာ နဲ့ ပတ် သက် တဲ့ ဒု တိ ယ အ ကြိမ် မွေး ဖွား ခြင်း ကို ခံ စား ရ တယ်။

အ သင်း တော် ဟောင်း မှ အ သင်း တော် သစ် သို့

သမ္မာ တ ရား ကို တော် အ တန် သိ လာ ပြီး တော့ ပ ထ မ ဦး ဆုံး တွေ့ ကြုံ ရ တဲ့ ပြဿ နာ က ကျွန် တော် တို့ တက် ရောက် နေ တဲ့ အ သင်း တော် မှာ ပါ ဝင် ရ တာ အ ဆင် မ ပြေ တော့ ဘူး။ အ သင်း တော် ရဲ့ သွား လာ လုပ် ဆောင် ကျင့် သုံး ပုံ တွေ၊ သင်း ထောက် အ ဖွဲ့ ရဲ့ လုပ် ရပ် တွေ ထဲ မှာ ကျမ်း စာ နဲ့ မ ညီ တာ တွေ ကို တွေ့ လာ တယ်။ ဝတ် ပြု ကိုး ကွယ် ရ တာ စိတ် တိုင်း မ ကျ တော့ ဘူး။ ဒီ လို နဲ့ နေ ရင်း ရန် ကုန် က ကျွန် တော် တို့ နေ တဲ့ ဗိုလ် ရာ ညွန့် လမ်း တိုက် ခန်း နား မှာ သ တင်း ကောင်း နှစ် ခြင်း အ သင်း တော် ရဲ့ မိ သား စု မိဿ ဟာ ယ လုပ် လေ့ ရှိ တော့ အဲ ဒီ မှာ ကျွန် တော် တို့ မိ သား စု ပါ ဝင် ဖြစ် တယ်။ အဲ ဒီ မှာ ဆ ရာ ဦး လှ မြင့် က ကျမ်း စာ သင် ပေး တော့ သမ္မာ တ ရား ကို ကျမ်း စာ အ တိုင်း သွန် သင် တဲ့ အ သင်း တော် ကို တွေ့ ပြီ ဆို ပြီး ကျွန် တော် တို့ မိ သား စု အား လုံး သ တင်း ကောင်း နှစ် ခြင်း အ သင်း တော် မှာ ပါ ဝင် ဖြစ် ကြ တယ်။ အ စ မှာ တော့ ခ ဝဲ ခြံ က အ သင်း တော် မှာ တက် ရောက် ပေ မဲ့ နောက် ပိုင်း ကျွန် တော် တို့ အ နား က န ဝ ဒေး လမ်း တိုက် ခန်း တစ် ခု မှာ သ တင်း ကောင်း နှစ် ခြင်း အ သင်း တော် (ရန် ကုန်-၂) ဆို ပြီး အ သင်း တော် ထပ် ထောင် တော့ ကျွန် တော် တို့ အ တွက် ပို ပြီး အ ဆင် ပြေ သွား တယ်။ သ တင်း ကောင်း နှစ် ခြင်း အ သင်း တော် က ဆ ရာ/မ တွေ ရဲ့ သွန် သင် မှု အောက် မှာ ကျွန် တော် သမ္မာ တ ရား ပို မို သိ နား လည် လာ တယ်။ ဝိ ညာဉ် ရေး ရာ အ သက် တာ ပို ရင့် ကျက် လာ တယ်။

မိ ရိုး ဖ လာ ဗတ္တိ ဇံ မှ စစ် မှန် သော ဗတ္တိ ဇံ သို့

ဒု တိ ယ တွေ့ ကြုံ ရ တဲ့ ပြဿ နာ က ကျွန် တော် ပြန် ပြီး နှစ် ခြင်း ခံ လို တာ ဖြစ် ပါ တယ်။ ခ ရစ် တော် ကို လက် ခံ ယုံ ကြည် ပြီး ရင် နှစ် ခြင်း ခံ ရ တယ် ဆို တဲ့ သွန် သင် ချက် ကြောင့် ပါ။ ဒီ မ တိုင် မီ ကျွန် တော် နှစ် ခြင်း နှစ် ခါ ခံ ဘူး ပါ တယ်။ ပ ထ မ ဦး ဆုံး အ ကြိမ် က တော့ ကျွန် တော် က လေး ဘ ဝ တုန်း က ပါ။ အ မေ က ရို မန် ကက် သ လစ် ဆို တော့ ကျွန် တော် တို့ ကို ကက် သ လစ် အ သင်း တော် ထဲ သွင်း ရင်း ဖ လမ်း မြို့ မှာ ကက် သ လစ် ဘုန်း ကြီး က တန်း စီ ရပ် နေ တဲ့ ကျွန် တော် တို့ က လေး ငယ် တွေ ရဲ့ ခေါင်း ပေါ် ရေ ဖျန်း ရင်း နှစ် ခြင်း ပေး တယ်။ ကျွန် တော့ နာ မယ် Henry ကို အဲ ဒီ က ရ တာ ဖြစ် ပါ တယ်။ ဒု တိ ယ အ ကြိမ် ကျ တော့ ကျွန် တော် မိန်း မ ယူ တဲ့ အ ခါ ဖြစ် တယ်။ ကျွန် တော့် ဇ နီး လောင်း က နှစ် ခြင်း ဆို တော့ ကက် သ လစ် ရေ ဖျန်း တာ ကို သူ တို့ လက် မ ခံ ဘူး။ ဒီ တော့ မိန်း မ ရ ဖို့ ကျွန် တော် နောက် တစ် ခါ နှစ် ခြင်း ထပ် ခံ တယ်။ အဲ ဒီ တုန်း က ကျွန် တော် တို့ တက် ရောက် တဲ့ အ သင်း တော် မှာ နှစ် ခြင်း ပေး တဲ့ အ စီ အ စဉ် မ ရှိ တော့ ကျွန် တော့ ကို ရွာ မ နှစ် ခြင်း အ သင်း တော် က ဆ ရာ ဦး ချစ် ညီ က ရန် ကုန် တက္က သိုလ် ရှေ့ အင်း ယား ကန် မှာ နှစ် ခြင်း ပေး တယ်။ ပ ထ မ နှစ် ခြင်း ခံ တုန်း က ခ ရစ် တော် ကို ယုံ ကြည် လို့ မ ဟုတ် ဘူး။ အ မေ က ခိုင်း လို့ ဖြစ် တယ်။ ဒု တိ ယ နှစ် ခြင်း ခံ တာ လဲ ခ ရစ် တော် ကို ယုံ ကြည် လို့ မ ဟုတ် ဘူး။ မိန်း မ လို ချင် လို့ ဖြစ် ပါ တယ်။ အဲ ဒါ ကြောင့် ကျွန် တော် သ ခင် ခ ရစ် တော် ကို ကယ် တင် ပိုင် ရှင် အ ဖြစ် နှ လုံး သား က ယုံ ကြည် လက် ခံ ပြီး တဲ့ အ ခါ တ တိ ယ အ ကြိမ် အ ဖြစ် စစ် မှန် သော နှစ် ခြင်း ခံ ချင် တာ ဖြစ် ပါ တယ်။ ခ ဝဲ ခြံ က သ တင်း ကောင်း နှစ် ခြင်း အ သင်း တော် မှာ ဆ ရာ ဦး လှ မြင့် က ကျွန် တော် တို့ ဇ နီး မောင် နှံ နှစ် ယောက် စ လုံး ကို နှစ် ခြင်း ပေး ပါ တယ်။

အ စိုး ရ ဝန် ထမ်း မှ သာ မန် အ ရပ် သား သို့

တ တိ ယ နဲ့ အ ကြီး မား ဆုံး ပြဿ နာ က သမ္မာ တ ရား ကို သိ လာ ပြီး နောက် ပိုင်း မှာ ကျွန် တော် လက် ရှိ လုပ် နေ တဲ့ အ စိုး ရ ပိုင် ကြယ် ငါး ပွင့် လိုင်း မှာ သင်္ဘော ဆက် လိုက် ဖို့ မ ဖြစ် နိုင် တော့ တာ ပါ ဘဲ။ သမ္မာ ကျမ်း စာ က ခ ရစ် ယာန် တစ် ယောက် အ နေ နဲ့ ကျွန် တော့ ကို အ စိုး ရ ရဲ့ အ မိန့် အာ ဏာ ကို ဝန် ခံ လိုက် နာ ဖို့၊ ရိုး သား ဖြောင့် မတ် စွာ အ သက် မွေး ဝမ်း ကျောင်း ဖို့၊ လော က ပစ္စည်း ဥစ္စာ တွေ ကို မ တပ် မက် ဖို့၊ ရောင့် ရဲ တင်း တိမ် ဖို့ စ သ ဖြင့် သွန် သင် ပါ တယ်။ ကျွန် တော် အဲ ဒီ အ တိုင်း အ သက် ရှင် ရ ပါ တော့ မယ်။ အဲ ဒီ ခေတ် က အ စိုး ရ ဝန် ထမ်း အား လုံး တွေ့ ကြုံ ရ သ လို ဘဲ ကြယ် ငါး ပွင့် မှာ အ စိုး ရ ပေး တဲ့ လ စာ ဟာ ကျွန် တော် တို့ မိ သား စု အ တွက် ဘယ် လို မှ လုံ လောက် မှု မ ရှိ ပါ ဘူး။ ကျွန် တော် တို့ ကြယ် ငါး ပွင့် သင်္ဘော သား တွေ ဟာ အ ပို ဝင် ငွေ အ တွက် စီး ပွါး ရှာ ရ ပါ တယ်။ ရန် ကုန် မှာ အ မေ ရိ ကန် ဒေါ် လာ တွေ ဝယ် ပြီး သင်္ဘော ထွက် တဲ့ အ ခါ အ ကောက် ခွန် ရှာ ဖွေ ရေး တွေ မ တွေ့ အောင် ဖွက် ရ တယ်။ စင်္ကာ ပူ၊ ဟောင် ကောင်၊ ဂျ ပန်၊ ကိုး ရီး ယား နဲ့ ဥ ရော ပ နိုင် ငံ တွေ မှာ လူ သုံး ကုန် ပစ္စည်း မျိုး စုံ၊ ရေ ခဲ သေတ္တာ၊ တီ ဗွီ၊ မော် တော် ဆိုင် ကယ် စ တာ တွေ ဝယ် ရ တယ်။ ရန် ကုန် ပြန် ရောက် တော့ ဖွက် တန် ဖွက်၊ လပ် ထိုး တန် ထိုး၊ အ ခွန် ပေး တန် ပေး စ သ ဖြင့် နည်း မျိုး စုံ နဲ့ ထုတ် ပြီး ပြန် ရောင်း ရင်း အ မြတ် အ စွန်း ရ အောင် လုပ် ရ တယ်။ ဒီ လို နဲ့ တော် တော် များ များ ဟာ စား ဝတ် နေ ရေး ပြေ လည် ရုံ တင် မ က ခြံ တွေ တိုက် တွေ ကား တွေ နဲ့ ပါ နေ နိုင် ကြ တယ်။ ကျွန် တော် က စီး ပွါး ရေး မှာ သိပ် မ ကျွမ်း ကျင် တော့ သူ များ လို သူ ဌေး မ ဖြစ် ပေ မဲ့ ဇ နီး သည် က ကျွန် တော် သယ် လာ တဲ့ ပစ္စည်း တွေ ကို အ ပင် ပန်း ခံ ပြီး ဈေး ကောင်း ရ အောင် ရောင်း ရင်း ချိုး ခြံ ချွေ တာ မှု စည်း စံ နစ် နဲ့ သုံး စွဲ တတ် မှု တွေ ကြောင့် ကိုယ် ပိုင် တိုက် ခန်း နဲ့ အ တော် အ တန် ချောင် ချောင် လည် လည် နေ နိုင် ပါ တယ်။ အဲ ဒီ လို မ မှန် ကန် တဲ့ စီး ပွါး ရေး လုပ် ရုံ တင် မ က ဘူး၊ အ စိုး ရ လုပ် ငန်း များ ရဲ့ ထုံး စံ အ တိုင်း ရာ ထူး အ ခွင့် အာ ဏာ ကို အ သုံး ချ ပြီး တစ် ခြား အ လွဲ သုံး စား လုပ် တာ တွေ၊ အ ခွင့် အ ရေး ယူ တာ တွေ လည်း ရှိ တယ်။ သ ခင် ခ ရစ် တော် ကို ယုံ ကြည် ပြီး ခ ရစ် ယာန် ဖြစ် လာ တဲ့ ကျွန် တော် ဟာ အဲ ဒါ တွေ ကို လုပ် ဖို့ မ ဖြစ် နိုင် တော့ ဘူး။

ဥ ပ ဒေ အ ရ ကျွန် တော် တို့ မှာ ဒေါ် လာ ငွေ ကိုင် ဆောင် ခွင့် မ ရှိ ဘူး။ အ ခွန် အ တုပ် ကို လည်း အ မှန် အ တိုင်း ပေး ဆောင် ရ မယ်။ ကျွန် တော် တို့ ရဲ့ ရာ ထူး တာ ဝန် ကို မှန် မှန် ကန် ကန် သစ္စာ ရှိ ရှိ ထမ်း ဆောင် ရ မယ်။ အ ခွင့် အ ရေး ယူ တာ တွေ အ လွဲ သုံး စား လုပ် တာ တွေ မ လုပ် ရ  ဘူး။ ခက် တာ က ကျွန် တော် ရိုး ရိုး သား သား လုပ် စား မယ် ဆို ရင် ကျွန် တော့် ရဲ့ တ ရား ဝင် လ စာ ဟာ ကျွန် တော့် မိ သား စု အ တွက် မ လောက် ဘူး။ က လေး တွေ ရဲ့ ပ ညာ ရေး၊ ကျမ်း မာ ရေး စ တာ တွေ ကို အ သာ ထား၊ မီး ဖို ချောင် ဖိုး အ တွက် တင် ကျွန် တော့် တစ် လ ခ ဟာ ငါး ရက် လောက် နဲ့ ပြောင် သွား မယ်။ တစ် ခု တည်း သော ထွက် ပေါက် က တော့ ကြယ် ငါး ပွင့် က နေ နှုတ် ထွက် ပြီး နိုင် ငံ ခြား လိုင်း မှာ လိုက် ဖို့ ဖြစ် ပါ တယ်။ ဒါ ပေ မဲ့ ဘယ် လို့ လုပ် ပြီး ကြယ် ငါး ပွင့် က နေ ထွက် မ လဲ။ အ စိုး ရ ဝန် ထမ်း အ ရာ ရှိ တစ် ယောက် အ နေ နဲ့ ငါ့ ဖာ သာ ငါ ထွက် ဘာ ဖြစ် လဲ ဆို ပြီး ထွက် လို့ မ ရ ဘူး။ ဝန် ထမ်း စည်း ကမ်း ရှိ တယ်။ ဥ ပ ဒေ ချိုး ဖေါက် မှု ဖြစ် တယ်။ အ ရေး ယူ ခံ ရ မယ်။ ကြယ် ငါး ပွင့် ရဲ့ အ စီ အ စဉ် နဲ့ ထွက် ခွင့် ကျ ချိန် ကို စောင့် ရင် လည်း နှစ် အ ကြာ ကြီး စောင့် ရ မယ်။ ကြယ် ငါး ပွင့် က သင်္ဘော အ ရာ ရှိ တွေ ကို အ ပတ် စဉ် ၁ က စ ပြီး ထွက် ခွင့် ပြု တာ အဲ ဒီ အ ချိန် မှာ အ ပတ် စဉ် ၄ က အ ရာ ရှိ တစ် ချို့ ကျန် သေး တယ်။ ကျွန် တော် က အ ပတ် စဉ် ၇ ဆို တော့ ကျွန် တော့် ရှေ့ က အ ပတ် စဉ် ၅ နဲ့ ၆ က အ ရာ ရှိ တွေ ကုန် တဲ့ အ ထိ စောင့် ရ မှာ ဆို တော့ ဘယ် နှစ် နှစ် ကြာ မ လဲ မ သိ ဘူး။  အဲ ဒီ တော့ ကာ ကျွန် တော် ဇ နီး သည် နဲ့ တိုင် ပင် ပြီး နှစ် ဦး သ ဘော တူ ကျွန် တော် ရဲ့ ပင် စင် နဲ့ ခံ စား ခွင့် အား လုံး ကို အ ဆုံး ခံ ပြီး နှုတ် ထွက် ခွင့် တောင်း ဖို့ ဆုံး ဖြတ် လိုက် တယ်။ ကျွန် တော် နဲ့ အ ပတ် စဉ် တစ် ခု တည်း က သူ ငယ် ချင်း တွေ က ကျွန် တော့် ကို ထွက် ခွင့် မ ရ နိုင် ဘူး လို့ ပြော ကြ တယ်။ ဒါ ပေ မဲ့ ဘု ရား သ ခင် အ လို တော် နဲ့ အ ညီ ရိုး သား ဖြောင့် မတ် စွာ အ သက် ရှင် နိုင် ဖို့ အ တွက် ဒီ တစ် နည်း ဘဲ ရှိ တော့ ၁၉၉၈ ဧ ပြီ လ မှာ ကျွန် တော် ရေ ကြောင်း အ ရာ ရှိ ချုပ် က နေ တစ် ဆင့် ဦး ဆောင် ညွှန် ကြား ရေး မှူး ဆီ နှုတ် ထွက် စာ တင် တယ်။ ကျွန် တော် ရဲ့ ရာ ထူး အ ဆင့် အ ရ နှုတ် ထွက် စာ ကို ဝန် ကြီး ဌာ န အ ထိ တင် ပြီး ခွင့် ပြု မိန့် ယူ ရ ပါ တယ်။ ထွက် ဖို့ လွယ် ကူ တဲ့ ကိစ္စ မ ဟုတ် ပေ မဲ့ ဘု ရား သ ခင် မ တတ် နိုင် တာ မ ရှိ ပါ ဘူး။ သူ နည်း လမ်း ရှာ ပေး ပါ လိမ့် မယ်။

ကျွန် တော့် ရဲ့ နှုတ် ထွက် ခွင့် တောင်း စာ ထဲ မှာ နှုတ် ထွက် ခွင့် တောင်း ရ ခြင်း အ ကြောင်း ကို အ မှန် အ တိုင်း ကျွန် တော် ရေး ပါ တယ်။ ကြယ် ငါး ပွင့် မှာ စား ဝတ် နေ ရေး ပြဿ နာ ပြေ လည် ဖို့ ဥ ပ ဒေ နဲ့ မ ညီ တဲ့ စီး ပွါး ရှာ ဖွေ မှု တွေ လုပ် ရ တဲ့ အ ကြောင်း၊ ကျွန် တော် သ ခင် ခ ရစ် တော် ကို ယုံ ကြည် ပြီး ခ ရစ် ယာန် တစ် ယောက် ဖြစ် လာ လို့ အ ရင် လို့ ဥ ပ ဒေ နဲ့ မ ညီ တဲ့ စီး ပွါး ရှာ ဖွေ မှု တွေ မ လုပ် နိုင် တော့ တဲ့ အ ကြောင်း၊ ရ တဲ့ လ စာ နဲ့ ကျွန် တော့ မိ သား စု အ သက် ရှင် ရပ် တည် ဖို့ မ ဖြစ် နိုင် တဲ့ အ ကြောင်း နဲ့ ရိုး ရိုး သား လုပ် ကိုင် စား သောက် နိုင် အောင် ကြယ် ငါး ပွင့် က ထွက် ခွင့် ပြု ဖို့ ဆို ပြီး ရေး ပါ တယ်။ ကျွန် တော့ ရဲ့ နှုတ် ထွက် ခွင့် တောင်း ခံ စာ ကို ရုံး က စာ ဝင် မှာ တံ ဆိပ် ထု ပြီး လက် ခံ ပါ တယ်။ နောက် ရက် ကျ တော့ ကျွန် တော့ ကို ရေ ကြောင်း အ ရာ ရှိ ချုပ် က ခေါ် တွေ့ ပြီး “ဟင် န ရီ၊ မင်း ဒီ လို ရေး တာ ငါ တို့ အ ထက် ကို ဆက် တင် ဖို့ ခက် တယ်။ ဥ ပ ဒေ နဲ့ မ ညီ ဘဲ လုပ် တာ ဘာ တွေ လည်း လို့ မေး ရင် ငါ တို့ အ ဖြေ ခက် တယ်။ ဒီ လို လုပ် နေ တာ အား လုံး သိ နေ တာ ဘဲ။ ဒါ ပေ မဲ့ စာ နဲ့ ပေ နဲ့ ဗြောင် ရေး လို့ မ ဖြစ် ဘူး။ မိ သား စု စား ဝတ် နေ ရေး အ တွက် ထွက် ခွင့် ပေး ပါ လို့ ရိုး ရိုး လေး ဘဲ ရေး ပြီး တင် လိုက် ပါ။ ငါ တို့ ထောက် ခံ ပြီး ဆက် တင် ပေး မယ်” လို့ ပြော ပါ တယ်။ အဲ ဒါ နဲ့ ကျွန် တော် အ ရင် တင် တဲ့ စာ ကို ပြန် ယူ ပြီး ရေ ကြောင်း အ ရာ ရှိ ချုပ် ပြော သ လို ဘဲ နှုတ် ထွက် ခွင့် တောင်း စာ အ သစ် ကို တင် လိုက် ပါ တယ်။ ကြယ် ငါး ပွင့် ရဲ့ ထုံး စံ အ ရ နှုတ် ထွက် ခွင့် တောင်း တဲ့ သူ တွေ ကို သင်္ဘော မ တင် တော့ တဲ့ အ တွက် ကျွန် တော် သင်္ဘော မ လိုက် ရ တော့ ပါ ဘူး။ ဒီ လို နဲ့ စောင့် ဆိုင်း ရင်း ၁၉၉၈ ဒီ ဇင် ဘာ လ ၃၁ ရက် နေ့ မှာ ပင် စင် နဲ့ လုပ် သက် ဆု စ တဲ့ အ ကျိုး ခံ စား ခွင့် တစ် ခု မှ မ ပါ ဘဲ နဲ့ ကျွန် တော် ကြယ် ငါး ပွင့် က နေ ထွက် ခွင့် စာ ကျ လာ ပါ တယ်။

သင်္ဘော လိုင်း သေး မှ ကမ္ဘာ့ အ ကြီး ဆုံး သင်္ဘော လိုင်း သို့

ကြယ် ငါး ပွင့် က နေ ထွက် ခွင့် ရ ပြီး နောက် အ လုပ် ရှာ ဖို့ အ တွက် ကျွန် တော် နိုင် ငံ ကူး လက် မှတ် လျှောက် တာ တွေ၊ ကျွမ်း ကျင် မှု လက် မှတ် သက် တမ်း တိုး တာ တွေ လုပ် ရ ပါ တယ်။  ၁၉၉၉ ခု ဧ ပြီ လ ထဲ မှာ စာ ရွက် စာ တမ်း တွေ ပြည့် စုံ ပြီး ကျွန် တော် အ လုပ် စ ရှာ ပါ တယ်။ ကျွန် တော့် တစ် သက် နဲ့ တစ် ကိုယ် တစ် ခါ မှ ကိုယ့် ဖါ သာ ကိုယ် အ လုပ် မ ရှာ ဘူး ဘူး။ ကျွန် တော့် အ တွက် တော့ အ တွေ့ အ ကြံ သစ် ပါ ဘဲ။ ဘု ရား သ ခင် အ လို တော် အ တိုင်း အ သက် ရှင် နိုင် ဖို့ အ တွက် သက် တောင့် သက် သာ ရှိ တဲ့ ကျွန် တော့် ရဲ့ အ ရင် အ လုပ် ကို စွန့် လွှတ် ပြီး အ ခု လို မ သေ ချာ မ ရေ ရာ တဲ့ လမ်း မှာ လျှောက် ရ တဲ့ အ တွက် ကျွန် တော့ ကို အ ကောင်း ဆုံး ကုမ္ပ ဏီ မှာ အ လုပ် ရ စေ ဖို့ ဘု ရား သ ခင် ဆီ မှာ ကျွန် တော် တို့ ဇ နီး မောင် နှံ ဆု တောင်း ကြ တယ်။ ကျွန် တော် က အ လုပ် အာ မ ခံ ချက် မ ရှိ တဲ့ ကြား လိုင်း တွေ လိုင်း သေး တွေ ကို လည်း မ လိုက် ချင် ဘူး။ နာ မည် ရှိ ပြီး တည် မြဲ တဲ့ လိုင်း တွေ ကို ပဲ လိုက် ချင် တယ်။ ပ ထ မ ဦး ဆုံး ကျွန် တော် အ လုပ် လျှောက် တာ က၊ အ ရင် ကြယ် ငါး ပွင့် မှာ တုန်း က ကျွန် တော့် ကို အ ငှါး (on loan) နဲ့ လွှတ် တဲ့ စင်္ကာ ပူ က Neptune လိုင်း မှာ ဖြစ် ပါ တယ်။ ပ ထ မ တစ် ခါ လိုက် တုန်း က သင်္ဘော သား ကိစ္စ တွေ ကို ကိုင် တွယ် တဲ့ Melinda Chew ဆို တဲ့ အ မျိုး သ မီး နဲ့ သိ ထား တဲ့ အ တွက် သူ့ ဆီ ဖုံး ဆက် ပြီး အ လုပ် လျှောက် တယ်။ အင် မ တန် မှတ် ဉာဏ် ကောင်း တဲ့ အ မျိုး သ မီး၊ ဒီ လောက် နှစ် တွေ ကြာ ပြီး တာ တောင် သူ က ချက် ချင်း မှတ် မိ တယ်။ ဒါ ပေ မဲ့ လူ မ လို ဘူး လို့ ပြန် ပြော တော့ ကျွန် တော် စိတ် ပျက် ရ တယ်။ ဒီ နောက် တော့ အဲ ဒီ တုန်း က ရန် ကုန် မှာ နာ မည် ကောင်း ရှိ တဲ့ သင်္ဘော ကုမ္ပ ဏီ လေး ငါး ခု လောက် မှာ ကျွန် တော် အ လုပ် ထပ် လျှောက် ပါ တယ်။ အား လုံး က လျှောက် လွှာ ကို လက် ခံ ပြီး အ လုပ် ပေါ် ရင် ပြော မယ် ဆို ပေ မဲ့ သုံး လေး လ ကြာ တဲ့ အ ထိ အ လုပ် မ ရ ဘူး။ ကျွန် တော် တို့ ဇ နီး မောင် နှံ ရဲ့ စု ဆောင်း ငွေ လည်း တစ် ဖြည်း ဖြည်း လျော့ နည်း လာ တယ်။ ကျွန် တော် မ သိ တာ တစ် ခု က အဲ ဒီ ကာ လ ထုံး စံ အ ရ အ လုပ် ရ ရင် သင်္ဘော ကိုယ် စား လှယ် အေး ဂျင့် တွေ ကို တစ် လ ခ၊ နှစ် လ ခ စ သ ဖြင့် ပေး ရ တယ်။ ကျွန် တော် အဲ ဒါ တွေ မ သိ တော့ သူ တို့ ကို ဘာ ပေး မယ် ညာ ပေး မယ် လို့ မ ပြော ဖြစ် ဘူး။ ကျွန် တော် အ လုပ် မ ရ တာ အဲ ဒါ ကြောင့် များ လား လို့ ဆို နိုင် ပေ မဲ့ အ မှန် က တော့ ဘု ရား သ ခင် ရဲ့ အ စီ အ စဉ် ကြောင့် ဖြစ် ပါ တယ်။ ဘု ရား သ ခင် က သူ့ အ လို တော် အ တိုင်း အ သက် ရှင် ချင် တဲ့ ကျွန် တော့ ကို သာ မန် လိုင်း ကောင်း တင် မ ဟုတ် ဘူး ကမ္ဘာ ပေါ် မှာ အ ကောင်း ဆုံး လိုင်း မှာ အ လုပ် ပေး ဖို့ စီ စဉ် ထား ပြီး နေ လို့ ဖြစ် ပါ တယ်။

တစ် နေ့ တော့ ကျွန် တော့ ညီ ရဲ့ အ သိ တစ် ယောက် က Maersk Line မှာ အ လုပ် လျှောက် ကြည့် ဖို့ ပြော ပါ တယ်။ ကျွန် တော် Maersk Line ကို စိတ် ကူး ထဲ တောင် မ ထည့် မိ ဘူး။ လိုင်း ကြီး မှန်း သိ ပေ မဲ့ ဥ ရော ပ နိုင် ငံ သား တွေ ကို ဘဲ အ လုပ် ခန့် တယ် ထင် လို့ ပါ။ ရန် ကုန် မှာ သူ တို့ ရုံး ခန်း ရှိ မှန်း လည်း ကျွန် တော် မ သိ ဘူး။ အဲ ဒီ ကျွန် တော့ ညီ ရဲ့ အ သိ က ဘဲ ၃၉ လမ်း မှာ သူ တို့ ရုံး ခန်း ရှိ တယ် ဆို တဲ့ အ ကြောင်း ပြော တော့ ကျွန် တော် ဖုံး ဆက် ပြီး အ လုပ် လျှောက် ချင် ကြောင်း ပြော တယ်။ မ Pauline ဆို တဲ့ အ မျိုး သ မီး က ဖုံး ကိုင် ပြီး သူ တို့ ရုံး က အ လုပ် လျှောက် လွှာ လက် မ ခံ တဲ့ အ ကြောင်း နဲ့ စင်္ကာ ပူ ရုံး က လူ တွေ တစ် နှစ် မှာ နှစ် ခေါက် လောက် လာ ပြီး လူ ရွေး တတ် တဲ့ အ ကြောင်း ပြော ပြ တယ်။ အဲ ဒီ တော့ ကျွန် တော် က ဘယ် တော့ လာ မှာ လဲ မေး တော့၊ လူ ရွေး ပြီး ပြန် သွား တာ မ ကြာ သေး ဘူး၊ ဘယ် တော့ ပြန် လာ မယ် ကို လည်း သူ တို့ မ သိ ဘူး လို့ ပြော တယ်။ လာ ခဲ့ ရင် အ ကြောင်း ကြား ပေး နိုင် မ လား ဆို တော့ အဲ သ လို အ ကြောင်း ကြား ပေး ရိုး မ ရှိ ဘူး၊ ကိုယ့် ဖါ သာ ကိုယ် နား စွင့် ရင်း သူ တို့ လာ တဲ့ အ ခါ မှာ ဝင် အ ရွေး ခံ ဖို့ ပြော ပြ တယ်။ ဒီ လို နဲ့ အ လုပ် ရ မဲ့ လမ်း တစ် ခု ပိတ် ပြန် ပြီ လို ကျွန် တော် ထင် မိ တယ်။ အဲ ဒီ လို နေ တုန်း မ ကြာ ပါ ဘူး နောက် အ သိ တစ် ယောက် က စင်္ကာ ပူ Maersk Line ရုံး ကို တိုက် ရိုက် အ လုပ် လျှောက် ပါ လား လို့ အ ကြံ ပေး ပြန် တယ်။ ဟုတ် သား ဘဲ ဆို ပြီး စင်္ကာ ပူ ရုံး လိပ် စာ ကို ကျွန် တော် နဲ့ အ တူ အ ရင် တုန်း က ကြယ် ငါး ပွင့် မှာ အ လုပ် လုပ် ဘူး တဲ့ မိတ် ဆွေ အ ရာ ရှိ တစ် ယောက် ဆီ က နေ ရ ပြီး အ လုပ် လျှောက် လွှာ ကို စာ တိုက် က နေ ထည့် လိုက် တယ်။ လိုင်း ကြီး ဖြစ် တဲ့ အ တွက် ကပ္ပ တိန် ရာ ထူး တန်း မ လျှောက် ဘဲ ကုန်း ချုပ် ရာ ထူး ကို ဘဲ ကျွန် တော် လျှောက် ပါ တယ်။ တစ် ပတ် လောက် ကြာ တော့ ၃၉ လမ်း ရုံး က မ Pauline ကျွန် တော့် ကို ဖုံး ဆက် ပြီး စင်္ကာ ပူ က နေ ဖုံး နဲ့ အင် တာ ဗျူး ချင် တဲ့ အ ကြောင်း ပြော ပြီး နောက် တစ် နေ့ မ နက် ၁၀ နာ ရီ ၃၉ လမ်း ရုံး ကို လာ ဖို့ ချိန်း လိုက် တယ်။ နောက် တစ် နေ့ အင် တာ ဗျူး မှာ စင်္ကာ ပူ ရုံး က အ ထွေ ထွေ မန် နေ ဂျာ Francis Joseph က ကျွန် တော့ ကို ဗျူး တယ်။ အ တွေ့ အ ကြုံ နည်း နည်း ပါး ပါး ဘဲ မေး ပြီး တော့ လေ ယာဉ် လက် မှတ် ပို့ လိုက် မယ်၊ စင်္ကာ ပူ ကို လာ ခဲ့ ဆို ပြီး ပြော ပါ တယ်။ ရက် ပိုင်း အ တွင်း မှာ ဘဲ လေ ယာဉ် လက် မှတ် ရောက် လာ တယ်။ ကျွန် တော် စင်္ကာ ပူ ရောက် တော့ ကုမ္ပ ဏီ ရဲ့ အ စီ အ စဉ် နဲ့ Amara Hotel မှာ တည်း ပြီး နောက် တစ် နေ့ SouthPoint မှာ ရှိ တဲ့ A.P. Moller Singapore ရုံး ခန်း ကို သွား ရ တယ်။ ရုံး ရောက် တော့ နောက် ဆုံး တွေ့ ဆုံး မေး မြန်း တာ တွေ စာ ရွက် စာ တမ်း ကိစ္စ တွေ ကို အ ပြီး သတ် လုပ် ပြီး လေ ယာဉ် လက် မှတ် ပေး ကာ နောက် တစ် နေ့ မှာ ထိုင်း နိုင် ငံ Laem Chabang ဆို တဲ့ ဆိပ် ကမ်း မှာ Maesk Teal ဆို တဲ့ ကား တင် သင်္ဘော ပေါ် တက် ဖို့ ပြော ပါ တယ်။ အဲ ဒီ နေ့ ဟာ ၁၉၉၉ ခု စက် တင် ဘာ လ ၁၉ ရက် ဖြစ် ပါ တယ်။

ကျွန် တော် အ လုပ် ရ ပါ ပြီ။ ကျွန် တော့ ဖါ သာ ရန် ကုန် က သင်္ဘော ကုမ္ပ ဏီ သေး သေး လေး တွေ မှာ အ လုပ် လျှောက် တာ လေး ငါး လ ကြာ တာ တောင် အ လုပ် မ ရ ဘူး။ ဘု ရား သ ခင် က စီ စဉ် ပေး တော့ Maesk Line မှာ အ လုပ် လျှောက် တာ နှစ် ပတ် အ တွင်း ကျွန် တော် အ လုပ် ရ တယ်။ အေး ဂျင့် ခ လည်း တစ် ပြား မှ ပေး စ ရာ မ လို ဘူး။ ကျွန် တော့ အ တွက် ကုန် ကျ စ ရိတ် ဆို လို့ အ လုပ် လျှောက် လွှာ စာ တိုက် က ပို့ တဲ့ အ တွက် တံ ဆိပ် ခေါင်း ဖိုး ကုန် တာ ဘဲ ရှိ မယ်။ ဒါ့ အ ပြင် ကျွန် တော် ပ ထ မ ဦး ဆုံး အ လုပ် လျှောက် တာ ကို ငြင်း တဲ့ စင်္ကာ ပူ က အ ရင် ကျွန် တော် လိုက် ဘူး တဲ့ Neptune လိုင်း (နောက် ပိုင်း မှာ APL လို့ နာ မယ် ပြောင်း တယ်) ဟာ အ ခု ဆို ရင် အ ရှုံး ပေါ် လို့ CMA CGM ဆို တဲ့ လိုင်း က ဝယ် ယူ တာ ကို ခံ ရ ပြီး သင်္ဘော လော က က နေ နာ မည် ပျောက် သွား တော့ မှာ ဖြစ် ပါ တယ်။ အဲ ဒီ လိုင်း မှာ သာ ကျွန် တော် အ လုပ် ရ ခဲ့ ရင် အ ခု ဆို အ လုပ် လက် မဲ့ ဖြစ် နေ မ လား မ သိ ဘူး။ ဘု ရား သ ခင် ကျွန် တော့ ကို ပေး တဲ့ Maersk Line ဟာ အ ခု ကမ္ဘာ ပေါ် မှာ အ ကြီး ဆုံး သင်္ဘော လိုင်း ဖြစ် နေ ပါ တယ်။ ဘု ရား သ ခင် ရဲ့ အ စီ အ မံ အား လုံး ဟာ ပြော မ ပြ နိုင် အောင် ရေ ပက် မ ဝင် ထောင့် စေ့ ပြီး ကောင်း လွန်း လှ ပါ တယ်။ အ လုပ် ရ ဖို့ တင် မ ဟုတ် ဘူး၊ အ နာ ဂတ် မှာ အ လုပ် မြဲ မြံ သေ ချာ ဖို့ ကို လည်း သူ က ထည့် စဉ်း စား ပေး တယ်။

ကုန်း ပတ် အ ရာ ရှိ ချုပ် မှ ကပ္ပ တိန် သို့

Maersk Line မှာ ကုန်း ချုပ် ရာ ထူး နဲ့ ကျွန် တော် အ လုပ် စ ရ တော့ ကျွန် တော့ ကို ကျွန် တော် ပြော ပါ တယ်။ ဒီ ကုမ္ပ ဏီ မှာ အ နည်း ဆုံး နှစ် နှစ်၊ အ များ ဆုံး လေး နှစ် လောက် လုပ် ပြီး ရင် ငါ ကပ္ပ တိန် ရာ ထူး ရ လိမ့် မယ် လို့။ ဒါ ပေ မဲ့ နှစ် တွေ သာ ကြာ သွား တယ် ကျွန် တော် ရာ ထူး မ တိုး ဘူး။ လေး ငါး ခြောက် နှစ် ကြာ တဲ့ အ ထိ ဘာ မှ ဖြစ် မ လာ ဘူး။ အ ရင် က ကျွန် တော် ကပ္ပ တိန် ဖြစ် ခဲ့ ဘူး တာ ကို သိ တဲ့ သူ တွေ က ရုံး ကို တောင်း ဖို့၊ ရာ ထူး တိုး ပေး ဖို့ ပြော ဖို့ အ ကြံ ပေး ကြ တယ်။ တစ် ချို့ က သူ တို့ လည်း တောင်း လို့ ရ ခဲ့ တဲ့ အ ကြောင်း၊ တွန်း တွန်း တိုက် တိုက် နဲ့ ကိုယ့် ဘ ဝ မြှင့် တင် ဖို့ လုပ် ရ မယ် ဆို တဲ့ အ ကြောင်း၊ ရာ ထူး တိုး ချင် လို့ တောင်း တဲ့ သူ တွေ က အ များ ကြီး ဆို တော့ ကိုယ် က လိုက် မ တောင်း ရင် မ ရ နိုင် တဲ့ အ ကြောင်း၊ ငို တဲ့ က လေး က နို့ စို့ ရ တယ် ဆို တဲ့ အ ကြောင်း စ သ ဖြင့် ပြော ကြ တယ်။ ရန် ကုန် Maersk Line ရုံး က ဦး လှ မြင့် သိန်း က လည်း စင်္ကာ ပူ ရုံး ကို ရာ ထူး တိုး ပေး ဖို့ ပြော ပေး ရ မ လား လို့ မေး ဘူး တယ်။ ကျွန် တော် က မ ပြော ပေး ပါ နဲ့ လို့ ပြန် ပြော တယ်။ ကျွန် တော် နဲ့ ဇ နီး သည် ဘု ရား သ ခင် ဆီ မှာ ဘဲ ရာ ထူး တို့ ဖို့ ဆု တောင်း ပါ တယ်။ သမ္မာ ကျမ်း စာ ထဲ မှာ နှာ ခေါင်း နဲ့ အ သက် ရှူ တတ် တဲ့ လူ သတ္တ ဝါ ကို မ ကိုး စား ဖို့ ပြော ထား တယ် လေ (ဟေ ရှာ၊ ၂:၂၂)။ ကုန်း ချုပ် လုပ် ရ တာ ပင် ပန်း တော့ ကျွန် တော် ကပ္ပ တိန် အ ရမ်း ဖြစ် ချင် ပေ မဲ့ လဲ ဘယ် သူ့ ကို မှ မ တောင်း ဘဲ ကျွန် တော် တို့ ဇ နီး မောင် နှံ ဘု ရား သ ခင် ဆီ မှ ဘဲ တောင်း ပါ တယ်။ ဒီ ကုမ္ပ ဏီ မှာ အ လုပ် ပေး တဲ့ ဘု ရား သ ခင် က ကျွန် တော် ရာ ထူး တိုး ဖို့ ကို လည်း တာ ဝန် ယူ ပါ လိမ့် မယ်။ ကျွန် တော့ အ လုပ် က ဘု ရား သ ခင် ရဲ့ အ ချိန် ကို စိတ် ရှည် လက် ရှည် နဲ့ စောင့် ဖို့ ဘဲ။

ဒီ လို နဲ့ ကျွန် တော် နဲ့ တွဲ လုပ် ဘူး တဲ့ သူ တွေ တစ် ယောက် ပြီး တစ် ယောက် ကပ္ပ တိန် ဖြစ် သွား ကြ တယ်။ မြန် မာ ပြည် က နေ ကျွန် တော် နဲ့ အ တူ တစ် ရက် ထဲ အ လုပ် ဝင် တဲ့ ကုန်း ချုပ် တစ် ယောက် နောက် တစ် နှစ် မှာ ဘဲ ကပ္ပ တိန် ဖြစ် သွား တယ်။ ကျွန် တော် က တော့ ကုန်း ချုပ် ဘဲ။ ကုမ္ပ ဏီ မှာ ကျွန် တော် စ တက် တဲ့ Maersk Teal သင်္ဘော မှာ ကျွန် တော် တာ ဝန် လွှဲ ယူ တဲ့ မ လေး ရှား နိုင် ငံ သား ကုန်း ချုပ် ကပ္ပတိန် ဖြစ် သွား တယ်။ ကျွန် တော် က တော့ အ ရင် အ တိုင်း ဘဲ။ အဲ ဒီ သင်္ဘော က ဘဲ ကျွန် တော့ လက် အောက် က မ လေး ရှား နိုင် ငံ သား ဒု တိ ယ အ ရာ ရှိ ကပ္ပ တိန် အ ထိ ဖြစ် သွား တယ်။ ကျွန် တော် က တော့ ကုန်း ချုပ် ဘဲ။ အဲ ဒီ သင်္ဘော က နောက် ထပ် ဒု တိ ယ အ ရာ ရှိ လုပ် တဲ့ စင်္ကာ ပူ နိုင် ငံ သား တောင် နောက် ဆုံး ကပ္ပ တိန် ဖြစ် သွား တယ်။ ကျွန် တော် က တော့ ကုန်း ချုပ် နေ ရာ မှာ ရှိ နေ ဆဲ ဘဲ။ ဒီ လို နဲ့ နောက် ဆုံး တော့ ကျွန် တော် ကုန်း ချုပ် ရာ ထူး နဲ့ ရှစ် နှစ် ကြာ လုပ် အ ပြီး ၂၀၀၇ ခု အောက် တို ဘာ လ မှာ ဘယ် သူ့ ကို မှ တောင်း စ ရာ မ လို ဘဲ ကုမ္ပ ဏီ ဆီ က နေ ကျွန် တော့် ကို ကပ္ပ တိန် ရာ ထူး တိုး ပေး မယ် ဆို တဲ့ စာ ရ ပါ တယ်။ ကျွန် တော့် ကို ကျွန် တော် ကပ္ပ တိန် ရာ ထူး ရ သင့် တယ် လို့ အ စော ကြီး က ထင် ထား ပေ မဲ့ ဘု ရား သ ခင် က သူ သင့် တော် တယ် လို့ သတ် မှတ် တဲ့ အ ချိန် ကျ မှ ရာ ထူး တိုး ပေး တာ ဖြစ် ပါ တယ်။

သ ဘော တ ရား က ဒီ လို ပါ။ အ ကယ် ၍ ရုံး က တစ် ယောက် ယောက် ကို ရာ ထူး တိုး ပေး ဖို့ အ ကူ အ ညီ တောင်း လိုက် တဲ့ အ တွက်၊ ဒါ မှ မ ဟုတ် တစ် ယောက် ယောက် က ပြော ပေး တဲ့ အ တွက် ရာ ထူး တိုး ခဲ့ ရင် အဲ ဒီ ရာ ထူး ဟာ လူ ပေး တဲ့ ရာ ထူး သာ လျှင် ဖြစ် ပါ တယ်။ လူ ပေး တဲ့ ရာ ထူး ကို တစ် ခြား လူ တစ် ယောက် က အ ချိန် မ ရွေး ပြန် ဖြုတ် ပစ် နိုင် တယ်။ မ တည် မြဲ ပါ ဘူး၊ လုံ ခြုံ စိတ် ချ ရ မှု မ ရှိ ဘူး။ ဒါ ပေ မဲ့ ဘယ် သူ့ ကို မှ မ တောင်း ဘဲ ဘု ရား သ ခင် ကို သာ တောင်း ဆို လို့ ရ တဲ့ ရာ ထူး ဟာ လူ ပေး တဲ့ ရာ ထူး မ ဟုတ် တော့ ဘူး။ ဘု ရား သ ခင် ပေး တဲ့ ရာ ထူး ဖြစ် တယ်။ ဘု ရား သ ခင် ပေး တဲ့ ရာ ထူး ကို ဒီ ကမ္ဘာ ပေါ် မှာ ဘယ် လူ က မှ ဖြုတ် ပစ် လို့ မ ရ ဘူး။ စ ကြာ ဝ ဠာ တစ် ခွင် လုံး မှာ ဘု ရား သ ခင် ထက် ပို ပြီး ကြီး မား တဲ့ ပုဂ္ဂိုလ် မ ရှိ ဘူး။ အ ကြီး မား ဆုံး ဖြစ် တဲ့ ဘု ရား သ ခင် က ပေး တဲ့ ရာ ထူး ကို ဘယ် ဘု ရင် ၊ ဘယ် သ မ္မ တ၊ ဘယ် ဝန် ကြီး ချုပ် က မှ ပြန် ဖြုတ် လို့ မ ရ ဘူး။ အင် မ တန် မှ ခိုင် မြဲ တဲ့ ရာ ထူး နေ ရာ ဖြစ် တယ်။ အင် မ တန် စိတ် ချ ရ တဲ့ ရာ ထူး ဖြစ် တယ်။ ဘု ရား သ ခင် တစ် ပါး တည်း က ဘဲ ပြန် ဖြုတ် ပစ် နိုင် တယ်။

နောက် တစ် ချက် က ဘု ရား သ ခင် က ရာ ထူး ပေး ရင် အဲ ဒီ ရာ ထူး နေ ရာ မှာ တည် မြဲ ဖို့ ဘု ရား သ ခင် ရဲ့ တာ ဝန် ဖြစ် တယ်။ ကျွန် တော် ဒီ လိုင်း မှာ ကုန်း ချုပ် နဲ့ လုပ် နေ တုန်း ကျွန် တော့ ကို အ ရေး ယူ ချင် တဲ့ ကပ္ပ တိန် နှစ် ယောက် တွေ့ ဘူး တယ်။ သူ တို့ နှစ် ယောက် စ လုံး အ ကြောင်း အ မျိုး မျိုး နဲ့ အ လုပ် ပြုတ် သွား ကြ တယ်။ တစ် ယောက် က တော့ သင်္ဘော လိုက် နေ ရာ က နေ အ လုပ် ပြုတ် သွား တာ ဖြစ် ပြီး၊ နောက် တစ် ယောက် က တော့ ကုန်း ပေါ် က ရုံး အ လုပ် ကို ပြောင်း ရင်း အဲ ဒီ က နေ အ လုပ် ပြုတ် သွား တာ ဖြစ် တယ်။ ကျွန် တော် က တော့ ရှိ နေ မြဲ ပဲ။ ဘု ရား သ ခင် က အ စ ပြု ပြီး ရင် အ ဆုံး တိုင် အောင် တာ ဝန် ယူ တဲ့ သူ ဖြစ် ပါ တယ်။ ဥ ပ မာ၊ ဌာ န ဆိုင် ရာ အ ကြီး အ ကဲ တစ် ဦး က သူ့ လက် အောက် က တစ် ယောက် ယောက် ကို ရာ ထူး တိုး ပေး ပြီး ရင် အဲ ဒီ လူ ရာ ထူး သစ် မှာ အ ရည် ချင်း ပြည့် ပြည့် တာ ဝန် ထမ်း ဆောင် ဖို့ အ တွက် ရာ ထူး တိုး ပေး တဲ့ အ ကြီး အ ကဲ မှာ တာ ဝန် ရှိ တယ်။ ရာ ထူး နေ ရာ သစ် မှာ အ လုပ် မ လုပ် နိုင် ဘူး ဆို ရင် မ ထိုက် တန် ဘဲ ရာ ထူး တိုး ပေး တဲ့ အ ကြီး အ ကဲ လည်း တာ ဝန် မ ကင်း ဘူး လေ။ ဒါ ကြောင့် ဘု ရား သ ခင် က ရာ ထူး တိုး ပေး ပြီး ပြီ ဆို ရင် အဲ ဒီ ရာ ထူး မှာ ကောင်း ကောင်း အ လုပ် လုပ် နိုင် ဖို့ ဘု ရား သ ခင် က ဘဲ ဆက် လက် တာ ဝန် ယူ မှာ ဖြစ် တယ်။ ဒါ ကြောင့် ကျွန် တော် ကပ္ပ တိန် ရာ ထူး တိုး တဲ့ ပ ထ မ ဆုံး နေ့ က စ ပြီး အ ခု အ ချိန် ထိ နှစ် ပေါင်း များ စွာ အ တွင်း မှာ အ လုပ် လုပ် ရ တာ အ ရမ်း ဝန် ပေါ့ တယ်။ နိုင် ငံ ပေါင်း စုံ က ဆိပ် ကမ်း ပေါင်း စုံ မှာ သင်္ဘော မျိုး စုံ နဲ့ သွား လာ လုပ် ကိုင် ရင်း အ ခက် အ ခဲ ပြဿ နာ ပေါင်း စုံ ကို ရင် ဆိုင် ရ တိုင်း ဘု ရား သ ခင် က ပြေ လည် အောင် ဖြေ ရှင်း ပေး တယ်။

အဲ ဂုတ္တု မှ က တိ တော် မြေ သို့

Maersk Line မှာ အ လုပ် လုပ် တဲ့ အ ခါ အ ခွင့် အ ရေး တစ် ခု ရ ပါ တယ်။ အဲ ဒါ က ကျွန် တော် တို့ ကို စီ မံ အုပ် ချုပ် တဲ့ A.P. Moller Singapore ဟာ စင်္ကာ ပူ ကုမ္ပ ဏီ တစ် ခု ဖြစ် တာ ကြောင့် အဲ ဒီ ကုမ္ပ ဏီ မှာ အ လုပ် လုပ် တဲ့ သူ တွေ စင်္ကာ ပူ မှာ အ မြဲ နေ ထိုင် ခွင့် Permanent Residency (PR) လျှောက် ခွင့် ရှိ တယ်။ ကျွန် တော့ အ နေ နဲ့ စင်္ကာ ပူ ကို သင် တန်း တက် ဖို့ ဖြစ် စေ၊ သင်္ဘော တက် ဖို့ ဖြစ် စေ မ ကြာ ခ ဏ သွား ရ တော့၊ သွား တိုင်း ဗီ ဇာ လျှောက် ရ တာ အ လုပ် ရှုပ် ပင် ပန်း တယ်။ ဒါ့ အ ပြင် ဇ နီး သည် က လည်း ကျွန် တော် နဲ့ သင်္ဘော ပေါ် အ တူ လိုက် ရင်း စင်္ကာ ပူ ရောက် ဘူး တော့ စင်္ကာ ပူ ရဲ့ သန့် ရှင်း မှု၊ စည်း စံ နစ် ကျ မှု တွေ ကို အ ရမ်း သ ဘော ကျ တယ်။ ပြီး တော့ ကျွန် တော် သင်္ဘော တက် တိုင်း ဆင်း တိုင်း မြန် မာ ပြည် က သင်္ဘော သား ရုံး နဲ့ ဆက် ဆံ ရ တာ၊ တစ် ခြား အ စိုး ရ ရုံး တွေ နဲ့ ဆက် ဆံ အ လုပ် လုပ် ရ တာ အင် မ တန် စိတ် ညစ် ဖို့ ကောင်း တော့၊ တစ် ချက် ခုတ် သုံး လေး ချက် လောက် ပြတ် အောင် ကျွန် တော် တို့ မိ သား စု စင်္ကာ ပူ ပြောင်း ရွှေ့ ဖို့ ဆုံး ဖြတ် ပြီး ကျွန် တော် PR လျှောက် လိုက် တယ်။ လ အ နည်း ငယ် အ တွင်း မှာ ဘဲ PR ကျ လာ တော့ ကျွန် တော် တို့ မိ သား စု ၂၀၀၅ ခု နှစ် မှာ မြန် မာ ပြည် က နေ စင်္ကာ ပူ ကို ပြောင်း နေ ကြ တယ်။ က တိ တော် မြေ ကို ရောက် သ လို ခံ စား ရ ပါ တယ်။ ဒီ လို ပြော လို့ မြန် မာ ပြည် ကို အဲ ဂုတ္တု လို့ ဆို လို ချင် တာ မ ဟုတ် ပါ ဘူး။ ဘု ရား သ ခင် က ကျွန် တော် တို့ မိ သား စု အ သက် တာ ပဲ့ ပြင် ထိန်း ကျောင်း ပုံ ကို ကျမ်း စာ အ ဖြစ် အ ပျက် နဲ့ တင် စား ချင် တာ ပါ။

စင်္ကာ ပူ ရောက် ကာ စ ကျွန် တော် တို့ မိ သား စု Punggol မှာ တစ် လ S$ ၈၅၀ နဲ့ တိုက် ခန်း ငှါး နေ ကြ တယ်။ တစ် ဖြည်း ဖြည်း နဲ့ အ ခန်း ငှါး ခ တက် လာ ပြီး သုံး နှစ် လောက် ကြာ တော့ တစ် လ S$ ၂၀၀၀ ကျော် ဖြစ် လာ တယ်။ မ ဖြစ် ချေ ဘူး ဆို ပြီး ကိုယ် ပိုင် တိုက် ခန်း ဝယ် ဖို့ လေ့ လာ တယ်။ တိုက် ခန်း တွေ ဈေး ကောင်း နေ ချိန် လည်း ဖြစ် တယ်။ တိုက် ခန်း ဟောင်း တွေ ကို ဝယ် ရင် အဲ ဒီ တုန်း က 10% Down payment အ ပြင် Cash Over Valuation (COV) လို့ ခေါ် တဲ့ အ စိုး ရ သတ် မှတ် တန် ဘိုး နဲ့ ဈေး ကွက် ပေါက် ဈေး ကွာ ခြား မှု ကို လည်း ငွေ သား နဲ့ လက် ငင်း ချေ ရ မယ် ဆို တော့ ကျွန် တော် တို့ လင် မ ယား မ တတ် နိုင် ဘူး။ COV တန် ဘိုး က လေး ငါး သောင်း လောက် ရှိ တယ်။ COV မ ပေး ရ တဲ့ နည်း က တော့ အ စိုး ရ ဆီ က တိုက် ခန်း ဝယ် ဖို့ တစ် နည်း ဘဲ ရှိ တယ်။ အ စိုး ရ ဆီ က တိုက် ခန်း ဝယ် ဖို့ က လည်း နိုင် ငံ သား ဖြစ် ဖို့ လို တယ်။ အဲ ဒါ နဲ့ ကျွန် တော် စင်္ကာ ပူ နိုင် ငံ သား လျှောက် လိုက် တယ်။ မြန် မာ ပြည် မှာ အ သက် ကြီး တဲ့ မိ ဘ တွေ ရှိ နေ သေး တော့ အ ရေး ကြုံ ရင် ဇ နီး သည် အ မြန် ပြန် နိုင် အောင် ဆို ပြီး သူ့ အ တွက် မ လျှောက် ဘဲ ကျွန် တော် တစ် ယောက် တည်း အ တွက် လျှောက် ပါ တယ်။ ဒီ လို နဲ့ ၂၀၀၉ ခု နှစ် မှာ ကျွန် တော် စင်္ကာ ပူ နိုင် ငံ သား ဖြစ် လာ ပါ တယ်။ နှစ် ယောက် စ လုံး အ တွက် မ လျှောက် တာ ကျွန် တော် တို့ အ မှား ပါ။ ကျွန် တော့် လျှောက် လွှာ ကို လက် ခံ တဲ့ စင်္ကာ ပူ လူ ဝင် မှု ကြီး ကြပ် ရေး (ICA) အ ရာ ရှိ က တောင် ဘာ ဖြစ် လို့ နှစ် ယောက် မ လျှောက် ဘဲ တစ် ယောက် တည်း လျှောက် တာ လဲ လို့ မေး ပါ တယ်။ ဘု ရား သ ခင် က ကျွန် တော် တို့ ဇ နီး မောင် နှံ ကို တစ် ဦး တည်း လို့ မြင် တဲ့ ဟာ ကို ကျွန် တော် တို့ က ခွဲ လိုက် သ လို ဖြစ် သွား တယ်။ နောက် ပိုင်း မြန် မာ ပြည် က မိ ဘ တွေ ကွယ် လွန် သွား ပြီး နောက် ဇ နီး သည် အ တွက် နိုင် ငံ သား လျှောက် တဲ့ အ ခါ မှာ စင်္ကာ ပူ အ စိုး ရ က မ ပေး တော့ ဘူး။

ကျွန် တော် စင်္ကာ ပူ နိုင် ငံ သား ဖြစ် လာ ပြီး ၂၀၁၁ မှာ အ စိုး ရ တိုက် ခန်း သစ် တစ် ခု ကို Sengkang မှာ ကျွန် တော် တို့ ဝယ် ပြီး မိ သား စု ပြောင်း နေ ကြ ပါ တယ်။ နောက် ပိုင်း ကျွန် တော် သိ လာ တာ က Sengkang ဆို တဲ့ နာ မည် ဟာ တ ရုပ် လို “စည် ပင် သော ဆိပ် ကမ်း” (prosperous harbour) လို့ အ ဓိပ္ပါယ် ရ တော့ ကျွန် တော့် ဘ ဝ၊ ကျွန် တော့် အ လုပ် နဲ့ အင် မ တန် ကိုက် ညီ တာ တွေ့ ရ တယ်။ ဘု ရား သ ခင် ပေး တဲ့ နေ ရာ ဆို တာ ပို သေ ချာ တာ ပေါ့။ ကျွန် တော့် ဘ ဝ ကို ပြန် ပြောင်း သုံး သပ် ကြည့် တဲ့ အ ခါ ဘု ရား သ ခင် ရဲ့ ကျေး ဇူး တော် တွေ ကို ရေ တွက် ချီး မွမ်း လို့ မ ကုန် နိုင် ပါ ဘူး။ ကမ္ဘာ ပေါ် က အ ဆင်း ရဲ ဆုံး နဲ့ ခေတ် အ နောက် ကျ ဆုံး ထဲ မှာ ပါ ဝင် တဲ့ နိုင် ငံ တစ် ခု ရဲ့ အ ဆင်း ရဲ ဆုံး နဲ့ ခေတ် အ နောက် ကျ ဆုံး ဒေ သ မှာ မွေး ဖွား လာ တဲ့ ကျွန် တော် ဟာ ကမ္ဘာ့ အ ဆင့် အ တန်း မီ နိုင် ငံ တစ် ခု မှာ နိုင် ငံ သား ဖြစ် လာ ပြီး မိ သား စု နဲ့ အ တူ တူ နေ ရ တာ ဟာ ဘု ရား သ ခင် ရဲ့ လက် ရာ တော် ဖြစ် ကြောင်း သက် သေ ခံ လို ပါ တယ်။

အား လုံး အ တွက် သမ္မာ ကျမ်း စာ – Myanmar Bible For All

စင်္ကာ ပူ မှာ နေ ရင်း Smart phone လက် ကိုင် ဖုံး တွေ ပေါ် လာ တော့ မြန် မာ လို သမ္မာ ကျမ်း စာ ကို လက် ကိုင် ဖုံး နဲ့ ကျွန် တော် စ သုံး တယ်။ စင်္ကာ ပူ မြန် မာ အ သင်း တော် တစ် ပါး က ပြု လုပ် တဲ့ App ဖြစ် ပါ တယ်။ အ လွယ် တစ် ကူ အ သုံး ပြု နိုင် ပေ မဲ့ လည်း စာ လုံး ပေါင်း မှား တာ တွေ၊ စာ လုံး ကျ ကျန် ခဲ့ တာ တွေ များ လွန်း တယ်။ သမ္မာ ကျမ်း စာ ကို မူ ရင်း စာ အုပ် ထဲ က လို ဘဲ အ မှား အ ယွင်း မ ရှိ ဖတ် ချင် တဲ့ ကျွန် တော့ အ တွက် အ ဆင် မ ပြေ ဘူး။ အဲ ဒါ နဲ့ မြန် မာ နိုင် ငံ ကျမ်း စာ အ သင်း က ထုတ် တဲ့ App ကို ပြောင်း သုံး ကြည့် တယ်။ သူ့ မှာ လည်း စာ လုံး ပေါင်း မှား တာ တွေ တွေ့ ရ တဲ့ အ ပြင် App တည် ဆောက် လုပ် ထား ပုံ က သိပ် သုံး လို့ မ ကောင်း ဘူး။ ဒါ နဲ့ Play Store မှာ လျှောက် ရှာ ကြည့် တော့ အ မေ ရိ ကန် သုံး ဒေါ် လာ နဲ့ ရောင်း တဲ့ App တစ် ခု ကို တွေ့ ရ တယ်။ နာ မယ် ကို တော့ မ မှတ် မိ တော့ ဘူး။ ပိုက် ဆံ နဲ့ ရောင်း တာ ဆို တော့ တော် တော် ကောင်း မှာ ဘဲ ဆို ပြီး ဝယ် သုံး ကြည့် လိုက် တာ ပို တောင် ဆိုး နေ တယ်။ ငွေ ရ ရင် ပြီး ရော ဆို ပြီး ဖြစ် က တတ် ဆန်း လုပ် ထား သ လို ဘဲ။ အ ခု အဲ ဒီ App ကို လုံး ဝ မ တွေ့ ရ တော့ ဘူး။ လက် ရှိ မြန် မာ ဘာ သာ နဲ့ သမ္မာ ကျမ်း စာ App တွေ တစ် ခု ကို မှ စိတ် တိုင်း မ ကျ တဲ့ အ ဆုံး၊ ကိုယ် တိုင် ရော အ များ ပါ သုံး နိုင် ဖို့ အ တွက် အ မှား အ ယွင်း ကင်း ကင်း နဲ့ App တစ် ကို လုပ် မယ် ဆို ပြီး ကျွန် တော် ဆုံး ဖြတ် လိုက် တယ်။ ပ ထ မ ဦး ဆုံး ခြေ လှမ်း နေ နဲ့ ကျမ်း စာ ကို ကွန် ပျူ တာ ပေါ် စ ရိုက် မယ် လုပ် တဲ့ အ ခါ ကြုံ ရ တဲ့ အ ခက် အ ခဲ က ဘယ် မြန် မာ စာ လုံး ကို သုံး မ လဲ ဆို တာ ပါ ဘဲ။ လူ အ သုံး များ တာ ဇော် ဂျီ စာ လုံး ပါ။ ကျွန် တော် ဇော် ဂျီ ကို တစ် ခါ မှ မ သုံး ဘူး ဘူး။ မြန် မာ ပြည် မှာ နေ တုန်း က ဝင်း အင်း ဝ ကို သုံး လေ့ ရှိ တယ်။ ပြီး တော့ စ နစ် တ ကျ ရှိ အောင် ကမ္ဘာ သုံး စံ နစ် နဲ့ ကိုက် ညီ တဲ့ ယူ နီ ကုဒ် စာ လုံး ကို သုံး ချင် တဲ့ အ တွက် ဇော် ဂျီ ကို သုံး လို့ မ ဖြစ် ဘူး။ နောက် အ ခက် အ ခဲ တစ် ခု က အ ရင် Windows OS တွေ မှာ တ ရား ဝင် မြန် မာ စာ လုံး မ ပါ တာ ဖြစ် ပါ တယ်။ ဒါ ပေ မဲ့ ဘု ရား သ ခင် ကျေး ဇူး တော် ကြောင့် Windows 8 က စ ပြီး မြန် မာ စာ ပါ လာ အ တွက် Myanmar3 ဆို တဲ့ စာ လုံး ကို သုံး ပြီး သမ္မာ ကျမ်း စာ ကို ကွန် ပျူ တာ ပေါ် စ ရိုက် တယ်။ သမ္မာ ကျမ်း စာ ကို ရိုက် ရင်း နဲ့ ဘာ စိတ် ကူး ရ လာ သ လဲ ဆို တော့ လက် ကိုင် ဖုံး မှာ သုံး ဖို့ app မ လုပ် ခင် အင် တာ နက် မှာ သမ္မာ ကျမ်း စာ ဝက်ဘ် ဆိုက် ကို အ ရင် လုပ် ဖို့ ဖြစ် တယ်။ တ ရား ဟော ဆ ရာ တွေ အ တွက် အ ထောက် အ ကူ ရ အောင် search function ကို လည်း ထည့် ဖို့ စိတ် ကူး ရ တယ်။ စ ရိုက် ပြီး နှစ် နှစ် လောက် အ ကြာ ၂၀၁၅ ဒီ ဇင် ဘာ လ မှာ ကျမ်း စာ တစ် အုပ် လုံး (ဓမ္မ သစ် ဓမ္မ ဟောင်း) ရိုက် ပြီး သွား ပါ တယ်။

အင် တာ နက် မှာ website တင် တာ နဲ့ ပတ် သက် ပြီး ကျွန် တော် ဘာ မှ အ တွေ့ အ ကြုံ မ ရှိ ဘူး။ နား လည်း မ လည် ဘူး။ ဒီ တော့ အင် တာ နက် မှာ ဘဲ သု တေ သ န လုပ် ရင်း နီး စပ် ရာ ဟို မေး ဒီ မေး နဲ့ စမ်း တ ဝါး ဝါး စ လုပ် တယ်။ ဝက်ဘ် ဆိုက် တင် ဖို့ web hosting ကုမ္ပ ဏီ တွေ မှာ နာ မယ် ဝယ် ရ မယ်။ သမ္မာ ကျမ်း စာ ဝက်ဘ် ဆိုက် ဖြစ် တဲ့ အ တွက် ခ ရစ် ယာန် web hosting ကုမ္ပ ဏီ နဲ့ ဘဲ ကျွန် တော် လုပ် ချင် တယ်။ လိုက် ရှာ ကြည့် တော့ အ မေ ရိ ကန် ပြည် ထောင် စု က Webnet77 ဆို တဲ့ ခ ရစ် ယာန် web hosting ကုမ္ပ ဏီ ကို တွေ့ တယ်။ ဒီ တော့ ကာ ကျွန် တော် တင် မဲ့ သမ္မာ ကျမ်း စာ ဝက်ဘ် ဆိုက် ကို Myanmar Bible For All လို့ အ မည် ပေး ပြီး ၂၀၁၅ အောက် တို ဘာ လ မှာ (ကျွန် တော် ကျမ်း စာ ရိုက် လို့ မ ပြီး ခင်) ဝက်ဘ် ဆိုက် ကြို ဝယ် ထား လိုက် တယ်။ အဲ ဒီ နောက် ကျမ်း စာ ကို ဝက်ဘ် ဆိုက် ပေါ် တင် ဖို့ web designer တွေ developer တွေ နဲ့ လုပ် ဖို့ လို ပြန် တယ်။ အဲ ဒီ တုန်း က စင်္ကာ ပူ မှာ ကျွန် တော် တို့ နဲ့ အ တူ မြန် မာ အ သင်း တော် မှာ တက် တဲ့ သ မီး ငယ် နော် ဆေး (Double Spring) က အ ကူ အ ညီ ပေး တယ်။ ကျွန် တော် က ဘု ရား အ မှု တော် နဲ့ ပတ် သက် တဲ့ အ တွက် အ ကောင်း ဆုံး ဖြစ် ရ မယ် ဆို တဲ့ စိတ် ကူး နဲ့ လုပ် တော့ ဂျီး များ တယ်။ စိတ် တိုင်း မ ကျ မ ချင်း ခ ဏ ခ ဏ ပြင် တယ်။ နော် ဆေး ကျွန် တော့ ကို တော် တော် လေး သည်း ခံ ပြီး ကူ ညီ ပါ တယ်။ နော် ဆေး တို့ မိ သား စု ရန် ကုန် ပြောင်း သွား တော့ ဝက်ဘ် ဆိုက် အ ပြီး မ သတ် နိုင် သေး ဘူး။ အဲ ဒါ နဲ့ ကျွန် တော် အင် တာ နက် က Freelancer ဆို တဲ့ နေ ရာ မှာ အ လုပ် ကြော် ငြာ တင် ပြီး အ ပြီး သတ် ပေး မဲ့ လူ တွေ ကို ခေါ် ပါ တယ်။ အိန္ဒိ ယ နဲ့ ဗီ ယက် နမ် က developer တွေ နဲ့ ဆက် လုပ် ကြည့် ပေ မဲ့ ဘာ သာ စ ကား အ ခက် ကြောင့် အ ဆင် မ ပြေ ဘူး။ နောက် ဆုံး ဘု ရား သ ခင် ကျေး ဇူး တော် နဲ့ စင်္ကာ ပူ က Yi Qi Ng (Oangle Design) ဆို တဲ့ ခ ရစ် ယာန် သ မီး ငယ် က ဆက် သွယ် လာ တယ်။ သူ က အ ရင် တုံး က Freelancer မှာ အ လုပ် လက် ခံ ဘူး တော့ သူ့  ငွေ ဘယ် လောက် ကျန် သ လဲ ဆို တာ ကို ဝင် ကြည့် ရင်း မ တော် တ ဆ ကျွန် တော့ အ လုပ် ကြော် ငြာ ကို တွေ့ ပြီး သမ္မာ ကျမ်း စာ နဲ့ ပတ် သက် တဲ့ အ တွက် စိတ် ဝင် စား ပြီး အ လုပ် လက် ခံ ဖို့ ဆက် သွယ် လာ တာ ဖြစ် တယ်။ ဘာ သာ စ ကား မ တူ ပေ မဲ့ လည်း တစ် မြို့ ထဲ မှာ နေ တဲ့ အ တွက် ဆက် သွယ် လုပ် ဆောင် ရ တာ အ ဆင် ပြေ တယ်။ နောက် ဆုံး သူ့ အ ဖွဲ့ ရဲ့ အ ကူ အ ညီ နဲ့ ၂၀၁၇ ဇွန် လ မှာ Myanmar Bible For All သမ္မာ ကျမ်း စာ ကို ဝက်ဘ် ဆိုက် တင် နိုင် ခဲ့ ပါ တယ်။

အဲ ဒီ နောက် လက် ကိုင် ဖုံး မှာ သုံး ဖို့ Apps ကို ဆက် လုပ် ဖို့ စင်္ကာ ပူ က App developer ကုမ္ပ ဏီ တစ် ချို့ ကို ဆက် သွယ် တဲ့ အ ခါ၊ ကျွန် တော် ပေး တဲ့ ဈေး က နည်း နေ လို့ ထင် ပါ တယ် လုံး ဝ ကို အ ကြောင်း တောင် မ ပြန် ကြ ဘူး။ ဒီ တော့ Yi Qi က ဘဲ ကျွန် တော် တတ် နိုင် တဲ့ ဈေး နှုန်း နဲ့ လုပ် ပေး ဖို့ လက် ခံ ပါ တယ်။ ထုံး စံ အ တိုင်း ကျွန် တော် က အ ကောင်း ဆုံး ဖြစ် ရ မယ် ဆို တဲ့ စိတ် နဲ့ ဂျီး များ တယ်။ သူ က ကျွန် တော် ခ ဏ ခ ဏ ပြင် တာ ကို စိတ် ဆိုး ရင်း သည်း ခံ ရင်း ကူ ညီ ပါ တယ်။ ဒီ လို နဲ့ ၂၀၁၈ ဒီ ဇင် ဘာ မှာ  Myanmar Bible For All mobile app ကို Play Store နဲ့ App Store တို့ မှာ တင် နိုင် ခဲ့ ပါ တယ်။ ကျွန် တော့ ဘက် က ဘာ မှ နား လည် မှု၊ တတ် ကျွမ်း မှု မ ရှိ သော် လည်း အ ခု လို လုပ် ဆောင် နိုင် တာ ဟာ ဘု ရား သ ခင် ရဲ့ ကျေး ဇူး တော် သက် သက် သာ လျှင် ဖြစ် ကြောင်း ဝန် ခံ လို ပါ တယ်။

ကျွန် တော့ ဘ ဝ အ ကြောင်း သက် သေ ခံ ချက် က တော့ ဒီ လောက် ပါ ဘဲ။ စာ ရှု သူ တွေ အ နေ နဲ့ သင် ခန်း စာ ယူ စ ရာ၊ ခွန် အား ယူ စ ရာ နည်း နည်း ပါး ပါး လေး တွေ့ မယ် ဆို ရင် တောင် ကျွန် တော် ရေး ရ ကြိုး နပ် တယ် လို့ ပြော ပါ ရ စေ ခင် ဗျား။